ဂျွန်လ၏မိုးရေများ

Friday, October 24, 2008

သဗျစ်သီးများမီးလောင်ခြင်း
အစိမ်းရောင်ရဲရဲ၊သရက်ပွင့်တို့အရိပ်မှာ
ခင့်နှုတ်ခမ်းကိုကိုက်စုပ်ပြီး
သစ်တော်သီး၊သကြားသီး
သြဇာသီး၊စတော်ဘယ်ရီသီး
မာလကာသီးတွေခူးနေကြတယ်။

ဒီအချိန်မှာ၊ဆိုဗီယက်ကလား
အမေရိကန်ကလား၊အနုမြူများဖြန့်ကျဲလိုက်ရာ
ဂင်္ဂါမြစ်၊ဆန်ဖရန်စစ္စကိုတံတား
ဘီတယ်လ်ဓါတ်ပြားကုမ္ပဏီ၊ပီကင်း
ချင်းတောင်တန်း၊အနော်ရထာလမ်း
တို့ချစ်သူနှစ်ဦး၏အနမ်းများ
မီးခိုးမှိုင်းကြား၊အဆိပ်ငွေ့ ကြား
ပျောက်ဆုံးသွား။

သိဒ္ဓတ္ထလှိုင်


0 Comments: