Wednesday, June 17, 2009
တိမ်းနွဲ့တတ်သောဓားတစ်စင်းအကြောင်း
(၁)
မြုမိုးမှုန်တွေ..လက်စိုတောက်ပနေတဲ့..အလင်းညိုညိုနံနက်ခင်းလေးတစ်ခုမှာပါ။ရှည်သွယ်
ကျဉ်းမြောင်းပြီး..သိပ်ပြေပြစ်ခြင်းမရှိလှတဲ့လမ်းကလေးတစ်လမ်းပေါ်မှာ..ကျွန်တော်..တစ်
လှမ်းချင်း..ခြေချနင်းလျှောက်နေမိတယ်။နံနက်ခင်းကတော့ခုထိမစုံညီသေးတဲ့အလင်းတွေ
နဲ့မှုန်ရီလို့ကောင်းနေတုန်းပဲ။
အိပ်ရာကနေစောစောထပြီးခုလိုလမ်းလျှောက်နေဖို့ဆိုတာ..ဘယ်တုန်းကမှ…ကျွန်တော်မ
တွေးမိခဲ့တဲ့အလုပ်ပါ။ဒါပေမယ့်..ခုလိုနံနက်ခင်းလေးမျိုးကျတော့လည်း…ကျွန်တော်…အိပ်
စက်နေခဲ့မိတဲ့နံနက်ခင်းတွေအတွက်နှမြောတသနေမိပြန်ရော။
အစကတော့…ဒီလောက်အစောကြီးချိန်းတဲ့အတွက်..လတ်ဝဏ္ဏကိုကျွန်တော်…တော်တော်
လေးပြောပစ်ဖို့ကြံရွယ်ထားတာပါ။ခုတော့..ကြံရွယ်ထားတဲ့စကားလုံးတွေရင်ထဲမှာတစ်လုံး
မှမကျန်တော့ဘူး။အလုပ်တစ်ခုအရေးတကြီးအပ်စရာရှိတယ်ဆိုပြီး..ဒီနေရာလေးကို..စော
စောစီးစီးချိန်းပေးတဲ့အတွက်ပဲ..သူ့ကိုတောင်ပြန်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
တကယ်တော့..ကျွန်တော်ဟာမိုးလင်းကနေမိုးချုပ်…ဂျစ်ပဆီတစ်ယောက်လိုလျှောက်သွား
နေတဲ့ကောင်ပါ။အိမ်တကာလှည့်ပြီး..ကွန်ပျူတာသင်တဲ့အလုပ်ကို(လောလောဆယ်မှာ..)
ကျွန်တော်လုပ်တယ်လေ။ခုလည်းလတ်ဝဏ္ဏက..အလုပ်သစ်တစ်ခုပေးဖို့ချိန်းတာပဲနေမှာပါ။
ကသီကရီနဲ့ကောင်းကင်ကနေခုန်ဆင်းချလာတဲ့..မြူမိုးမှုန်တွေကိုခေါင်းမော့ခံယူပစ်လိုက်
ရင်းအလင်းရနံ့သင်းတဲ့..လေညင်းတစ်စကိုရှိုက်သွင်းပစ်လိုက်တယ်။
“ အိုး ”
လတ်ဝဏ္ဏနဲ့ကျွန်တော်ချိန်းထားတဲ့လမ်းဘေးလက်ဘက်ရည်ဆိုင်ကလေးကိုတောင်..လှမ်း
မြင်နေရပါပြီ။လက်ဘက်ရည်ဆိုင်လေးက..အလင်းမှုန်ရီအောက်မှာ..လှုပ်လှုပ်လဲ့လဲ့နဲ့….စ
တင်အသက်ဝင်စပြုနေပြီ။အဲဒီအချိန်မှာပဲ..
