Saturday, September 27, 2008
သေတမ်းစာ
ငါ့ကိုပြန်ထွန်းညှိဖို့ မကြိုးစားပါနဲ့ တော့
ငါဟာတောင်စဉ်မရေမရာဖြစ်သွားခဲ့ပြီးပြီ..
ငါ့ရင်ဘတ်ကစောင်းကြိုးတွေကိုငါဖြတ်
ငါ့ကိုယ်ငါဇက်ကြိုးပြန်ပြန်တပ်နေရတယ်..
ငါ့ကိုယ်ငါ..ချုပ်သိမ်းငြိမ်းသတ်ဖို့ ကြိုးစားပြန်တော့လည်း
ငါ့အမှိုက်. .ငါ့သဲ..ငါ့ခဲတွေကငါ့ပဲပြန်စင်….
ငါ့မှာကကယ်တင်ခြင်းတပ်မရှိဘူး
ငါ့ရဲ့မိဝေးဖဝေးနှလုံးသားလေးထဲမှာ
ငါ့ဘာသာယက်ဖောက်ထားတဲ့ဘ၀ကွန်ယက်
ငါ့လက်မှာသွေးတွေထွက်လို့ ..။
ခင်ဗျားတို့ ဘယ်လိုအော်ခေါ်အော်ခေါ်
..တော်တော်နဲ့ ကြားနိုင်တော့မှာမဟုတ်ပါဘူး
အဆိပ်တွေစူးနစ်ထားတဲ့နာရီ
သက္ကရာဇ်တွေသိပ်ကြာသွားခဲ့ပြီးပြီ
ဇီဝကဆိုတာကလည်း..
ဒဏ္ဍာရီထဲမှာပဲဆေးစွမ်းနိုင်တာမျိုး…။
တစ်ခုပဲကူညီပေးကြပါ..
ငါသေဆုံးလွန်မြောက်သွားတဲ့အခါ
ငါ့လက်ထဲက..ငါမြတ်နိုးရာသရ၀ဏ်ကြယ်စုလေး
ငါ့ကောင်းကင်ဆီပို့ ပေးကြပါ..။
အဲဒီအခါ
ပြာရီမိုးမှုန်မိုးစက်တွေနဲ့ ရောနှော
ငါမပြောပြချင်တဲ့ငါ့ရဲ့ပုံပြင်
တောလမ်းလေးတစ်ခုမှာထင်ကျန်ခဲ့ရစ်ပါလိမ့်မယ်..။ ။
3 Comments:
ဒီကဗျာလေးကို တော်တော်ကြိုက်တယ်အမ။ ရင်ကိုတောက်စားတတ်တဲ့ ဖဲပွင့်လေးများဆိုတဲ့ လက်တန်းပုံပြင်လေးလည်း တင်ပါဦး။
မနော်
ကဗျာလေးကို ကြိုက်လိုက်တာ။ တို့က အခုမှ သိတယ်။ ကိုမောင်ရင် tag တုန်းက သူ့လင့်ခ်ကတဆင့် လာပါသေးတယ်။ လာလို့ကို မရလို့ လက်လျှော့လိုက်ရတယ်။ အခုမှ ကွန်မန့်မှာ လာရေးလို့ လာလို့ရခဲ့ပြီ။
ဖေးဖရိတ်ထဲ ထည့်လိုက်ပြီ၊ အမြဲလာဖတ်မယ်။
မေခရေ
ဒီသေတမ်းစာ - အင်း ရှင့်မှာတော့ ရေးခဲ့ဘို့အကြောင်းအရာလေးရှိလေရဲ့ ၊
ကိုယ့်မှာတော့ သေရင်တောင်ရေးခဲ့စရာ
ရှိနိုင်ပါ့မလား....................
ဂျူ
Post a Comment