Thursday, July 9, 2009
အတိတ်
ဆောင်းစက်လက်ခိုနေတဲ့နန်းတော်
မကျော်ကြားခဲ့တဲ့သူရဲကောင်းများ
ချောက်ကမ်းပါးခြားနေတဲ့ ညနေရီတွေ
ခုတော့... ကြေကွဲမှုတွေက... ပိုးစိုးပက်စက်။
မိုးဦးပေါက်ရင်...
ကျိန်စာဖတ်မုန်တိုင်းတချို့ ရောက်လာလိမ့်မယ်...
လွယ်လွယ်နဲ့ ကြွေတတ်တဲ့ စံပယ်တွေထဲမှာ သူ မပါဘူးတဲ့
အရုဏ်ဦးကို ဖွဲ့ဆိုရင်း ညဥ့်နက်ခဲ့ရတဲ့အကြောင်း
ထောင်းထောင်းထအောင်ပြောလို့... ။
သွားစို့
နှစ်ချို့ရာဇ၀င်တွေကို မတူးဖော်မိစေနဲ့
စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
မိန်ရာသီရဲ့နောက်ဆုံးနေ့တစ်နေ့
ခရီးစဉ်မေ့နေတဲ့လက်မှတ်နှစ်စောင်
တောင်စဉ်တွေအထပ်ထပ်ခြားသွားခဲ့ကြပြီ။
ခြေလှမ်း(၉၀)အလွန် ရက်စွဲများ
နှင်းစက်ပိုးမျှင်တွေကြားက၊ ကချေသည်
ကျွန်မ ရှိုက်ရယ်နေမိလေသလားမသိ ။
မနော်ဟရီ
စတိုင်သစ်၊ ဂျူလိုင်၊၂၀၀၂
ပုံကို ဒီနေရာ ကယူပါတယ်။


17 Comments:
အလွမ်းဆိုတဲ့စေတသိက်ကရော ရွာရန်ရာနှုန်းဘယ်လောက်လဲ ...
သတိရလိုက်တိုင်း ...
အပြာရောင်ပိုးမျှင်တွေ အထပ်ထပ် ..၊
အကြိမ်ကြိမ်မိနေကြ ထောင်ချောက်တစ်ခုမှာ ..
ခပ်အအ သားကောင်တစ်ကောင်လိုပေါ့ ..
ရိုးသားတဲ့မျက်လုံးတွေရှိမနေတော့တာကလွဲရင်လေ
သိပ်မထူးခြားပါဘူး .. သူလိုကိုယ်လို
ခပ်အအသားကောင်တစ်ကောင်ပဲပေါ့
....။
....အင်း ....
အတိတ် ... အတိတ် ..အတိတ် ...
။ ။
ခင်မင်စွာဖြင့်
Z
မုန်းလိုက်တာ အဲဒီဇက်
ကိုယ်ဖတ်ဖူးတယ်......
အဲဒီသောကြာရထား(၁၃)နာရီရယ် ခရီးစဉ်မေ့နေတဲ့လက်မှတ်၂စောင်ရယ်
ခြေလှမ်း(၉၀) အလွန်ရယ်
နှင်းစက်ပိုးမျှင်တွေကြားကကချေသည်လေးရယ်
ရှိုက်ရယ်ခဲ့ကြဘူးတဲ့နေ့ရက်တွေရယ်........
သတိမရချင်ပါ။ အတိတ်ကို အတိတ်မှာထားခဲ့ပေမယ့် အတိတ်ရဲ့သဘောအရ ပစ္စုပ္ပန်ကိုလာထင်ဟပ်ပြီး အနာဂတ်ကိုတောင်လှမ်းမျက်စပစ်တတ်တာကြောင့်
တောင်စဉ်တွေအထပ်ထပ်ခြားသွားတာတောင် နာမည်ကကျန်ခဲ့တယ် *အတိတ်* တဲ့
ဂျူ
အတိတ်ရဲ့  အခန်းတိုင်းကို လှည့်လည်ဝင်စားသွားပါတယ်။
ကျွန်မ ရှိုက်ရယ်နေမိလေသလားမသိ ။...
နောက်ဆုံးပိတ် အိတ်နဲ့ လွယ် ...ရင်ထဲဖောက်ဝင်သွားပါတယ်။
မမရေ...
ဖတ်ပြီး...
ဘာမှပြောမရအောင်..ခဏဆွံ့အသွားခဲ့ပါတယ်...။
အတိတ်ဆိုတာ တိတ်ကိုမတိတ်နိုင်တဲ့ မိုးပါပဲ...