ကျွန်တော်နဲ့တူရုမျက်နှာချင်းဆိုင်လမ်းမပေါ်မှာ..ကောင်မလေးတစ်ယောက်..လျှောက်လာ
တာကိုသတိထားလိုက်မိတယ်။ကျွန်တော့်လိုပဲ..ရှပ်အကျီ င်္အဖြူရောင်လေးနဲ့ကျောပိုးအိတ်
အနက်ကလေးကိုလွယ်လို့။
ဘာမှသိပ်စိတ်ဝင်စားစရာမရှိလှတာမို့..ကျွန်တော်လက်ဘက်ရည်ဆိုင်လေးထဲကိုပဲချိုးကွေ့
ချလိုက်တယ်။စားပွဲပုလေးတစ်လုံးမှာနေရာတကျထိုင်ချလိုက်တယ်ဆိုရင်ပဲ……စောစောက
မျက်နှာချင်းဆိုင်လျှောက်လာတဲ့ကောင်မလေးလည်းဆိုင်ထဲကွေ့ဝင်လာတာကိုတွေ့လိုက်
ရတယ်။သူမက..ကျွန်တော့်ဓားလွယ်ခုတ်ကခုံမှာဝင်ထိုင်ပါတယ်။
ကျွန်တော်က..လက်ဘက်ရည်တစ်ခွက်နဲ့စီးကရက်တစ်ပွဲမှာတယ်။သူက..ကော်ဖီခါးခါးတစ်
ခွက်နဲ့ပေါင်မုန့်တစ်ချပ်မှာတယ်။ဒါပါပဲ။ဘာမှထူးထူးခြားခြားရှိလှတဲ့…..ဖြစ်စဉ်တစ်ခုလည်းမ
ဟုတ်ပါဘူး။တစ်ခုပဲ..လက်ဘက်ရည်ဆိုင်လေးထဲက..အလင်းဝါကျင်အောက်မှာ…ကောင်မ
လေးရဲ့ကြည်စင်တဲ့မျက်နှာလေးကိုလျှပ်တပြက်တွေ့လိုက်ရတယ်။ဒီလောက်ပါပဲ။
မကြာခင်မှာပဲ..လတ်ဝဏ္ဏရောက်လာတယ်။အလုပ်စကားပြောဖြစ်ကြတယ်။သူတို့တို့ပြန်
မယ်လုပ်တော့..ကောင်မလေးတောင်မရှိတော့ပါဘူး။စကားပြောနေချိန်မှာလည်းသတိတရ
မှမကြည့်မိခဲ့ပဲ။ဘာမှမဟုတ်ပါဘူး။အဲဒီအတိုင်းဖြစ်စဉ်ရိုးရိုးလေးလို့ထင်ထားခဲ့တာ……ဒါပေ
မယ့်…………….။
(၂)
“ ဒီနေ့မီးမလာဘူးဆရာ..”
ဘယ်တော့မှမီးပျက်လေ့မရှိတဲ့နေရာမို့ကျွန်တော်တောင်အံ့သြသွားတယ်။
“ ဟုတ်ရဲ့လားကွာ..”
“ ဟုတ်ပါတယ်ဆရာ..”
“ ပြန်လာမယ်ထင်သလား..”
“ မထင်ပါဘူးဆရာရယ်..”
ကျွန်တော်ကိုယ်တိုင်က..ဒိနေ့ထိကျောင်းသားတစ်ပိုင်း၊ဆရာတစ်ပိုင်းမို့..တပည့်တွေရဲ့စိတ်ကိုနားလည်တယ်။ဒါပေမယ့်..ကိုယ်ကဆရာမဟုတ်လား။
“ ခဏစောင့်ကြည့်တာပေါ့..”
ကျွန်တော်နာရီဝက်ထိုင်စောင့်တယ်။မီးမလာသေးဘူး။တပည့်ကျော်ကိုကြည့်လိုက်တော့လဲ
အောင့်အည်းသည်းခံနေရပုံနဲ့။ကျွန်တော်ရယ်ချင်သွားရတယ်။တဆက်တည်းသူ့ကိုလည်း
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
“ ကဲ..မီးမလာတော့ရင်..ဆရာပြန်မယ်..”
“ ဟုတ်”
ပါးစပ်ကသာ..ဟုတ်..ရင်ထဲကတော့..ဟေး..ခနဲအော်ပြီးနေလောက်တာကိုမျက်နှာကြည့်ရုံ
နဲ့ကျွန်တော်ခန့်မှန်းလို့ရပါတယ်။
ကျွန်တော်အဲဒီတပည့်လေးအိမ်ကအထွက်..တစ်ဖက်ခြံတံခါးဝကို..ပိတ်နေတဲ့လူရိပ်တစ်ရိပ်
လှမ်းမြင်လို့လှမ်းကြည့်မိတယ်။
“ ………..”
