Sunday, March 29, 2009
စိတ်တွေလေတဲ့နေ့
အယောင်ယောင်အမှားမှားနဲ့
အတိတ်တံခါးကိုသွားခေါက်မိတော့
စနစ်တကျသိမ်းဆည်းထားတဲ့အိပ်မက်တို့
တဝုန်းဝုန်းထပျံ…
ငါ့ရင်ခုန်သံတွေမမှန်ချင်တော့………။
တဝေါဝေါထိုးကျနေတဲ့ရေတံခွန်တစ်စင်း
မီးခပ်မျှင်းမျှင်းနဲ့မငြိမ်းနိုင်တဲ့မီးဖိုတစ်ခု
မာကျောကျွတ်ဆတ်ယောင်ဆောင်ထားတဲ့မှိုတက်ပေါင်မုန့်ကတစ်လုံး
မေ့တေ့တေ့ပါပဲဆိုပြီးကြည့်မှန်တွေကိုထိုင်ထိုင်ကြည့်နေတတ်တဲ့ဖဲကြိုးဖြူလေးကတစ်ခု
အနီရောင်နှင်းဆီပန်းခြောက်တွေကိုနှင်းဆိနံ့ရေမွှေးဖြန်းပေးနေတတ်တဲ့
နေရောင်ခြည်လေးကတစ်စ
စာလုံးတွေမှုန်ဝါးသွားသည့်တိုင်မြင်နိုင်နေသေးတဲ့စာရွက်ဝါကြင်ကြင်တချို့နဲ့စာအုပ်
ရယ်သံများနှင့်လတ်ဆတ်ရှင်းသန့်နေခဲ့သောနံနက်ခင်းတစ်ခု
သူတို့တစ်စုတစ်ဝေး ကျင်းပနေသော စကားလုံးမဲ့အလွမ်းပွဲတော်သံ
နားမခံသာပြန်ဘူး………
လှည့်ထွက်ခြေလှမ်းတို့နွမ်းချိယိုင်လှုပ်
တဖြုတ်ဖြူတ်ကြွေကျလာသော မျက်ရည်စက်များအုံ့ခို..
တံခါးကိုအလိုလိုဆွဲပိတ်မိပေမယ့်..အားမထည့်နိုင်ခဲ့တော့…
လူဆိုတာဒီလိုပဲလား
သိပ်အားနည်းနေတဲ့အချိန်မျိုးမှာ
အရာရာဟာ ရောဂါဘယတွေလိုခြုံခိုတိုက်ခိုက်
အစွယ်တဖွေးဖွေးနဲ့ကိုက်တတ်တဲ့သတ္တဝါတွေလို
ငါ့ကိုတစ်ခါတည်းမျိုချပစ်လိုက်ကြပါတော့လားးးးးးး
တစ်ယောက်တည်းအားထည့်အော်ပစ်လိုက်တဲ့အသံ
ကိုယ့်နှလုံးသားကိုပဲပြန်မှန်တယ်
တကယ်ဆို…အဲဒီလိုစိတ်လေနေဖို့မကောင်းဘူး
ဒါပေမယ့်..လူဆိုတာမျိုးကလည်း
လျို့ဝှက်ခန်းကလေးတွေကိုယ်စီနဲ့
လူခြေတိတ်ချိန်ကျ..တစ်ယောက်တည်းဖွင့်ကြည့်နေမိတတ်တာမျိုး
ဘာပဲဖြစ်ဖြစ် တနင်္လာနေ့မနက်ကျရင်တော့
တံခါးချပ်ကအလိုလိုပိတ်..ပစ္စက္ခဆီစိတ်တွေပြန်လည်ဆောင်ကျဉ်း
သီချင်းတစ်ပုဒ်ကိုခပ်တည်တည်ဆို(စာမျက်နှာ-၁၅..ပဲဖြစ်မယ်ထင်တယ်)
အနာဂါတ်ဆိုတာကြီးနဲ့တည့်တည့်ရင်ဆိုင်
ဘယ်မှာစိတ်လေနိုင်တော့မှာတဲ့လဲ။ ။
မနော်ဟရီ
မနေ့က ဖိုးစိန်က ကဗျာရေးပါဆိုတာနဲ့ လေးဖြူရဲ့ စာမျက်နှာ ၁၅ နားထောင်ပြီးခံစားနေတာနဲ့
ဒီကဗျာလေးကိုရေးဖြစ်သွားတယ်။ ဒီနေ့ ချိုသင်းဆီရောက်တော့မှ လားလား ကဗျာခေါင်းစဉ်အစစ်
ကိုတွေ့တော့တာ goat wind day လေ..း)
20 Comments:
"ဒါပေမယ့်..လူဆိုတာမျိုးကလည်း
လျို့ဝှက်ခန်းကလေးတွေကိုယ်စီနဲ့
လူခြေတိတ်ချိန်ကျ..တစ်ယောက်တည်းဖွင့်ကြည့်နေမိတတ်တာမျိုး..."
မိုက်တယ်...
သေချာတာပေါ့.. :)
အနော်လည်း goat wind နေတယ်
အနီရောင်နှင်းဆီပန်းခြောက်တွေကိုနှင်းဆိနံ့ရေမွှေးဖြန်းပေးနေတတ်တဲ့
နေရောင်ခြည်လေးကတစ်စ
အဲဒီ့အမွှေးနံ့လေးမှာ....တောင်
မှိုနံ့ ပ် ပ် ပေါ့
မျက်ရည်စက်များအုံ့ခို ဆိုတာလေးလည်း သိပ်လှတယ်..
ဆရာတာရာမင်းဝေရေးတဲ့
မျက်ရည်ဝိုးဝင်း..ဆိုတဲ့စာသားလေးလဲသိပ်ကြိုက်ခဲ့တာ..အစ်မ
အစ်မရေ....
လေနေတဲ့စိတ်တွေက
ကဗျာတွေဆီမှာလာလာဆုံကြလို့...
(ပြောချင်နေတာတွေ...ကိုယ်စားပြောပေးလိုက်သလိုပါ..အစ်မရယ်..)
အိန္ဒြာ
"တစ်ယောက်တည်းအားထည့်အော်ပစ်လိုက်တဲ့အသံ
ကိုယ့်နှလုံးသားကိုပဲပြန်မှန်တယ်"
နုသစ်လှပလွန်းတဲ့ စကားလုံးတွေ...
“ကောင်းလိုက်တာ” တာလို့ တဖွဖွရွတ်မိတဲ့အထိ
စကားလုံး အသုံးအနှုန်း ကျစ်လျစ်သည်
စာသား အထားအသို သေသပ်သည်
ဝါကျချိတ်ဆက်မှု ကောင်းမွန်သည်
ရှုမြင်မှု လန်းဆန်းသည်
တင်ပြပုံ ဆန်းသစ်သည်။ :D
မှတ်ချက် ...... ဆရာကြီး တစ်ယောက် မှတ်ချက်ပေးနေသော လေသံနှင့် ဖတ်ပါရန် !!
မနော်ရေ .... ကဗျာလေး ခံစား၍ ကောင်းပါ၏။ ကျေးဇူး။
အစ်မရေ စိတ်တွေလေနေတယ်လား ဇာတ်ကားတွေထိုင်ကြည့်ပစ်လိုက် ဟာသကားတွေကြည့်ပြီးလိုက်ရယ်နေလိုက် အနည်းငယ်တော့သက်သာသွားမယ် :)
ကဗျာလာဖတ်တယ်အစ်မရေ ကောင်းသောနေ့ဗျာ :)
goat wind day လေးလာဖတ်သွားပြီ မေခရေ..
ဟိုစိတ်လေနေတဲ့တစ်ယောက်တော့ အိမ်မှာမရှိဘူးဆိုပါလား... :D
အယောင်ယောင်အမှားမှားနဲ့
အတိတ်တံခါးကိုသွားခေါက်မိတော့
စနစ်တကျသိမ်းဆည်းထားတဲ့အိပ်မက်တို့
တဝုန်းဝုန်းထပျံ…
ငါ့ရင်ခုန်သံတွေမမှန်ချင်တော့………။
အရမ်းကြိုက်တယ် အမရေ....ဒီမှာလည်း စာမျက်နှာ ၁၅ နားထောင်ပြီးထဲက တံခါးသွားခေါက်ခေါက်မိနေလို့ ဒုက္ခရောက်နေတယ် =D
ဒါပေမယ့်..လူဆိုတာမျိုးကလည်း
လျို့ဝှက်ခန်းကလေးတွေကိုယ်စီနဲ့
လူခြေတိတ်ချိန်ကျ..တစ်ယောက်တည်းဖွင့်ကြည့်နေမိတတ်တာမျိုး
မိုက်တယ် အဲဒီစာသားလေး..:)
ဒါပေမယ့်..လူဆိုတာမျိုးကလည်း
လျို့ဝှက်ခန်းကလေးတွေကိုယ်စီနဲ့
လူခြေတိတ်ချိန်ကျ..တစ်ယောက်တည်းဖွင့်ကြည့်နေမိတတ်တာမျိုး
ထိတယ်ဗျာ...
