Saturday, May 2, 2009
အလွမ်း
တောတန်းလေးတစ်လျှောက်ငါလျှောက်သွားတော့
သစ်လွင်တဲ့သစ်ရွက်စိမ်းနံ့တချို့..ငါနဲ့ခပ်ရို့ရို့လိုက်ပါလာခဲ့တယ်
ဘယ်မှာလဲပန်းတွေ..လို့ကျွန်မကမေးတော့..
ရနံ့စူးစူးအရပ်ကိုညွှန်ပြတယ်………
တောင်ခိုးတွေကဝေဆိုင်းမှိုင်းပြလို့…
အဲဒီပန်းတစ်ချို့ပွင့်နေပုံက..လျို့ဝှက်လွန်းလို့ငါမမြင်ရဘူး
စမ်းရေတစ်စက်ကိုခူးဆွတ်လိုက်တဲ့ခါ…..
တောင်ခိုးလက်တစ်ဆုပ်စာပါလာတယ်
တိမ်တွေကိုမော့ကြည့်အဖြေတောင်းတော့….
သူတို့က..နောက်တော့မှပြောမယ်တဲ့……..
အဲဒါ..ဘာအဓိပ္ပာယ်လဲ…..သူတို့မှပဲသိမှာပဲ
ကျွန်မ..ဆက်လျှောက်လာခဲ့တယ်….
ကြိုးခွေသံမကြား..မိုးစွေသံမကြား..တောင်ယံတစ်ခုလုံးခြောက်ချားနေပုံက
ယုံချင်စရာတောင်မရှိဘူး
ကောင်းကင်မှာတော့…သက်တံကကြိုးနဲ့အစိမ်းရောင်သစ်ရွက်တွေက ကခုန်လို့
ငါ့ဂီတကိုရပ်ပစ်လိုက်ရတော့မှာလား……..
ရာဝဏရဲ့ဆိုင်းသံတွေက တစ်ချက်တစ်ချက် ဆူညံလွန်းတယ်
ငါ..လမ်းလျှောက်ထွက်လာခဲ့တာပါ
ပြဇာတ်တွေကိုပြင်ဆင်ပေးဖို့မဟုတ်သလို
ပန်းတွေကိုသိုလှောင်သိမ်းဆည်းထားဖို့လည်းမဟုတ်ပါဘူး
စိတ်ရူးစိတ်သန်းတစ်ချို့နဲ့လောကကိုအရောင်ခြယ်
ငါ့ကိုယ်ငါကယ်တင်ဖို့သက်သက်ပါ….
ခုတော့လည်း…
စိမ်းရွှေရွှေအနံ့တွေနဲ့ရစ်သိုင်း
ငါ့..ခရမ်းရင့်ရောင် တံတိုင်းလေး
လခြမ်းလေးနဲ့အတူကွေးကောက်နေခဲ့ရပေါ့..။
လွမ်းတယ်
ပြစ်ပယ်လိုက်လို့မရတဲ့ နရီစည်းချက်တွေနဲ့ငြိမ့်ငြိမ့်ညင်သာစီးဆင်း
ကယ်တင်ခြင်းတပ်ကိုလည်းငြင်းပယ်
နယ်စည်းရိုးကျိုးသွားတဲ့ တမ်းတခြင်းတွေနဲ့အတူ
ငါ..မီးခိုးတလူလူနဲ့။
မနော်ဟရီ
22 Comments:
"ပြဇာတ်တွေကိုပြင်ဆင်ပေးဖို့မဟုတ်သလို
ပန်းတွေကိုသိုလှောင်သိမ်းဆည်းထားဖို့လည်းမဟုတ်ပါဘူး
စိတ်ရူးစိတ်သန်းတစ်ချို့နဲ့လောကကိုအရောင်ခြယ်
ငါ့ကိုယ်ငါကယ်တင်ဖို့သက်သက်ပါ…...."
သဘောကျတယ်
လမ်းလျှောက်ထွက်တဲ့ အတွေးတွေထဲမှာ အတူ စီးဆင်းသွားပါတယ်။
အငွေ့ အသက်တွေကို ပြန်ပြန်တွေ့ နေရတော့
တကယ်ပဲ အသက်ဝင်လှုပ်ရှားလာသလိုလို...
တစ်ခါသော အချိန်က တစ်ယောက်သောသူကိုတောင်
အမှတ်တရအဖြစ်နဲ့  ပြန်လည်တမ်းတမိပါရဲ့...