မြင်ဖူးသလိုပဲဆိုပြီး..ကျွန်တော်တစ်ချက်ပြန်ကြည့်မိတယ်။ဟုတ်တယ်။မြင်ဖူးသလိုပဲ။ဘယ်
မှာလဲတော့မသိဘူး။ကျွန်တော်စဉ်းစားနေတုန်းပဲရှိသေးတယ်။သူမက..ကျွန်တော်လျှောက်
တဲ့လမ်းအတိုင်းလျှောက်ရတယ်။သူလည်းကျွန်တော့်လို ကားဂိတ်ဖက်သွားတာပဲနေမှာ.. လို့လည်း တွေးမိတယ်။
အဖြူရောင် စပို့ရှပ်လက်ရှည်ကို ယောထဘီလေးညှင်းရောင်နဲ့တွဲဝတ်ထားပြီး ကျောပိုး အိတ်အနက်ရောင်လေးလွယ်ထားတဲ့ကောင်မလေးက ကျွန်တော့်ကိုကျောပေးပြီးလျှောက် သွားနေတာမို့ ဘယ်မှာမြင်ဖူးသလဲဆိုတာ ဆက်စဉ်းစားဖို့တောင် ခက်သွားတယ်။ဒါကြောင့် ကျွန်တော်လည်း မစဉ်းစားတော့ဘူး။
အဲဒီအချိန်မှာပဲ ကောင်မလေးရဲ့ကျောပိုးအိတ်ကလေးမှာချိတ်ထားတဲ့ သော့ချိတ်လေးကို တွေ့လိုက်ရတယ်။သော့ချိတ်ကလေးက ထူးထူးဆန်းဆန်း သူ့ကျောပိုးအိတ်နဲ့တထေရာ တည်းတူတဲ့ အိတ်ပိစိကွေးလေးဖြစ်နေတာကိုး။ကျွန်တော်မှတ်မိပါပြီ။ဒီကောင်မလေးကို လတ်ဝဏ္ဏ နဲ့တွေ့ခဲ့တဲ့ လက်ဘက်ရည်ဆိုင်လေးမှာတွေ့ခဲ့တာ။မနေ့က မနက်ကပေါ့။ ကျောပိုးအိတ်မဖြုတ်ပဲ ကော်ဖီသောက်၊မုန့်စားလို့ သူ့အိတ်ကလေးကနေတွဲလောင်းကျနေ တဲ့ သော့ချိတ်ကလေးကို သတိထားခဲ့မိတာ။ကောင်မလေးကတော့ ကားဂိတ်အရောက်မှာ အသင့်ရပ်ထားတဲ့ကားတစ်စီးပေါ်တက်သွားတယ်။ကားပေါ်ကနေ ကျွန်တော့်ကိုပြန်လှမ်း ကြည့်သွားတဲ့အကြည့်ထဲမှာ ဘာများပါမလဲ လို့အရူးတစ်ယောက်လို ကျွန်တော်ရှာကြည့်မိ သေးတယ်။ဘာဆိုဘာမှမတွေ့လိုက်ရပါဘူး။သာမာန်မျှသာပါပဲ။
(၃)
ကျွန်တော့်ရဲ့အားလပ်ချိန် အပမ်းဖြေမှုဟာ စာဖတ်ခြင်းပါပဲ။ဒါကြောင့် ကျွန်တော့်အခန်း လေးရဲ့ နေရာတစ်ဝက်ကျော်ဟာ စာအုပ်တွေနဲ့ပြည့်နေတာပေါ့။ကျွန်တော့်ဝင်ငွေရဲ့သုံးပုံ တစ်ပုံလောက်ဟာလည်း စာအုပ်ဖိုးဖြစ်သွားတတ်တယ်။ကျွန်တော် ကျွန်ပျူတာ မသင်ရတဲ့ နေ့ ကျောင်းမတက်ရတဲ့နေ့တွေမှာဆို စာပဲဖတ်နေတတ်တယ်လေ။
အဲဒီနေ့က ..ကျွန်တော်နဲ့ လတ်ဝဏ္ဏ လက်ဘက်ရည်ဆိုင်မှာထိုင်စကားပြောနေရင်းက စာ အုပ်တစ်အုပ်ဝယ်ဖို့ ရုတ်တရက်သတိရလာလို့ စာအုပ်ဆိုင်တွေရှိတဲ့ ပန်းဆိုးတန်းဖက်ကို ထွက်လာခဲ့ကြတယ်။“ပညာရွှေတောင်”..ကိုပါ။စာအုပ်ဆိုင်ထဲရောက်ပြီ ဆိုမှတော့ ကျွန် တော်ကလည်း လတ်ဝဏ္ဏကိုမေ့ ၊သူကလည်း ကျွန်တော့်ကိုမေ့ ပါပဲ။
လိုချင်တဲ့စာအုပ်တချို့ကိုရပြီး မြည်းစမ်းနေဆဲမှာပဲ..
