Monday, September 29, 2008
ရေလွှမ်းမိုးခြင်း
အိပ်မက်တွေကို
ပင့်သက်လေးလေးတွေနဲ့ 
မှုတ်သိမ်းငြိမ်းသတ်လိုက်တဲ့အခါ
နိဗ္ဗာန်ဘုံဆိုတဲ့တံခါးဝမှာ
ငါဟာ..အပြီးတိုင်ပြာကျလို့ ။
ဆိုကြပါစို့ 
ငါတို့ မိုးလည်းရွာခဲ့ပြီးကြပြီ
လူသတ်သမားတွေနဲ့ လည်းဖက်လှဲတကင်း
မျှော်လင့်ခြင်းအသေတွေကိုနှိုးဆွ
မငြိမ်းချမ်းခဲ့ကြတဲ့အချိန်မှာ
မုန်တိုင်းကရောက်လာတယ်..။
ဘာများတတ်နိုင်ကြလို့ လဲ
ငါတို့ ရဲ့ မွေးရာပါနှလုံးသားတွေကိုထုတ်
အလံဖြူလုပ်ပစ်ရတာနှမျောစရာ..။
မင်္ဂလာပါငှက်ကလေးရေ
မင်းပျံသန်းတဲ့အခါ ငါတို့ ကိုသတိရပါ..
ငှက်တွေသာပျံသန်းနိုင်တဲ့လမ်းကြောင်းမှာ
တရေးရေးဖြတ်သန်းဆုတ်ခွာခဲ့ရတဲ့ပြာမှုန်များ
သင့်အားလက်ပြနှုတ်ဆက်
တစ်နေ့ ..ငါတို့ ဆက်ဆက်ပြန်လာခဲ့ကြမယ်..။
နောဧ သဘောင်္ကြီးကမ်းပြန်ကပ်တဲ့နေ့ မှာပေါ့..။
2 Comments:
အရမ်းကောင်းတယ်... ရင်ဘတ်ကို လာထိပါတယ်... ပထမဦးဆုံး လာလည်တာပါ... ဒီလိုကဗျာမျိုးတွေ ရှိတာ အသိနောက်ကျတဲ့အတွက် ကိုယ့်ကိုယ်ကို ဒေါကန်မိပါတယ်.. မတောက်တခေါက်ဥာဏ်နဲ့ အကြံပေးရရင် ခေါင်းစဉ်လေးတစ်ခုပဲ... ခေါင်းစဉ်ကို ဒီ့ထက်ပို စိတ်ဝင်စားအောင် ပေးနိုင်ရင်...
အားလုံးခြုံရရင် တကယ်ကို ကောင်းတဲ့ကဗျာတစ်ပုဒ်ပါ...
ကျေးဇူးတင်ပါတယ်
ကျွန်မကခေါင်းစဉ်ပေးညံ့တယ်
အဲဒါတကယ်ပါ...
Post a Comment