၂၀၁၂

Monday, October 26, 2009


၂၀၁၂ တဲ့။ အိန္ဒြာက တက်ဂ်ပါတယ်။ ဒီသတင်းကို ကြားတာကြာပါပြီ။ တရားခံကတော့ စက်တင်ဘာ ၁၅ ရက်နေ့က ထွက်လာတဲ့ Dan Brown ရဲ့ The Lost Symbol ဖြစ်လောက်တယ်။ အဲထဲမှာ သူက ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၂ လို့တောင် အတိအကျရေးထားပါသေးတယ်။ ကိုယ်လည်း ကိုယ်နဲ့မဆိုင် သလိုနေလိုက်တာပဲ။ အိန္ဒြာ သတင်းပေးတဲ့နေ့ကတောင် ကိုအော်ပီကျယ် လေသံနဲ့ ပြောလိုက်သေးတယ်။ ကမ္ဘာကြီးက ပျက်နေတာဖြင့်ကြာလှပြီလို့ ...။ ကျွန်မတွေးမိတာကတော့ ဒီသတင်းကို လူတွေသိပ်မတုန်လှုပ်ကြဘူး လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တော်တော်များများက သူ့နည်းနဲ့သူ့ဟန် အကုန်ထွက်ပြေးလွတ်မြောက် ချင်နေကြပြီကိုး ။ အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်းကစလို့ ဟိုးဖက် လူကြီးပိုင်းတွေထိကတော့ အင်း ပျက်တော့မှာလား မိုးပြို အများပေါ့ .. ပျက်လည်းအေးတာပါပဲ ..လို့ ပြောကြပါလိမ့်မယ်။ ကြောက်စိတ်ဝင်နိုင်တာက ကလေးတွေပါ။ သူတို့က ဘာမှမသိသေးဘူး။ လောကကြီးရဲ့ ဒုက္ခတွေ သုခတွေ တော်တော်များများကိုလည်း မရရှိသေး မရင်ဆိုင်ရသေးဘူး။ ဒီတော့ သူတို့စူးစမ်းပျော်ရွှင်နေဆဲ လောက ကနေ ထွက်သွားချင်ဦးမယ် မထင်ဘူး။ (Craton တောင် ကြောက်လို့တဲ့ သနားပါတယ်။) ကိုကိုလည်း သိရင်ကြောက်မှာပဲ။ ကိုယ့်အတွက် ဘာမှမပူပေမယ့် ကလေးတွေအတွက်တော့ ပူမိပါတယ်။ ဖြစ်ချင်တာကတော့ ပျက်လည်း တစ်ယောက်မကျန်သေတာကောင်းပါတယ်။ ကျန်နေတဲ့သူတော့ မဖြစ်ချင်ပါဘူး။ နောက်တစ်ခုက ကျန်ခဲ့တဲ့သူတွေကိုလည်း ဘာမှမသိတဲ့ ကလေးတွေမဖြစ်စေချင်ပါဘူး။ ခုဖြေလိုက်တဲ့အဖြေတွေက တကယ်တော့ မဖြေချင်ပါဘူး။ ဒါပေမယ့် ကိုယ့်အလှည့်တုန်းက သူများကို နှိပ်စက် ထားခဲ့လေတော့ ကိုယ်လည်း ဖြေရမယ့်တာဝန်ကရှိလာပြီ ဆိုတော့ အိန္ဒြာ့ အတွက် ချစ်ခြင်းအားဖြင့် ဖြေပေး လိုက်ပါတယ်။ ကျေနပ်နိုင်ပါစေ။



(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..

