စိတ်နဲ့မမီနိုင်သောအရပ်

Tuesday, September 29, 2009


စိတ်နဲ့မမီနိုင်သောအရပ်

တယ်လီဖုန်းမြည်သံတွေ…..အဆက်မပြတ်..
(လက်ခံမယ့်သူမရှိ)
စောင်းကြိုးပြတ်တဲ့အသံတွေလွင် …
တောင်စဉ်တွေအထပ်ထပ်ခြားခဲ့ပြီလား...

မေးထူးခေါ်ပြောတောင်လုပ်လို့မရတဲ့ကမ္ဘာ
အသံတွေကိုဆာလောင်မွတ်သိပ်လာတယ်
ဆက်သွယ်မှုဧရိယာရဲ့ပြင်ပမှာ
စာပို့သမားတွေလည်းမရှိကြဘူး။

စိတ်တွေကိုပို့လွှတ်လိုက်တဲ့အခါ
ပြန်လင်းတန်းတွေပျောက်ဆုံးလာခဲ့
လမ်းခုလပ်က နတ်ဆိုးများရဲ့ပွဲသဘင်မှာ
ပျော်ရွှင်စွာပျောက်ဆုံးခဲ့ကြပြီလား
စိတ်ကိုစိတ်ကခြားနေတယ်။

အဲဒီ ကမ္ဘာပတ်လမ်းက နဂါးကြီးကို
အိပ်မွေ့ချထားလိုက်စမ်းပါ ….မှော်ဆရာ
တစ်ခါတစ်ခါ ..သူအကြောဆန့်လိုက်တိုင်း
စိတ်ရဲ့အပိုင်းအစတွေဂျွမ်းထိုးမှောက်ခုန်
မရဏဗုံသံတွေသာ မြည်ဟည်းကျန်ခဲ့
ကမ္ဘာအထပ်ထပ်ခြားသွားခဲ့ရပြီ။

တရားနဲ့သာဖြေလိုက်ကြပါတော့
တိမ်မီးခိုးတွေကတော့လွင့်ပါးသွားခဲ့ကြပြီ
စိတ်နဲ့ဖမ်းယူရှိုက်သွင်းပစ်လိုက်ရင်း
ငါ့ တစ်ကိုယ်စာလက်ယက်တွင်းထဲမှာ
အနက်ရောင်တွေရွာချလာခဲ့တယ်။
မနော်ဟရီ


Zephyr's Comment

…အဆက်မပြတ်..
အသံတွေကိုဆာလောင်မွတ်သိပ်
တစာစာ အသံလေးကအစ တစွာစွာအသံလေးအဆုံး
ဆာလောင်မွတ်သိပ် ....
ဆက်သွယ်မှုဧရိယာရဲ့ပြင်ပ
မေး
ထူး
ခေါ်
ပြော
လုပ်လို့မရ
စာပို့သမားမဲ့ ကမ္ဘာ
ရှေ့မျက်နှာနောက်ထား
သဲရေကျရုံ ခဲနေရပြန် ....။ ။

စိတ်တွေကိုပို့လွှတ်လိုက်တဲ့အခါ
ပြန်လင်းတန်းတွေပျောက်ဆုံးလာခဲ့
စိတ်နဲ့စိတ် အဆက်အသွယ်ပြတ်လာခဲ့ ...
... စိတ်ပျက်စရာ စိတ်ပြတ်မှု
ခါးအီမွှေးမြစွာသော ကျိန်စာဆိုးသွမ်းတစ်ခုလို။

အဲဒီ ကမ္ဘာပတ်လမ်းက နဂါးကြီးကို
ကျောက်ရုပ်မန္တာန်နဲ့ ခဲပစ်လိုက်စမ်းပ….မှော်ဆရာ
သူအကြောဆန့်လိုက်တိုင်း
စိတ်ရဲ့အပိုင်းအစတွေဂျွမ်းထိုးမှောက်ခုန်ဖြစ်လွန်းလို့...။
မရဏဗုံသံတွေနဲ့
ကမ္ဘာအထပ်ထပ်ခြားသွားခဲ့ရပြီ။
အထပ်ထပ်ခြားနေတဲ့ကမ္ဘာ တွေမှာနေထိုင်ရင်း
မရဏဗုံသံတွေနဲ့ စိတ်က ရိုင်းစိုင်းညွတ်နူးနေခဲ့တယ် ...။