“အဲ..”
စာအုပ်စင်ထောင့်ချိုးအကွေ့လေးမှာ စာအုပ်ဖတ်နေတဲ့ကျွန်တော်ရယ်၊စာအုပ်စင်စောင့်တဲ့ ကောင်မလေးရယ် အဲဒီကြားထဲကိုမှ ကတ်သီးကတ်သတ်တိုးဝင်လာတဲ့ကောင်မလေး တစ် ယောက်ရယ် ..ဆုံမိကြတယ်။အဖြူရောင် ကောင်မလေးပါပဲ။ဗေဒင်မေးတာကမှ မှားဦးမယ် သူမ..ကျွန်တော့်ရှေ့မှာ ခြေစုံရပ်လိုက်တယ်။ပြီး ကျွန်တော်ရပ်နေတဲ့နားကစာအုပ်ကိုလှမ်း ယူဖို့ပြင်တာမို့ ကျွန်တော်နေရာဖယ်ပေးလိုက်တယ်။ကြည့်လက်စ စာအုပ်ကိုတော့ စင်ပေါ် ပြန်တင်ခဲ့လိုက်တယ်။ကျွန်တော်နဲ့ လတ်ဝဏ္ဏ ငွေရှင်းပြီး စာအုပ်ဆိုင်ထဲကထွက်လာတဲ့ထိ သူမလေးက ဆိုင်ထဲမှာရှိနေတုန်းပဲ။
ကျွန်တော် လတ်ဝဏ္ဏကို အဲဒီကောင်မလေးအကြောင်းပြောပြရင်ကောင်းမလားလို့စဉ်းစား မိသေးတယ်။ဒါပေမယ့် မပြောဖြစ်လိုက်ဘူး။ဘာမှသိပ်အရေးကြိးတဲ့ကိစ္စလည်းမဟုတ်ဘူး လို့ယူဆတယ်လေ။တော်ကြာ ပြောမိကာမှ မလိုလားအပ်တဲ့ ဖြေရှင်းချက်တွေကို နောက် ဆက်တွဲအနေနဲ့ တသီကြီးပေးရတဲ့ဘဝကို ရောက်သွားဦးမယ်။
အဲဒါနဲ့ အဲဒီညနေ၊ကျွန်တော့်အခန်းကိုလိုက်အိပ်တဲ့ လတ်ဝဏ္ဏ ကိုမျှော်လင့်ချက်တွေအ ကြောင်းပဲဆွေးနွေးဖြစ်တယ်။
“မျှော်လင့်ချက်ဟာ တကယ်တော့ မီးတောက်တစ်ခုပဲ ”
ကျွန်တော့်စကားကြောင့် လတ်ဝဏ္ဏက တစ်ချက်ကြည့်လိုက်တယ်။ဘာမှတော့ မပြောသေး ဘူး။ကျွန်တော်ကပဲဆက်ပြောလိုက်တယ်။
“ရင်ကို တောက်စားလောင်မြိုက်ရင်း ကြာလာတော့ ကိုယ့်အရည်အသွေးတွေလည်း မာကျော တောက်ပလာခဲ့ရတယ်..”
လတ်ဝဏ္ဏကရယ်ပါတယ်။ပြီးတော့..
“ငါ အရင်လိုမငယ်တော့ဘူးကွ..”…တဲ့။
“ဘာဆိုင်လို့လဲ..”
“ဆိုင်တယ်၊ ငယ်ငယ်ကတော့ မျှော်လင့်ချက်ဆိုတာ တကယ်ပူခဲ့ဖူးတယ် ကိုယ့်ကိုတွန်း အားပေးတဲ့လောင်စာလည်းဖြစ်ခဲ့ဖူးတယ်..”
“ခုကော..”
