Tuesday, November 4, 2008
မြန်မာကဗျာဆရာတွေထဲမှာ ကျွန်မ နှစ်သက်တဲ့ ကဗျာဆရာတစ်ယောက်ရှိပါတယ်။ သူ့ကဗျာတွေက မနူးညံ့ဘူး..မကြော ကြမ်းတမ်းတယ်...ဒါပေမယ့် ..ကျွန်မသူ့ကို ငယ်ငယ်လေးတည်းကဖတ်ခဲ့တယ်။
ကျွန်မတကယ်စာပေလောကထဲရောက်တော့ သူ ရေခြားမြေခြားကိုရောက်နေတယ်လို့ကြားပြီး သူ့ကဗျာတွေသိပ်မတွေ့ခဲ့ရဘူး...သူပြန်ရောက်လာတယ်ကြားပေမယ့် သူ့ကဗျာတွေက
အတွေ့နည်းတယ်လို့ထင်ခဲ့တာ နောက်မှသိရတာက သူတခြားနာမည်တစ်ခုနဲ့ရေးတယ်တဲ့ ..(အကြောင်းကြောင်းကြောင့်..)
အဲဒီကဗျာဆရာ က ကိုလှသန်း ပါ...သူ့ကို ကြည်မောင်သန်း လို့လည်းသိကြပါတယ်။
တခြားနာမည်နဲ့လည်းသိရင်သိနေနိုင်ပါသေးတယ်။
တချို့ ကတော့ သူ့ရဲ့ ဒပယင်း ဆိုတဲ့ကဗျာနဲ့သူ့ကိုတွဲသိနိုင်ပါတယ်။ ကျွန်မ သတင်းတစ်ခုမှာတွေ့လိုက်ရတယ်။ အဲဒီကဗျာ (ဒပယင်း)ကို တခြားပြဿနာရှိတဲ့ကဗျာတစ်ပုဒ်နဲ့ယှဉ်ပြီး ကိုလှသန်းကျဘာဖြစ်လို့ ကဗျာရေးခွင့်ပဲပိတ်တာလဲ လို့မေးထားတာပါ..
ကျွန်မတစ်ယောက်တည်းရဲ့အမြင်နဲ့ပြောရရင်..ကိုလှသန်း ဟာ ကဗျာဆရာပါ..သူဟာသူရေးချင်တာပဲရေးပြီး မရေးချင်တာတွေကို
ဟန်လုပ်မရေးတတ်တဲ့ကဗျာဆရာလည်းဖြစ်ပါတယ်...။ကဗျာဆရာဟာ ခေတ်ကိုထင်ဟပ်စေတဲ့ သူ့ရင်ကိုမှန်တဲ့ အရာတွေကိုပဲ
ကဗျာအဖြစ်အသက်သွင်းတာပါ..အဲဒီတွက် သူ့မှာ Poetic license ဆိုတာရှိပါတယ်။အဲဒီအတွက်လို့ ကျွန်မကတော့မြင်တာ
ပါပဲ...။
ကျွန်မဆီမှာ ကိုလှသန်းရဲ့ ကဗျာရေးနှစ် ၂၀ပြည့် အမှတ်တရထုတ်ထားတဲ့ လက်မရွံ့ကဗျာ ဆိုတဲ့စာအုပ်ကလေးရှိပါတယ်။
စိတ်ဝင်စားသူ ၁၀ယောက်အထက်လောက်ရှိရင် ကျွန်မ တင်ပေးချင်ပါတယ်...(မဲတောင်းတာ :) )
အကြောင်းပြန်ပေးကြပါနော်.....
20 Comments:
မဲလာပေးတာဗျ။
စုဆောင်းထားတဲ့ ကဗျာစာအုပ်တွေကို ပြန်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။
10 ဦးထဲမှာတစ်ဦးပါပါရစေ အစ်မ
ညီမမျှော်လင့်နေတယ်...
တင်ပေးပါ။
အရင်တုန်းက ကျနော်တို့ ကူးပြီး ဝေဖူးပါတယ်။
အဖွင့်အမှာကဗျာမှာ သူ့ဘော်ဒါက ဂုဏ်ပြုထားတဲ့ စာတစ်ကြောင်းပဲ ကျနော်မှတ်မိတယ်
..မအေဘေး
ကဗျာရေးတော့ အတော်ကောင်းတဲ့ကောင်....တဲ့။
မဲပေးသွားပါသည်။
သင်ကာ
မနော်..
