Thursday, January 29, 2009
ဒီကောင့်ကိုဝတ္ထုလို့ပြောတော့တချို့ကလက်ခံတယ်။တချို့ကတော့မျက်မှောင်ကြီးကြုတ်လို့။
တချို့ကတော့ခပ်တည်တည်နဲ့မှတ်ချက်ပေးရဲတယ်။ဤအရာသည်ဝတ္ထုမဟုတ်ပါ..ဆိုပဲ..။
မှတ်မှတ်ရရဖြစ်နေတဲ့စာမူလေးမို့ပြန်ရှာပြီးတင်ပေးလိုက်တာပါ။
ဖြစ်ပုံကဒီလို...
ပြီးခဲ့တဲ့နှစ်နှစ်လောက်ကထင်တယ်။မဂ္ဂဇင်းအသစ်တစ်ခုထုတ်တယ်။လုပ်တဲ့သူတွေကသိနေ
ပေမယ့်မခင်တဲ့သူမျိုးတွေ။အဲဒီကနာယကကြီးနဲ့တော့ကိုတာရာမင်းဝေနဲ့ကတော်တော်ခင်တာ
သိထားတယ်။ကျွန်မကတော့မိတ္တဗလကောင်းသူပီပီ..း) ဘယ်သူနဲ့မှသိပ်မခင်ဘူး။ခုထိလည်း
ကိုယ့်ကိုယ်ကိုသိပ်အချိုးအပြေမှန်းသိပေမယ့်ပြင်လို့မရဘူး။
အဲဒီကနေစာမူတောင်းတယ်။လာတောင်းတာကကျွန်မနဲ့အရင်တည်းကခင်ခဲ့တဲ့သူပါ။သူနဲ့က
သူငယ်ငယ်တည်းကခင်ခဲ့တာ။အဲဒီမှာသူကနာမည်မခံပဲကူနေတာတဲ့။ဒါပေမယ့်တော်တော်ကြာ
သွားတဲ့ထိမပေးဖြစ်ဘူး။သူကတော့အဲဒီမဂ္ဂဇင်းကိုထုတ်တဲ့သူကိုယ်၌ကတောင်းခိုင်းတာပါလို့
ပြောတယ်။အမှန်က ကျွန်မကဈေးကိုင်ပြီးမပေးတာမဟုတ်ပါဘူး။ကျွန်မကိုယ်တိုင်ကအဲဒီတ
လောလေးမှာအတိုကိုများများစားစားမရေးဖြစ်တာမို့ပါ။ဒါပေမယ့်..တစ်ရက်ဝေမှူးသွင်ရောက်
လာပြီး..အဲဒီနာယကကြီးနာမည်ကိုပါပြောလို့..အမကလဲ..ဒီလူနဲ့ဒီလူမပေးလို့ရမလား..
ကျွန်တော်လည်းပေးမှာ..ဆိုတာနဲ့လာတောင်းတဲ့သူကိုပါမေးရတယ်။နင်တို့မဂ္ဂဇင်းရဲ့trend
ကဘယ်လိုသွားမှာလဲ။ငါ့ဆီမှာတော့မော်ဒန်ဆန်ဆန်ပဲရှိတယ်။ရလားဆိုတော့ရတယ်တဲ့...။
ဒါတောင်သေချာမှာလိုက်သေးတယ်။မကိုက်ရင်ပြန်လာလဲလို့...။
မကြာပါဘူး။သတင်းကရောက်လာတယ်။သယ်လာသူကကျွန်မကိုတရားချခဲ့သောမောင်ဝေမှူး
သွင်ပါပဲ။
အမကြားပြီးပြီလား..အမနဲ့ကျွန်တော့်စာမူတွေကိုဟိုစာပေရေးရာအယ်ဒီတာလို့ကိုယ့်ကိုယ်
ကိုနာမည်ပေးထားတဲ့သူကမှတ်ချက်တွေနဲ့ပယ်လိုက်တယ်..တဲ့
ကျွန်မ မသိပါဘူ။ဒါပေမယ့်ကျွန်မသိတာတစ်ခုကလိုချင်လွန်းလို့လိုက်တောင်းထားတဲ့စာမူတစ်
ပုဒ်ကိုအဲလိုလုပ်လို့မရဘူးဆိုတာပါပဲ။ဒါကို စာပေရောရာအယ်ဒီတာအဖြစ်ခံယူထားသူကမသိတာ
