Thursday, January 1, 2009
၂၀၀၈ ကတော့ ကုန်ဆုံးလွန်မြောက်သွားခဲ့ပြီ..။ ၂၀၀၉ ဆိုတာကြီးက ခန့်ခန့်ထည်ထည်ကြီး
ထိုင်ပြီးလူတွေရဲ့မျှော်လင့်ချက်တွေကို ကြည့်နေတယ်။ သူဘာတွေပေးနိုင်မှာလဲ...။ကျွန်မတို့
ဘာတွေမျှော်လင့်နေကြလဲ....။ထုံးစံအတိုင်း ရေးထားပြီးသားစာမျက်နှာတွေကို ကျွန်မတို့ကြို
သိခွင့်မရသေးဘူး...။နေ့ရက်တွေကိုတစ်ရက်ချင်းဆွဲလှန်ဖွင့်ဖတ်သွားရဦးမှာ............
ဘာပဲပြောပြော ...ဒီလိုတစ်ချိန်လေးတော့ လူတွေပျော်ခွင့်၊မျှော်လင့်ချက်ထားခွင့်ရနေသေး
တယ်။အဲဒီအတွက်ပဲ ကျေးဇူးတင်ရဦးတော့မှာပဲ..........
ချစ်သော မိတ်ဆွေ၊သူငယ်ချင်း၊မိသားစု၊မောင်နှမ၊ဆရာသမားနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံး
ဒီနှစ်သစ်မှာ မျှော်လင့်သလောက် ဆန္ဒတွေပြည့်ဝ ပျော်ရွှင်နိုင်ကြပါစေလို့............။
8 Comments:
ဆုတောင်းတွေပြည့်မယ်ဆိုရင်တော့အကောင်းဆုံးပေါ့
အမရေ...
အမတို့သားအမိအတွက်ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေ
ပြည့် ပြည့် မပြည့် ပြည့် တောင်းရမှာက...
တောင်းလော့... တောင်းလျှင်ရမည်... ဆိုသည့်အတိုင်း...
၂၀၀၉ ရဲ့ နေ့ရက်တွေတိုင်းမှာ အဆင်ပြေ ပျော်ရွှင် ပါစေလို့ ဆုတောင်းပါတယ်...
ဆုတောင်းပေးရလွန်းလို့ မောဘီ.. အအေးတိုက်ပါ..းD
နောက်တာ .. ကွိကွိ.. အစစအရာရာ အဆင်ပြေပါစေဗျို့။ လာမယ့်ခရီးမှာလည်း ချောမွေ့ပျော်ရွှင်နိုင်ပါစေ။း)
"When you're lonely, I wish you Love!
When you're down, I wish you Joy!
When you're troubled, I wish you Peace!
When things seem empty, I wish you Hope!
Have a Happy New Year!"
မနော်- ခေတ်နေ-
နှစ်သစ်မှာ ကြိုနေမယ်။ ကမ္ဘာကြီးမှာ ရာသီတွေ ပြောင်းသလို..လူတွေရဲ့ဘ၀တွေလဲ..အချိန်ရာသီတွေ ပြောင်းတဲ့အခါ..ပျော်စရာဆိုတာ..ပျော်စရာ...လွမ်းစရာဆိုတာ..လွမ်းစရာ..အခက်အခဲဆိုတာ..ဒါ.. အောင်မြင်မူဆိုတာ..ဒီဟာ ဆိုတာ..သိနေရတာကိုက..
Wishing you a very happy new year 2009...
်(သားကတော့အမေတူပဲနော်..အကြည့်နဲ့ မျက်လုံးတွေကအစ)
စာမျက်နှာတိုင်း ပျော်စရာအတိပြီးသော နေ့ ရက်များ ဖြစ်ပါစေ
ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ အစ်မရေ ...
ထုံးစံအတိုင်း ရေးထားပြီးသားစာမျက်နှာတွေကို ကျွန်မတို့ကြိုသိခွင့်မရသေးဘူး..
ဆိုတာကိုတော့ လက်မခံဘူးအစ်မရေ ...။ :)
ရေးထားပြီးသားလို့ အစ်မ ယုံကြည်ရင်တော့ ...
correction pen တွေအများကြီးပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...။
Post a Comment