ချစ်တယ်လို့ ထင်တဲ့သူတွေနဲ့ (ခုထိမသေချာချင်ဘူး)း)

(၂)။ဘာတွေခံစားနေရမလဲ..
သိပ်ကောင်းတာပဲ… (ကိုယ့်အတွက်)
သိပ်ဆိုးတာပဲ (မွေးထားတာသိပ်မကြာသေးတဲ့ ကလေးတွေအတွက်)

(၃).ဘာတွေပြင်ဆင်ထားမလဲ
သူတစ်ပါးဒုက္ခရောက်အောင်လည်း မလုပ်ခဲ့ဖူးဘူး ။
သူတစ်ပါးကိုလည်း ထိခိုက်နစ်နာအောင် မစော်ကားခဲ့ဖူးဘူး။
မမှန်မကန်လည်း မလုပ်ခဲ့ဖူးဘူး ။အဲဒီအတွက် လိပ်ပြာသန့်တဲ့စိတ်တွေနဲ့ပဲ နေသွားပါမယ် ။ ဘာမှသိပ်ပြီး ပြင်ဆင်စရာရှိလိမ့်မယ်မထင်ဘူး။

(၄)၀မ်းနည်းမိမှာက
ဘာမှမသိသေးတဲ့ အပြစ်မရှိသေးတဲ့ ကလေးတချို့အတွက်

(၅)။ကြောက်လန့်မိတာက..
အော် .. မချစ်မနှစ်သက်သူတွေနဲ့လည်း အတူသွားကြရမှာပါလား ဆိုတာ

(၆)။ဆောင်ထားချင်တာ..
တရားသိတဲ့စိတ်

(၇)။ဘာတွေရေးမိမလဲ..
ကဗျာတချို့ ဝိုင်တစ်ပုလင်းနဲ့ လူတစ်ချို့ကို အဖော်စပ်ထားတယ်
(စိတ်ဝင်စားရင် ဆက်သွယ်ပါ)
မှတ်ချက်.. တရားစခန်းသွားမည့်သူများလည်းစိတ်ပြောင်းပါက လက်ခံသည်။

(ဂ)။တွေးမိတွေးရာ အတွေး
ကောင်းကင်ဘုံနဲ့ငရဲကြား လာဘ်ပေးလာဘ်ယူကိစ္စတွေရှိလာနိုင်ပြီး လမ်းတွေလွဲကုန်မှဖြင့် …

(၉)။ဂုဏ်ယူချင်တာက
ကိုယ့်ထက်ကုသိုလ်ကောင်းသူတွေ ကိုယ့်ထက်သီလစင်ကြယ်သူတွေနဲ့ တူတူသေရပါလား

(၁၀)။ရှာကြံဖြေသိမ့်မိတာက
နောက်ဆုံးကျတော့လည်း ဒီလမ်းဒီခရီး အတူတူပဲ သွားကြရတာပါလား ..

(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း
……………………………………………………………………………….


မနော်ဟရီ


21 Comments:

Zephyr said...

2012 ဘာမှ ဖြစ်မယ်လို့မထင်ပါ ...။
ဒီအတွက် ဒန်ဘရောင်းနဲ့ ဆရာစံဇာဏီဘို ကို အားနာပါသည်။

... ယုံချင်ယုံပါ ...။

မယုံချင်နေပါ။ ....

ကံတရားလည်းနေ့ကောင်းရက်သာ....။

ဒဏ္ဍာရီ said...

တယောက်တမျိုး အတွေးလေးတွေနဲ့ပေါ့နော် မမရယ်။ ဖြစ်လာမှတော့ ပြေးတွေ့ယုံပေါ့နော်။ တကယ်ဖြစ်လာရင် နာဂစ်လို ပြေးလွတ်မယ်တောင် မထင်ဘူး။း)
နံပါတ် (၁၀)အတိုင်းပေါ့ မမရယ် နော်။

ခင်မင်လေးစားလျှက်

အိန္ဒြာ said...

မမရေ မဖြေချင်ပေမယ့်ချစ်ခြင်းအားဖြင့်ဖြေပေးတဲ့အတွက်
ချစ်ခြင်းတွေနဲ့ ကျေးဇူးတင်ပါတယ်..။

တရားစခန်းဝင်ချင်တာပါ..
ဝင်မယ်လို့အာမမခံဘူးနော်...