“လွမ်းတယ်
ပြစ်ပယ်လိုက်လို့မရတဲ့ နရီစည်းချက်တွေနဲ့ငြိမ့်ငြိမ့်ညင်သာစီးဆင်း
ကယ်တင်ခြင်းတပ်ကိုလည်းငြင်းပယ်”
ကြိုက်ပါတယ်ဆိုတာထက် ပိုပြီး တစ်ခုခု ပြောချင်ပါသေးတယ်။ တစ်သက်စာ ခိုက်သွားပြီလေ။
ငါ..လမ်းလျှောက်ထွက်လာခဲ့တာပါ
ပြဇာတ်တွေကိုပြင်ဆင်ပေးဖို့မဟုတ်သလို
ပန်းတွေကိုသိုလှောင်သိမ်းဆည်းထားဖို့လည်းမဟုတ်ပါဘူး
စိတ်ရူးစိတ်သန်းတစ်ချို့နဲ့လောကကိုအရောင်ခြယ်
ငါ့ကိုယ်ငါကယ်တင်ဖို့သက်သက်ပါ….
**
ကောင်းတယ်မနော်ရေ..
အတွေးကောင်း ၊အရေးကောင်း ဆရာမကြီးပါပဲလေ.
ကျန်းမာပျော်ရွှင်ပါစေနော်.
အားရင် ရှမ်းခေါက်ဆွဲ လာစားနော်.
ဝါ
စိတ်ရူးစိတ်သန်းတစ်ချို့နဲ့လောကကိုအရောင်ခြယ်
ငါ့ကိုယ်ငါကယ်တင်ဖို့သက်သက်ပါ….ညီညီလည်း အဲလိုပဲသဘောရတယ်..
မနော် အိပ်မပျော်လို့ လမ်းလျှောက်ထွက်ရင် ခေါ်လိုက်ပါ... စိတ်ရူးစိတ်သန်းတစ်ချို့နဲ့ လောကကိုအရောင်ခြယ်
ငါ့ကိုယ်ငါကယ်တင်ဖို့သက်သက်ပါ… ဆိုတာ သဘောကျလိုက်တာ။ ကိုယ့်ကို ပြောနေသလိုပဲ။
တိမ်တွေကိုမော့ကြည့်အဖြေတောင်းတော့….
သူတို့က..နောက်တော့မှပြောမယ်တဲ့……..
ဒီစာသားကို ဖတ်ရတော့ မနက်ဖြန်ကို ညာသူများကို သတိရလိုက်တယ်။ မေမေ ဘယ်တော့ပြန်လာမလဲဆိုတော့ မနက်ဖြန်တဲ့။ မနက်ဖြန်ရောက်လို့ ထပ်မေးတော့.. ဒီနေ့က မနက်ဖြန်မှ မဟုတ်တာတဲ့။
ပျော်ရွှင်ပါစေ..
မိုးနေ
တိမ်တွေကိုမော့ကြည့်အဖြေတောင်းတော့….
သူတို့က..နောက်တော့မှပြောမယ်တဲ့……..
မကြီးနော်
သူတို့တစ်နေ့တကယ်အဖြေပေးမှာလား
ပေးမယ်ဆိုရင်တော့
ကြိုးခွေသံမကြား..မိုးစွေသံမကြားပေးမယ့်
မီးခိုးတလူလူနဲ့ လွမ်းဆွေးရတာတန်ပါသေးတယ်နော့
မနော်ဟရီရဲ့ “အလွမ်း” ဆိုတဲ့ ကဗျာလေးကိုဖတ်ပြီး ရင်ထဲဖြစ်လာတာတွေကို ချရေးလိုက်ပါတယ်။
ဒါ အိပ်မက်မဟုတ်ဘူးတဲ့
ရုတ်တရက် လန့် နိုးခဲ့ရင်လဲ
အကောင်းသားပဲလေဗျာ… နော်
မဖူးခင်ကတည်းက ပျိုးခဲ့ရသူဆိုတော့လဲ
သူ့ ခမျာ …
နှမျောနေရှာမှာပေါ့
နေရောင်ခြည်တွေ မကုန်ခမ်းသရွေ့ တော့
ကျွန်တော်တို့ လဲ သူ့ အရိပ်တွေကို
ယိုးတိုးရိတ်တိတ်ပဲဖြစ်ဖြစ်
ဟိုတစ်ကွေ့ ဒီတစ်ကွေ့ 
ပြန်ပြန်တွေ့ နေကြဦးမှာပါ…
သားရေ… မင်းအဖေကမှ
တကယ့် ‘ကျား’ ကွဲ့ …
သူ့ တစ်သက် ‘မြက်’ မစားခဲ့ဘူး။
ခင်ဗျားကတော့ လောကမှာ
ပန်းကောင်းတစ်ပွင့်အဖြစ်
ကိုယ်ကိုကိုယ် ပွင့်ပစ်ခဲ့ပြီးပြီ
ကျုပ်တို့ ကတော့
ခင်ဗျားမျှော်မှန်းခဲ့တဲ့ အရှေ့ မြို့ ရိုးက
အဲဒီ မိုးတစ်ပေါက်အတွက်
ခရီးတွေ ဆက်နေရဦးမှာပေါ့… ဗျာ။
အစ်မ မနော်ရေ...
