Saturday, May 9, 2009
ဒီနှစ်ကဗျာ
တစ်ဆောင်းတွင်းလုံး
ပိတ်ထားတဲ့ပြူတင်းတံခါးကို
ဒီနေ့ဖွင့်လိုက်တယ်။
ဒီစိတ်ကလေးပေါ် ငှက်ကလေးနားလိုနားပါစေ
ဒီစိတ်ကလေးပေါ် တိမ်တွေဖြတ်ပျံလိုပျံပါစေ
ဒီကောင်းမှုမှာ
မေမေ...ကျမ္မာပါစေ..။ ။
မင်းဒီ
(မင်းဒီရဲ့ ကဗျာလေးကို Mothers' Day အတွက်တင်ပါတယ်..ကျွန်မရဲ့အမေ..သင်တို့အားလုံးရဲ့အမေ
အမေ တိုင်းအတွက် ဒီနှစ်ကဗျာ ပါ။ မေမေအားလုံး ကျန်းမာပါစေ.....)
15 Comments:
အစ်မရေ...
တစ်ဆောင်းတွင်းလုံးပိတ်ထားတဲ့ ပြူတင်းတွေဖွင့်လိုက်ပြီတဲ့
အိမ်အပြန်မျှော်နေတဲ့ အမေ့ နှလုံးအစုံစုံအတွက်
ငှက်ကလေးက
ဆုတောင်းတွေပဲ
ကိုက်ချီ ပျံသန်း နိုင်ခဲ့တယ်...
ပိတ်ထားတဲ့ပြူတင်းတံခါးကို
ဒီနေ့ဖွင့်လိုက်ပြီတဲ့လား........
မေမေအားလုံးကျမ္မာကြပါစေလို့ ထပ်တူဆုတောင်းပါတယ်..
(ကို)
ဒီကောင်းမှုမှာ မေမေကျန်းမာပါစေ..
သားတွေရဲ့ ဆုတောင်းမို့လို့
အသံတွေက Uniform ဖြစ်တယ်ထင်တယ် ...။
ကဗျာလေးကသိပ်လှတယ် ...
May you be Peaceful Mom...
Z
ဒီနှစ်ကဗျာကို ဒီနေ့လာဖတ်တော့ ထာဝရအမေကိုတွေ့တယ်..
ကောင်းလိုက်တာ.. ကိုယ့်အမေမရှိတော့ပေမဲ့ အမေတွေတိုင်းအတွက် ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့တယ်။
ကျနော့်အမေ အားလုံးရဲ့အမေများအပြင်
အမေတစ်ယောက်ဖြစ်နေပြီးဖြစ်တဲ့
ကျနော့်မကြီးနော်ကို
အမေများနေ့မှာဂါဝရလာပြုကန်တော့ပါတယ်မကြီးနော်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ဒီနှစ်ကဗျာကို လက်ဆောင်ယူပြီး ပြန်သွားပါတယ် မ
အားလုံးရဲ့မေမေတွေ ကျန်းမာပါစေဗျာ..။
မေမေ့ကိုသိပ်လွမ်းတယ်..
တကယ်ကို သားတယောက်ရဲ့ မေတ္တာနဲ့ ရေးတဲ့ ကဗျာလေးပါပဲ..။
အား မနော် မနော် ကျွန်တော် အကြိုက်ဆုံးကဗျာ .. ခုပဲ ကျွန်တော့်ဘလော့ခ်မှာ မေမေ့ပုံတင်ခဲ့တာ .ခုမနော်ဆီမှာ ဒီကဗျာကို ပြန်ဖတ်ရတာ ၀မ်းသာစရာ ။
(စမ်းချောင်းလေး)
ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ။
အမေ့ကိုယ်စားပေါ့။
ဘယ်လိုအကြောင်းအချင်းအရာနဲ့မှနှိုင်းယှဉ်မရသောလူသား..............အမေ..... သားသမီးတွေအပေါ်ဖွင့်ပြောစရာမလိုအောင်နားလည်ပေးနိုင်သောလူသား.....အမေ.....
အဲဒီမေမေ ကျန်းမာချမ်းသာစေကြောင်းကို အဝေးကနေဆုတောင်းရင်း.........
ငါလွမ်းနေတယ် ငါချစ်နေတယ် ငါဆုတောင်းနေတယ်
မေမေကြားနိုင်မယ်ဆိုတာယုံကြည်တယ်......
ဂျူ
မေခရေ ...... မာမီ့ကိုလဲ အမေများနေ့မှာနှုတ်ဆက်ကြောင်း၊ သတိရကြောင်း စကားလက်ဆောင်ပါးပေးပါနော်။
ကိုယ်တိုင်မရေး...
ဆားချက်သူ..
အပျင်းထူတဲ့သူ.....း)
မှတ်ပြီလား... ဒီမှာနေမကောင်းပဲ လာအားပေးရတာ.
မီးလည်း မိဘမတ္တာဆိုပြီး ကိုယ်တိုင်မိဘနေရာကနေ
ဝင်ခံစားပြီးပို့စ်လေးတစ်ပုဒ်တင်မလို့စိတ်ကူးထားတာ... နေမကောင်းလို့.... ဝေးရော.....း)
Post a Comment