တရားနဲ့သာဖြေလိုက်ကြပါတော့
စိတ်နဲ့ဖမ်းယူရှိုက်သွင်းပစ်လိုက်ရင်း
ငါ့ တစ်ကိုယ်စာလက်ယက်တွင်းထဲမှာ
မာရ်နတ်အိမ်မက်တွေနဲ့ သီတင်းသုံးနေမိတော့တယ်....။

ကဗျာနဲ့ထပ်တူခံစားထားတဲ့ ကွန်မင့်လေးတွေကိုလည်း အမှတ်တရပြန်တင်ပေးလိုက်ပါတယ်။

အိန္ဒြာ said...

စိတ်တစ်ကမ်းမှာ....
စိတ်တမျှော်မှာ..
စိတ်ချည်းသက်သက်သွားပေမယ့်
စိတ်မရောက်နိုင်တဲ့..ခရီး ရှိနေတယ်...
ခဏလေး...ဖြစ်ဖြစ်...ပါကွယ်...
အဲဒီ့လို တောင့်တလွမ်းဆွတ်လာမှုက မီးတောက်မီးလျှံလိုပါပဲ.....
စိတ်ကို လာလာဟတ်နေတော့...
စိတ်ခမျာ..အညွန့်တလူလူမတက်နိုင်လောက်အောင်.
ညှိုးလျော်...နွမ်းယဲ့.......လို့


လင်းဒီပ said...

စိတ်ခြင်း အကွာအဝေးတူပါရက်
တစ်ယောက်ကိုတစ်ယောက် လှမ်းခေါ်မရတဲ့ နေ့စွဲတွေမှာ
ကိုယ့်အခန်းလေးထဲကိုယ်
အလွမ်းတွေပဲ တစ်ကြောင်းချင်း ချဆွဲနေဖြစ်ခဲ့တယ်


Julian said...

စိတ်ကို စိတ်ကပြန်သတ်တယ်
စိတ်နဲ့အသက်ရှင်သလို စိတ်နဲ့ဘဲအသက်ရှင်ခွင့်ဆုံးရတယ်
စိတ်နဲ့ခရီးသွားသလို စိတ်နဲ့ရပ်တယ်
စိတ်ချည်းသက်သက်ကမ္ဘာမှာ စိတ်နဲ့စိတ် ညီညွတ်ကွဲကွာကြတယ်
........စိတ်နဲ့မမှီတဲ့အရပ်တစ်ခုမှာ ကိုယ်တို့ကွေးညွတ်ပျော့ပြောင်းအနားယူကြမယ်


Mogok Thar said...

စိတ်နဲ့ စိတ်တွေကြား တောင်စဉ်တွေ အထပ်ထပ်ခြားထားပေမဲ့
နှလုံးသားကို စီးပြီးသွားတဲ့အခါ
နှလုံးသားတံခါးတွေ ဖွင့်ထားတဲ့အခါ
ဖြူလင်းတဲ့ စိတ်ဂီတသံတွေ ကြားရမယ်။

တုန့်ပြန်မှုမဲ့ ခေါ်သံတွေကြား
အလုပ်များတဲ့ စာပို့သမားဟာ
စာလွှာတွေပျောက်တာလဲ ရှိရဲ့၊ လိပ်စာမှား ရောက်တာတွေလဲ ရှိအုံးမယ်။

မှော်ဆရာရေ
တစ်ခါတစ်လေမှ တီးခတ်ပြတဲ့
ဝိဥာဉ်ခေါ်သံ ဗုံတေးသွားမှာ
အသံတွေ အ ခဲ့ရ၊ ကကြိုးတွေ မှောက်မှားကြ။

ကြိုးပြန်ညှိမရတဲ့ ဂီတ တလွဲမှာ
စိတ်ကို အခါခါ လွှဲပစ်ရင်း
အလင်းတွေမျှားဖို့ ၊ အသံတွေကို မြုံးထောင်ဖို့
တိတ်ဆိတ်ခြင်း ခင်တန်းမှာ
ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။


အိုင်လွယ်ပန် said...