မထူးပါဘူးးးးးးး ၀ိုင်သောက်ပြီး...
ကဗျာရွတ်ပွဲလုပ်နေကြမယ် မမ..

(ကိုအောင်သာငယ်က ၂ ယောက်တည်းသောက်မှာတဲ့ မမ သူ့မခေါ်နဲ့)

ဘာရယ်မဟုတ် ဒီလိုဖြစ်ခဲ့တဲ့ သတင်းလေးတစ်ပုဒ်အတွက် ဒီလိုလေးတွေရေးဖြစ်ခဲ့ကြတယ်ဆိုတာမျိုး..
အမှတ်တရ ရှိစေချင်တာလေး..သက်သက်ပါ..။

မမရေ..တစ်ချို့က နှစ်ဆယ့်ခုနှစ်နှစ်ကလေးပြူပြူဆိုတော့....
သိတယ်မလား..;P

မိုးခါး said...

မကြီးရေး))
ပျက်လည်း ပျက်တော့ အမရာ
ဟုတ်ဘူးလား :D
တကယ်ပျက်မှာ သေချာရင်တော့ အလုပ်လည်း မလုပ်ချင်တော့ဘူး .. ပင်စင်ယူထားလိုက်ရင် ကောင်းမလား :P

မယ့်ကိုး said...

... တရားစခန်းဝင်မယ့် မမအိန္ဒြာတောင် ကဗျာရွတ်ပွဲရောက်သွားပြီဆိုတော့ မယ်လည်း လိုက်မယ် ချန်မထားပါနဲ့နော် မ... =)

pandora said...

ကဗျာတစ်ပုဒ် အတူတူ ရေးကြမယ်တဲ့လား
ဝိုင်ပုလင်းပါရင် လက်တို့ပါ
လုပ်လိုက်လေ ကြာသလားလို့

လင်းဒီပ said...

တကယ်ပျက်ရင်တော့ လစ်ပြီ အင်္ဂါဂြိုလ်ကို...ဟိုမှာ အကုန်စီစဉ်ထားပြီးသားလေ..လိုက်ကြဦးမလားဗျို့...။
(အင်္ဂါဂြိုလ်သူလေးတွေလည်း လန်းတယ်..:P)

ကိုရင်နော်ခင်လေးငယ် said...

ကြောက်ဘူးဗျို့..
“ဝုန်း” ကနဲ ရောက်လာပြီး “ဒုန်း” ကနဲ ဝင်ဆောင့်ရင် “ဗြန်း” ကနဲ သေလိုက်ရုံရှိတာပဲ..
ဖုတ်လိုက် ဖုတ်လိုက်တော့ မဖြစ်ပါရစေနဲ့ပေါ့..း)

(ကိုရင်နော်)

Sonata Cantata said...

မနော်
ကောင်းကင်ဘုံနဲ့ငရဲကြား လာဘ်ပေးလာဘ်ယူကိစ္စတွေရှိလာနိုင်ပြီး လမ်းတွေလွဲကုန်မှဖြင့် ...
နောက်တယ်...
အဲ့ခါကျ ချောမေတို့က နောကြေနေပီလို့ ဦးအောင် ပြောကြရအောင်နော်

ကိုချစ်ဖေ said...

ကိုယ်ဖျက်တာမဟုတ်ပဲ သူ့ဘာသာပျက်တာမို့..ချီးယား..
ဝမ်းသာစရာကတော့ အသေခံဗုန်းခွဲစရာမလိုပဲ.မုန်းသူ
တွေနဲ့အတူသေရတာမို့.
ဝမ်းနည်းစရာကတော့..
မီးတောက်ကောက်ညင်းအရက်ကောင်းကောင်း နေညိုညိုမြစ်ကမ်းဘေးမှာ မသောက်ရတော့တာ..

MYO HAN HTUN said...

