Saturday, October 17, 2009
ပွဲကြည့်ပရိသတ်
အဲဒီ... အနာတရကောင်းကင်ပြင်နဲ့
ဟောဒီ... တစ်လမ်းသွားဟိုင်းဝေးလမ်းမကြီးရဲ့
ဆက်စပ်မှုခပ်မွဲမွဲမှာ...
ငါဟာ... ကျောခင်းခံပေးထားတဲ့
တံတားအိုတစ်စင်းပေါ့ ... ။
အခြေမခိုင်တဲ့တိကျမှုတွေနဲ့ဖွဲ့စည်း
အခန့်မသင့်ထူးခတ်ခံလိုက်ရမှုမှာ...
ငါဟာ... တံတားတစ်စင်းဖြစ်ခဲ့တာကွဲ့...
ချစ်သူရယ်...
မင်းရဲ့ခြေလှမ်းဖွဖွလေးတွေနဲ့
ဖြတ်သန်းလျှောက်နင်းသွားလိုက်စမ်းပါ ... ။
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း...
ပျော်ရွှင်ရယ်မောသံတွေကြားခဲ့ရ
ငါ့မှာတော့ လိုက်လံတုပလို့ ကောင်းတုန်းပါပဲ...
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
ငါ့မှာတော့... ခန္တီစတွေများများလာခဲ့
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း
သံစဉ်တေးချင်းတွေဖြစ်တည်သွားကြ
ငါ့မှာတော့ မျက်ရည်စတွေစွတ်စိုလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
........... ............ ...........
ကြည့်ကောင်းကောင်းနဲ့မဟုတ်ဘူး
မဖြစ်မနေမျက်ဝန်းတွေရဲ့တည်ရှိရာ
ငါ့ရင်ဝဟာဖရိုဖရဲနဲ့
ကောင်းကင်နဲ့လမ်းမအကြား...
ငါ... ဘာလို့များ...
တဖြည်းဖြည်းမှုန်ဝါးမသွားရတာတဲ့လဲ ... ။
ရင်ဝမှာ...
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်။
မနော်ဟရီ
(၁၉၉၅)
အဲဒီ... အနာတရကောင်းကင်ပြင်နဲ့
ဟောဒီ... တစ်လမ်းသွားဟိုင်းဝေးလမ်းမကြီးရဲ့
ဆက်စပ်မှုခပ်မွဲမွဲမှာ...
ငါဟာ... ကျောခင်းခံပေးထားတဲ့
တံတားအိုတစ်စင်းပေါ့ ... ။
အခြေမခိုင်တဲ့တိကျမှုတွေနဲ့ဖွဲ့စည်း
အခန့်မသင့်ထူးခတ်ခံလိုက်ရမှုမှာ...
ငါဟာ... တံတားတစ်စင်းဖြစ်ခဲ့တာကွဲ့...
ချစ်သူရယ်...
မင်းရဲ့ခြေလှမ်းဖွဖွလေးတွေနဲ့
ဖြတ်သန်းလျှောက်နင်းသွားလိုက်စမ်းပါ ... ။
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း...
ပျော်ရွှင်ရယ်မောသံတွေကြားခဲ့ရ
ငါ့မှာတော့ လိုက်လံတုပလို့ ကောင်းတုန်းပါပဲ...
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
ငါ့မှာတော့... ခန္တီစတွေများများလာခဲ့
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း
သံစဉ်တေးချင်းတွေဖြစ်တည်သွားကြ
ငါ့မှာတော့ မျက်ရည်စတွေစွတ်စိုလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
........... ............ ...........
ကြည့်ကောင်းကောင်းနဲ့မဟုတ်ဘူး
မဖြစ်မနေမျက်ဝန်းတွေရဲ့တည်ရှိရာ
ငါ့ရင်ဝဟာဖရိုဖရဲနဲ့
ကောင်းကင်နဲ့လမ်းမအကြား...
ငါ... ဘာလို့များ...
တဖြည်းဖြည်းမှုန်ဝါးမသွားရတာတဲ့လဲ ... ။
ရင်ဝမှာ...
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်။
မနော်ဟရီ
(၁၉၉၅)
19 Comments:
အချိန်တန်တော့လည်း
ဒဏ်ရာတွေဟာ ကဗျာဖြစ်သွားမယ်...
ပန်းတစ်ပွင့်ဖြစ်သွားမယ် ..
