ကဲ..မလွမ်းဘူးလား..???

Sunday, February 15, 2009

မနေ့ကသူငယ်ချင်းတစ်ယောက်က ကျောင်းပုံတွေပို့ပေးလိုက်မယ်တဲ့။ခုတော့မဟုတ်ဘူး.ဆိုပြီး
အွန်လိုင်းမှာပြောသွားတာနဲ့စောင့်နေတာ။မနက်ကျတော့ရောက်နေပြီ..။ရေးထားတဲ့စာကိုလည်း
ကြည့်ဦး...ကဲ..မလွမ်းဘူးလားတဲ့..
မလွမ်းနေပါ့မလား...
အရူးအမူးတမ်းမက်ခဲ့ဖူးတဲ့ကံ့ကော်တင်းကုတ်ကလေးပဲ...။
ဘယ်သူတွေဘယ်လိုဝေးဝေး..ကျွန်မက..၂၀၀၄ကုန်ခါနီးထိကျောင်းထဲမှာတွေ့နေရတတ်တဲ့
သူပါ။UFLမှာကျောင်းတက်နေတာကသပ်သပ်ပါ။ကျွန်မကိုယ်တိုင်ကကိုကျောင်းသူတစ်ယောက်
ကျောင်းတက်သလို လိုင်ဘရီထဲသွားသွားပြီးစာရေးတတ်တာ။..နေ့လည်ထမင်းစားချိန်ကျရင်
အရင်လိုပဲ..ဌာနမှာPhDတက်နေတဲ့သူငယ်ချင်းတွေ၊ဆရာတွေနဲ့ကင်တင်းမှာထိုင်ပြီးထမင်းစား
စကားပြောနဲ့နေခဲ့တာ။နောက်ပိုင်းကျတော့.တောင်ငူဖက်လည်းထိုင်တယ်။အဲဒီဖက်မှာUFLအပြီး
မှာဂျွန်ရယ်..နေလင်းနဲ့ဟေမာန်ရယ်ကဒီပလိုမာတစ်ခုထပ်တက်ကြတာကိုး။မနက်ဆိုရင်သားက
လေးကို..ကိုရင်တာ့ကျောင်း(စာရေးဆရာကိုတာရဲ့ကျောင်းပါ..)ကိုပို့..ကိုယ်ကကျောင်းထဲ
ဆက်လာ..တောင်ငူကိုအရင်ဝင်..စာကြည့်တိုက်ဖွင့်ချိန်ကျမှ..စာကြည့်တိုက်ဖက်သွား...။
တောင်ငူမှာလည်းဒီပလိုမာတန်းတွေကများကြီး..။သူငယ်ချင်းတွေလည်းများသလို အိုမာဆမ်
တို့လည်းရှိတယ်။အိုမာဆမ်ကမြန်မာစာဌာနကဆရာမ..။
နောက်ပိုင်း..အကြောင်းတစ်ခုကြောင့်ကျောင်းထဲဝင်ရတာခက်ခဲသွားမှပဲမသွားဖြစ်တော့တာ..
ဒီနေ့ထိပဲ..။UFLမှာတက်နေတုန်းကလည်းUFL canteenရဲ့ကောင်းမှုနဲ့ကျွန်မတို့အမြဲတမ်း
တောင်ငူတစ်လှည့်၊မြကျွန်းသာတစ်လှည့်ရောက်နေကျပါ။
ခုတော့..မရောက်တာငါးနှစ်လောက်ရှိတော့မယ်။
ခြေရာတွေအများကြီးရှိနေခဲ့တဲ့နေရာတဲ့..ခုတော့လည်း..ကျွန်မရဲ့အလွမ်းတွေကလွဲရင်ဘာကို
မှမတွေ့ ရတော့သလိုပဲ..ကျွန်မလိုလွမ်းမယ့်သူတွေအတွက်..အမှတ်တရတင်ပေးတာပါ။ကူ
လွမ်းဖို့..ပြီးးတော့အတိတ်ခြေရာတွေကိုပြန်ရှာကြည့်ဖို့..။
(ပုံတွေပို့ပေးတဲ့ TMH ကိုကျေးဇူးတင်ပါတယ်။)
သပွတ်ခါးသီးဝိဇ္ဖာများရဲ့ဘုန်းတော်ဘွဲ့ကိုသတိရရင်းအကြိမ်ကြိမ်ဝင်ခဲ့မိတဲ့
ဘွဲ့နှင်းသဘင်


ရာဇ၀င်များစွာကိုစောင့်ကြည့်နေသော သစ်ညိုပင်ကြီး


ဂျပ်ဆင်...