တော့လွန်တာပေါ့လို့တွေးမိတယ်။ပယ်တယ်ဆိုတာကရွေးပါဆိုပြီးပို့တဲ့စာမူကိုပဲပယ်လို့ရတာပါ။
နောက်မှပြန်စဉ်းစားကြည့်တော့မှသဘောပေါက်သွားတယ်။သူကကျွန်မတို့မဂ္ဂဇင်းကိုစာမူပို့တယ်။
တစ်ပုဒ်ကိုကျွန်မရွေးခဲ့ပြီးတစ်ပုဒ်ကိုပယ်လိုက်တယ်။ပယ်တယ်ဆိုကတည်းကသူ့စာမူဟာပို့စာမူ
ဆိုတာအားလုံးသဘောပေါက်ကြမှာပါ။ကျွန်မသူ့ဆီကလိုချင်လို့တောင်းထားတဲ့စာမူမှမဟုတ်တာ။
အမှန်ကကျွန်မရွေးလိုက်တဲ့သူ့စာမူမှာကိုကချွင်းချက်တွေရှိပါတယ်။အဲဒါကတော့အဲဒီစာမူ
ဟာရာသီစာဖြစ်နေတာ(သဘောတရားကခေါင်းစဉ်အရကိုဒီလဒီလမှာမထည့်လို့မရအောင်ကိုလုပ်
ထားတဲ့စာမူမျိုးဖြစ်နေတာပါ။အဲဒါမျိုးရာသီစာလုပ်စားတတ်တဲ့သူတော်တော်များများခုထိရှိနေပါ
သေးတယ်။)နောက်တစ်ချက်က ဘယ်သူ့ကို personal attack လုပ်ထားတဲ့စာမူဆိုတာ
သိနေတာပါပဲ။ဒါပေမယ့်ထူးထူခြားခြားလေးရှိပြီးအရေးအသားလည်းကောင်းတာမို့ကျွန်မရွေးလိုက်
တာပါ။အဲလိုအဲလိုတွေရှိကြောင်းကိုလည်းကျွန်မအယ်ဒီတာချုပ်ကိုရောအရေးခံထားရတဲ့ကျွန်မသူ
ငယ်ချင်းကိုရောအကြောင်းကြားလိုက်ပါတယ်။စာမူအနေနဲ့ပဲကြည့်ရွေးတာပါလို့ပြောတဲ့အတွက်
ကိုယ်တိုင်လည်းအယ်ဒီတာတစ်ယောက်ဖြစ်ပြီးမှတ်ကျောက်တင်ခံရတဲ့ရွေးစာမူတွေကနေတက်လာ
တဲ့စာရေးသူပီပီကျွန်မကိုနားလည်ပြီးကိစ္စမရှိဘူးသူငယ်ချင်း..စာကိုပဲကြည့်ပါဆိုလို့ရွေးခဲ့တာပါ။
နောက်တစ်ပုဒ်မရွေးတာကတော့ကျွန်မတို့အပိုင်းဖြစ်သွားပြီ...။
အဲဒါကိုမှတ်ထားပြီးဒီလိုပြန်လုပ်လို့မရပါဘူး။ကျွန်မကတော့..ကျွန်မ၀တ္ထုကိုဆရာဇော်ဇော်အောင်
လိုလူကအဲလိုမှတ်ချက်ချရင်တောင်ခံသာသေးတယ်လို့ပဲတွေးပါတယ်။နောက်ပိုင်းကျတော့ကျွန်မ
တို့နှစ်ယောက်ကိုဂျာနယ်တွေကအင်တာဗျူးလုပ်ကြ။ဖွကြနဲ့မို့ကျွန်မလည်းအဲဒီကိစ္စကိုရပ်ပစ်လိုက်
တယ်။
အဲဒီစာမူကိုသတင်းကြားပြီးပြီးချင်းကောက်ထည့်လိုက်တာကတော့ လျှပ်တစ်ပြက်ပါပဲ။အဲဒီတုန်းက
လျှပ်တစ်ပြက်မှာ ကိုမျိုးကိုမျိုး ရှိနေတော့သူကပေးပေး..ဆိုပြီးထည့်ပေးလိုက်ပါတယ်။အမှန်က
အဲဒီစာမူပေးရမှာတကယ်ကိုအားနာတာပါ။ပုံတွေကသူ့သင်္ကေတနဲ့သူမို့အရောင်မပေးလို့မရပါဘူး.