“ခုလား..မျှော်လင့်ချက်တွေက အေးမြနေခဲ့ပါပြီ အဲဒါ အခြေအနေတွေရယ်၊အသက်အ ရွယ်ရယ် အတွေ့အကြုံရယ်၊စဉ်းစားတွေးခေါ်ဥာဏ်ရယ်က ပဲ့ပြင်ပေးလိုက်ပြီး ခံစားချက် ဆိုတာကို ဖြေလျှော့ပေးခဲ့လို့ပဲ…”
“ဒီတော့..”
“ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ခဲ့ဖူးသလိုပါပဲ..”
“အင်း..ပြောစမ်းပါဦး ”
“ခုတော့လည်း မျှော်လင့်ချက်တွေ အရောင်မဲ့လို့ တဲ့..”
ကျွန်တော်ရယ်မိပါတယ်။ပြီးမှ..
“အရောင်မဲ့ဆိုတာ အဖြူရောင်တော့မဟုတ်ဘူးနော်..”
“ငါသိပါတယ်ကွာ..”
ပြီး…….
ကျွန်တော်တို့နှစ်ယောက်စလုံးငြိမ်သက်သွားတယ်။
ခန်းဆီးစဖြူဖြူလေးကိုလေညင်းတစ်စ ဖြတ်တိုက်သွားတာကို သိလိုက်ရတယ်။
အရောင်မဲ့နေတဲ့လေညင်းကလေးက အဖြူရောင်ဟုတ်မဟုတ် မသေချာခဲ့ပြန်ပါဘူး။
(၄)
တစ်ယောက်နဲ့တစ်ယောက် တွေ့ကြဆုံကြ၊သိကျွမ်းခင်မင်သွားကြတယ်ဆိုတာ တကယ် တော့မဆန်းပါဘူး။မသိကျွမ်း မခင်မင်၊မချိန်းဆိုထားပါပဲ ခဏခဏဆုံနေကြတာကသာ ဆန်းသလို ရှိတာပါ။တစ်ခါကနေ နှစ်ခါ၊နှစ်ခါကနေသုံးခါ ..အခါပေါင်းတွေများလာတော့ ကျွန်တော် သတိထားမိသွားတာ ကျွန်တော့်အပြစ်မဟုတ်လောက်ပါဘူး။လေညင်းကလေး လို တရွေ့ရွေ့လွင့်မျောနေတတ်တဲ့သူမကလေးကလည်း ကျွန်တော့်ကိုအံ့အားတသင့်ပြန် သတိထားမိသွားတာဟာလည်း ကျွန်တော့်အပြစ်မဟုတ်ပါဘူး။
ကျွန်တော်က သူ့နောက်ကို တမင်လိုက်နေတာမဟုတ်သလို၊သူကလည်းကျွန်တော့်နောက် ကိုတမင်လိုက်နေတာ ဘယ်လိုနည်းလေးနဲ့မှ မဖြစ်နိုင်မှာသေချာပါတယ်။ကျွန်တော်က ကွန်ပျူတာသင်တန်းများစွာရယ်၊ကျောင်းတစ်ဖက်ရယ်နဲ့ တစ်နေကုန်တစ်နေခန်း တစ် ယောက်တည်း လျှောက်သွားနေတတ်တဲ့ကောင်၊သူမကလည်း ကြည့်လိုက်ရင် ကျောပိုးအိတ် အနက်ရောင်ကလေး နှစ်လုံးတွဲ(သော့ချိတ်နဲ့)နဲ့တရွေ့ရွေ့မျောလွင့်နေ တတ်တဲ့ကောင်မလေးလေ..။ဒါကြောင့် ရွာရိုးကိုးပေါက်လျှောက်သွားနေကြတဲ့သူချင်း အမြဲ တွေ့နေတာပေါ့…လို့ပြောရင်ရော..။အဲဒီလိုလည်း မဟုတ်သေးပြန်ဘူး။
ဒီနေ့ ကျွန်တော်လခတွေရတဲ့လဆန်းတစ်ရက်မို့ လိုအပ်တဲ့ပစ္စည်းလေးတွေစာအုပ်စာတမ်း တွေ ကွန်ပျူတာ စီဒီတွေ ဝယ်ဖို့ ကျွန်တော်မြို့ထဲရောက်နေခဲ့တယ်။ စီဒီဆိုင်နှစ်ဆိုင်သုံး ဆိုင်လောက် လျှောက်ကြည့်အပြီးမှာ ထုံးစံအတိုင်း အဖြူရောင်လေညင်းကလေးက ကျွန်တော့်ရှေ့က ဖြတ်သန်းတိုက်ခတ်လာပြန်ပါရော။