လက်ခံသူ မရှိတဲ့
တယ်လီဖုန်းခေါ်သံတွေ အဆက်မပြတ်
ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်တဲ့
စောင်းကြိုးသံတွေ တစ်လွင်လွင်
တောင်စဉ်တွေ အထပ်ထပ် ခြားခဲ့ပြီလား ။

မေးမရ ထူးမရ ခေါ်မရ ပြောမရတဲ့ ကမ္ဘာထဲ
အသံတွေကို ရေ လို ငတ်မွတ် လာတယ်
ဆက်သွယ်မှုဧရိယာရဲ့ တစ်ခြားတစ်ဖက်ကမ်းမှာ
စာပို့သမားတွေကလည်း နတ္တိ ။

စိတ်တွေကို လွှတ်တင်လိုက်တဲ့အခါ
ပြန်လင်းတန်းတွေဆီက ပဲ့တင်သံ ပြန်မရဘူး
လမ်းခုလပ်မှာ နတ်ဆိုးတွေ ပွဲတော်စနေပြီလား
စိတ် ကို စိတ်က စည်းတစ်ချောင်း တားထားရဲ့ ။

အဲဒီ ကမ္ဘာပတ်လမ်းက နဂါးကြီးကို
တမေ့တမောစာ ညှို့ထားပေးပါ မှော်ဆရာ
တစ်ခါတစ်ခါ သူအကြောဆန့်လိုက်တိုင်း
စိတ်ရဲ့ အပိုင်းအစတွေ ဟိုဒီပျံဝဲ
မရဏ ဗုံသံတွေ သည်းသည်းလာခဲ့
ကမ္ဘာ အထပ်ထပ်ခြားသွားခဲ့ရပြီ။

တရားနဲ့သာ ဖြေလိုက်ကြပါတော့
တိမ်တွေက မိးခိုးဖြစ်တမ်း ကစားသွားကြပေါ့
စိတ်နဲ့ လှမ်းကိုင် ဆုပ်ယူ လိုက်ရင်း
ငါ့တစ်ကိုယ်စာ လက်ယက်တွင်းလေးထဲ
အလင်းတစ်စက်စာမှာတောင် အဘိဓာန် မဲ့ခဲ့ရတယ် ။ ။


မယ်ကိုး said...
နှစ်ခုသော စိတ်ကလေး
မချိတ်ဆက်မိတဲ့အခါ
စိတ်ကိုစိတ်ကခြားနေတယ် တဲ့လား။

ဟင့်အင်း။
မယုံဘူး။
လက်မခံနိုင်ဘူး။

ဘာတွေက တားနေခဲ့တာလဲ...
မရဏဗုံသံတွေ မြည်ဟည်းလို့ သူ မကြားခဲ့တာလား...

ကမ္ဘာအထပ်ထပ်ခြားပြီးသားမို့
တရားနဲ့ ဖြေချင်ပေမယ့်......................

နားမစွင့်တော့တဲ့ ချစ်ရသူလေး ... ချစ်ရသူလေးရေ...

ရင်ကွဲအောင် အော်ခေါ်မိလည်း ...
ထူးသံလေး မကြားရဘူးပဲ။

အသေအချာပေါ့
စိတ်နဲ့မမီနိုင်သောအရပ် မှာ
စိတ်က စိတ်ကို အခါခါသတ်တယ်။


ဖိုးစိန် said...

