ဂျွန်လ၏မိုးရေများ

Saturday, October 25, 2008

ပေါင်မုံ့စားသူများအကြောင်း

နက်စကဖီးရယ်
ရှယ်နယ်နံပါတ်ငါးရယ်
စတော်ဘယ်ရီပင်ရယ်
သင်တို့ကိုကျွန်ုပ်လေးစားပါတယ်။

သင်တို့ရဲ့ အရှင်သခင်“လူ”တွေကတော့
“ဘယ်ရီကရင်းလိမ်းရတယ်”
“ဆံပင်တိုတိုညှပ်ရတယ်”
“ကောလိပ်ပညာတတ်ရတယ်”
“ဘုရားရှိခိုးရတယ်”
“ရွန်နယ်လ်ကားစီးရတယ်”
“ဗက်၆၉သောက်ရတယ်”
ဒီစာတမ်းတွေရှေ့ မှာပြပြီး
ဒေါသဖြစ်ကြ အတင်းပြောကြ
အနာလိုကြ၊စိတ်ထားညစ်ကြ
ဒီလိုနဲ့စစ်ဆိုတာဖြစ်လာကြတယ်။
သိဒ္ဓတ္ထလှိုင်


0 Comments: