Friday, October 24, 2008
(၂)
မနေ့က တက္ကသိုလ်ကကောင်မလေးတစ်ယောက်နဲ့တွေ့တော့ သူက ကျနော် ဆံပင်ရှည်
တာကိုကြောက်လို့တဲ့..။ဒါနဲ့ကျနော်က ရိုးရိုးသားသားပဲပြန်ပြောမိတယ်.။“လူတွေအားလုံး
ဟာကြောက်ဖို့ကောင်းပါတယ်.။လူတွေဟာကိုယ်ခန္ဓာထဲမှာအမြဲတမ်းရှိနေတဲ့ လောဘ၊
ဒေါသ၊မောဟတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အမြဲတမ်းပြန်ကြောက်နေသင့်ကြပါတယ်.။
အဲလိုသာလူတွေဟာကိုယ့်ကိုယ်ကိုအမြဲတမ်းပြန်ကြောက်နေကြရင် တခြားဘယ်သူ့မှ
ကြောက်တတ်တော့မှာမဟုတ်ပါဘူး ၊ပြီးတော့ကိုယ့်ကိုယ်ကိုကြောက်တတ်နေတဲ့အတွက်
ကိုယ်ခန္ဓာထဲမှာရှိတဲ့ကြောက်စရာတွေကိုလည်း ဖယ်ရှားတတ်နိုင်လာပါလိမ့်မယ်..” အဲလို
ပဲကျနော်ပြောလိုက်မိတယ်။
ဟုတ်ပါတယ်။ချိုမြိန်တဲ့သစ်သီး ကိုစားပြီးလူဟာ ဒေါသဖြစ်ဖို့၊ရိုင်းစိုင်းဖို့၊ကြမ်းတမ်းဖို့အင်အား
တွေတိုးလာတယ်၊ဥပဒေဆိုတာရှိလို့လူကဥပဒေကိုကွေ့ ရှောင်ပြီးဖောက်ပြန်တယ်..။ဖရင့်စင်
နာထရာ လိုမင်းသားတစ်ယောက်ရဲ့  သရုပ်ဆောင်ငွေကြေးဟာသိန်းနဲ့ချီပြီးရ ရှိပါတယ်..။
လယ်သမားတစ်ယောက်ရဲ့  စပါးစိုက်ခငွေကြေးဟာလည်း ဒီလိုရဖို့လူတွေဟာ စဉ်းစားတွေး
ခေါ်နိုင်သင့်ကြပါပြီ..။ဟုတ်ကဲ့..။အစဉ်အလာထဲမှာပဲနေထိုင်နေကြရတဲ့ လူတွေအဖို့ဒီလို လုပ်
သင့်တဲ့ “အမှန်”မျိုးတစ်ခုကိုပြလိုက်တဲ့အခါမှာလည်း ဟိုအဝေးကြီးကစိတ်ကူးယဉ်မှုတစ်ခုလို့
ထင်နေကြမှာပါပဲ.။ရုပ်ရှင်ရုံအောက်မှာ၊ပန်းခြံထဲမှာ၊ကုလားထိုင်ပေါ်မှာ၊ဘုရားရင်ပြင်တော်ပေါ်
မှာ၊အိမ်မှာ၊လမ်းမှာ လူတွေဟာဘာကြောင့် ဘာတွေလုပ်နေကြရသလဲဆိုတာလည်း တကယ်
တမ်းမှာတော့မသိကြရပါဘူး.။ဒါကြောင့်ပဲနေနဲ့လအောက်မှာ လူကငြိမ်းချမ်းရေးကိုမရသေးပါ
ဘူး။
(၃)
၇၀ခု ဂျွန်လက ရိုးသားတဲ့ ခံစားမှုလေးတွေနဲ့ “ဂျွန်လ၏မိုးရေများ”စာအုပ်ကလေးကိုရေးဖြစ်
တယ်။စာအုပ်မထုတ်ဝေဖြစ်ရင်လည်းကမ္ဘာထဲမှာ လက်ရေးစာမူကိုဖတ်ပြီးသွားတဲ့သူတွေက
ပြောကြဆိုကြရင်းတဆင့်စကားတဆင့်နဲ့ ပျံ့ နှံ့သွားချင်ပျံ့ နှံ့သွားပစေဆိုတဲ့ ခံစားမှုမျိုးလေး
တွေနဲ့ပေါ့လေ..။ကမ္ဘာထဲနေထိုင်သူမို့ကမ္ဘာထဲမှာကြားဖူးတဲ့နေရာ ၊ပစ္စည်း၊လူ အခေါ်အဝေါ်
တွေနဲ့ပဲရေးခဲ့တယ်..။
အဲဒီတုန်းက ဂျိန်းဖောင်ဒါက အော်စကာဆုမရသေးဘူး။ အာရပ်ပျောက်ကျားမယ် လီလာ
ခါလတ် ကလည်းထောင်ထဲမှာခုတော့..၇၂။စိမ်လန်းတဲ့ ဂျွန်လရောက်လာပြန်ပြီလေ..။
၈ ၊ဂျွန် ၁၉၇၁ သိဒ္ဓတ္ထလှိုင်
0 Comments:
Post a Comment