နွေဦးရာသီရဲ့ပထမဆုံးနေ့

Saturday, February 28, 2009


နွေဦးရာသီရဲ့ပထမဆုံးနေ့


ဒါဟာနွေဦးရာသီရဲ့ပထမဆုံးနေ့ဖြစ်တယ်။
ကောင်းကင်ပြင်အရောင်ပြောင်းပုံကအစ..တောင်တန်းကြီးတွေတဖြည်းဖြည်းအ၀ါရောင်
သန်းလာတာအလယ်၊ပန်းပွင့်တွေကဗျာကယာပင့်သက်ရှိုက်လိုက်တာအဆုံး၊အားလုံးဟာသက်
သေတွေချည်းပါပဲ။..အဲဒီနေ့ရက်နဲ့..အလားသဏ္ဍန်တူတဲ့ပစ္စုပ္ပန်တစ်ခုဟာကျွန်မပေါ့..။ခြေမဲ့
လက်မဲ့နဲ့..ရွေးချယ်ခွင့်မရှိတဲ့တောင်တန်းလေးဟာလည်းကျွန်မပါပဲ။..လူတချို့က.ကျွန်မကို
နွေဦးပေါက်ပြီ..ဆိုတဲ့အကြည့်နဲ့ကြည့်ကြည့်သနားသွားကြတာကလွဲရင်..လောကကြီးဟာနေ
လို့ထိုင်လို့ကောင်းပါတယ်။..ခက်တာက..ကျွန်မကလည်းအဲဒီအကြည့်တွေကနေသက်သာပါ
စေတော့ရယ်လို့..လူ..တွေကို..ဆိုက်ကလော့..(cyclops)တွေအဖြစ်ပြောင်းပေးနိုင်တဲ့
တန်ခိုးသတ္တိရှိမနေခဲ့ပြန်ဘူး။ကျွန်မဆီ..တလှည့်ပျံသန်းလာဦးမယ့်ရေခိုးရေငွေ့တွေကို..ကျွန်
မမျှော်လင့်မနေချင်ဘူး။..တကယ်တော့..ကျွန်မဟာကြံ့ခိုင်မှုရှိတဲ့တောင်တန်းလေးသာဖြစ်
တယ်..။အ၀ါရောင်သန်းနေတာကလွဲရင်ပေါ့...။
တစ်ခါတစ်လေတော့လည်း..အနံ့အရသာနဲ့ပြည့်စုံတဲ့သီချင်းတွေကိုလွမ်းဆွတ်မိတာပေါ့.။
ဘယ်လိုဂီတမျိုးကများ..ကျွန်မဆီရွေ့မျောရောက်ရှိလာနိုင်မှာလဲ။ကျွန်မက.တောဘွဲ့၊တောင်
ဘွဲ့တွေကိုမနှစ်သက်ဘူး။အမြဲစိမ်းဂီတတွေကိုလည်းယုံကြည်သက်ဝင်မှုမရှိပြန်ဘူး။ကျွန်မနှစ်လို
တဲ့ဂီတတွေရှိရာကိုလည်းကျွန်မက..ခရီးမထွက်နိုင်ဘူး။တကယ်တော့..ကျွန်မဟာကြံ့ခိုင်မှုရှိ
တဲ့တောင်တန်းလေးသက်သက်ပါပဲ။ရွေးချယ်မှုမရှိတာကလွဲရင်ပေါ့...။
နွေဦးရာသီရဲ့ပထမဆုံးနေ့မို့လားမသိဘူး.။အားလုံးဟာ..ကျွန်မပျင်းစရာကောင်းလောက်
အောင်ကိုဝါတာတာနဲ့..။သာယာမှုလေးတော့မဆိုစလောက်ဖူးပွင့်လာခဲ့ပါရဲ့။ဒါပေမယ့်..ကျွန်မ
နှစ်လိုတဲ့..ရနံ့မျိုးမဟုတ်ပြန်ဘူး...။ငှက်ကလေးတွေသီချင်းဆိုသံကိုလည်းမမြင်ရဘူး..။