လေးရောင်ပေးမှကိုအဆင်ပြေမှာပါ။ မဂ္ဂဇင်းတွေမှာကလည်းအဖွင့်လောက်ပဲလေးရောင်ပေးချင်ပေး
မယ်။အကုန်တော့လေးရောင်မပေးတတ်ကြပါဘူး။အဲဒီအချိန်မှ လျှပ်တစ်ပြက် ကကျွန်မကိုလေး
ရောင်ပေးပြီးဖော်ပြပေးခဲ့ပါတယ်။ တစ်ခုပဲ..စာလုံးတွေမှားနေတာနဲ့အရောင်မမှန်တာလေးတစ်ခု
ပဲရှိတာပါ..း)
ခုအဲဒီစာမူလေကိုပြန်တင်ပေးလိုက်ပါတယ်။
ပုံတွေကိုကျွန်မကိုယ်တိုင် photoshop နဲ့ဆွဲထားတာပါ။
ပျောက်ဆုံးနေသောရာဟုရက်စွဲ
တနင်္လာ
ခရီးစဉ်မစဖြစ်သော..သက်ရင့်တောင်တန်းများ၏..ဂီတသံ..။
( a x b)+(က-င/ခ)ဃ
ကျားတစ်ကောင်၏နာကျင်နေသောနောင်တ..။
အင်္ဂါ
စိုးရိမ်ပူပန်မှုများ၏ဖြစ်ဖျားခံရာကောင်းကင်...။
{(d+e)-(ဈ + j)ဓ}ဠ
တောဘုရင်၏ကြင်နာမှုအတုများ....။
ဗုဒ္ဓဟူး
တရားခံမပေါ်သောအမြုတေရတနာများ.......။
(v-w)+(u x q /s)အ
တဟူးဟူးတိုက်ခတ်နေသောဆင်တစ်ကောင်၏နားရွက်..။
ကြာသာပတေး
စပျစ်သီးမှားသောမြေခွေးများ၏ပစ္စုပ္ပန်နေ့ရက်။
( m + n )- ( ယ + ရ ) x (r /ဗ)
ငါ့ဒိန်ခဲကိုဘယ်သူစားသွားသလဲ....။
သောကြာ
ကြောင်တစ်ကောင်၏မိုးစဲလင်းပွင့်ညနေခင်း..။
သ[ ( o3 - p4 ) x ( yx + zx ) ] ( ည x ဆ )
ချောက်ကမ်းပါးပေါ်ကပ်မလျှောက်နဲ့.......။
စနေ
ယမန်နေ့မဟုတ်သော စက်တင်ဘာအတိတ်သစ်တောစိမ်းများ၏တောချောက်သံ...။
( t / ထ )[ l/k - ဇ ] / (u + f)
နဂါးတစ်ကောင်၏အညောင်းဆန့်မှုကြောင့်လွဲခဲ့ရသောကမ္ဘာအထပ်ထပ်..။
တနင်္ဂနွေ
ခရစ်တော်၏သေတမ်းစာမဟုတ်သောစကားကြီး (၇)ခွန်း..။
ufo(ခဖတ)+ sos( ၀ရပ ) - rip ( နတဂ ) / pceခaရcလဇ
မနော်ဟရီ
မေ့သွားတယ်။ဆရာဦးမြတ်သစ်ရဲ့စကားအရ ..ဒီဝတ္ထုလေးဟာသင့်ကျန်းမာရေးကိုထိခိုက်နိုင်တယ်
ဆိုရင်တော့..............
16 Comments:
မနော်..ကျန်းမာရေးတော့မထိခိုက်ပါဘူး။ မသိကိန်းပုစ္ဆာတွေတွေ့ရင် အဖြေရအောင်ထုတ်ချင်တဲ့ သင်္ချာသမားရဲ့သဘာဝမို့ ခေါင်းတော့စားသွားတယ်။
တို့ကတော့ သချာင်္ညံ့တယ်။ နောက်တခေါက်ထပ်ဖတ်တော့ ရာဟု ပျောက်နေတာတော့ ကောင်းကောင်းသိတယ် အဟဲ..