လေညင်း တဝှေ့ဖြစ်သွားမယ် ...။
ကားလိပ်မချရင်လည်း
တနေ့တနေ့
ပြုံးနိုင်ရယ်နိုင်
ချမ်းမြေ့နိုင်တဲ့ဘက်ကို တရွေ့ရွေ့
သွားမယ် ..လာမယ် ...။
With Peace,
Z
ပွဲကြည့်ပရိတ်သတ် မလုပ်ချင်ဘူး...
ပွဲကို ကိုယ်တိုင်ကချင်တာ...
ကားလိပ်ကာ အရှေ့မှာရော...
နောက်ကွယ်မှာရေားးးး ဆိုင်းသာတီးပေးကြပါ..
အလိုလိုနေရင်း ခြေ လက် ခေါင်းတွေ လှုပ်ရှားသက်ဝင်လို့ နေနေလိမ့်မယ်...
အင်းခုတော့လဲ ရင်တမမနဲ့ ပေါ့
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်(မျောက်မျောက်)
ချစ်သူဖြတ်သန်းသွားတဲ့တံတားတစ်စင်းဆိုရင်ခံသာသေးရဲ့ ……. အခုတော့ အစပိုင်းမှာခပ်ဖွဖွနင်းချင်ဟန်ဆောင် တဖြည်းဖြည်း အချိန်မမီတော့လေဟန်ခပ်ပြင်းပြင်းနင်း နောက်ပိုင်းတော့ တံတားပေါ်ဖြတ်တုန်း ခုန်ကြည့်အုန်းမှဆိုပြီးခုန်ကြ……….. ချစ်သူမဟုတ်သူတွေရဲ့ခြေသံတွေကိုလက်မခံနိုင်တော့တဲ့အဆုံး
ကိုယ့်သမိုင်းကိုယ်စီရင်ပစ် နာကျင်မှုအပြည့်နဲ့တံတားတစ်စင်းဟာ ချောက်ထဲခုန်ချသွားခဲ့ရသတဲ့
ခက်တာက ဘယ်သူမှဒီတံတားဟာဒီနေရာမှာရှိခဲ့မှန်းမမှတ်မိတော့ဘူးတဲ့လေ
နောက်ထပ်တံတားအသစ်အသစ်တွေထိုးရင်းတည်ဆောက်ရင် ရယ်မောပျော်ရွှင်ခုန်ပေါက်နေကြမြဲပါဘဲ
ခုန်ချသွားခဲ့တဲ့တံတားကတော့ နာနာကျင်ကျင်ကျိန်ဆိုခဲ့သတဲ့
ဖြစ်လေရာဘ၀မှာ တံတားလည်းမဖြစ်ပါရစေနဲ့ တံတားပေါ်ဖြတ်လျောက်သူလည်းမဖြစ်ပါရစေနဲ့တဲ့လေ
ပုံပြင်လေးကတော့ဒါပါဘဲကွယ်
ကဗျာကိုဖျက်လိုဖျက်ဆီးလုပ်ခြင်းတွင် ပထမဘွဲ့ရထားသူ - ဂျူ
"ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း...
ပျော်ရွှင်ရယ်မောသံတွေကြားခဲ့ရ
.....
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
.....
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း
သံစဉ်တေးချင်းတွေဖြစ်တည်သွားကြ"
....
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်။"
မနော်ရဲ့ လှပတဲ့ ဖွဲ့ပုံလေးကို အသက်မရှူတမ်း ခံစားသွားပါတယ်။ အဲဒီခံစားချက်မျိုးကို သိပ်သိတာပေါ့။ အဲလိုပဲ တချိန်က ခပ်စင်းစင်းကဗျာလေးတစ်ပုဒ်တော့ ရေးခဲ့ဖူးတယ်။
http://pandora-and-pandora.blogspot.com/2007/04/blog-post_2316.html
ခံစားချက်တွေက ပြင်းထန်နေသလိုဘဲ
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ငါ့မှာတော့ မျက်ရည်စတွေစွတ်စိုလာခဲ့
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
ငါ့မှာတော့...
ငါ့မှာတော့...
ငါ့မှာတော့...
မကြီးနော်ရေ..
ရင်ဝမှာ...
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်.....
အရမ်းကိုစူးရှလွန်းပါတယ်...
ချစ်တဲ့
ထူးဆန်းတာက.. ၉၅ က.. ကဗျာ တွေနဲ့.. ၀၉ က..ကဗျာတွေက.. ဆယ်စု နှစ်ကျော် အုံးတော့..အငွေ့အသက်.. ၀င်သက် ထွက်သက်တွေ..ဒီအတိုင်းပဲ လို့ ခံစားရတယ်..