အမြဲလိုလို လိုက် ပါ အုံ့ ဆိုင်း နေ တဲ့
တိမ်ဆိုင်တွေကလဲ...အုံ့အုံ့ ခဲခဲ...
မရပ်မနား...သူတအားရွာချတဲ့ အခါမျိုးမတော့...
စိတ်တွေ နားခိုစရာမရှိ..ပေါ့..
အလွမ်းထဲ ရွှဲရွှဲစိုနေရတော့တာ...
တစ်ခါတစ်ခါ ဘ၀ကို ဗီဒီယိုတိတ်ခွေလို ကျော်ချင်တာတွေကို ကျော်ပစ်ပြီး ရစ်ချင်တာတွေကို ရစ်ကြည့်ချင်တယ် မမရယ်...
ချစ်ခင်လေးစားတဲ့
ညီမလေး
အိန္ဒြာ
ဒီအတိတ်
ဒီမိုး
ဒီအလွမ်း.....
ဒီတစ်သက်မမေ့ဘူး
ဒီကဗျာလေးကိုဖတ်တော့ ပိုတောင်လွမ်းသွားမိပါရဲ့...
မဆီမဆိုင် လွမ်းချင်ထပ်သွားတယ်....
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
(၁ ၂ ၃ ၄ ၅) ယူသူများကို ကျေနပ်ဖူး
ကဗျာဆရာမ သတင်းမပို့တာကို ကျေနပ်ဖူး
နက်မကောင်းတာကို ကျေနပ်ဖူး.....)
အဲလိုရေးလိုက်ရလို့ ကျေနပ်သွားတယ်
အဟိ
မမနော်
၂၀၀၂ကကဗျာလေးဆိုပေမယ့်
အရမ်းကောင်းတယ်
စာလုံးတစ်ချို့ မှတ်သွားတယ်နော်း)
ကျွန်တော် ဒီ ကဗျာ သဘောကျတယ် မနော်..
နှလုံးသား နဲ့ စိတ်
ကပ် ငြိ တွယ်နေသမျှ ...
အဲဒီအရာကို
မေ့နိုင်တဲ့ သူ မရှိလောက်ပါဘူးအစ်မ .....
မေ့ပြီဆိုရင်တောင် သတိရနေခြင်းတစ်မျိုးသာဖြစ်မယ် ..
ချစ်တဲ့ မနော်ရေ...
နှစ်ချို့ရာဇ၀င်တွေကို မတူးဖော်မိစေနဲ့
စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
မိန်ရာသီရဲ့နောက်ဆုံးနေ့တစ်နေ့...
ဘာလို့လည်းတော့ မသိဘူး မနော်ရာ..
ဒီနေရာလေးကို သိပ်သဘောကျတာပဲ..
ခင်လေးက (၁၃) ကို သိပ်ချစ်တာ
with love.....
အတိတ်က အမြဲခြောက်လှန့်နေတယ်နော်........
ကြေကွဲမှုတွေက .. ပိုးစိုးပက်စက် ဆိုတာက နည်းနည်းရိုးနေတယ်။ အဲဒါကလွဲရင် စကားလုံး သိပ်ကောင်းတယ်။ လျှို့ဝှက်ချက်တွေများပေမယ့် ခံစားချက်ကို မြင်နိုင်တယ်။
ကောင်းလိုက်တဲ့ ကဗျာလေး...။ ရေးတတ်လိုက်တာ..။ ခံစားချက်တွေနဲ့..။
ကဗျာလေးကိုအရမ်းသဘောကျတယ် အမရေ...
ကဗျာလေး ကောင်းတယ် မေခရေ..
အတိတ်က အရိပ်ကလေးတွေက လူတိုင်းမှာရှိနေကြမှာပဲနော်.
ကျန်းမာပျော်ရွှင်ပါစေ.
ဝါ
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
....
....
နှင်းစက်ပိုးမျှင်တွေကြားက၊ ကချေသည်
ကျွန်မ ရှိုက်ရယ်နေမိလေသလားမသိ ။
အိတ်ထဲ ကံဆိုးခြင်းတွေပဲ ထည့်လွယ်ခဲ့တယ်။
ခုတလော (၁၃)တွေသိပ်သုံးနေတယ်.. ဒါနဲ့ပတ်သက်လို့ အန်တီနော်ရေးဖူးတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပဲဖတ်ဖူးတာ.. အဲ့လောက်ထိ စာဆင်းရဲတာ.. နားမလည်တာတွေက
"စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
မိန်ရာသီရဲ့နောက်ဆုံးနေ့တစ်နေ့"
မသိလို့ရှင်းပြခိုင်းရင်လည်း စပ်စုတယ်လို့ပြောမှာနော်.. နေပါစေတော့လေ..
Post a Comment