Thursday, January 15, 2009
ဒီကိုစရောက်တဲ့နေ့က အေးလိုက်တာ။ သူတို့နွေရာသီကလဲ...လို့တွေးနေတုန်းနောက်နေ့ကျနည်းနည်း
ပူလာပြီ။ ရောက်တဲ့နေ့တည်းက အမတစ်ယောက်ကပြောတယ်။ တစ်နေ့ကိုရာသီဥတုကသုံးမျိုးလောက်
ပြောင်းနေလို့ အ၀တ်သုံးခါလောက်လဲနေရတယ်တဲ့။ဟော...ရေးနေရင်းနဲ့ကိုနေပူပူကြီးနဲ့မိုးကြိုးတွေပစ်
နေပြန်ပြီ။ ဘာမှန်းကိုမသိဘူးလို့ပြောရအောင်ကလည်းသိနေတယ်။ ကမ္ဘာကြီးမှာရာသီဥတုတွေကဖောက်
ပြန်ကုန်ပြီကိုး။ လူတွေကလည်းဖောက်ပြန်တာကိုး..။ဥပဒေသတွေထိန်းသိမ်းရမှာတွေသိပ်မသိကြတော့
ဘူး။ကိုယ်လိုရာလမ်းကိုရောက်တဲ့နည်းနဲ့သွားတဲ့သူတွေများလာနေတယ်။
ဟော...မိုးတွေရွာချပြန်ပြီ။ မနေ့က မိုးတွေရွာနေတဲ့လမ်းကလေးတင် လိုက်လို့ထင်ပါရဲ့..........။
ကိုယ်လိုရာကိုယ်ဆွဲပြောကြည့်တာ. ..။တစ်ခါတစ်ခါတော့လည်းအဲလိုစိတ်လွတ်ကိုယ်လွတ်နေချင်သား။
အဲလိုမနေပဲနဲ့ လူတွေရဲ့ ဘောင်ထဲမှာနေပြီး လောကဓမ္မတွေနီတိတွေကိုလိုက်နာနေတာတောင်မှ အဆင်
မပြေဘူးဆိုတော့..ဘယ်ဟာကများအဆင်ပြေနိုင်မလဲမသိ...။
အမှန်တော့လူ့စိတ်ဆိုတာကလည် ရာသီဥတုလိုပါပဲ။ပြောင်းလဲတတ်တယ်။ မိုးအခါမှာ ပူရင်ပူမယ်။နွေဖြစ်
နေပါလျက်နဲ့အေးချင်အေးမယ် ။ဒါပေမယ့်သူ့ပင်ကိုယ်သရုပ်ကိုတော့သူကိုယ်ယောင်ဖျောက်မပစ်လိုက်နိုင်ပါ
ဘူး။ ဒီလိုပဲပေါ့...။လူတွေလည်း တစ်ခါတစ်ခါမှာ စိတ်ထဲသောကတွေများချင်များနေမယ်။ ငိုချင်ရင်ငိုပစ်
လိုက်မယ်။ အုံ့မှိုင်းမှိုင်းနဲ့ နေလို့ထိုင်လို့မရတဲ့ခါလည်းမရဘူး။ ဒါပေမယ့် သူ့မှာ သူ့ရဲ့ပင်မ ရာသီဥတုအခံ
ဆိုတာကရှိသေးတယ်။ မူလဇစ်မြစ်ကိုမသိပဲနဲ့တော့တစ်ရက်တစ်လေလောက်နဲ့ ..ဟင်း..နွေသာဆိုတယ်...အေးလိုက်တာ..အလကား..သစ္စာဖောက်နွေ...ရယ်လို့ ပိတောက်တွေ
လိုအပြောခံကြရမှာပဲ........။တစ်နေ့ကျရင်အမှန်တရားဆိုတာသိသွားကြမယ်လို့ဘယ်လိုပြောပြောအဲဒီ
စောင့်ဆိုင်းနာကျင်ရသောကာလကတော့ တော်တော်ခါးသီးမှာသေချာပါတယ်။
ပြီးတော့ ရာဇ၀င်ဇာတ်တော်လာအရကိုက ..(ဦးမြမြင့်မိုရ်ကဗျာထဲကလို) အမှန်တရားဆိုတာကလည်း
နောက်ကျပြီးမှရောက်တတ်တဲ့ဇာတ်လိုက်ကျော်ပဲ။
မိုးကတိတ်သွားပြန်ပြီ..မြန်လိုက်တာ။ လူတွေကတော့ အငိုတိတ်သွားသည့်တိုင်ကောင်းကင်ကြီးလိုချက်ခြင်း
ကြီးပြန်လည်ကြည်စင်မသွားနိုင်ဘူးနော်...။
14 Comments:
ဟင်း ဆောင်းသာဆိုတယ် ပူလိုက်တာ အလကား သစ္စာဖောက်ဆောင်း..
(ခု ဖြစ်နေရတာကို ပြောတာပါ)
သတ္တ၀ါတွေထဲမှာ အခံစားတတ်ဆုံး လူသတ္တ၀ါ
လူသတ္တ၀ါထဲမှာမှ ပိုခံစားတတ်တဲ့..သူ ဆိုရင်တော့..
မိုးကြီးရွာ..နေတွေပူ.. လေတွေညှင်းလဲ..
ဟုတ်တယ်အန်တီနော်..
သားတို့အပါအ၀င် လူတွေ... လူတွေ...
အမှန်တရားဆိုတာကလည်း
နောက်ကျပြီးမှရောက်တတ်တဲ့ဇာတ်လိုက်ကျော်ပဲ....
..........
နောက်ကျပေမဲ့..
ရောက်လာမယ် ဆို..ရပြီလေ...
ရောက်လာဖို့ ပဲ လိုတာပါ.....
ဟုတ်ပါ့ မနော်
California မှာလဲ ဒီလိုပါပဲ။ ကားထဲမှာ ထီးရယ်၊ အနွေးထည်ရယ်၊ မျက်မှန် ရယ် အမြဲထည့်ထား သွားနေရသလိုပါ။ မိုးရွာရင် ထီးထုတ်ဆောင်း၊ ချမ်းလာရင် ကုတ် ထ ၀တ်၊ နေပူရင် မျက်မှန်တပ် ရတဲ့ crazy weather ကြီးပါလေ..
အမ ဘယ်မှာရောက်နေတာလဲ
ဒီလောက်အပြောင်းအလဲမြန်တဲ့နေရာမှာ
နေနေရတာဘယ်လောက်ကောင်းလဲ
လိုက်ပြီး adjust လုပ်ရင်း
နောင်မှာ ဘယ်လိုရာသီတွေဘဲလာလာ
ခံနိုင်ရည်ရှိသွါးဘီ
အမြဲကြိုတင်ပြင်ဆင်တတ်လာပြီ
အင်း ----- အဲ.......... အင်း...........
ပြင်ဆင်ရမှာတောင်ကြောက်လာပြီ
ဟားဟား....................
ဂျူ
မနော် နဲ့သားသား ဒေသသစ်မှာ ပျော်ရွှင်ပါစေ...
အမခင်မင်းဇော်
ဟုတ်တယ် မနော်ရေ..ဖောက်ပြန်တဲ့ လူတွေကလည်း ဖောက်ပြန်..ရာသီဥတုတွေကလည်း ဖောက်ပြန်..။ ခက်တာက ခံစားရတာက အများစု..။ အမှန်တရားဆိုတာ ဘယ်အချိန်မှ ပေါ်လာမယ်မှန်း မသိပေမယ့် ဆုပ်ကိုင်ထားရမယ့် ဆေးခါးကြီးများလား မသိဘူးနော်..
မနော်နဲ့သားလေး ပျော်ရွှင်ကြပါစေ...
မှန်လိုက်တာ..မရယ်..
အမှန်တရားဆိုတာ.. နောက်ကျပြီးမှ လာတဲ့ ဇာတ်လိုက်ကျော်တဲ့။
ပျော်ရွှင်ပါစေ..
မိုးနေ...
ဘယ်နေရာရောက်ရောက်.ရာသီဥတုနဲ့လူတွေရဲ့ဖောက်ပြန်မှုတွေနဲ့လွတ်တော့မှာမဟုတ်တော့ဘူး မနော်ရေ..
ခင်မင်လျက်.
စပ်စုလိုက်အုန်းမယ်
အမဘယ်ရောက်နေတာလဲ?
နေရာသစ်မှာ အားလုံး အဆင်ပြေချောမွေ့ ပါစေနော်
မီယာ နဲ့ လင်း
အမ မကေဆီရောက်နေတယ်
သူ့ကိုချစ်လွန်းလို့လိုက်တွေ့တာလေ..
အမှန်တရားဆိုတာကလည်း
နောက်ကျပြီးမှရောက်တတ်တဲ့ဇာတ်လိုက်ကျော်ပဲ။
အင်း .. ဟုတ်နေတယ်ထင်တယ်နော် .. တစ်ခါတစ်ခါ အမှန်တရားရှိသေးရဲ့လားလို့ထင်မိတယ် .. အမှန်တရားပါ ဖောက်ပြန်သွားပြီထင်ပါတယ်အမရယ် ..
Post a Comment