ရှတယ်ဗျာ...
ကိုယ့်ဘာသာကိုယ် ပြန်ဖတ်နေရတာမျိုးကို စိတ်မရှည်တော့ဘူး...
သို့သော်လည်း ကဗျာဆရာမ အသက်ရှည်ပါစေ... ဆုတောင်းပေးတယ်
ဒီကဗျာဖတ်ရတာ ပန်ချီးကားတစ်ချပ်ကြည့်လိုက်ရသလို ဘယ်နေရာမှာ ဘာရှိလည်းဆိုတာ ပြောပြနေသလို ကောင်းတယ်။ ဟုတ်တယ်ဗျို့
လူဆိုတာကလည်းခက်သား မြူမှုန်လောက်ပဲ ရှိတဲ့ ကိုယ့်ရဲ့ ကိစ္စသေးသေးလေးကိုလည်း အကြီးကြီးလို့ ထင်နေမိတာကို ။ အိရတ် အရေးကိစ္စ မသိဘူး စီးပွားရေးကပ်ဆိုက်နေတာ နားမလည်ဘူး ခုလောလောဆယ် အဲ့တာတွေထပ် အရေးကြီးတယ်ထင်နေတာ လကုန်ရက် မန်းနီးပြတ်နေတာရယ် ချက်ကျွေးနေတဲ့ ဟင်း စားမကောင်းတာရယ်ပဲ ။ လေတာထပ်ပိုပြီး လေးနေတယ်ဗျာ ဟူးးးးးးးးး လေပူတွေ မှုတ်ထုတ်လိုက်တယ် စောစော အိပ်တာပဲ ကောင်းတယ် ။
လျှို့ဝှက်ခန်းလေးတွေက..လူခြေမတိတ်လဲ ..ပွင့်ချင်ပွင့်နေတာပဲ ဟုတ်ဘူးလား။း)
goat wind တွေ တယ်များတာပဲ။း) goat thin လိုက်တာနော်။
စာမျက်နှာ ၁၅ ....... ဟင်း အများသူငါပြောပြောနေလို့ ဒီစာမျက်နှာ ၁၅ ဘာပါလိမ့်လို့ စူးစမ်းမလို့လုပ်နေတာ.... မျက်နှာ ကနေကိုမတက်တော့ဘူး .......... အဲလေ ဘာတွေရေးမိနေပါလိမ့်.........အိမ်း.... အသင်ကဗျာဆရာမ...... သင့်မှာလေစရာ စိတ်ရှိနေတာကိုဘဲဝမ်းသာပါလေ........ လေစရာ စိတ်မှမရှိသူကိုလည်း ......နားလည်ခံစားပေးနိုင်ပါစေ.......... လောလောဆယ် စိတ်လေချင်တာတောင် ကိုယ့်စိတ်ကိုယ်ဘယ်လိုက်ရှာရမှန်းမသိဘူး သူများစိတ်နဲ့ကိုယ့်ကိုယ်နေခဲ့ရပေါင်းများတော့လဲ ဘယ်ဒင်းက ကိုယ့်စိတ်လဲဆိုတာ ဒွိဟဖြစ်နေခဲ့ပြီ ။ ကံကောင်းသေးတာက တြိတြံတြာ မဖြစ်သေးပါ။.............
ဂျူ ( ရေးချင်ရာရေးထားသည် )
တစ်ယောက်တည်းအားထည့်အော်ပစ်လိုက်တဲ့အသံ
ကိုယ့်နှလုံးသားကိုပဲပြန်မှန်တယ် ....
တော်တော်ဟုတ်တယ်အစ်မရေ ......
ပထမဆုံး အနေနဲ့  ကျနော့် အမ မနော်ကို
ကျေးဇူးတင်တယ်..