စိတ်တွေလွင့်မျောနေတယ်
တိမ်တွေလို ရောင်စဉ်အထပ်ထပ်
ပုံသဏ္ဍန်တွေ ကွဲလွဲ တဖြည်းဖြည်းနဲ့
ဝေးကွာမှေးမှိန်ပျောက်နေဆဲ…
စိတ်တွေကိုစုစည်းဖို့
ငါ့အတွေးလက်နှစ်ဖက်ကို ဆန့်
ဖမ်းဆုပ်ဖို့ကြိုးစားဆဲ….
စိတ်ရဲ့အတိတ်တွေက ဆန်းပြားပြီး
ပစ္စုပန်မှာရိုးသားနေပြန်တယ်…။


19 Comments:

Ree Noe Mann said...

ကဗျာ နှစ်ခုရဲ့ ရသတွေကတော့ ကြောက်ခမန်းလိလိပါပဲ။

ဖတ်ရတာ အရမ်းကို အရသားရှိတယ်လို့ပဲ ဝေဖန်ပေးပါရစေဗျာ။

မကြီးနော်ရေ

မောင်လေးလဲ ခုမှ ပဲ အဆင်ပြေလို့ လာလည်နိုင်တော့တယ်ဗျာ။

ကျန်းမာပါစေဗျာ

မောင်လေး ရီနို

အိန္ဒြာ said...

စိတ်တစ်ကမ်းမှာ....

စိတ်တမျှော်မှာ..

စိတ်ချည်းသက်သက်သွားပေမယ့်

စိတ်မရောက်နိုင်တဲ့..ခရီး ရှိနေတယ်...

ခဏလေး...ဖြစ်ဖြစ်...ပါကွယ်...
အဲဒီ့လို တောင့်တလွမ်းဆွတ်လာမှုက မီးတောက်မီးလျှံလိုပါပဲ.....

စိတ်ကို လာလာဟတ်နေတော့...
စိတ်ခမျာ..အညွန့်တလူလူမတက်နိုငလောက်အောင်.
ညှိုးလျော်...နွမ်းယဲ့.......လို့

မမရေ...ကဗျာက
စိတ်ထဲရောက်အောင်ဝင်ဖတ်သွားပါတယ်..

sweetpeony said...

အမရေ
လာဖတ်သွားတယ်...
ကောင်းလွန်းတဲ့ကဗျာတွေကို လာခံစားသွားတယ်

လင်းဒီပ said...

စိတ်ခြင်း အကွာအဝေးတူပါရက် တစ်ယောက်ကိုတစ်ယောက် လှမ်းခေါ်မရတဲ့ နေ့စွဲတွေမှာ
ကိုယ့်အခန်းလေးထဲကိုယ် အလွမ်းတွေပဲ တစ်ကြောင်းချင်း ချဆွဲနေဖြစ်ခဲ့တယ်။

Julian said...

စိတ်ကို စိတ်ကပြန်သတ်တယ်
စိတ်နဲ့အသက်ရှင်သလို စိတ်နဲ့ဘဲအသက်ရှင်ခွင့်ဆုံးရတယ်
စိတ်နဲ့ခရီးသွားသလို စိတ်နဲ့ရပ်တယ်
စိတ်ချည်းသက်သက်ကမ္ဘာမှာ စိတ်နဲ့စိတ် ညီညွတ်ကွဲကွာကြတယ်

ဟင်း ........စိတ်နဲ့မမှီတဲ့အရပ်တစ်ခုမှာ ကိုယ်တို့ကွေးညွတ်ပျော့ပြောင်းအနားယူကြမယ်

ဂျူ

tg.nwai said...

စိတ်မမီတဲ့ အရပ်မှာ..
မေးထူးခေါ်ပြောတောင် လုပ်လို့မရတဲ့ ကမ္ဘာ
ပြန်လင်းတန်းတွေ ပျောက်ဆုံးနေတဲ့ စိတ် ကို စိတ်က ခြားထားတဲ့ နေရာ...
ိတိမ်မီးခိုးတွေက လွင့်ပါးသွားပေမယ့် ..

ကဗျာနှစ်ပုဒ်မှာ လွင့်မျောသွားတယ် မနော်.. ဟိုးးးးး အဝေးကြီးကို...

Mogok Thar said...

စိတ်နဲ့ စိတ်တွေကြား တောင်စဉ်တွေ အထပ်ထပ်ခြားထားပေမဲ့
နှလုံးသားကို စီးပြီးသွားတဲ့အခါ
နှလုံးသားတံခါးတွေ ဖွင့်ထားတဲ့အခါ
ဖြူလင်းတဲ့ စိတ်ဂီတသံတွေ ကြားရမယ်။

တုန့်ပြန်မှုမဲ့ ခေါ်သံတွေကြား
အလုပ်များတဲ့ စာပို့သမားဟာ
စာလွှာတွေပျောက်တာလဲ ရှိရဲ့၊ လိပ်စာမှား ရောက်တာတွေလဲ ရှိအုံးမယ်။

မှော်ဆရာရေ
တစ်ခါတစ်လေမှ တီးခတ်ပြတဲ့
ဝိဥာဉ်ခေါ်သံ ဗုံတေးသွားမှာ
အသံတွေ အ ခဲ့ရ၊ ကကြိုးတွေ မှောက်မှားကြ။

ကြိုးပြန်ညှိမရတဲ့ ဂီတ တလွဲမှာ
စိတ်ကို အခါခါ လွှဲပစ်ရင်း
အလင်းတွေမျှားဖို့ ၊ အသံတွေကို မြုံးထောင်ဖို့
တိတ်ဆိတ်ခြင်း ခင်တန်းမှာ
ငါ့ကိုယ်ငါ တရားပြနေမိတော့တယ်။

(ရသ ပြင်းတဲ့ ကဗျာလေးတွေ ဖတ်ပြီး ရုတ်တရက် ထွက်ကျလာတဲ့ ရင်ဘတ်ထဲက အသံတစ်ချို့ ဒီမှာ လျှံချ ခဲ့ပါတယ်)

ချစ်ခင်လေးစားစွာဖြင့်

အိုင်လွယ်ပန် said...

လက်ခံသူ မရှိတဲ့
တယ်လီဖုန်းခေါ်သံတွေ အဆက်မပြတ်
ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်တဲ့
စောင်းကြိုးသံတွေ တစ်လွင်လွင်
တောင်စဉ်တွေ အထပ်ထပ် ခြားခဲ့ပြီလား ။

မေးမရ ထူးမရ ခေါ်မရ ပြောမရတဲ့ ကမ္ဘာထဲ
အသံတွေကို ရေ လို ငတ်မွတ် လာတယ်
ဆက်သွယ်မှုဧရိယာရဲ့ တစ်ခြားတစ်ဖက်ကမ်းမှာ
စာပို့သမားတွေကလည်း နတ္တိ ။

စိတ်တွေကို လွှတ်တင်လိုက်တဲ့အခါ
ပြန်လင်းတန်းတွေဆီက ပဲ့တင်သံ ပြန်မရဘူး
လမ်းခုလပ်မှာ နတ်ဆိုးတွေ ပွဲတော်စနေပြီလား
စိတ် ကို စိတ်က စည်းတစ်ချောင်း တားထားရဲ့ ။

အဲဒီ ကမ္ဘာပတ်လမ်းက နဂါးကြီးကို
တမေ့တမောစာ ညှို့ထားပေးပါ မှော်ဆရာ
တစ်ခါတစ်ခါ သူအကြောဆန့်လိုက်တိုင်း
စိတ်ရဲ့ အပိုင်းအစတွေ ဟိုဒီပျံဝဲ
မရဏ ဗုံသံတွေ သည်းသည်းလာခဲ့
ကမ္ဘာ အထပ်ထပ်ခြားသွားခဲ့ရပြီ။

တရားနဲ့သာ ဖြေလိုက်ကြပါတော့
တိမ်တွေက မိးခိုးဖြစ်တမ်း ကစားသွားကြပေါ့
စိတ်နဲ့ လှမ်းကိုင် ဆုပ်ယူ လိုက်ရင်း
ငါ့တစ်ကိုယ်စာ လက်ယက်တွင်းလေးထဲ
အလင်းတစ်စက်စာမှာတောင် အဘိဓ္ဓါန် မဲ့ခဲ့ရတယ် ။။

WWKM said...

တရားနဲ့သာဖြေလိုက်ကြပါတော့
တိမ်မီးခိုးတွေကတော့လွင့်ပါးသွားခဲ့ကြပြီ
စိတ်နဲ့ဖမ်းယူရှိုက်သွင်းပစ်လိုက်ရင်း
ငါ့ တစ်ကိုယ်စာလက်ယက်တွင်းထဲမှာ
အနက်ရောင်တွေရွာချလာခဲ့တယ်။

*******
စကားလုံးတွေက မြင့်လွန်းတော့ လိုက်မမှီဘူး မေခရယ်.
ကဗျာတွေက အပြင်းစား ၊ ကဗျာရေးတဲ့ဆရာမလေးက
ချောချောနုနု.. ဟက်ဟက် မုန်ကျွေး.း))

ဟမ်း.. ဒါနဲ့ စီဘုံးမှာရေးချင်တာ အဲဒီပရိုဖိုင်းကြီးက ဘယ်မှာသွားဝင်ရမှာတုန်း။မတွေ့လို့ ဦးဥာဏ်ပါ ကူရှာ
ပေးပါရဲ့ မတွေ့..း(( မေးလ်ပို့လာပေး။ စီဘုံးမှာ မအော်
ရလို့ အစာမကြေဖြစ်နေတာ။ :P

မေခကျန်းမာပျော်ရွှင်ပါစေ။


ဝါ

phoethutaw said...

ဒီ ကဗျာတော့ သေချာဖတ်သွားတယ်.. ဆက်သွယ်မှုပြင်ပမဟုတ်လည်း တယ်လီဖုန်းက လက်မခံဘူး။

သူတော်( ၃၀.၀၉.၀၉)

NangNyi said...

အားပါး.. ကဗျာ့ ကဗျာ ဆရာ့ ဆရာများပါလား

kay said...

စိတ်နဲ့မမှီ နိုင်သလို..
ကဗျာနဲ့လဲ..မသီနိုင်လို့..
ပြန်သွားပြီ..း((

emayarKhin said...

ဟုတ်ပါရဲ့...စိတ်ကိုစိတ်ကသာ
ခြားနေခဲ့တာ.......

Nyi Nyi said...

ခြားနေတဲ့စိတ်ရဲ့တစ်ဖက်ခြမ်းမှာ
ရွာချလိုက်တဲ့အမှောင်တွေ
ငါ့တစ်ကိုယ်စာလက်ယက်တွင်းထဲကိုဖမ်းယူရှိုက်သွင်း
တိမ်မီးခိုးတွေလိုတရားတွေလွင့်ပါးသွားတယ်။

*(Juz luv it!!)

မယ့်ကိုး said...

နှစ်ခုသော စိတ်ကလေး
မချိတ်ဆက်မိတဲ့အခါ
စိတ်ကိုစိတ်ကခြားနေတယ် တဲ့လား။

ဟင့်အင်း။
မယုံဘူး။
လက်မခံနိုင်ဘူး။

ဘာတွေက တားနေခဲ့တာလဲ...
မရဏဗုံသံတွေ မြည်ဟည်းလို့ သူ မကြားခဲ့တာလား...

ကမ္ဘာအထပ်ထပ်ခြားပြီးသားမို့
တရားနဲ့ ဖြေချင်ပေမယ့်......................

နားမစွင့်တော့တဲ့ ချစ်ရသူလေး ... ချစ်ရသူလေးရေ...

ရင်ကွဲအောင် အော်ခေါ်မိလည်း ...
ထူးသံလေး မကြားရဘူးပဲ။

အသေအချာပေါ့
စိတ်နဲ့မမီနိုင်သောအရပ် မှာ
စိတ်က စိတ်ကို အခါခါသတ်တယ်။


ဟီး ...မယ် တစ်ခါ မရေးဖူးဘူး မ။ အခု သူများတွေ အားကျလို့ ရေးဖြစ်တာ ။ ကဗျာလေးက မလှတော့ ရှက်စရာ :P .

Sein Lyan said...