အပန်းဖြေရိပ်သာရှေ့


ငွေစာရင်းဌာနအ၀င်ပေါက်...



ရူပဗေဒငှာနနား...


30 Comments:

လင်းဒီပ said...

ဓာတ်ပုံလေးတွေ ကူးသွားပါတယ် အစ်မ..

April said...

မတက်ဘူးတဲ့ ကျောင်းတော်ကြီးကို လွမ်းသွားတယ်..

ပျော်ရွှင်ပါစေ..
မိုးနေ

ATN said...

မန္တလေးဆောင်တို့ တောင်ငူဆောင်တို့ ကျတော့မပါဘူး...
ဂျပ်ဆင်နဲ့သစ်ပုပ်ပင်ကြီးကိုတော့ လွမ်းမိတယ်ဗျာ...
ဘာလိုလိုနဲ့ နှစ်အစိတ်တောင်ရှိနေပြီပဲ...
မိုးတွေတော့ ရွာကုန်ပါပြီဗျာ...

Anonymous said...

အမနော် ကျောင်းအလွမ်းပြေကြည့်သွားတယ်။ သစ်ညိုပင်ကြီးရောပေါ့။ ဓါတ်ပုံတွေကြည့်ရတာ တကယ်ကို လွမ်းမိတယ်။ ကိုယ်လည်းမတက်ဖူးပေမယ့် ခဏရောက်ဖူးတာကို လွမ်းမိတာပဲ။ မဆီမဆိုင် ဦးချစ်ဆိုင်နားက ဝက်သားဒုတ်ထိုးစားခဲ့ရတာ သတိရတယ်။ အရမ်းကောင်းလို့ ခဏခဏစားခဲ့ရတာတွေ။

ကိုရင်ညိန်း said...

လွမ်းပါတယ် ခင်ဗျ (မလွမ်းဘူးလားလို့မေးထားလို့ပါ )
ကျောင်းတော့ မတက်ခဲ့ဖူးပေမယ့် အရမ်းတက်ချင်ခဲ့တာ
အခြေအနေမရခဲ့လို့ ၀တ္ထုတွေ ၊ ရုပ်ရှင်တွေ ကြည့်ပြီးစိတ် ဖြေခဲ့ရတာဆိုတော့ ခုလိုမြင်ရတော့လည်း အဲဒီစိတ်တွေ ပြန်ပေါ်လာပြန်ရော ။ ဆရာမတို့လို တက်ခဲ့ဖူးတဲ့ သူများကတော့ ပြောစရာတောင် လိုမယ်မထင်တော့ဘူး ။ အဟေးဟေး

Anonymous said...

အန်တီနော်ရေ.. UFL အကြောင်းပြောရင် အရမ်းလွမ်းတာပဲ.. UFL မှာတက်ခဲ့ရတဲ့ နေ့ရက်တွေ၊ အရာရာကိုလွမ်းတယ်ဗျာ.. စိတ်ထိခိုက်နေတဲ့အချိန်ဆိုတော့ ဘာလေးတွေးမိတွေးမိ၊ မြင်မိမြင်မိ မျက်ရည်ကလွယ်တယ်..း(
မိန်းထဲကိုလည်း မကြာခဏရောက်ပြီး နေရာတိုင်းလိုလိုနဲ့ ရင်းနှီးနေတော့ လွမ်းရပါတယ်ဗျာ..

Anonymous said...

နှစ်ခါလားပဲ ရောက်ဖူးတယ်။ ဒါပေမယ့် သိပ်ကို တန်ဖိုးထား လေးစားခဲ့ဖူးတယ်။

:P said...

အလည်ပဲရောက်ဖူးတယ်...
ဒါပေမယ့် အဲဒီနေရာတွေ အားလုံ့းကို ချစ်နေသလိုပဲ

စိုင်းစိုင်းလားရှိုး said...

ရုပ်ရှင်တွေထဲမှာတော့ ခဏခဏတွေ့ဖူးတယ်။ ဒီပုံလေးတွေကို။

WWKM said...

လွမ်းတာပေါ့ မနော်ရေ..
ကွန်ဗိုကေးရှင်းကြီးရယ် ၊ ရီခရီရေးရှင်း စင်တာရယ် ၊
သစ်ပုတ်ပင်ကြီးရယ် ၊ ဂျပ်ဆင်ရယ်။ ဓါတ်ပုံလေးတွေ
မြင်မှ ပိုလွမ်းသွားတော့တယ်။
ဓါတ်ပုံလေးတွေ ကူးသွားတယ် မနော်ရေ.. ခွင့်ပြုပါနော်.
ပို့စ်ရေးချင်သွားပြီ။း)

နှင်းပွင့်ဖြူ said...

တက်ဘူးဘူးအစ်မရယ်....... ဘွဲယူတုန်းက တစ်ခါပဲ ဘွဲ.နှင်းဘဘင်ခန်းမကိုရောက်ဘူးတာ...... အထက်တန်းကျောင်းသူဘ၀တုန်းကတော့ အရူးအမူးတက်ချင်ခဲ့တာပေါ့။

မီယာ said...

ဓါတ်ပုံရိုက်ဖို့ပဲ ရောက်ဖူးတယ်။ တခုခုရေးပါဦးလားအမ... မရောက်ဖူးတဲ့ သူတွေ အတွက်ပေါ့

kay said...

ကံ့ကော်ပွင့်တို့ကို နှုတ်ဆက်ပါ..
ဂျပ်ဆင်အိုကို လက်ပြပါ..
ခုံတန်းလျားတော့..လှည့်ကြည့်ပါ..
ဘွဲနှင်းသဘင်ကို ကျောခိုင်းကာ..
မထင်ပဲကွာ.. (မနှင်လဲခွါ.. ) ၂ ရအောင်..
ကိုယ့်အား..ထားရစ်ခဲ့ကြပါ..
သံယောဇဉ်ကြိုး ဖြတ်ခဲ့ပါ...

( သီချင်းညီးသွားတယ်)

Anonymous said...

ဒီအချိန်ဆိုရင် ငယ်ချစ်ဦးလဲလွမ်းဦးမလား မဆုံနိုင်စရာ တစ်ချိန်တုန်းက တက္ကသိုလ်ဆီ

အော်------အဓိပတိလမ်းကခြေရာတွေ

Anonymous said...

convo ကိုလည်းလွမ်း၊ RCကိုလည်းလွမ်း၊ Judson ကိုလည်းလွမ်းTaunggu canteen ကိုလည်းလွမ်း၊
Indonesia က Borobudur ကိုလည်းလွမ်း.....

Anonymous said...

ငယ်ငယ်တည်းက သီချင်းတွေ၊ စာအုပ်တွေထဲက
တစ်ဆင့် အရမ်းရောက်ချင်ခဲ့တဲ့ နေရာတွေပါ။
ကုသိုလ်မမီခဲ့လို့..
ဒါပေမဲ့ ကူလွမ်းသွားပါတယ်

မေ့သမီး said...

တက်ခွင့်တော့မကြုံခဲ့ပေမယ့် အဲဒီတက္ကသိုလ်ကြီးပြန်ပြီး အသက်ဝင်လာစေချင်လိုက်တာ။ အစ်မပုသိမ်မှာ အကြာကြီးနေခဲ့တာဆို။ ညီမက ပုသိမ်သူ။

ဆောင်းယွန်းလ said...

လွမ်းစရာလေးတွေ ဖြစ်ကုန်ပြန်ပြီပေါ့..ရောက်ပဲရောက်ဖူးပြီး မတက်လိုက်ရတဲ့ ကျောင်းကြီးကို
ပုသိမ်က ကျောင်းကြီးဆိုရင်တော့ တွေ့တာနဲ့ မျက်ရည်အတောင့်လိုက်ကျမိမှာပါ မနော်ရေ..

tg.nwai said...

မနော်ရေ.. အကုန်လွမ်းကုန်ကြတာပဲနော်..။
ဖေဖေတို့ကတော့ ပြောတယ်.. တက္ကသိုလ်ပီသတာ ရန်ကုန်တက္ကသိုလ်မှ...တဲ့။ ဟုတ်ပ့ါနော်..ရာဇ၀င်နဲ့ လာခဲ့တဲ့ ကျောင်းတော်ကြီးပေကိုး။ ကိုယ်တွေကတော့ အဲဒီကျောင်းထဲ ၀င်ရင် ဟိုငေး သည်ငေးပေါ့။ နယ်ချဲ့ရင်း ဂျပ်ဆင်အောက်လည်း ရောက်ခဲ့သေးတယ်..။ နံမယ်ကျော် အဓိပတိလမ်းမှာလည်း တမင်ကိုလမ်းလျှောက်ခဲ့သေးတာ..။ ဘယ်တက္ကသိုလ်ကျောင်းသားတွက်မဆို ရန်ကုန်တက္ကသိုလ်ဆိုတာ ရင်ထဲမှာရှိနေတဲ့ အရာပါ။

ခုတော့... အထပ်ထပ်ကာရံထားတဲ့ ကျောင်းကြီးတွေကို ကြည့်ရတာ ရင်ထဲ မကောင်းလို့ ကိုယ့်ကျောင်းတောင် အလွမ်းပြေ ပြန်သွားမကြည့်တော့ဘူး။ ကျောင်းသားအစစ်မရှိတဲ့ ကျောင်းတွေ...။

khin oo may said...

ကြည့်ရင်းနဲ့လွမ်းလို့.။

ယောနသံစင်ရော် said...

မနော်ရေ.. ဓာတ်ပုံလေးတွေကြည့်ပြီး ဒီနားမှာလမ်းလျှောက်ခဲ့တာ...ဟိုအုတ်ခုံလေးက ထိုင်နေကြ.. RCကြီးကိုလွမ်းလိုက်တာ.. ဘွဲ့နှင်းသဘင်ရှိရင်..ဘွဲ့ယူတဲ့မမလှလှတွေကို အတန်းမတက်သွားငေးခဲ့တာတွေ အားလုံးကို ပိတ်ကားပေါ်မှာမြင်သလိုမြင်ယောင်လာမိတယ်။

Moe Cho Thinn said...

မနော်ရေ တို့ဆီကိုလဲ ငထက်က အဲဒီလိုမေးပြီး မနော်နဲ့ အတူတူ ပို့လိုက်ပုံပါပဲ။ အခု မနော်က ထပ်မေးပြန်တော့ ဘယ့်နှယ်မေးပါလိမ့်လို့ပဲ ဖြေရတော့မယ်။ တို့ မန္တလေးဆောင်ကြီးတော့ ပါဘူး။ :)

လင်း said...

ကျောင်းထဲမှာ အလွမ်းပြေ လမ်းလျှောက်သွားပါတယ်

MANORHARY said...

ကိုအောင်သာငယ်နဲ့ချိုသင်း..
Geologyကလို့မပြောရဘူး
မန္တလေးဆောင်ပဲမေးနေတာပဲ ..တင်မင်းထက်ကကျ
တော့ရူပဗေဒဖက်ပဲရိုက်ပေးမှာပေါ့..သူရိုက်တယ်ဆိုရင်
ပြောပါတယ်။း)
လင်းရေ.
.စိတ်ကူးနဲ့လမ်းလျှောက်ရတာမပျော်ဘူးလား
ကေ..
ကေ့သီချင်းကပိုလွမ်းစရာကောင်းတာ
ယောနသံဇင်ယော်..
တို့တွေလည်းဒီလိုပဲကြည့်ခဲ့ဖူးတာပေါ့
မခင်ဦးမေ..
လွမ်းလာရင်မငိုနဲ့နော် ..း)
မသိဂီ င်္..တကယ့်ရာဇ၀င်တွေနဲ့သတို့သမီးတစ်ပါးပါပဲ..
ကိုဆောင်းယွန်း..
ပုသိမ်ဆိုရင်လည်းလွမ်းမှာပဲ ..မနော်ကအဲဒီကျောင်းဝန်းထဲမှာငယ်ငယ်တည်းကနေ
ခဲ့တာကိုး..
HappyQuakeရေ..
အောက်ကပို့စ်နဲ့ပေါင်းပြီးဘောရောဘောဒူပါလွမ်းသွား
တာလား ဒါမှမဟုတ် အင်ဒိုသူ
လေးနဲ့သွားခဲ့တာကိုသတိရလို့လား..း)
ကိုထွေးရေ..
တကယ်မရှိတဲ့ခြေရာတွေကိုလူအထင်ကြီး
အောင်လွမ်းပြမနေနဲ့..
မီယာ..
နောက်များတော့ကြုံရင်ရေးချင်ပါတယ်။
နှင်းပွင့်ဖြူလေး.
.ဒဂုံကထင်တယ်နော်။
ဝါ၀ါခိုင်မင်းရေ..
လွမ်းစရာလေးတွေရေးတော့မယ်ပေါ့။
sin dan lar ..အလည်အဖြစ်ရောက်လည်းရင်ထဲကျန်နေမယ့်နေရာပါ
ရှင်ရဲထွတ်..ခုဆိုရုပ်ရှင်ထဲမှာတောင်မတွေ့ရတော့ပါဘူး
ကိုနိနဲ့မနိ..
ဦးချစ်နားက၀က်သားတုတ်ထိုးသည်နာမည်
ကဦးရခိုင်ကြီးတဲ့..သူကအမကိုမြင်ရင် အသေးလေး
လို့ခေါ်ပါလိမ့်မယ်..း)
လင်းဒီပရေ.
.ပုံတွေကTMHမျှဝေထားတာပါ။
မိုးနေ.
.မတက်ဖူးလည်းလွမ်းနိုင်ပါတယ်။း)

