Monday, January 11, 2010
ညဥ့်ငှက်
ညရောက်ပြီဆို..ကမ္ဘာတစ်ဖက်ခြမ်းက အလင်းကို
စိတ်နဲ့မှန်းမျှော်ဖမ်းယူကြည့်ရင်း..မျှော်လင့်ခြင်းတွေနဲ့ အရုဏ်ကျင်းကြည့်လို့။
နေ့ဆိုရင်တော့ ခြောက်ခြားဖွယ်သီချင်းတစ်ပုဒ်ကိုဆို
ကိုယ့်ကမ္ဘာခြမ်းက အလင်းကို ကိုယ်သံသယဖြစ်နေခဲ့။
ညရောက်ပြီဆို..ကမ္ဘာတစ်ဖက်ခြမ်းက အလင်းကို
စိတ်နဲ့မှန်းမျှော်ဖမ်းယူကြည့်ရင်း..မျှော်လင့်ခြင်းတွေနဲ့ အရုဏ်ကျင်းကြည့်လို့။
နေ့ဆိုရင်တော့ ခြောက်ခြားဖွယ်သီချင်းတစ်ပုဒ်ကိုဆို
ကိုယ့်ကမ္ဘာခြမ်းက အလင်းကို ကိုယ်သံသယဖြစ်နေခဲ့။
မနော်ဟရီ
၅၊သြဂုတ်၊၂၀၀၉
၅၊သြဂုတ်၊၂၀၀၉
နှုတ်ဆက်ချိန်
ည ၁၂ ရီထိုးတာနဲ့ ကောင်းသောညပါလို့
ကမ္ဘာတစ်ခြမ်းကို ကမ္ဘာတစ်ခြမ်းက နှုတ်ဆက်ပြီး
ကမ္ဘာတစ်ခြမ်းက အနွေးဓာတ်နဲ့
ကမ္ဘာတစ်ခြမ်းမှာ မီးလင်းဖိုလေးတစ်ဖိုနွှေးတဲ့အခါ
ကမ္ဘာတစ်ခြမ်းစီဟာ ..
(စိတ်ထဲမှာ)အတူယှဉ်တွဲနေထိုင်ကြတယ် ...။
Zephyr
၁၀၊သြဂုတ်၊၂၀၀၉
13 Comments:
ကဗျာ နှစ်ပုဒ်က ဘာလို့ Theme တူနေရတာလဲ ဗျာ....
(ကျွန်တော့်ကို ကျွန်တော် ဘာဖြစ်နေမှန်းမသိ)
ကျွန်တော့် စိတ်ကို တရစပ် တိုက်ခိုက်နေကြတယ်...
ပြီးတော့....မနော်ဟရီရဲ့ ကဗျာကို ဖတ်ရင် နေမျိုးကိုပဲ ပြေးပြေးမြင်နေတယ်.....လုံးချင်းတွေမှာ အဲလောက် မဟုတ်ဘူး..
နှုတ်ဆက်ချိန်ကတော့ ဖတ်ပြီးသား ကိုဇက်ရဲ့ ကဗျာလှလှလေးပါ...ညဥ့်ငှက်ကတော့ အခုမှ ဖတ်ရပါတယ်...။
ကဗျာလေးနှစ်ပုဒ် ဟာမိုနီဖြစ်တာ ယှဉ်တွဲ ခံစားမိပါတယ်..။
ဟုတ်ပ ဒေါ်မနော်ဟရီရေ
ကမ္ဘာတခြမ်းက အလင်းရောင် မျော်လင့်ခဲ့တာလည်း
နှစ်တွေ မရေတွက်နိုင်တော့ဘူး ကြာခဲ့ပေါ့ ---
လာလည်ပြီး ကဗျာလေးဖတ်သွားတယ်
ကိုယ့်ကမ္ဘာခြမ်းက အလင်းကို ကိုယ်သံသယဖြစ်နေခဲ့
..................................
..................................
..................................
လက်တံနှစ်ခုမိုးထိုးထိခိုက်တိုင်း
မျှော်လင့်စွာနွမ်းလျလိုက်ရပြီး
တဖန်တွေ့ဆုံချိန်ကို
အကြိမ်ကြိမ်ခြားကာအိပ်မက်နေရတယ်။ ။
ကိုဇက်ရဲ့ ကဗျာလေးကို မမကဗျာလေးနဲ့ ဖတ်ရတာ ရွှေချည်ငွေချည် ရောယှက်ထားသလိုပဲ ...
အရမ်းလှပါတယ်။
ပြီးတော့ ခံစားရလွန်းရဲ့။ =(
ကမ္ဘာနှစ်ခြမ်းထဲနဲ့ ကပ်ရှုပ်နေတဲ့ ကဗျာနှစ်ပုဒ်လုံး ဖတ်သွားပါတယ်ဗျ။
အလွမ်းတွေ ဖျတ်ကနဲ ကျကွဲသွားချိန်
စုံးစုံးချုပ်ကျသွားတဲ့ ပျော်ရွှင်မှုများ
ဘ၀ကို ဓါတ်ပုံလို ပုံတူကူးထားလိုက်ချင်ရဲ့
ခုတော့..
အပျော်တွေဟာ....
ရယ်မောသံထွက်ကျမလာနိုင်တော့တဲ့ ပုံရိပ်တွေပဲပေါ့
မမန့်ရင်မဖတ်ဘူးထင်မှာစိုးရတော့ မန့်ရတာပေါ့လေ
ကြာရင်သစ်ကုလားအုတ်လည်ပင်းစိတ်ဖြစ်တော့မှာပေါ့
ဟိုဖက်လှမ်းမျှော် ဒီဘက်လမ်းမျှော်
မျှော်ဘူးဟေ့ ရောက်အောင်သွားမယ်
စိတ်နဲ့ခရီးသွားရတာ မြန်တယ်ထင်ရပေမယ့် ဒဏ်ရာပိုရတယ်....ဒါဘဲဒါဘဲ
သတိရတယ်ဟေ့.....
ဂျူ
ကမ္ဘာ ...
လည်နေသမျှ
နေ့ဟာ ည
ညဟာ နေ့ ..။
သံသယ
မျှော်လင့်ချက်
အမှောင်
အလင်း ..
စိတ်ကိုစိတ်ချင်း ဖောက်ခဲ့တယ် ..။
ကြေကွဲနေတဲ့ကဗျာတပုဒ်ကို
ဖျတ်လတ်စွာနဲ့ကဗျာတပုဒ်က
အနွေးဓါတ်တွေကူးစက်ပေးလိုက်သလိုပဲ..
ခံစားလိုက်ရတာ...
စိတ်နဲ့ခရီးသွားရတာ မြန်တယ်ထင်ရပေမယ့် ဒဏ်ရာပိုရတယ်
မဂျုစကားနဲ့အတူ..
“ညဥ့်ငှက်” နဲ့ “နှုတ်ဆက်ချိန်
” ကို.... ဦးညွှတ်ရင်းး
စိတ်ကို စိတ်ချင်း နီးပစ်လိုက်တယ်ဗျာ...
ဝိဥာဉ်နဲ့  ကြိုးပြတ်သွားတဲ့ လူသား ... ။
Post a Comment