အလွမ်းကဗျာကလည်းကောင်းသလို
အလွမ်းကဗျာကိုဖတ်ပြီးဖြစ်လာတဲ့ ကိုလူထွေးကဗျာကလဲ
ကောင်းလိုက်တာ..။
ရာဝဏ ရဲ့ဆိုင်းသံတွေ တစ်ချက်တစ်ချက်ဆူညံလွန်းတဲ့အခါ..
တောဘွဲ့တောင်ဘွဲ့ဟာ..အလှပျက်သွားတော့မှာပဲ..
စိတ်တွေကတော့
နယ်စည်းရိုးကျိုးသွားတဲ့ တမ်းတခြင်းတွေနဲ့အတူ
ငါ..မီးခိုးတလူလူနဲ့။
ငါ..မီးခိုးတလူလူနဲ့။
ငါ..မီးခိုးတလူလူနဲ့။
အိန္ဒြာ
ကျွန်တော်က ... SALVATION ARMYကနော်..။
... :)
..
နယ်စည်းရိုးကျိုးသွားတဲ့ တမ်းတခြင်းတွေနဲ့ အတူ
ငါ မီးခိုးတလူလူနဲ့ ...။
တစ်ကနေပြန်စဖို့
ငါသုညတစ်ပွင့်မတွေ့ခဲ့...
မီးကိုရှာဖွေတွေ့ရှိသူရဲ့ ရင်လို ...
ပူ..နေခဲ့တယ်...။
Peace Be Upon You...
And Funny Jokes be upon me ...
:P
Z
နယ်စည်းရိုးကျိုးသွားတဲ့ တမ်းတခြင်းတွေနဲ့အတူ
ငါ..မီးခိုးတလူလူနဲ့။
တမ်းတရတာ လွမ်းရတာတွေဟာ
နယ်စည်ရိုးကျိုးစေတာပါဘဲလေ..။
ဒီကဗျာကို အဓိပ္ပါယ်ဖွင့်ဆိုပြောဖို့ မသင့်ဘူး။
စကားလုံးတွေက ကဗျာရဲ့ အသက်ကို ပြည့်စုံအောင် ဖေါ်ပြဖို့ စွမ်းနိုင်လိမ့်မယ် မထင်ဘူး။ ကဗျာထဲမှာ ဘ၀ကိုလည်း ရှာတွေ့တယ်။ သဘာဝတရာတွေကလည်း ခံစားချက်နဲ့ စကားတွေပြောနေတာကို ကြားရတယ်။ ဒီကဗျာကို ဖတ်ရတာ ဗင်ဂိုးပန်းချီကားတွေ ကြည့်နေရသလိုပဲ။
နယ်စည်းရိုးကျိုးသွားတဲ့ တမ်းတခြင်းတွေနဲ့အတူ
ငါ..မီးခိုးတလူလူနဲ့။
လွမ်းသွားတာပဲဗျာ...
နယ်စည်းရိုးကျိုးသွားတဲ့ တမ်းတခြင်းတွေနဲ့အတူ
ငါ..မီးခိုးတလူလူနဲ့။...တဲ့..။ကြိုက်လိုက်တာဗျာ
အရမ်းပဲ..။မကြီး..လေးစားခင်မင်လျက်
ပြစ်ပယ်လိုက်လို့မရတဲ့ နရီစည်းချက်တွေနဲ့ငြိမ့်ငြိမ့်ညင်သာစီးဆင်း
ကယ်တင်ခြင်းတပ်ကိုလည်းငြင်းပယ်
နယ်စည်းရိုးကျိုးသွားတဲ့ တမ်းတခြင်းတွေနဲ့အတူ
ငါ..မီးခိုးတလူလူနဲ့။
ကဗျာလေးခံစားသွားပါတယ်။
မဖတ်ရသေးတာတွေလည်းဖတ်သွားတယ်။
အလွမ်းဆိုတဲ့ ဖြစ်တည်မှုမှာ
လွမ်းခြင်းတွေနဲ့ တစ်လှမ်းချင်း ဆက်လျှောက်မိနေဆဲ အဖြစ်မှာ
ကဗျာတစ်ပုဒ်ဟာ စာကြွင်းတစ်ပုဒ်ရဲ့ ရလဒ်လို
ထင်ကျန်ရစ်သွားတယ် ..။
ဖတ်ခွင့်ရတဲ့ ပို့စ်ကောင်းတွေမို့ ကျေးဇူးကမ္ဘာ ..။
ကဗျာလေး ဖတ်ပြီး ..လွင့်သွားတယ်... မနော်ရေ.. :)
လွမ်းတယ်
ဘာမှန်းမသိပဲကိုလွမ်းနေတာ
မနော်ကဗျာဖတ်တော့ ပိုလွမ်းသွားတယ်
အရမ်းကောင်းတယ် အမရေ....အရမ်းကြိုက်တယ်
ကဗျာလေး...ယူသွားပါတယ် ဆရာမ..။
လွမ်းတယ်.. စည်းရိုးတွေ အကုန်ကျိုး
Post a Comment