Saturday, July 18, 2009
ကမ်းပါးမဲ့မြစ်တစ်စင်း (သို့) ဆရာပိုင်စိုးဝေ
သဘာဝတရားရဲ့ အလှအပက သူ့ကိုခံစားမှုအများကြီးပေးထားပေမယ့် နှလုံးသားကို ဖြတ်ပြီး ခံစားစီးဆင်းရတဲ့ ပီတိအစဉ်ကနေ သူ့ဦးနှောက်ထဲအထိ စကားလုံးတစ်လုံး ရောက်လာဖို့ဆိုတာတော့ သိပ်ကိုခဲယဉ်းလှပါတယ်။ သူ့ဦးနှောက်ထဲထိ တိုးဝင်လာတဲ့ စကားလုံးတွေဟာလည်း ခဏငယ်တိုင်း ခဏငယ်တိုင်းမှာ ဖြစ်ပြီးရင်း ပျက်သွားနိုင်တာမို့ သူရရှိလိုက်တဲ့စကားလုံးတချို့တဝက်နဲ့ သဘာဝတရားဆီ အရောက်သွားနိုင်ဖို့ဆိုတဲ့ သူ့ဒုက္ခဟာ ဘယ်လောက်များ ကြီးကျယ်လိုက်မလဲဆိုတာ စဉ်းစားသာကြည့်။
အဲသည်လို အခက်အခဲတိုင်း အခက်အခဲတိုင်းကို ကျော်ဖြတ်ပြီး နောက်ဆုံးကျတော့ ကဗျာဆရာတစ်ယောက်ဟာ ကျယ်ပြန့်ပွင့်လင်းတဲ့ သဘာဝတရားကြီးကို သိမ်းပိုက်နိုင်ရုံ တင်မကပဲ အဲဒီသဘာဝတရားကြိးရဲ့ အပြင်ဖက်ကိုတောင် သူ့ဆန္ဒရှိမယ်ဆိုရင် ခုန်ထွက်ချင် ခုန်ထွက်သွားနိုင်သပေါ့။
စာမျက်နှာသုံးလေးရာစီလောက်နဲ့ အတွဲသုံးတွဲလောက်ခွဲထုတ်နိုင်မယ့် ကြီးကျယ်မြင့်မြတ် တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိဟာလည်း ကျွန်တော့်အဖို့တော့ ပျက်လုံးတစ်ခု လောက်ကောင်းကောင်းရလိုက်တယ်ဆိုရင်ပဲ အမြတ်အစွန်းကြီးမားလှပါပြီ။
ပုံနှိပ်စာလုံးထက် ကဗျာကို အစစ်အမှန်မြတ်နိုးပြီး ကဗျာမရေးရ မနေနိုင်တဲ့ ကဗျာဆရာ တစ်ယောက်ကတော့ သူ့မှတ်စုစာအုပ်ဟာသူ့ကဗျာတွေဖော်ပြဖို့ ကျယ်ပြန့်တဲ့ ကမ္ဘာကြီး တစ်ခုဖြစ်လိမ့်မယ်။
ကဗျာတစ်ပုဒ်ဟာ အယ်ဒီတာတွေကိုဖြတ်သန်းမိပြီးမှ စာဖတ်ပရိသတ်ဆီရောက်ရတယ် ဆိုတဲ့ သဘာဝရဲ့လွဲမှားမှုဟာ ကြည်လင်သန့်ရှင်းပြီးသားသောက်ရေတစ်ခွက်ကို အက်စစ် ပါတဲ့ ရေစစ်တစ်ခုနဲ့စစ်ချပြီးသောက်နေရတာနဲ့လည်းတူတယ်။ အမိအဖဆီက အလိုအလျောက် ရရှိရမယ့် အမွေအနှစ်ကို ရှေ့နေဆီက တဆင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ရတာနဲ့လည်းတူတယ်။လူတိုင်းအတွက် ရည်စူးထားတဲ့သဘာဝတရားရဲ့ စွန့်ကြဲ မှုကို ခိုးယူသိမ်းဆည်းထားခြင်းခံရတာနဲ့လည်းတူတယ်။
ပိုင်စိုးဝေ
၁၉၉၀
(ရုပ်ရှင်တေးကဗျာ)
၂၀၀၉
အဲဒီအင်တာဗျူးထဲက စာကြောင်းတွေကို ကူးယူထားခဲ့တာက ၁၉၉၀။ ကျွန်မ ဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်။ မှတ်မှတ်ရရ ကဗျာတွေစာတွေပါတာလည်း လက်တစ်ဖက်မပြည့်သေးတဲ့အချိန်ဖြစ်ပါတယ်။
နောက်ဆုံးပုဒ်လေးကို ကျွန်မလည်းငယ်တုန်းက စိတ်နဲ့ကူးယူထားခဲ့တာပဲ။ ဒါပေမယ့် နောင်နှစ်တွေကြာလို့ပြန်ဖတ်ကြည့်တော့ သူက နေမင်းပိုင်စိုး ဖြစ်ခဲ့ဖူးတဲ့ ပိုင်စိုးဝေ ဖြစ်နေခဲ့ ပြီး ကျွန်မ တို့က ဘာမှမဟုတ်တဲ့သူတွေဖြစ်တဲ့အတွက် ဆရာပိုင်စိုးဝေနဲ့ပဲသက်ဆိုင်နိုင်တဲ့ စကားလုံးတွေအဖြစ်နားလည်ခဲ့ရတယ်။ လူတိုင်းဟာ genius အဖြစ်တော့ မွေးဖွားမလာကြ ပါဘူး။ ဒါပေမယ့် သေချာတာက တချို့လူတွေဟာ အနုပညာဆိုတဲ့အမှတ်တံဆိပ်နဲ့ မွေးဖွားလာကြသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ နေမင်းပိုင်စိုး ဆိုတဲ့ လက်ရေးနဲ့ကဗျာစာအုပ် လေးတွေ လက်ဆင့်ကမ်းချိန်မှာတောင် တော်တော်နာမည်သတင်းမွှေးခဲ့တဲ့ ဆရာပိုင်စိုးဝေ ပါတယ်ဆိုတာ ကျွန်မ အကြွင်းမဲ့ယုံပါတယ်။
ကျွန်မ ပထမဆုံးအဖြစ်သူ့စာအုပ်ကိုဝယ်သိမ်းဖြစ်ချိန်ကလည်း ၁၉၉၀ ပဲထင်ပါတယ်။ လူထု ထီးပေါင်းကား စာအုပ်တိုက်ကထုတ်တဲ့ သိမ်းစွန်ငှက်အပြန်လမ်း ကို စာတိုက်ကနေ VPP နဲ့မှာတာမှ ၄ကျပ်ခွဲပဲပေးရပါတယ်။ ဒါတောင် ပထမတစ်အုပ်က ဆရာပိုင်စိုးဝေလက် ရေးနဲ့ လက်မှတ်ထိုးထားတဲ့ ..ရေးဖော်ရေးဖက်..ဆောင်းဝင်းလတ် သို့ ဆိုတဲ့စာအုပ်ဖြစ်နေ လို့ ကျွန်မ ပြန်အကြောင်းကြားတော့ နောက်တစ်အုပ်ထပ်ပို့ပေးခဲ့တာကိုမှတ်မိနေတယ်။ ဒါကြောင့် ကျွန်မလည်းအဲဒီစာအုပ်လေးကို ဆရာဆောင်းလက်ထဲရောက်အောင် ထည့်ပေး ခဲ့လိုကတယ်။ သူ့ရဲ့ နာမည်ကြီးတဲ့ နေရောင်ခြည်နဲ့တွေ့ဆုံခြင်း ကိုတော့ တကယ်စာအုပ် ထွက်လာမှပဲဖတ်ရပါတယ်။ မန္တလေးနဲ့အလှမ်းဝေးတာရော အဲဒီချိန်က ကျွန်မက ဘယ်သူနဲ့ မှလည်းအကျွမ်းတဝင်သိအောင်မနေတာရောကြောင့် ဘယ်လိုမှတခြားက ရပြီး ဖတ်နိုင်ဖို့ဆိုတာလည်းမလွယ်ပါဘူး။