ကဗျာလေး ဖတ်ချင်နေတဲ့ကျနော့်ကို ကဗျာလေးနဲ့အားဖြည့်ပေးတဲ့အတွက်ပါ..
ဒုတိယက ပထမဆုံး မမန့် ရလို့  စိတ်မကောင်းဖြစ်ပေမယ့်..
ကဗျာလေးကို အခေါက်ခေါက်ဖတ်လိုက်မိတယ်..
တကယ်လဲရင်ခုန်သံတွေမမှန်ဘူးလေ..
ဟုတ်တယ်နော်..အားနည်းနေချိန်မျိုးမှာ
အရာအားလုံးက တစ်စုတစ်ဝေးထဲမခေါ်ပဲ ဝင်ရောက်လာတယ်..ကိုယ့်နှလုံးသားကိုပြန်မှန်မယ့် အသံကို မကြားချင်တော့ဘူး..
အခုရောက်နေတဲ့ တနလာင်္ မနက်မှာ ပျော်ရွှင်စွာပဲ သီချင်းလေးညည်းနိုင်အောင်ကြိုးစားတော့မယ်..
အနာဂတ်ကိုမနော်ပြောသလိုပဲ တည့်တည့်ကြည့်လိုက်မယ်..
ကျေးဇူးတင်ပါတယ်မနော်..
စိတ်တွေလေနေတဲ့အချိန်မှာဖတ်ရတဲ့အတွက် စိတ်တွေကိုပြန်ခေါ်လို့ ရသွားတာပေါ့..
အရမ်းကောင်းတယ်..
ကျနော် မနော်ဟရီအတု ကိုကြိုက်သလိုမျိုးကို ကြိုက်တယ်..
အခုဆို အကြိုက်၃ ခုဖြစ်နေပြီး.. ဇာတ်ညွှန်းအစစ်အပါပေါ့..
goat wind နေတာကို စကားလုံးလှလှတွေနဲ့ 
goat တွေကို catch ပေးတဲ့ မနော်ကို
ကျေးဇူးတင်ပါတယ်ဗျာ..
goat wind ဖိုးစိန်
ရင်ဘတ်ကိုတည့်တည့်မှန်တော့တာပါပဲ...
ကြိုက်မိတဲ့ကဗျာတွေထဲမှာ နောက်တပုဒ်ထပ်တိုးတာပေါ့
ဒီလို ကဗျာမျိုးသာ ရေးဖြစ်မယ်ဆိုရင်
တစ်ခါတစ်လေ စိတ်လေ ပါဦး
tmh
မနက်ကတည်းက ၂ခါ လာတယ်။ ကွန်မန့် ပေးလို့ မရလို့ ပြန်သွားရတာ။ အခု တခေါက်ထပ်လာတယ်။
အနာဂါတ်ဆိုတာကြီးနဲ့တည့်တည့်ရင်ဆိုင်
ဘယ်မှာစိတ်လေနိုင်တော့မှာတဲ့လဲ ဆိုတာ အမှန်ပါပဲ မနော်ရေ။
လုပ်ရမဲ့ အလုပ်တွေ တာဝန်တွေ ဆက်နေတာ မောလွန်းလို့ တခါတလေ စိတ်ကို လေလွင့်ပြီး နေလိုက်ချင်တာ။ ဟူးးးးးး....
စိတ်လေလို့ရတယ်ဆိုတာ လွယ်တယ်မှတ်လို့။ ကဗျာထဲကလိုပဲ အနာဂါတ်အကြောင်းတွေးမိရင် လေချင်တဲ့စိတ်ကိုလမ်းမှန်ပြန်တည့်နေရတယ်။
မနော်... အခုမှ မန့်ဖြစ်တာ... ဖတ်ပြီး အရမ်းကျေနပ်နေတာ (ကိုယ်မရေးဘဲနဲ့) ခံစားချက်နဲ့ တိုက်ဆိုင်နေလွန်းလို့... တခါတလေကျတော့လည်း အနာဂတ်ကို တည့်တည့်ရင်ဆိုင်ဖို့ စိတ်ကို မပါတော့တာ...
အမရေ...ကျနော်
လာယူပြန်ပီနော်..
မှောင်ကြီးမဲကြီးကျနော်အနာဂတ်တွေ..တယောက်ထဲပေါ့ထုတ်ကြည့်နေရတာ..မောတယ်ဗျာ..
Post a Comment