ဂျွန်လ၏မိုးရေများ

Saturday, October 25, 2008

ဆေးလိပ်မီးခိုးများကိုစက္ကူအိတ်ထဲထည့်ခြင်း

နောက်သုံးနှစ်မှာ
ငါဟာဘာဖြစ်မလဲ။

ဖင်မလီယာပိုင်ရှင်လား။
ဂျိန်းဖောင်ဒါရဲ့ ခင်ပွန်းလား။
လဖက်ရည်ဆိုင်အလုပ်သမားလား။
လန်ဒန်သဗျစ်ခြံကသူဌေးလေးလား။
ဗီယက်နမ်တော်လှန်ရေးရဲဘော်လား။
အစိုးရအကျဉ်းသားလား။
အင်ဒီရာဂန္ဒီရဲ့ အတွင်းရေးမှူးလား။

နောက်သုံးနှစ်မှာ
ငါဟာဘာဖြစ်မလဲ
ဘာဖြစ်မလဲ။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ - နောက်ဆုံးပို့စ်

ဖြည့်စွက်ဖတ်ရှုပါ

မိုးရေတွေထဲမှာဆိုတဲ့မာတိကာအညွှန်းမှာ“တနင်္ဂနွေတခုရဲ့ ခံစားမှု”
ကျန်ရစ်ခဲ့တဲ့အတွက်ဖြည့်စွက်ဖတ်ရှုပါရန်။

ပုဂံစာအုပ်တိုက်မှစီစဉ်ပေး၊ဖြန့်ချီပေးပါတယ်။

ဤတွင် “ဂျွန်လ၏မိုးရေများ”ပြီး၏..။


ဂျွန်လ၏မိုးရေများ

စိတ်ကူးထဲကချိုချဉ်များ

ကျနော်လိုချင်တာ
သုံးခုရှိပါတယ်။

မေရှင်ရဲ့ ပျို့ မှာတမ်းဓါတ်ပြား။
ပီကာဆိုရဲ့ ပန်းချီကားတချပ်။
၃၁လမ်းကဂွက်ထော်။

ကျနော်မလိုချင်တာသုံးခုကတော့
နစ်ဆင်၊သူ၏လမ်းစဉ်နဲ့
ငြိမ်းချမ်းရေး။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

အရက်ဆိုင်မှထခဲ့ပြီးနောက်

“ဂျက်ကလင်း”ဟာ
“အိုနာစစ်”နဲ့ 
နှုတ်ခမ်းချင်းနမ်းစုပ်နေပါစေ။

မင်းဟာ
မာရ်စကာဘရန်ဒီ
စဲလ်မီစီးကရက်
ဖီးယက်လိမ်မော်ရောင်
ဖူဂျီတောင်ပြာ
ချီကာဂိုနိုင်လွန်
ရှောင်ကွန်နရီရဲ့ ရုပ်ရှင်ရိုက်ခတို့ထက်
တန်ဖိုးရှိအချိန်များမှာ
အလုပ်တစ်ခုအားလုပ်ပါ
ဘာကြောင့်
ဂျက်ကလင်းရဲ့ အတင်းပြောနေတာလဲ။

ပီးတော့၊ငါနဲ့မင်းလဲ
“ဂျက်ကလင်း”ကိုရမယ်ဆိုရင်
လိုချင်ကြတာပဲမဟုတ်လား။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

ပေါင်မုံ့စားသူများအကြောင်း

နက်စကဖီးရယ်
ရှယ်နယ်နံပါတ်ငါးရယ်
စတော်ဘယ်ရီပင်ရယ်
သင်တို့ကိုကျွန်ုပ်လေးစားပါတယ်။

သင်တို့ရဲ့ အရှင်သခင်“လူ”တွေကတော့
“ဘယ်ရီကရင်းလိမ်းရတယ်”
“ဆံပင်တိုတိုညှပ်ရတယ်”
“ကောလိပ်ပညာတတ်ရတယ်”
“ဘုရားရှိခိုးရတယ်”
“ရွန်နယ်လ်ကားစီးရတယ်”
“ဗက်၆၉သောက်ရတယ်”
ဒီစာတမ်းတွေရှေ့ မှာပြပြီး
ဒေါသဖြစ်ကြ အတင်းပြောကြ
အနာလိုကြ၊စိတ်ထားညစ်ကြ
ဒီလိုနဲ့စစ်ဆိုတာဖြစ်လာကြတယ်။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

ရွှေဝါရောင်သရက်သီး၏နောက်ဆုံးအချိန်

သရက်သီးရွှေဝါရောင်ငဲ့
စိမ်းမှောင်ရွက်ရင့်၊သရက်ပွင့်တို့ကြားမှ
သင့်ကိုခူးရပါတော့မည်။

ခွင့်လွှတ်ပါ
မျက်နှာလှသူ၊အသဲလှသူ
ငွေဖြူရောင် “ခရစ်”နှင့်
ကျွန်ုပ်ချစ်သူစားရန်
သင့်အားခူးရပါတော့မည်။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

အိမ်ဖြူတော်အပ်နှင်းခြင်း

သင်ဟာအညတြတဦးပါ
သင် “နစ်ကဆင်”ရဲ့ “သမ္မတ”ရာထူးရတဲ့အခါ
ဗော်ယဂါအနီ၊ကာဆီနိုပွဲရုံ
ဥရောပသက်တန့်ရောင်စုံ
ရန်ကုန်ညနေခင်း၊ဟန်ဂေရီမြို့ တော်
မော်စကို “ညဖြူ”များအား
လှပစေမလား၊ဗုံးကြဲပစ်မလား
သင်ဟာ“ဟစ်တလာ”ရဲ့ ဖခင်ဖြစ်မလား။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

တနင်္ဂနွေတခုရဲ့ ခံစားမှု
လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။

ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ကရီရတယ်။

နှင်းဆီမလေးရဲ့ အပြုံးများဟာ
ငါ့ကိုဖမ်းစားသွားခဲ့တယ်။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

လှပတဲ့ရပ်ကွက်များ
အမိုးနီနီအိမ်များ
ရေဒီယိုတေးသံများ
ရှမ်ပိန်ရောင်မီးပွင့်များ
စန္ဒယားရောင်လမ်းမများနဲ့
ခမ်းနားပေ့မြို့ တော်ရဲ့ ရပ်ကွက်များ။

ရပ်ကွက်မှာနေသူများကား
အရက်သမား၊ဖဲသမား
ဖုရားလူကြီး၊မြို့ သူဗိုလ်ကတော်
ဗိုက်သားပေါ်တဲ့အရာရှိမယားငယ်နဲ့
အခြားဟန်ဆောင်ကောင်းကြသူများ။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

ငှက်ပျောသီးစားသူသို့

လမ်းမအနက်ရောင်ပေါ်မှာ
ငှက်ပျောခွံမပစ်ပါနဲ့။

ဆူကာနို၊နစ်ဆင်
ဂျွန်ဆင်၊ဒေါက်တာနိုး
ဘားဒိုး၊ဂိုးလ်ဖင်းဂါးတို့
နင်းမိသွားလျှင်အရေးမကြီးပါ။

ဇီးသီးရောင်းသူလေး
ဆေးလိပ်သမလေး၊ကျေးရွာသူလေး
မြို့ ကျောင်းသူလေးများ
နင်းမိသွားလျှင်သနားစရာ။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

လဖက်ရည်တခွက်
ငွေလရောင်ခြည်ကို
ချစ်သူ့ထမီထဲမှာထည့်ချင်တယ်။

ဆိုဖီယာလိုရင်းနှုတ်ခမ်းကို
နမ်းစုတ်ချင်တယ်။

အားလုံးအာသာပြေအောင်
လဖက်ရည်တခွက်ပဲ သောက်လိုက်ပါတယ်။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