တို့က တနလာင်္၊ ဆိုင်လားတော့ မသိဘူး :)
ဖန်တီးမှုလေးတွေက စိတ်ဝင်စားစရာ ၊၊
ပုံသေနည်းလေးတွေက စားသွားတယ်ဗျာ ၊၊ ဟဲဟဲ
(မသိလို့ ရယ်ပီး ပဲပြန်သွားတာ )
ခေါင်းစဉ်မှာ ရာဟု ပါလို့ ရာဟု ပျောက်နေတာကို သတိထားမိလိုက်တယ်။
မနော်ကလဲ..ဝေဒ ကို ပို့လိုက်ရင် ပြီးရော။း)))
( နောက်တာနော်)
မချိုသင်းနဲ့ ကျမ တနင်္လာ ကျားခြင်းတူတယ် ဗျိုး။
ကိုယ်လည်းကျားပဲသိလား
ဒီကျားသုံးကောင်ပေါင်းလိုက်ရင်..........း)
စိတ်ဝင်စားစရာ ဖန်တီးမှု ပါ အမ။ အားပေးလျှက်
အဆိုတော် မျိုးကြီးတို့ ပြောဖူးကြသလိုပေါ့။ ဆရာချစ် ဂစ်တာတီးတာ ကြည့်ပြီး ဂစ်တာကိုင်ချင်စိတ် ပျောက်သွားတယ်တဲ့။ ကျွန်တော်လည်း ဒီလို ကျွန်တော်လိုက်မမှီတဲ့ ၀တ္တုမျိုးတွေတွေ့ရင် စာရေးချင်စိတ်ကုန်ကုန်သွားတယ်။ ဒါမျိုး ရေးတတ်ဖို့ဝေးလို့ နားတောင်မလည်တာ။ ငါဟာ အတော် ပါရမီ နည်းတဲ့ကောင်ပါလား ဆိုပြီး ... လေးစားအားကျရင်း၊ စိတ်က ဟိုး အောက်ဆုံးကို ပြုတ်ကျသွားရင်း ...။
ကျန်းမာရေးကိုပြင်းပြင်းထန်ထန်ထိခိုက်သွားပါတယ်
တော်တော်လေးဘဲညံ့နေလားမသိဘူး
နားလည်သလိုလို အင်း လုံးဝမသိတာတွေလဲပါတယ်
ဒီစာတစ်ပုဒ်ကိုတော့ဖြင့် နားမလည်တဲအထဲကို
release လုပ်လိုက်ပါတယ်
ရှင်းပြပေးမလားဟင်????
မိုက်တယ်... လို.. တို... ရှင်း...
ATN
နားမလည်ပါ။ ရာဟုပျောက်နေတာတောင် ကော်မန့်ဖတ်မိမှ သတိထားမိသည်။ မော်ဒန်နှင့် ဝေးသည်ဟု ကိုယ့်ကိုယ်ကို မှတ်ချက်ပြုမိပါသည်။ သို့သော် ဖိုတိုရှော့ဖ် အားထုတ်မှုကိုတော့ အသိအမှတ် ပြုပါသည်။ အရောင်များ ကစားပုံကို သဘောကျပါသည်။ (ပန်းချီကျောင်းဆင်း မဟုတ်သလို အရောင်များကိုလဲ နားမလည်ပါ။)
မနော်ရေ..ကျနော်လည်းနာကျင်နေသောနောင်တနဲ့ကျားတစ်
ကောင်ပါ..
ပေါင်းနှုတ်မြှောက်စားတွေကြားမှာခေါင်းစားပြီးရူးသွပ်
သွားတယ်ဗျ..
နဂါးတစ်ကောင်ရဲ့အညောင်းဆန့်မှုကြောင့်စက်တင်ဘာ
ဥတုတွေခမ်းခြောက်ပြီး.ကမ္ဘာတစ်ခုပျောက်ခဲ့ရတာတော့
ခပ်ရေးရေးမှတ်မိနေသေးပါတယ်..ကြာပြီဆိုပါတော့....
လေးစားပါတယ်..ရေးတတ်လွန်းလို့
အတွေးတွေကို အားကျပါတယ်။
ခေါင်းတော့မူးသွားတယ်။ :)
မ..
ခေါင်းစားသွားတယ်.. နားမလည်ဘူး.. ညံ့တယ်နော်.. အမဂျူရဲ့အဆိုကို ထောက်ခံတယ်.. ရှင်းပြပေးဦးနော်...
ပျော်ရွှင်ပါစေ..
မိုးနေ
အမရေ ။ ဒီဝတ္ထုလေး ကို သေချာဖတ်သွားပါတယ် ။ သမရိုးကျပုံစံတွေထဲကနေ အသစ်ဖြစ်အောင် ကြိုးစားထားတဲ့ စာမျိုးကို အခုလို အမ ကိုယ်ပိုင်ဘလော့ မှာဖတ်ရတဲ့ အတွက် ကောင်းပါတယ် ။ ကျနော်စောင့်ဖတ်နေပါတယ် ။ ခင်မင်လျှက် ။
စိတ်ဝင်စားစရာပဲ... ကြိုက်တယ်ဗျို့ အစ်မရေ...။
ကျားဘဲမနော်ရေ...........
Post a Comment