ကျွန်တော်က အနော်ရထာ ဘယ်ဘက်ခြမ်းကိုကူးလာတာပါ။သူက ဘယ်ဘက်ခြမ်းကနေ ညာဖက်ခြမ်းကိုကူးလာနေတယ်။ကျွန်တော်တို့ မျဉ်းကြားအလယ်ကောင်မှာ သုတ်သုတ်ပြာ ပြာနဲ့ဆုံကြတယ်။ပြီး ကျော်သွားကြတယ်။ဒါပါပဲ။ ဘယ်လိုမှ ကဗျာမဆန်ပါဘူး။
မျက်ဝန်းတောက်တောက်ကလေးတွေ ဝိုင်းစက်သွားတဲ့ထိ ကျွန်တော့်ကို တအံတသြကြည့် သွားတာကလွဲရင် သူမဟာ ကျွန်တော့်ကို လမ်းဖြတ်ကူးရင် မြင်တွေ့နေကျ မီးပွိုင့်နားက ယာဉ်ထိန်းရဲလောက်ပဲသဘောထားပုံရပါတယ်။ကျွန်တော်ကလည်း အဲဒီလို မကြာခဏ ဖြတ်တိုက်လာတတ်တဲ့ အဖြူရောင်လေညင်းကလေးကို ကွန်ပျူတာခလုတ်တွေနဲ့ တွေ့ရင် မေ့သွားတတ်တာပါပဲ။
(အံ့သြမယ်ဆိုရင် အံ့သြစရာကောင်းတာတစ်ခုတော့ရှိတယ်။အဲဒါက သူမရဲ့ ဆံပင်ညိုညို လိမ်လိမ်လေးတွေ ဖွာရရာကျဲဖြန့်ချထားပုံက ကျွန်တော့်ဆံပင်တွေနဲ့တူနေတာပါပဲ။နှစ် ယောက်လုံး ကျောလယ်လောက်ထိရှည်ကြတယ်။ကျွန်တော်တို့ နှစ်ယောက် အမှတ်တမဲ့ ဖြတ်သွားကြတာကိုတွေ့လိုက်ရင် အဲဒီထူးခြားမှုကို ဘယ်သူမှ သတိမပြုမိပဲနေမှာမဟုတ် ပါဘူး။)
အနော်ရထာလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ stationary ဆိုင်ကိုရောက်တယ်ဆိုရင်ပဲ ဆိုင် ရှင်ကုလားကြီးက ကျွန်တော့်ကိုစူးစူးစိုက်စိုက်ကြည့်တယ်။ပြီး….
“စောစောက ဘောလ်ပင်တွေဝယ်သွားတာ ခင်ဗျားညီမလားမသိဘူး..ပိုက်ဆံအမ်းမလို့ရှာ နေတုန်း မယူပဲထွက်သွားလေရဲ့ မေ့သွားတာလားမသိဘူး ခင်ဗျားပဲ..”
“ကြံကြီးစည်ရာဗျာ..”
ကုလားကြီးကိုကြည့်ပြီး စိတ်ရှုပ်ရှုပ်နဲ့ငြင်းလိုက်ရပေမယ့် သူဘယ်သူ့ကိုဆိုလိုပြီးပြောနေသ လဲဆိုတာ စိတ်ထဲကသိနေတော့ နေရခက်တယ်။မသိကျိုးကျွန်လုပ်ပြီး ဘောလ်ပင်တွေကို ရွေးလိုက်၊correction pen တွေရွေးလိုက်၊highlight တွေစမ်းလိုက်လုပ်နေတဲ့ ကျွန်တော့် ကိုလည်း ကုလားကြီးက ခုထိသေချာကြည့်နေတုန်း…….။
တော်သေးတာပေါ့..။သူကပေးစရာရှိနေလို့။သူရစရာရှိတာဆိုရင် ကျွန်တော်က ကြားချောင် ဝင်ရှင်းပေးနေရဦးမယ်။ကျွန်တော်ငွေရှင်းပြီး ပြန်ထွက်လာတဲ့အထိ သူက ကျွန်တော့်ကို မသင်္ကာသလို ကြည့်နေတုန်းပဲ။
ခက်ပဲ ခက်ရချည်ရဲ့။ဘယ်လိုရေစက်လဲမသိပါဘူး။
မနော်ဟရီ
(ဒုတိယပိုင်းဆက်ပါမည်။)
19 Comments:
ဟေးဟေး ၁
အပိုင်းတွေခွဲတင်လည်း..ဖတ်ပြီးသားပါနော်...
