ပညာသင် ထောက်ပံ့ကြေး

Sunday, July 1, 2012


၂၀၁၀ တုန်းက ဆေးကျောင်းသူလေး နှစ်ယောက်အတွက် ဘလော့ခ်ကနေ ပညာသင် ထောက်ပံ့ကြေး လှူချင်သူတွေ ရှိရင် လှူဖို့ ဆော်သြပေးခဲ့ပါတယ်။ အဲဒီ နှစ်ယောက်လုံးပဲ ချက်ချင်းဆိုသလို အလှူရှင် ရသွားကြတယ်။ သက်ထားမွန် ဆိုတဲ့ တစ်ယောက်ကို အလှူရှင် တစ်ဦးတည်းက တာဝန်ယူသွားတဲ့အတွက် ကျွန်မ သိပ်ပြီး အလုပ်မရှုပ်လိုက်ပါဘူး။ နောက်တစ်ယောက် အေးသူဇာမိုးကိုတော့ ကျွန်မဆီ ဝင်လာတဲ့ အလှူရှင် ၃ဦးဆီက အလှူငွေတွေကို လစဉ်စုပြီး ဘဏ်က လွှဲပေးပါတယ်။
အဲဒီအလှူရှင်သုံးဦးထဲက တစ်ဦးလျော့သွားတဲ့တာ ၆လလောက်ရှိတော့မယ် ထင်ပါတယ်။ အဲဒိအတွက် တစ်စုစာ သုံးသောင်း လိုနေပါတယ်။ ခု သက်ထားမွန်ကို လှူနေတဲ့ အလှူရှင်ကလည်း အကြောင်းကြောင်း ကြောင့် ဆက်မလှူနိုင်တော့တဲ့အတွက် သူမတစ်ယောက်စာလည်း လိုနေပြန်ပါတယ်။ ကလေးမိဘတွေ လည်း စိုးရိမ်စိတ်နဲ့ ကျွန်မဆီ လှမ်းပြီး အကြောင်းကြားပါတယ်။ ဒါကြောင့် ကျွန်မ သူတို့အတွက် ပြန် အလှူခံဖို့ ဒီပို့စ်ကို ရေးပါတယ်။
သက်ထားမွန်အတွက် လိုအပ်တာကတော့ တစ်လ တစ်သိန်းပါ။
အရင်တင်ထားတဲ့ စားရိတ်ကို ဒီပို့စ် http://www.the-art-of-manorhary.com/2010/05/blog-post_05.html  မှာ ကြည့်နိုင်ပါတယ်။
အေးသူဇာမိုး လိုအပ်တာကတော့ တစ်ပုံစာ တစ်လ သုံးသောင်းပါ။
အဲဒါကို တတ်နိုင်သလောက် စုပေါင်းလှူလိုက်ကြရင် ပြည့်သွားမယ်လို့ ယုံပါတယ်။
ဆက်သွယ်ဖို့ကတော့ ကျွန်မ email .. manorhary@gmail.com  ကို ဆက်သွယ်နိုင်ပါတယ်။ 


ပညာသင်ထောက်ပံ့ကြေး နောက်ဆက်တွဲ

Wednesday, May 19, 2010


ပညာသင်ထောက်ပံ့ကြေး နောက်ဆက်တွဲ

ကျောင်းသူလေး နှစ်ယောက်ထဲက သက်ထားမွန်အတွက် လစဉ် တာဝန်ယူမယ့် အလှူရှင်တော့ ရသွားပါပြီ။ ကိုရီးယားနိုင်ငံက ကိုကျော်သူရနဲ့ဇနီးဆွေဆွေဝင်းတို့ပါပဲ။ ကျွန်မလည်း ကလေးတွေကိုယ်စားရော မိဘ တွေ ကိုယ်စားရော ဝမ်းလည်းသာ ကျေးဇူးလည်းတင်ပါတယ်။ အားလုံးလည်း သာဓုခေါ်စေချင်ပါတယ်။ ကျန်တဲ့ အေးသူဇာမိုးအတွက်ကတော့ ကျွန်မလက်ထဲ ရောက်နေတဲ့ ကိုအောင်(ပျူနိုင်ငံ)တို့မိသားစု ဆီက အလှူငွေ၊ ဖြိုးဖြိုး ၊ အိန္ဒြာ ၊ Zephyr နဲ့ ကျွန်မတို့ ဆီက အလှူငွေတွေပေါင်းပြီး လစဉ် ပို့နိုင်အောင် လုပ်သွားမှာပါ။ အဲဒီထဲက လစဉ် သုံးပုံတစ်ပုံအလှူငွေကို Zephyr က တစ်ပုံ၊ ကိုရီးယားနိုင်ငံက ကိုစိုးသက်ပိုင်က တစ်ပုံ ၊ကျန်တဲ့သုံးပုံတစ်ပုံကို ကျွန်မ ၊ အိန္ဒြာနဲ့ တခြားအလှူရှင်တွေရသလို ပါဝင်သွားမှာ ဖြစ်ပါတယ်။




ပညာသင့်ထောက်ပံ့ကြေး နောက်ဆက်တွဲ

Saturday, May 15, 2010

ပညာသင့်ထောက်ပံ့ကြေး နောက်ဆက်တွဲ


ပညာသင်ထောက်ပံ့ကြေးအတွက် လောလောဆယ် ရရှိထားတဲ့ အလှူငွေကတော့


၁။ ကိုအောင်(ပျူနိုင်ငံ)နဲ့ မခိုင်ခိုင်ဦး တို့ဆီက အလှူငွေ ကျပ် တစ်သိန်း
၂။ Zephyr အလှူငွေတစ်သိန်းကျပ် ( လစဉ် ကျပ်၃၅၀၀၀)
၃။ အိန္ဒြာ လစဉ် ၁၀၀၀၀ကျပ်
၎။ နိုဘယ်မိုး SGD 50


ကျန်တဲ့သူတွေဆီကတော့ confirm မရသေးပါဘူး။ ကိုရီးယားက အလှူရှင် တစ်ယောက်ကလည်း တစ်ယောက်စာတာဝန်ယူမယ်လို့ ကမ်းလှမ်းထားပါတယ်။ ကိုထွန်းဝေမြင့်နဲ့ ချိတ်ပေးပြီး သေချာပြီဆို ကျွန်မ ဒီကနေ တင်ပေးပါမယ်။ နောက်ထပ် အလှူရှင်တွေလည်း ဆန္ဒရှိပေမယ့် အဆက်အသွယ်ခက်ခဲနေပါသေးတယ်။ confirm ဖြစ်သမျှကို ဖြစ်တာနဲ့ တင်ပေးသွားပါမယ်။ လစဉ်လှူချင်တဲ့သူများရှိရင်လည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ တစ်ခါတည်းပဲ လှူလို့မရဘူးလားလို့မေးတဲ့သူတွေလည်းရှိတဲ့အတွက် မိမိတို့အဆင်ပြေသလိုလှူဒါန်းနိုင်ကြောင်း အသိပေးချင်ပါတယ်။


ပညာသင်ထောက်ပံ့ကြေး

Wednesday, May 5, 2010


ပညာသင်ထောက်ပံ့ကြေး



ကဗျာတွေရေးတဲ့ ပန်းချီတွေဆွဲတဲ့ ကဗျာဆရာကိုထွန်းဝေမြင့်က ကျွန်မကို အကူအညီ တစ်ခု တောင်းလာပါတယ်။ အဲဒါကတော့ မကွေး ဆေးတက္ကသိုလ်က ပညာထူးချွန်တဲ့ ကျောင်းသူနှစ်ဦး အကြောင်းကြောင်းတွေ အခက်အခဲတွေကြောင့် ကျောင်းဆက် မတက် နိုင်တော့တဲ့အတွက် ပညာသင် ထောက်ပံ့ကြေးများရနိုင်မယ် ဆိုရင် ပညာဆက်သင် နိုင်မှာမို့ တစ်ခုခုကူညီပေးပါ လို့ဆိုပါတယ်။ အမှန်က ဒါ မအိန္ဒြာ ဆီက လာတဲ့ အကျိုးဆက်ပါ။ သူနဲ့ကျွန်မတို့ လုပ်ခဲ့တဲ့ အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ မိဘမဲ့ ကလေးတွေအတွက် အလှူငွေကြောင့် ဒီလိုခက်ခဲတဲ့သူတွေကိုလည်း ကူညီပေးဖို့ အကူအညီ တောင်းလာတာလို့ ကျွန်မက မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ကူညီချင်ပါတယ်။ ကိုယ်တိုင် မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့သူတွေဆီကနေ တဆင့် ကူညီချိတ်ဆက်ပေးချင်ပါတယ်။ ဒါကြောင့် ဒီပို့စ်ကလေးကို ဒီကလေးမ နှစ်ယောက် အတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။
ပထမတစ်ယောက်က အေးသူဇာမိုးဖြစ်ပါတယ်။ တောင်တွင်းကြီး အမကကျောင်းက အလယ်တန်းပြ ဆရာမ တစ်ယောက်ဖြစ်တဲ့ ဒေါ်သန်းသန်းအေးရဲ့ သမီး ဖြစ်ပါတယ်။ ဆယ်တန်းကို ၂၀၀၈ ခုနှစ်က ဂုဏ်ထူး ငါးဘာသာနဲ့ အောင်မြင်ခဲ့ပြီး အမှတ်ပေါင်း ၅၀၀ နဲ့ မကွေး ဆေးတက္ကသိုလ်မှာ ဝင်ခွင့် ရခဲ့ပါတယ်။ ခု ဒုတိယနှစ် ရောက်နေပါပြီ။ ကျောင်းဆက်လက် တက်နိုင်ဖို့ မိခင်ဖြစ်သူ အလယ်တန်းပြ ဆရာမ တစ်ဦးတည်းရဲ့ ဝင်ငွေနဲ့ မဖြစ်နိုင်တာမို့ ပညာသင်ထောက်ပံ့ကြေး လိုအပ်နေသူ ဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ မသက်ထားမွန် ဖြစ်ပါတယ်။ သူ့အမေကလည်း အလယ်တန်းပြ ဆရာမ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမ ဖခင်ကတော့ ဦးခင်မောင်မြင့် ဖြစ်ပြီး စိုက်ပျိုးရေးဆေးပစ္စည်းတွေ ရောင်းချတဲ့အလုပ်ကိုလုပ်ရာမှာ အရှုံးပေါ်ပြီး လုပ်ငန်း ရပ်ဆိုင်းလိုက်ရတဲ့အတွက် ကျောင်းပညာဆက်လက်သင်ကြားဖို့အတွက် ပညာသင် ထောက်ပံ့ကြေးလိုအပ်သူ ဖြစ်ပါတယ်။ သူမကတော့ တတိယနှစ်မှာ ပညာသင် ကြားနေပြီး ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူး အမှတ်ပေါင်း ၄၈၅မှတ်နဲ့ အောင်မြင် ထားခဲ့တာ ဖြစ်ပါတယ်။
အေးသူဇာမိုးအတွက် ပညာသင်ထောက်ပံ့ကြေး လိုအပ်တဲ့ကာလက
ဒုတိယနှစ် (၁)နှစ်
တတိယနှစ် (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(က) (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(ခ) (၁)နှစ်
အလုပ်သင် (၁)နှစ်
စုစုပေါင်း ငါးနှစ်စာ လိုအပ်မှာဖြစ်ပြီး တစ်လကို ကျပ်တစ်သိန်း လိုအပ်ပါတယ်။
အဆောင်ကြေး ၁၅၀၀၀
ထမင်းလခ ၆၀၀၀၀
ဖယ်ရီကားခ ၄၀၀၀
ကျောင်းလခ ၁၀၀၀
စာအုပ်စာတမ်းနှင်
အထွေထွေ ၂၀၀၀၀
စုစုပေါင်း တစ်သိန်းကျပ် (၁၀၀၀၀၀) တိတိ ဖြစ်ပါတယ်။

မသက်ထားမွန်အတွက်ကတော့
တတိယနှစ် (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(က) (၁)နှစ်
နောက်ဆုံးနှစ် အပိုင်း(ခ) (၁)နှစ်
အလုပ်သင် (၁)နှစ်
စုစုပေါင်း လေးနှစ်စာ လိုအပ်မှာဖြစ်ပြီး မအေးသူဇာမိုးလိုပဲ တစ်လ ကျပ် တစ်သိန်း ဖြစ်ပါတယ်။

ပညာသင် ထောက်ပံ့ကြေး လှူဒါန်းလိုသူတွေ အနေနဲ့ ကျွန်မ ကို တိုက်ရိုက် ဆက်သွယ် နိုင်သလို တခြားနိုင်ငံက လှူဒါန်းလိုသူတွေအနေနဲ့
Myanmar
manorhary@gmail.com,
သီတာဝင်း

အမှတ် ၁၂၇ - ၄၃လမ်း ရန်ကုန်

၁၂/မရက (နိုင်) ၁၁၄၇၄၆

ဖုန်း ၂၅၆၆၉၅
Singapore

eaindra.mm@gmail.com,
henrynawaung@gmail.com
Malaysia
craton1990@gmail.com,
US
untamed.pathbreaker@gmail.com


စတဲ့မေးလ်တွေကို ဆက်သွယ် လှူဒါန်း နိုင်ပါတယ်။

တောင်တွင်းကြီးကို တိုက်ရိုက် ဆက်သွယ်ချင်တယ်ဆိုရင်တော့
၀၆၃ - ၅၀၈၃၃ ဒေါ်လှလှညွှန့် နဲ့
၀၆၃ - ၅၀၀၈၇ ဒေါ်သန်းသန်းအေး တို့ဆီလည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ဆက်သွယ်မေးမြန်းဖို့အတွက်ကိုတော့
၀၉၅၁၉၁၆၇၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။