Galactic Alignment ဆိုတာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ အဲဒီလို Galactic Alignment ဖြစ်တိုင်း မြေမျက်နှာပြင် Geography ပြောင်းလဲတတ်တာကို ကမ္ဘာမှာ သက်သေပြထားတာတွေ အများကြီးရှိပါတယ်။ အဲဒီလို အချိန်အတိအကျကြီးနဲ့ ပြောလို့မရသလို ယနေ့လည်းဖြစ်ချင်ဖြစ်နိုင်သလို ဖြစ်ချင်မှလည်း ဖြစ်နိုင်မယ့် အနေအထားတွေလည်း ရှိပါတယ်။ အဓိကကတော့ အဲဒီလို ဖြစ်ရင် ငလျှင်လှုပ်မယ် Tsunami လိုလှိုင်းတွေနဲ့ ကမ္ဘာကြီး ဂျွမ်းပြန်မတတ်ဖြစ်နိုင်ပါတယ်။ ကုန်းမြေပြင်တွေက ရေဖြစ်သွားမယ် .. ရေနေရာတွေက ကုန်းပြန်ဖြစ်လာတာမျိုးပါ။ 1 ဒီဂရီလောက်တိမ်းစောင်းရင်လည်း ခံရကြမှာပဲ .. ဒါပေမယ့် မသိမသာလေးလောက် ဖြစ်ခဲ့တာလောက်ဖြစ်ခဲ့မယ်ဆိုရင် အကောင်းဆုံးကတော့ အသက်ကယ် အကျီ င်္ဝယ်ထားဖို့ပါပဲ။ အနည်းဆုံးအရှိန်နဲ့ဖြစ်ခဲ့ရင်လည်း “ငါတစ်ယောက်တော့ ရေပေါ်မှာ အသက်ရှင်နိုင်သေးတယ်” ဆိုတာ ဖြစ်နိုင်ပါသေးတယ်။

အိုင်လွယ်ပန် said...

!!!!!! = ? ? ? ? ? ?
% = ?
? = *^@!#
!!!!!+%+? = :P

ကောင်းသောနေ့ပါ အစ်မ :D

sweetpeony said...

အဲဒါကို ယုံပါဘူး
ဖြစ်ကာမှဖြစ်ရော...။
ခုတော့ လုပ်စရာရှိတာလုပ်ရမှာပဲလေ...။
တကယ်ဆိုရင်လဲ နီးနေပြီပဲ သိပ္ပံပညာရှင်တွေ ဘာကြောင့် alert မပြသေးတာလဲ.. အချိန်မတန်သေးလို့လား.. မသေချာသေးလို့လား... လေ့လာနေတုန်းမလို့လား... ဘယ်လိုလုပ်လုပ် မလွတ်နိုင်တော့လို့လား... လား... လား... လား....
မဖြစ်သေးပါဘူး.. ခုတော့ ထမင်းအရင်စားရဦးမယ်... ဘာမှမဖြစ်ခဲ့ရင် အချောင်သေနေဦးမယ်.. ဖြစ်တော့လဲ.....

emayarKhin said...

အင်း..ဝိုင်မသောက်ဖူးသေးဘူး..
ချစ်မနဲ့လာသောက်မယ်......
မသောက်မဖြစ်သောက်ကိုသောက်မှ
ဖြစ်မယ်..သေပြီးကာမှ..ဝိုင်မသောက်ဖူး
သေးတာစိတ်စွဲနေအုံးမယ်...


ချစ်တဲ့

rose of sharon said...

၂၀၁၂ ဒီဇင်ဘာ၂၁ ရက်နေ့ဆို ကိုယ့်သမီးလေးရဲ့၁၁နှစ်ပြည့်မွေးနေ့.... ယုံတော့မယုံဘူး.... ဒါပေမဲ့ သူတို့ပြောတဲ့နေ့က ကိုယ့်သမီးမွေးနေ့မို့ မကျေနပ်ဘူး

kay said...

hay,, what happen in bogosphere while I was away..
is going to die all ?? scary..
:D

Moe Cho Thinn said...