မမရေ..အရသာရှိတာလေးမို့..
ဖြည်းဖြည်းချင်း ဇိမ်ဆွဲဖတ်ရတော့..ကောင်းတာပေါ့...
(ဟားဟား..ညီမလေးက ရိုက်ပြိးသားတောင်fontပြောင်းဖို့ မအားလို့ ခွဲတင်တာ..။)
စကားပြေကို ငေးနေရအောင်ရေးတတ်တဲ့ မမအဖွဲ့အနွဲ့တွေမှာ..
နောက်တစ်ခါပြန်နစ်မျော လို့ပေါ့....
ချစ်ခင်လေးစားတဲ့
အိန္ဒြာ
ထူးထူးဆန်းဆန်း ဂနေ့နာတစ်ရနေပါလားကွဟေ
ဆက်ရေးပါဆက်ရေးပါ
နေမကောင်းလဲရေးမယ်ဆိုတာသိပါဒယ်
မရေးရင်လဲအော်မှာဘဲ
ထင်တော့ထင်သား ရှင်တော့နေမကောင်းဖြစ်နေပြီထင်တယ်လို့ ဘေးကပြတင်းပေါက်လေးမှာတောင် လာမပြုံးပြနိုင်ဘူး ။ လာလာတော့ချောင်းသား အိမ်ထဲဝင်မြေဖြူမဖြစ်ချင်တာနဲ့ ပြတင်းပေါက်ကဘဲလာချောင်းနေတာ ။
နောက် မနေ့ကတစ်ညလုံး ဟိုတယ်ကယ်လီဖိုးနီးယားမက်နေတယ်လေ........
ဂျူ
Hi Sis,
I read it again ..
Take good care of yourself..
May God Bless You All.
With Peace,
Z
နေမကောင်းတဲ့ကြားက စာရိုက်ပေးတာ ကျေးဇူးပါ မရယ်။
မရေ အဲဒီစာလေး ဖတ်ဖူးတယ်သိလား။
ဇာတ်လမ်းဆုံးကိုလည်း မှတ်မိတယ်။
ဒီစာလေးက ချစ်စရာကောင်းလိုက်တာ ဆိုပြီး ပြတ်ပြတ်ထင်ထင် အခုထိလည်း သတိရနေတဲ့ စာလေးပါ။
သြော်... ဒီနေ့ အသစ်တင်မယ်ဆိုတာ စိတ်ထဲကသိနေတယ်.. ဒါပေမယ့် နက်ကလဲမကောင်းဘူး.. ခေါင်းကလဲ မထောင်နိုင်ဘူး မကြီးရေ... ခုနက်လေးတက်တုန်း မြင်လိုက်တယ်.. ဒီတစ်ခါတစ်မရပေမယ့် ဇာတ်လမ်းက ဆက်ရန်ကျန်သေးတယ်ဆိုတော့ ဝမ်းသာသွားသေးတယ်.. စီဘုံးမှာ အော်ကြည့်တယ်.. မရဘူး.. ခုမန့်နေတာ ဘယ်နှခါလဲမသိ.. မအိန်ဒရာနောက်က.. ခုဆိုကိုဇက်ကတောင်မန့် ပီးသွားပြန်ပီး.. သူ့ ကိုလဲ သတိရနေတာ မတွေ့လိုက်ရဖူးး... မကြီးနေကောင်းအောင် နေပါအုံးနော်.. ပိုစ့်နဲ့မဆိုင်တာ ကော့မန့် မှာရေးမိနေတယ်... မကြီးဖတ်ပြီးရင် ဖျက်နိုင်တယ်နော်... စီဘုံးမှာ အော်လို့မရလို့... ကျမ်းမာရေးဂရုစိုက်ပါ... နေကောင်းလို့ပျော်ရွှင်ပါစေ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဇာတ်လမ်းထဲ့ ဇာတ်လိုက် ဆံပင် အရှည်နဲ့ဆိုတာ သတိထားမိလိုက်တယ်... စောင့်ဖတ် နေပါမယ် မနော်.