ခုလည်း က္ကုတ္ထိယတောင်တန်း ဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ထွက်ပါတယ်။ မိဝင်းဖတ်ဖို့ ကဗျာတွေပါတယ်။ တခြားကဗျာတွေလည်း အပိုင်း ၆ ပိုင်းနဲ့ပါပါတယ်။ ကဗျာစာအုပ်ကို ကျွန်မဆီရောက်အောင် ငွေကုန်ကြေးကျခံပို့ပေးတဲ့ ညီမ မိုးနေကို ကျေးဇူးတင်ပါတယ်။ ပိုင်စိုးဝေ ရဲ့ ကဗျာတချို့ကို ကျွန်မချစ်သောကဗျာများ မှာတင်ထားပါတယ်။ ဒီမှာ သွားဖတ်နိုင်ပါတယ်။ ဒီကဗျာတွေကတော့ က္ကုတ္ထိယတောင်တန်းထဲကမဟုတ်ပါဘူး။ကျွန်မ ကူးထားတဲ့ထဲကကဗျာတချို့ဖြစ်ပါတယ်။ အဲဒီထဲကလည်း ပါကောင်းပါနိုင်ပါတယ်။

12 Comments:
မမရေ ကျေးဇူး..ပါ
ဆရာပိုင်စိုးဝေ
ခရေစီ...ဒီက
ကိုယ်လည်းလာလည်ပါတယ် နောက်မှဖတ်မယ်နော် အခု driver တွေ install လုပ်နေလို့
ဂျူ

ကျေးဇူးပါ မမ..နောင့် ကဗျာလေးတွေ သွားဖတ်လိုက်ဦးမယ်... နောင့် ကဗျာကြိုက်တယ်..။
ခုတစ်လော ကဗျာတွေကို ခံစားနေတယ် ဘာလို့လဲတော့မ သိဘူး မကြီး
ကဗျာတွေ ဖတ်ချင်သေးတယ် မကြီးရေ
တင်ပေးပါအုံး နေကောင်းတယ်ဆိုရင်ပါ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ကဗျာဆရာကို အဓိပ္ပာယ်ဖွင့်ထားပုံလေးက မိုက်တယ်နော်။ ဆရာပိုင်စိုးဝေကို ကြိုက်ပါတယ်။ အဲဒီ အင်တာဗျူးတော့ မဖတ်ဖူးဘူး။ ကျေးဇူးပါ အစ်မ။
ဆရာပိုင်စိုးဝေရဲ့ဖွင့်ဆိုချက်လေး ဖတ်သွားပါတယ်အစ်မ
...
manorhary-poemsilove.blogspot.com
ကတော့ ကျွန်တော်ထိုင်နေကျ ကော်ဖီဆိုင်လေးပေါ့...။
ကျေးဇူးအထူးပါအစ်မရေ
ကျေးဇူးအထူးတင်ပါတယ် ...
လေ့လာရမယ့် ကဗျာဆရာစာရင်းမှာ ..
သူက ထိပ်ဆုံးနားမှာပါတယ်လို့ ခံစားရတယ် ....။
ဒေါ်လေးမေရဲ့ ကဗျာဆိုက်ဒ်ကို ကျနော်ခနခန ရောက်ပြီးပါပြီ။ ဒါပေမယ့် ခုလဲ ကဗျာကောင်းတွေ ထက်ဖတ်ရမယ်ဆိုတော့ ၀မ်းသာမိတယ်။ =)
သားမွေးတဲ့နှစ်ပါ.. အဲ့တုန်းက လူမှန်းတောင်မသိသေးလို့ ဒါတွေလည်း ဖတ်ချိန်မတန်ခဲ့ပါ.. အခုတော့ တီနော့်ကျေးဇူးကြောင့်ပေါ့လေ..။
ဖတ်ပြီးပြီ ဖတ်ပြီးပြီ အားကျတယ် သူများတွေရေးနိုင်တာ ရင်ဘတ်ထဲကစကားတွေသွန်ချနိုင်တာ
ဒီဘ၀မှာတော့အဲဒီပါရမီမပါတော့ဘူး နောက်ဘ၀တော့သိဘူး
ပူပူလောလောဆီပူတွေထဲမှာ ကဗျာများရွတ်ချင်ရွတ်နေရမပေါ့ ဟက်ဟက်
Post a Comment