Tuesday, April 7, 2009
တစ္ဆေမရှိတဲ့တိုင်းပြည်
လမ်းကြောင်းတွေကို
အပေါ်စီးကကြည့်တတ်တဲ့
ငှက်တွေကလမ်းမှား... ။
လမ်းကြိုလမ်းကြား
ပြေးလွှားနေတဲ့ အကန်းတစ်သိုက်ကျ
ကံကောင်းလိုက်ကြပုံများ
ခလုတ်လည်း မရှိကြ
ဆူးလည်း မထိကြ... ။
မနော်ဟရီ
၂၆.၀၆.၁၉၉၅
မီးပြတိုက်အလွန်ထဲက ကဗျာဟောင်းတစ်ပုဒ်ပါ..။
18 Comments:
haha No.1
တိုတိုလေးနဲ့ ထိမိတယ်။
နေချင်တယ်..
ဒါပေမယ့်ဘယ်တော့မှမရနိုင်ဘူးထင်တယ်နော်
သူတို့တွေ ကန်းချင်ယောင် ဆောင်ထားကြတာရော မဖြစ်နိုင်ဘူးလား ... မျက်မှန်အနက်ကို ထူထူကြီးဖြစ်အောင် လုပ်ပြီး တပ်ထားကြတာလည်း ဖြစ်နိုင်ပါတယ် .... :D
အကန်းတွေက အုပ်စုနဲ့ဆိုတော့.. :)
ကြက်ကန်းတွေက ဆန်အိုးနဲ့ သွားတိုးနေတော့ စားမာန်ခုတ်ပြီး မြင်မြင်သမျှ..အဲ..မဲမဲမြင်သမျှ လိုက်ခွပ်နေတော့တာလည်း ဖြစ်နိုင်တာပဲနော်..တစ္ဆေတောင် မနေနိုင်တဲ့ တိုင်းပြည်လေ..
လမ်းမှားသူလား လမ်းဝက်လမ်းကြားမှာ ပြေးလွှားနေသူလား ကျနော်မသိဘူး ကောင်းသောနေ့ပါ :)
တစ္ဆေမရှိတဲ့ တိုင်းပြည်မှာ နေချင်တယ်
ငှက်ကန်းက အိုးတအိုးအိုးကိုတိုးတာဖြစ်မယ်မနော်ရေ...
ငှက်ကန်း တစ္ဆေမကြောက်တာဖြစ်မယ်
လမ်းကြောင်းတွေကို အပေါ်စီးကကြည့်တတ်တဲ့ ငှက်တွေကလမ်းမှား... ဆိုတာကို အရမ်းကြိုက်တယ် မနော်...
တိုတိုလေးနဲ့ အတွေးတွေအများကြီး ရသွားတဲ့ကဗျာလေး တစ်ပုဒ်ပါ အမရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
What a touching poem!
မိုက်တယ်။ ရင်ဘတ်ထဲထိ ထိခိုက်...
Good poem.. I like it..
:)
ဟုတ်ပ။ သစ်ပင်မြင့်လေ လေတိုက်ခံရလေ ဆိုသလို ပေါ့။
ပျင်းတယ်......... သူတို့မရှိရင် ဒို့နေတတ်ဘူး......သွားဘူးအဲ့ကို..........
ဂျူ
တိုတိုလေး ...
တွေးစရာတွေ အရှည်ကြီး ...
ကောင်းတယ်အစ်မရေ .......
Post a Comment