အဲဒီကဗျာဆရာဆို မဲလာပေးပါတယ်။ ဖတ်ပါရစေ...။
မဲလာပေးပါတယ်...
american တွေနဲ့အပြိုင်လေ...
here comes my vote. Thanks in advance :)
ဟုတ်ကဲ့ မဲပေးပါတယ်ခင်ဗျာ..ဖတ်ချင်ပါတယ်...
အစ်မရေ..
၈ မဲမြောက်ပေးသွားပါတယ်
ဟိုအထက်ကလူတွေအတိုင်းပါ
၉ ယောက်မြောက်မဲလေးပါ
Vote လုပ်ပါတယ် ကဗျာအတွက်ပါ၊ တိုင်းပြည် အတွက်ဆို ပုံရိပ်အတုတွေ နေ့စဉ်ကြည့်ကာ လွမ်းနေရသူပါ ... မနော်။
ဘယ်သူ့ကိုအားကျလို့မဲပေးခိုင်းနေတာလဲ
ပေးပေးမပေးပေး ရေးမှာဘဲဟာကို
ဟိဟိ
အကြောင်းသိပြီးသားဘဲဟာ
ချင်းချင်းတွေဘဲ
သယ်ရင်းကလဲ
ဟားဟားး ကဗျာဟစာအုပ်တွေ မှာရ ရှာရခက်တာနဲ့ အတော်ပဲဗျာ..။ မဲ တမဲဗျိုးးးးးးးး
တယောက်တည်း ၁၀ မဲပေးလို့ရရင် အခုဒီမှာ ပေးသွားတယ်ဗျာ။ ကဗျာဆရာကိုလည်း ပြောလိုက်ပါ။
တကယ့်တကယ်ပေးရရင် မဲတွေ အများကြီး ဖြစ်နေမှာပေါ့။
ကိုလှသန်းရေ ကျမလဲ တမဲနော်။
အမလဲမဲပေးတယ် ခုဆို ၁၀မဲ ကျော်သွားပြီနော်..
၁၅ မဲဆိုတော့ လုံလောက်နေပြီပဲ။ ဒါမဲ့ ထပ်ပေးသွားပါတယ်ဗျို့.....
သမ္မတမဲပေးပွဲမှာတော့မဲပေးခွင့်မရှိလို့မဲသွားမပေးရဘူး
ကဗျာဆရာအတွက်တော့မဲလာပေးသွားပါတယ်အမရေ
ကျနော်လည်း မဲ ပေးပါတယ်
ကဗျာဆို အသေရရ အရှင်ရရပဲ
အခုမှ တွေ့လို့ နောက်ကျမဲ လာပေးသွားပါတယ်အစ်မ.. ဆရာလှသန်းကဗျာတွေလည်းဖတ်သွားပါတယ်.. ဒီကဗျာတွေ တစ်ခါမှ မဖတ်ဖူးဘူး.. အတော်များများကို တော်တော် ကြိုက်တယ်.. ဥပမာ လက်မောင်းသွေးကိုဖောက်ကြည့်ခြင်း ၁-၂-၃၊ ကဗျာတစ်ပုဒ်ရဲ့နာရေး၊ ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ၊ လူသားဆန်ချင်တာတရားတယ်၊ ပြီးပြည့်စုံတဲ့ကမ္ဘာ၊ ကမ္ဘာကြီးနောက်ကိုလျှောက်မလိုက်နိုင်ဘူးမေမေ၊ မတည်ဆောက်ရသေးတဲ့ကဗျာ၊ နာမည်တစ်ခု၏ဈာပန၊ နာမည်များနဲ့နေ့တစ်နေ့..
ဒီကဗျာတွေ အချိန်ကုန်ခံပြီး တင်ပေးတဲ့ အစ်မကို အထူးကျေးဇူးတင်ပါတယ်..။ ဒီမှာ ကဗျာစာအုပ်တွေက သိပ်ပြီးဝယ်လို့မရဘူး..။ ဘာပဲဖြစ်ဖြစ် ဆရာလှသန်းလို ထက်မြက်ပြီး အမြင်ကျယ်တဲ့ ကဗျာဆရာတစ်ယောက် မြန်မာပြည်မှာ ရှိနေတာ ကျနော် ၀မ်းသာမိတယ်။ ကဗျာဆရာကိုလည်း အားပေးလိုက်ပါဦး.. ကျနော်တို့ အမြဲအားပေးနေကြောင်း..။
ရွှင်လန်းချမ်းမြေ့ပါစေ..
I voted, Please post.
Post a Comment