ကိုယ့်ထက် သီလစင်ကြယ်တဲ့သူတွေနဲ့ အတူသေရမှာ ဂုဏ်ယူဆိုတဲ့စကားလေးကို ချစ်မိတယ်။ ကိုယ့်ကိုယ်ကို နှိမ်ချတဲ့ စကားလေးမို့..မနော်ရေ။

Sein Lyan Tun said...

မကြီးရေ...

နေမကောင်းတော့ (၂၀၁၂)ထိများ ခံစားရပါ့မလားမသိ...

မကြီး ရဲ့ တိတ်တဆိတ် ကျူးရင့်နေတဲ့ဥဒါန်းကို ရင်ဘတ်ထဲကဖတ်သွားတယ်..

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Anonymous said...

ဟင့်.. တီနော်..
ကြောက်၏... ဟုတ်၏.. အဆင်သင့်မဖြစ်သေး
ငရဲပြည်ကို တန်းနေတာပဲ ထင်တယ်..
တွေးလေ ကြောက်လေ.. ချောက်ချားလေ..
ဖြစ်လည်း အားလုံးဆိုပေမယ့် ကြောက်စရာကြီး
လူကြီးတွေကတော့ ကြောက်ချင်ကြောက်မှာပေါ့
မွေးတာမကြာသေးတဲ့ကလေးမဟုတ်ပေမယ့်
ဘာပြောပြော ကြောက်တာက ကြောက်တာပဲ
ဘာလို့ကြောက်လည်း မပြောတတ်ဘူး.. ကြောက်တယ်.. တကယ်မဖြစ်ပါစေနဲ့..
ဖြစ်တောင် တစ်ယောက်တည်းလည်း မကျန်ခဲ့ပါစေနဲ့
တွေ့ချင်တဲ့သူတွေနဲ့တွေ့ပြီး
အတူတူလေးတော့ ခဏလောက်နေပါရစေဦး..
တားနိုင်ရင် တားထားပေးကြပါ

Nge Naing said...

ဟုတ်တယ် တကယ်ပျက်မယ်ဆိုရင်တော့ ဘာမှမသိသေးတဲ့ ကလေးတွေကို သနားမိတယ်။

ဇော် said...

၂၀၁၂ ... ဘုရား မပွင့်သေးဘူးနော် .. ယေရှုလဲ မပေါ်သေးဘူး .. တကယ်ကြီးဟုတ်ပါ့မလား .. ပိဋကတ်နဲ့ ကျမ်းစာနဲ့ မကိုက်ဘူးဖြစ်နေတယ်နော် ..
သိပါဘူးဗျာ .. စိတ်ကူးပေါက်လာလို့ ..
အောက်က ကျနော်မဖတ်ရသေးသမျှလဲ ဖတ်သွားတယ်နော် .. ဒါပေမယ့် ကျနော် ကွန်းမန့်မပေးတတ်ဘူး .. ပေးစရာလဲ မလိုလောက်ဘူးထင်ပါရဲ့ .. ပြောစရာမလိုအောင် ပြည့်စုံပြီးသား ဟာကြီးကို .. အဟဲ .. =)

နီကိုရဲ သေတာ နှမြောလိုက်တာ .. အမေကတောင် အိမ်ပြန်တုန်းက ပြောလိုက်သေးတယ် .. စာရေးကောင်းတဲ့သူတွေက တဖြုတ်ဖြုတ်နဲ့ သေကုန်ကြတော့ ဘယ်စာကို သွားဖတ်ရတော့မတုန်းတဲ့ .. နောက်တက်လာတဲ့သူတွေက အဲ့လူတွေလောက် ကောင်းမှမကောင်းတာတဲ့ .. အကြည်တော်တို့ မင်းလူတို့ မနော်ဟရီတို့ မသေပါစေနဲ့ဦးတဲ့ ..
ကျနော်ဘာလုပ်လိုက်တယ်ထင်လဲ .. သိလား ..
ဟက်ဟက်ပက်ပက် ရယ်လိုက်မိတယ် .. အဟီး .. =)