ပညာသင် ထောက်ပံ့ကြေး

Sunday, July 1, 2012


၂၀၁၀ တုန်းက ဆေးကျောင်းသူလေး နှစ်ယောက်အတွက် ဘလော့ခ်ကနေ ပညာသင် ထောက်ပံ့ကြေး လှူချင်သူတွေ ရှိရင် လှူဖို့ ဆော်သြပေးခဲ့ပါတယ်။ အဲဒီ နှစ်ယောက်လုံးပဲ ချက်ချင်းဆိုသလို အလှူရှင် ရသွားကြတယ်။ သက်ထားမွန် ဆိုတဲ့ တစ်ယောက်ကို အလှူရှင် တစ်ဦးတည်းက တာဝန်ယူသွားတဲ့အတွက် ကျွန်မ သိပ်ပြီး အလုပ်မရှုပ်လိုက်ပါဘူး။ နောက်တစ်ယောက် အေးသူဇာမိုးကိုတော့ ကျွန်မဆီ ဝင်လာတဲ့ အလှူရှင် ၃ဦးဆီက အလှူငွေတွေကို လစဉ်စုပြီး ဘဏ်က လွှဲပေးပါတယ်။
အဲဒီအလှူရှင်သုံးဦးထဲက တစ်ဦးလျော့သွားတဲ့တာ ၆လလောက်ရှိတော့မယ် ထင်ပါတယ်။ အဲဒိအတွက် တစ်စုစာ သုံးသောင်း လိုနေပါတယ်။ ခု သက်ထားမွန်ကို လှူနေတဲ့ အလှူရှင်ကလည်း အကြောင်းကြောင်း ကြောင့် ဆက်မလှူနိုင်တော့တဲ့အတွက် သူမတစ်ယောက်စာလည်း လိုနေပြန်ပါတယ်။ ကလေးမိဘတွေ လည်း စိုးရိမ်စိတ်နဲ့ ကျွန်မဆီ လှမ်းပြီး အကြောင်းကြားပါတယ်။ ဒါကြောင့် ကျွန်မ သူတို့အတွက် ပြန် အလှူခံဖို့ ဒီပို့စ်ကို ရေးပါတယ်။
သက်ထားမွန်အတွက် လိုအပ်တာကတော့ တစ်လ တစ်သိန်းပါ။
အရင်တင်ထားတဲ့ စားရိတ်ကို ဒီပို့စ် http://www.the-art-of-manorhary.com/2010/05/blog-post_05.html  မှာ ကြည့်နိုင်ပါတယ်။
အေးသူဇာမိုး လိုအပ်တာကတော့ တစ်ပုံစာ တစ်လ သုံးသောင်းပါ။
အဲဒါကို တတ်နိုင်သလောက် စုပေါင်းလှူလိုက်ကြရင် ပြည့်သွားမယ်လို့ ယုံပါတယ်။
ဆက်သွယ်ဖို့ကတော့ ကျွန်မ email .. manorhary@gmail.com  ကို ဆက်သွယ်နိုင်ပါတယ်။