နံနက်ရှုခင်း

နှင်းဆီရောင်နေမင်း
နံနက်ခင်းမှာစိမ်းလန်းနေတယ်။

ဘ၀ဟာ
ဂင်ဇာလမ်းမလား
ချက်စတာဖီးစီးကရက်လား
တက်နေ၀င်းလဖက်ရည်ဆိုင်လား
ဟနွိုင်တိုက်ပွဲလား၊ပဲရစ်မြို့ တော်လား
ကော်နီဖရန့်စစ် တေးသံလား
အတွေးများလှုပ်ရှားနေတယ်။

ဟော၊မြောက်ဖက်လမ်းမှာ
သရက်သီးသည်တောသူမလေး
မြို့ ကကျောင်းသူမလေး
အဖြူ၊အညို၊အပြာ၊အ၀ါ
အင်း ဒါဟာ ဘ၀ပေါ့။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

ငရုပ်သီးဟာသကြားလုံးမဟုတ်ပါ
ရွှေဆံတော်ဘုရားမှာ
ခြင်္သေ့ရုပ်ဟာထိုင်နေတယ်။

သင်ဟာ ကမ္ဘာထဲမှာ
မာမာအေးတေးသံ၊ဂျပန်ချယ်ရီ
နှင်းဆီရောင်မာဇဒါ၊ဧရာဝတီည
ဆစ်ဒနီဂျုံခင်း၊စပရင်းရာသီ
အီတလီအပျိုမနဲ့
အလှအပပစ္စည်းတွေချည်း
ရှိစေချင်ရင်
သင်ငါပြောသလိုလုပ်ပါ။

ရွှေဆံတော်ဘုရားကခြင်္သေ့ရုပ်ကို
မြေမှာလဲကျအောင်
သင့်ရဲ့ လက်သီးနဲ့ထိုးပါ
ခြင်္သေ့ရုပ်ဟာလဲကျသွားရင်
သင်ဖြစ်ချင်တာ
တွေဖြစ်လိမ့်မယ်လေ။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

ပိုက်ဆံမရှိသောနေ့များ

စီးကရက်တစ်လိပ်
ပေါင်မုံ့တလုံး၊လဖက်ရည်တခွက်ပဲ
တမ်းတပါတယ်။

မာဇဒါ၊ရီကော်တာ
မန္တလေးဘီယာ
ဒေါက်တာဇီဗားဂိုးရုပ်ရှင်
တင်တင်လှရဲ့ တေးဂီတများ
သတိမရနိုင်ပါ။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

လဖက်ရေ

စီးကရက်တလိ

စီးကရက်
လဖက်ရေ
ပေါင်မုံ့

စီးကရက်


ဇဒါ၊ရီကော်တာ၊ဘီယာ၊ဇီဗားဂိုးရုပ်ရှင်၊တင်တင်လှ၊ပုလဲ၊ရှိုးဒေါင်း၊နစ်ကဆင်၊ ၁/၈ ဒေါ်လာ၊မာဇဒါ၊ရီကော်တာ


သိဒ္ဓတ္ထလှိုင်


ကဗျာကစီထားပုံက အဲလိုကြီးတော့မဟုတ်ဘူး။ဒါပေမယ့် အနီးစပ်ဆုံးတူအောင်တော့စီပေးလိုက်တယ်။
ဖိုတိုရှော့နဲ့သေချာလုပ်ကြည့်ပြီးရရင်ထပ်တင်ပါဦးမယ်။ခုတော့ ကျော်ကသွားချင်တာနဲ့ ..


ဂျွန်လ၏မိုးရေများ

Friday, October 24, 2008

အခန်းကျဉ်းထဲကလူသုံးဦး

“ရောဘတ်ကနေဒီ”ဟာ
ဆာရ်ဟန်ရဲ့ ကျည်ဆန်နဲ့သေခဲ့တယ်။

“ဂိုးလ်ဖင်းဂါး”ဇာတ်ကားထဲမှာ
“ရှယ်လီအီတန်”ဟာ
ရွှေရည်သုတ်ပြီးအသတ်ခံရတယ်။

မိန်းမရဲ့ အနမ်းများက
“ပုသျှကင်”ကိုသေစေခဲ့တယ်။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

ပန်းသီးနီနီဖြစ်ချင်တယ်

ပန်းသီးနီနီဟာ
ငါဖြစ်ချင်တယ်။

ဟာဝေယံကျွန်းကိုမသိဘူး။
ဘားဒိုးကိုမသိဘူး။
မာတနီကိုမသိဘူး။
အင်ဒိုချိုင်းနားကိုမသိဘူး။
ဆိန်းမြစ်ကိုမသိဘူး။
အစိမ်းရောင်ကောင်မလေးကိုမသိဘူး။

ပန်းသီးပင်အောက်မှာ
ဝေဒနာတွေကိုထားခဲ့မယ်။
သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

ဟိုနိုလူလူမှာကုန်စုံဆိုင်လေးဖွင့်မယ်
ဟိုနိုလူလူမှာ
နာနတ်ဝိုင်၊မလိုင်ချောကလက်
ဝက်သားစည်သွပ်ဗူး၊ကော်ဖီဗူး
ပစ္စည်းထူးထူးဆန်းဆန်းလေးတွေရောင်းဖို့
ဝါရွှေညိုနီဆေးရောင်စုံနဲ့
ကုန်စုံဆိုင်လေးဖွင့်မယ်။

ဗီသိုဗင်
လီနင်၊ဂျက်ကလင်း
နေမင်းအောက်ကပြည်သူများဘို့
မရီကြပါနဲ့၊ဒါဟာ
နီလာရည်၊စိန်ရည်၊မြရည်လူးတဲ့
စိတ်ကူးထဲကရည်ရွယ်ချက်လေ..။

သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

မာရီလင်မွန်ရိုးသို့တမ်းခြင်း

“ဆင်းရဲခြင်းကဒုက္ခ”တဲ့။

နီလာရောင်ရေချိုးခန်း
ပဲရစ်ရေမွှေးဖြန်းထားသောပန်းခြံ
မရမ်းရောင်ရှန်ပိန်၊ရေခဲစိမ် “မာတီနီ”
ငွေခြည်ရောင်ရေခဲသေတ္တာတို့ကြားမှာ
အဆိပ်သောက်သေဆုံးသွားသော
ဟောလီးဝုဒ်၏ကြယ်ပွင့်အပြာ
အို၊မာရီလင်မွန်ရိုး။

“ချမ်းသာခြင်းမှာ
ဘာဒုက္ခများတွေ့ခဲ့သလဲ” ။


သိဒ္ဓတ္ထလှိုင်


ဂျွန်လ၏မိုးရေများ

သဗျစ်သီးများမီးလောင်ခြင်း
အစိမ်းရောင်ရဲရဲ၊သရက်ပွင့်တို့အရိပ်မှာ
ခင့်နှုတ်ခမ်းကိုကိုက်စုပ်ပြီး
သစ်တော်သီး၊သကြားသီး
သြဇာသီး၊စတော်ဘယ်ရီသီး
မာလကာသီးတွေခူးနေကြတယ်။

ဒီအချိန်မှာ၊ဆိုဗီယက်ကလား
အမေရိကန်ကလား၊အနုမြူများဖြန့်ကျဲလိုက်ရာ
ဂင်္ဂါမြစ်၊ဆန်ဖရန်စစ္စကိုတံတား
ဘီတယ်လ်ဓါတ်ပြားကုမ္ပဏီ၊ပီကင်း
ချင်းတောင်တန်း၊အနော်ရထာလမ်း
တို့ချစ်သူနှစ်ဦး၏အနမ်းများ
မီးခိုးမှိုင်းကြား၊အဆိပ်ငွေ့ ကြား
ပျောက်ဆုံးသွား။

သိဒ္ဓတ္ထလှိုင်