မေငြိမ်း said...

မနော်ရေ..
လောလောဆယ်တော့ ရန်ကုန်တက္ကသိုလ်ရြဲ့ ဌာနများကို ကြပ်ပြေးနေပြည်တော် တက္ကသိုလ်ကြီးသို့ ရွှေ့ရေးစီမံကိန်းတဲ့။ သေချာတာတော့ အစဖျောက်တော့မှာပေါ့ကွယ်..။ ဘယ်သူနဲ့မှ မဆိုင်တော့အောင် လုပ်ပစ်တော့မှာပေါ့။ သိမ်းထားမနော်ရေ.. နောက်ဆို ဓာတ်ပုံတောင် မြင်ရဖို့ လွယ်ပါ့မလား။ ငထက်က အမဆီလည်း ပို့လိုက်တယ်ဆိုတော့ ကျေးဇူးအတူတူတင်ရတာပေါ့....

Anonymous said...

မတက်ဖူးပေမယ့်
ရင်ထဲ အရူးအမူး
ခံစားမှုပေးခဲ့ပါတဲ့
ရာဇ၀င်များနဲ့ ကျောင်း။
ရှေ့ ကအကို ကျောင်းသွားတိုင်း
ကျောင်းကြီးအကြောင်းကိုပြောပြတိုင်း
ငါ့အလှည့်ကြရင်တော့လို့ 
အားခဲထားသမျှ .......။
လက်တွေ့ မှာ
အလွဲနဲ့ သာ
တာဝ မှာ
အဆုံးသတ်ခဲ့တာ........။
း(

Anonymous said...

လိုင်ဘရီလေးလဲ တို့ နဲ့ ဝေး.....
အာစီလေးလဲ သတိရမိတယ်......
ရင်မှာလွမ်းလို့ ကျတဲ့ မျက်ရည်......
ဂျက်ဆင်အိုလေး ဘယ်မမေ့ဘူး.......

ကြင်နာသူတွေရဲ့ ကံ့ကော်လမ်း.......
ခြေရာထင်ကျန်ဆဲ အဓိပဓိလမ်း......
ရင်မှာသံမှိုစွဲ နှလုံးအိမ်ထဲ........
သတိရနေမှာပါ..........

တက်ခဲ့ဖူးကြတဲ့ အကိုအမတွေအတွက်
အမှတ်တရ အလွမ်းပြေ
သီချင်းလေး ရေးလိုက်တာပါ။
း)

megumi said...

လွမ်းတာပေါ့ မမရယ်။
မတက်ဖူးပေမယ့် နေ့တိုင်းဖြတ်လျှောက်ဖူးတယ်လေ။ ဟိ ဟိ၊ နေပူလို့ မိန်းထဲကနေ ကျောင်းသွားတာလေ။ လွမ်းမှလွမ်း။

Anonymous said...

မနော်ရေ ..
ဒီပုံတွေက မမျက်ဝန်း ဆိုတဲ့ အွန်လိုင်း သူငယ်ချင်း တစ်ယောက်ဆီက ရတာ၊ သူကလဲ အီးမေးလ်ကနေ ရတာ ပြောပါတယ်။ နဂို ဓာတ်ပုံရှင်က ကျေးဇူးတင်ပါတယ်။
tmh

tin min htet said...

မနော်ရေ ..
ဒီပုံတွေက မမျက်ဝန်း ဆိုတဲ့ အွန်လိုင်း သူငယ်ချင်း တစ်ယောက်ဆီက ရတာ၊ သူကလဲ အီးမေးလ်ကနေ ရတာ ပြောပါတယ်။ နဂို ဓာတ်ပုံရှင်ကို ကျေးဇူးတင်ပါတယ်။