Sunday, September 28, 2008

လက်တမ်းပုံပြင်...တင်ပေးပါဆိုတဲ့ ဆရာလေး(မယ်သီလရင်တော့မဟုတ်ရှာဘူး)ညီလင်းဆက် အတွက်...
လက်တမ်းပုံပြင်
ရင်ကိုတောက်စားတတ်တဲ့ဖဲပွင့်တွေအကြောင်းကစ ရအောင်
“ချစ်တယ်”ဆိုတာတကယ်တော့“သေဆုံးခြင်း”တဲ့..
နားလည်သူတွေရဲ့ ခေါင်းတညိတ် ကိုပဲ လက်ခံမှာပါ..
အနာဂါတ်ဟာ ဘာအကြောင်း အရာမှရေးထိုး မထားတဲ့ စာရွက်တစ်ရွက် မှ မဟုတ်ပဲ
ခဲဖျက် ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ...
“မသေချာဘူး”ဆိုတဲ့ လူတွေကို ပြုံးကြည့်ရင်း
မျက်နှာကြော တွေ တောင် တင်းလာ လိုက်တာ
ကမ္ဘာဦးကျမ်းကြီး တောင် မြွေတစ်ကောင်နဲ့  အကြီးအကျယ် ပြသနာတက်လို့ ..
“ငါတို့ နောက်ဆုတ် ကြပါတော့လား”
ကိုယ့်ကိုကိုယ် ပြောတာတောင် ကြားအောင် မပြောရဲတဲ့ နောက်
ချောက်ကမ်းပါး ဆိုတာလည်း ဂန္ဓ၀င် ဂီတတစ်ပါး ပဲပေါ့
တစ်ခုပဲ…တစ်ခုပဲ…
ဒီနေ့ ထိ လူတွေ အယူလွဲနေတဲ့ “အချစ် အကြောင်း စစ်စစ်” ကို
ဘယ်လို လူကမှ သေချာမသိ လေတော့
လက်တမ်းပုံပြင် တွေ တလေတလွင့် ရေပန်းစားကျန်ခဲ့တာ… မဆန်းပါဘူး။
၂၀၀၃


4 Comments:
မ, ရေးသမျှ ကဗျာတွေထဲမှာ (ဖတ်ဖူးမိသမျှ) ဒီကဗျာကို အကြိုက်ဆုံးပါ။
လက်တမ်းပဲရေးလိုက်တယ် ကြိုက်ပါတယ် အမမနော်ဟရီ.....
သူတော်
မပန်နဲ့ တူတူပဲ :)
ထင်ရောင် ထင်မှားဖြစ်နေကြတဲ့ထဲမှာ...
ကျွန်တော်တို့လဲ သိသိကြီးနဲ့ပဲ
လက်ခံကျင့်သုံးနေမိကြတယ်...
အချစ်ဆိုတာ...
အကြိမ်ကြိမ် အခါခါ ထပ်ခါခါ ပေါက်ကွဲတက်တဲ့ သဘောသဘာဝရှိတယ်လို့တော့ ထင်တယ်ဗျာ...
အံ့ဘုန်းမြတ်
www.ahuntphonemyat.co.cc
Post a Comment