Tuesday, August 4, 2009
ကဗျာဆရာ တာရာမင်းဝေ အတွက် အမှတ်တရ ပန်းချီထိန်လင်း၊အိန္ဒြာ၊အမရာ၊သစ်ကောင်းအိမ်၊Zephyr၊ကမာပုလဲ။လင်းဆက်၊တင်မင်းထက်၊နေဆူးသစ် လင်းဒီပ၊လူဇော်သစ်၊အိုင်လွယ်ပန်၊သျှင်နွေခ၊ Xanthos တို့၏
အရှေ့မြို့ရိုးပေါ်မှနံနက်ခင်း ကဗျာပြပွဲ
အရှေ့မြို့ရိုးပေါ်မှနံနက်ခင်း ကဗျာပြပွဲ
9 Comments:
So sad and so painful,
A life has disappeared...
So sudden and so shocking,
One evening can be...
R.I.P Uncle ...
With Peace,
Z
မမရေ...ကဗျာလေးရွတ်ထားတာကောင်းလိုက်တာ..
ကျေးဇူးတင်ပါတယ်
ကောင်းကင်ကို ဆက်တည့်ကြည့်တော့
ဗုံသံတွေသဲ့သဲ့ကြားမှာ
အရှေ့မြို့ရိုးက မိုးရေစက်တွေ မခြောက်ခမ်းသေးပါ..
ကျွဲအုပ်ကြီးလည်း ငြိမ်ချက်သားကောင်းလို့
ကျွဲချိုသံတွေကို မိန်းမူးနေတုန်း..။
ကိုတာရာမင်းဝေအမှတ်တရ ကဗျာပြပွဲမှာ ပါဝင်ပြသခွင့်ရခဲ့တဲ့ ကျွန်တော့်ကဗျာလေးအတွက် အမှတ်တရလည်းဖြစ် ဂုဏ်ယူဝမ်းမြောက်နေမိပါတယ်။
လေးစားအားကျခဲ့ရတဲ့ အတုယူလေ့လာနေရတဲ့ အနုပညာသမားတစ်ယောက်အဖြစ် သူ့ကို အမြဲတမ်း လေးစားနေခဲ့လို့ပါ။
ရင်မှာ လွမ်းရင်
မျှော်တိုင်းမြင်လွန်းလို့
လက်ညှိုးညွှန်ရာ သူဖြစ်ပါစေသား အရှင်ဘုရား
(တာရာမင်းဝေ)
ပါဝင်ပတ်သက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ အစ်မ မနော်ကို ကျေးဇူးတင်ပါတယ်။
အရှေ့မြို့ရိုးပေါ်ကို လှမ်းမျှော်ကြည့်သွားတယ်။ ပြန်လာကြတယ်.. နှမြော.. တသ ..မချိ ခြင်းတွေ.. အဖော်အပေါင်းနဲ့..။ ခေတ်နေရေ..မင်း ဂုဏ်ယူပါ..
အန်တီနော်ရေအရှေ့မြို့ ရိုးပေါ်ရောက်ခဲ့တယ်ဗျာ။လွမ်းသ
လိုပဲ။
အရှေ့မြို့ရိုးမှ မိုးရေစက်များ စာအုပ်ကို အရမ်းသဘောကျတာ မမနော်ရေ .. ၀မ်းနည်းစရာမလိုပါဘူး .. နာမည်တလုံး ရှိနေသေးတယ် .. ဂုဏ်ယူဖို့ ကောင်းပါတယ် ..
ပျော်ရွှင်ပါစေ
ချစ်ခင်လေးစားလျှက်
မိုးခါး
ကျနော် အကြိုက်ဆုံးစာရေးဆရာတစ်ယောက်သေသွားတယ်လို့ သတင်းစာမှာ အဲ့နေ့က ဖတ်လိုက်ရတုန်းက ( ဒွေးသေတုန်းကတောင် သြော် သေပြီလားဆိုပြီး အေးစက်စက်နေနိုင်တဲ့ ကျနော်)
သတင်းစာကို ကိုင်ပြီး ငိုချလိုက်တော့ ကိုရီးယားကားကြည့်နေတဲ့ မေမေက ဘာဖြစ်တာလဲဆိုပြီး လန့်သွားတယ်။ ကျနော်က မေမေရာ သူ သေသွားပြီတဲ့ဗျ လို့ပြောတော့ သမီးကတော့လေဆိုပြီး ဗွီဒီယို ပြန်ကြည့်သွားတယ်။
အဲ့ဒီနေ့ထဲက ကျနော်သိပ်စွဲလန်းရတဲ့ စာရေးဆရာတစ်ယောက် လောကကြီးထဲကနေ ပျောက်သွားခဲ့တယ်။ သူ့စာအုပ်တိုင်းကို မလွတ်တမ်း စုတတ်တဲ့ ကျနော် သူစာတွေဆက် မရေးနိုင်တော့ဘူးဆိုတာ သိရတော့ ယူကြုံးမရ ဖြစ်မိတယ်။ အဲ့ဒီသူက ... တာရာမင်းဝေ ...
မအိန္ဒြာရဲ့ စကားလုံး ခဏငှားပြောရရင်..
ဘယ်တော့မှ တိမ်ဆိုင် မဖုံးတဲ့ လူဝင်စားကြယ်တစ်စင်းပါပဲ..
ထပ်တူခံစားရင်း...
Post a Comment