သူတော်
ဒီလိုမျိုးလေးတွေ ပြန်ရင်ခုန်ချင်တယ်။
ဦးဇင်ဝိုင်းပြောသလို ပြန်ငယ်ချင်လို့ပါ။
ဒုတိယပိုင်းမျှော်နေပါမည်...။
နောက်ဆုံးက ကျွန်တော်ပါ...
နေမကောင်းတာ၂ပတ်လောက်ရှိနေပြီလား....
အစဉ်အားပေးလျှက်
(နဒင်း)
မျှော်နေပါတယ်အစ်မ
စောင့်ဖတ်မယ် မနော်... နေမကောင်းဘူးဆို လို့။ ခေါင်းနဲ့ ခြေထောက်တွေ နွေးနေအောင် နေရင် အချမ်းသက်သာတယ်။ တချို့ကလည်း ရေနွေးအိတ်ကပ်တယ်။ မီယာတော့ ရေနွေးပူလောင်မှာ ကြောက်တာနဲ့ မလုပ်ဖြစ်ပါဘူး။
မရေ
မျှော်နေပါတယ်နော် ..
း)
ငယ်ငယ်ကတော့ မျှော်လင့်ချက်ဆိုတာ တကယ်ပူခဲ့ဖူးတယ် ကိုယ့်ကိုတွန်း အားပေးတဲ့လောင်စာလည်းဖြစ်ခဲ့ဖူးတယ်..”
“ခုကော..”
“ခုလား..မျှော်လင့်ချက်တွေက အေးမြနေခဲ့ပါပြီ အဲဒါ အခြေအနေတွေရယ်၊အသက်အ ရွယ်ရယ် အတွေ့အကြုံရယ်၊စဉ်းစားတွေးခေါ်ဥာဏ်ရယ်က ပဲ့ပြင်ပေးလိုက်ပြီး ခံစားချက် ဆိုတာကို ဖြေလျှော့ပေးခဲ့လို့ပဲ…”
သိပ်မှန်တာပဲမနော်ရေ..
ဆက်ရန်မျှော်နေမယ်
စောင့်မျော်နေပါသည်
အလား အမရယ် ဒီမှာဇောလေးနဲ့ ဖတ်လာတာ (ဒုတိယပိုင်းဆက်ပါမည်) ဆိုတာနဲ့ တည့်တည့်ကို ပစ်ဆောင့်တော့တာပဲ လူက အီလည်လည်ကြီး ..
(စမ်းချောင်းလေး)
“စောစောက ဘောလ်ပင်တွေဝယ်သွားတာ ခင်ဗျားညီမလားမသိဘူး..ပိုက်ဆံအမ်းမလို့ရှာ နေတုန်း မယူပဲထွက်သွားလေရဲ့ မေ့သွားတာလားမသိဘူး ခင်ဗျားပဲ..”
“ကြံကြီးစည်ရာဗျာ..”
ဒီအပိုဒ်ကလေးမှာ ထရီမိလိုက်တယ်. အယ်ဟုတ်ဖူး..ထိုင်ရယ်နေတာ.. ဟီိးဟီး.. အရမ်းဖတ်လို့ကောင်းတာပဲ
မေခရေ..အဲလိုလေးတွေဖတ်ချင်နေတာ တကယ်..ကျေးဇူးနော်.
နေကောင်းအောင်လဲဂရုစိုက်ပါဦး.
နေကောင်းတော့ဆက်တင်နော်.စောင့်ဖတ်နေမယ်.
ချစ်တဲ့
ဝါ
မမနော်
ဖတ်လို့ အရမ်းကောင်းပါတယ်.. ကျန်တဲ့ အပိုင်းတွေကိုလည်း မျှော်နေပါတယ်.. မမ နေကောင်း ကျန်းမာ ပို့စ်များများ ရေးနိုင်ပါစေ..
ညီမ မမရဲ့ ပရိသတ်တဦးပါပဲ.. ခုမှ comment ရေးဖြစ်တာပါ..
မေကဆုန်
မမရေ...ဒုတိယပိုင်းမျှော်နေပါ့မယ်....ဒါနဲ့  နေကောင်းသွားပြီလား..ကျန်းမာရေးဂရုစိုက်ပါနော်..စာတွေများများရေးနိုင်အောင်...း-)
Post a Comment