စိတ်တွေလွင့်မျောနေတယ်
တိမ်တွေလို ရောင်စဉ်အထပ်ထပ်
ပုံသဏ္ဍန်တွေ ကွဲလွဲ တဖြည်းဖြည်းနဲ့
ဝေးကွာမှေးမှိန်ပျောက်နေဆဲ…
စိတ်တွေကိုစုစည်းဖို့
ငါ့အတွေးလက်နှစ်ဖက်ကို ဆန့်
ဖမ်းဆုပ်ဖို့ကြိုးစားဆဲ….
စိတ်ရဲ့အတိတ်တွေက ဆန်းပြားပြီး
ပစ္စုပန်မှာရိုးသားနေပြန်တယ်…။


နောက်ကျတယ်မကြီး

စိတ်တွေလိုက်ဖမ်းနေလို့

ချစ်ခင်ခြင်းများစွာဖြင့်

ဖိုးစိန်

ဆောင်းယွန်းလ said...

တရားနဲ့သာဖြေလိုက်ကြပါတော့
တိမ်မီးခိုးတွေကတော့လွင့်ပါးသွားခဲ့ကြပြီ
စိတ်နဲ့ဖမ်းယူရှိုက်သွင်းပစ်လိုက်ရင်း
ငါ့ တစ်ကိုယ်စာလက်ယက်တွင်းထဲမှာ
အနက်ရောင်တွေရွာချလာခဲ့တယ်။

စိတ်နဲ့မမီနိုင်သော အရပ်ကို ဖြတ်လမ်းကလိုက်ဖို့ လာကြည့်တာမနော်...
စိတ်နဲ့တောင်မမီနိုင်ဘူးဆိုမှတော့ မျက်လုံးနဲ့လည်း ကြည့်လို့မမြင်လိုက်ရဘူး..
နောက်ဆုံးမှာ တရားနဲ့ပဲ ဖြေလိုက်မိပါတယ်.
အဖြူရောင်တွေရွာချမယ့် တိမ်ပြာပြာတွေကိုတော့ ဆက်သွယ်မှုဧရိယာရဲ့ ပြင်ပကမ္ဘာတခုကနေ မျှော်လင့်နေမိတုန်းပေါ့..

မယ့်ကိုး said...

မရေ...မယ့်ကဗျာလေးကို မဘလော့လေးမှာ တွေ့ရတာ ဝမ်းလည်းသာ ရှက်လည်းရှက်။
ပျော်လည်းပျော် .... မျက်နှာလည်းပူ။
ဟီး ...ရှက်ပေမယ့် အရမ်းပျော်တယ် မ ... :D

Anonymous said...

စိတ်ကိုစိတ်ကခြားနေတယ်..
စာပို့သမားတွေပျောက်ဆုံးနေတယ်..
မေးထူးခေါ်ပြောလုပ်မရတဲ့ကမ္ဘာမှာ
စောင်းကြိုးပြတ်သံလွင်လွင်တွေလွင့်..
တစ်ယောက်ယောက်ဖြင့်တော့ မကြားနိုင်ခဲ့ဘူး

မှော်ဆရာသာ အယ်လ်ဇိုင်းမားဖြစ်ခဲ့ရင်...
ကမ္ဘာပတ်လမ်းကနဂါးကြီးသာ မရပ်တန့်ဖြစ်ရင်...
နတ်ဆိုးတွေသာ အပျော်လွန်ဖြစ်ခဲ့ရင်...
မရဏဗုံတွေပျောက်ဆုံးကုန်ရင်...
????????
?????????????
???????????????????
ကောင်းသူကောင်းမယ် မကောင်းသူမကောင်းဘူး

တိမ်မီးခိုးတွေလွင်းပါးသွားပေမယ့်...
စိတ်ကိုဖမ်းယူတိုင်းမမိပေမယ့်...
အနက်ရောင်တွေကို
လက်ယက်တွင်းထဲမရှိုက်သွင်းချင်ပေမယ့်...
မုန်တိုင်းအစင်းစင်းကို
ဘုရားသခင်ဖန်ဆင်းခဲ့တယ်။ ။

Craton