မနော်က.. သဘာဝ အလွမ်း ပိုင်ရှင် ဖြစ်ရမယ်။း)
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်.....
ပြင်ဆင်ဖြည့်စွက်ခွင့်မရတဲ့ လူ့အဖြစ်ဇာတ်ညွှန်းမှာ...
ကိုယ်တိုင်က ဇာတ်လိုက်
ကိုယ်တိုင်က ဗီလိန်
ကိုယ်တိုင်က အုပ်ချုပ်သူ
ကိုယ်တိုင်က တော်လှန်သူ..
ကိုယ်တိုင်က နောက်ကျော
ကိုယ်တိုင်က အသွားမြမြဓါးသွား..
ကိုယ်တိုင်သစ္စာတော်ခံ..
ကိုယ်တိုင်သစ္စာဖေါက်...
အဲသလို...လှော်ရင်းနစ်နစ်လာလိုက်တာ...
တဖြည်းဖြည်းစုံးစုံးနစ်တဲ့..အထိပေါ့နော်...
မမ ၂၀၁၂ မိုးပြိုမှာ....
အရာရာ..ပြည်ဖုံးကားကျတော့မယ်..
ကိုယ်ကိုယ်တိုင်က ပွဲကြည့်ပရိသတ် ... ဒါပေမယ့် တခါတခါ ကိုယ်ခင်းတဲ့ တံတားကို ကိုယ်ကိုယ်တိုင်က ဖြတ်သန်းရတဲ့အခါတွေလည်း ရှိပါတယ်လေ...။
ပွဲကြည့်သွားပါသည်။
တခါတလေတော့လည်း ပုဏ္ဏားမပါပဲ ဇာတ်ကနာတတ်သည်။
တစ်ချိန်ချိန်က မေ့လွယ်ပျောက်လွယ်တွေဟာ
တစ်ချိန်ချိန် မှာ နက်နက်စူးစူး အမာရွတ် ..။
တစ်ချိန်ချိန်က နက်နက်စူးစူး အမာရွတ်တွေဟာ
တစ်ချိန်ချိန် မှာ မေ့လွယ်ပျောက်လွယ် ။
အဲသလို
လူးလာ ခေါက်တုန့်
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
နှစ်ခါပြန် ချိုးမရတဲ့ မြစ်ရေလို
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိ ..။
ဘယ်အချိန်
ကားလိပ်တစ်ခု ကျလာမလဲ
..............................
................................
ပရိသတ် စစ်စစ်ရောက်လို
ရင်တမမ ကြည့်နေခဲ့ရ
ငြိမ်းချမ်းရာ လေး မလှပ သေးခင် ....။။
ပက်ပက်စက်စက် ရင်ကွဲသွားပြီ မ။
နမိတ်ပုံတံတားလေးက ရင်ထဲ ထုတ်ချင်းပေါက်လာထိခတ်ကာ
ပြန်ထွက်တော့မယ်တောင် မထင်မိတော့
အဆုံးမဲ့ချစ်တဲ့
=)
ကဗျာလေးဖတ်သွားတယ်မေခရေ..
မီးက မြေခွေးနဲ့လာလဲ စီဘုံးမှာ ပရိုဖိုင်းဝင်မရဘူး။ :((((
တံတား နေရာမှာ ဝင်ရောက်ခံစားကြည့်မိတယ်.... ရင်နာဖို့ကောင်းလိုက်တာ....
ရင်ဝမှာ...
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်<---တံတားလေးတစင်း ရင်ဘတ်ထဲ ပျိုးခင်းလေးတခင်း... ကဗျာစာသားလေးတွေ ဒီရင်ဘတ်ထဲ ခုန်ပေါက်ဝင်လာတယ်....ပြန်မထုတ်တတ်တော့ဘူးရယ်...
ကဗျာတွေခံစားချင်လို့ ရောက်လာပါတယ်ဗျာ...
တံတားနေရာကနေခံစားသွားပါတယ်...
ဖတ်ပြီးတာကြာပါပြီ.. ခုမှပဲလာမန့်ဖြစ်တယ်
တံတားအိုလေးကို သနားလွန်းလို့..
ပွဲကြည့်ပရိတ်သတ်ခင်မျာ ၀င်ပါချင်ပေမယ့်လည်း ပါဝင်ပတ်သက်ခွင့်မရှိဘူးလေ။
အင်းလေ
တံတားအိုလေး သနားပါတယ် ..
kay ပြောတာ ဟုတ်လား မကြီး ..း)
Post a Comment