Nightingale..ဆိုတဲ့ငှက်ဟာ..ဒဏ္ဍာရီထဲကငှက်တစ်ကောင်များလား..။ဘ၀တွေအဆင့်
ဆင့်ခြားသွားတဲ့..တောင်ကျချောင်းရေလေးလို..ကျွန်မဆီဘယ်တော့မှပြန်စီးမျောလာတော့
မှာမဟုတ်တဲ့..အရောင်စစ်စစ်တွေကိုငံ့လင့်နေမိရင်..ကျွန်မလောက်ရူးသွပ်မိုက်မဲသူရှိပါတော့
မလား...။တကယ်တော့..ကျွန်မဟာကြံ့ခိုင်မှုရှိတဲ့.အ၀ါရောင်တောင်တန်းလေးတစ်ခုသက်
သက်ပါပဲ...။အရာအားလုံးကို..တရားနဲ့ဆင်ခြင်ဖြေသိမ့်တတ်လာတာကလွဲရင်ပေါ့...။
နွေဦးရာသီရဲ့ပထမဆုံးနေ့ကလေးမှာ..ကျွန်မဆီပျံသန်းလာမယ့်.လိပ်ပြာလေးတစ်ကောင်
တလေများရှိမလားလို့လည်း..ကျွန်မ..မမျှော်လင့်ခဲ့ဘူး။နားလည်မှုတွေတနင်တပိုးထမ်းထားရ
တဲ့စပျစ်ခိုင်လေးလိုပဲ..ကျွန်မ..ကောင်းကင်ကို..ရီးလေးခိုနေလိုက်တော့မယ်။တကယ်ဆို...
ကျွန်မဟာ..အ၀ါရောင်မဖြစ်ခဲ့သင့်ဘူး။ဒါပေမယ့်..ဖြစ်ခဲ့ပြီးပြီ..။ဘာတတ်နိုင်မှာမို့လဲ...။ကျွန်
မဟာ..အရွေးချယ်ခံ..တောင်တန်းလေးသက်သက်သာဖြစ်တယ်မဟုတ်လား...။ဘ၀ကိုထိုး
ဇာတ်တင်ခွင့်..မရှိဘူး။ဇာတ်ညွှန်းရေးခွင့်မရှိဘူး..။ကဗျာဖွဲ့ခွင့်မရှိဘူး...။ရထားတဲ့စာမျက်နှာ
တွေကို..ဘုရားသခင်ဆီမှာမျက်ရည်ခံထိုးပြင်ဆင်ခွင့်မရှိဘူး..။တကယ်တော့..ကွန်မဟာ...
ကြံ့ခိုင်တဲ့..အ၀ါရောင်တောင်တန်းလေးဖြစ်ခွင့်ရတာကိုပဲ..ကျေနပ်ရမယ့်သူပါ..။
နွေဦးရာသီရဲ့ပထမဆုံးနေ့ဟာ..ကျွန်မကိုယ်တိုင်ပဲဖြစ်နေပြန်တယ်။ယောက်ယက်ခတ်ရှုပ်
ထွေးနေတတ်တဲ့..အိပ်မက်တွေကို..စနစ်တကျရှင်းလင်းထားသိုရင်း..ကြည်လင်ပြာစင်တဲ့..
ကောင်းကင်ကိုပဲ..ကျွန်မအဖော်ပြုနေရတော့မယ်ထင်ရဲ့..။တစ်ချိန်က..ကျွန်မဟာ..မိုးရွာခဲ့
ဖူးသလား....မုန်တိုင်းထန်ခဲ့ဖူးသလား....နှင်းကျခဲ့ဖူးသလား...တားမြစ်ချက်တွေကိုကျော်
လွန်ပြီး..ရေလွှမ်းမိုးခဲ့ဖူးသလား.......။ကမ်းပါးတစ်ချို့ကိုပျက်ပြိုစေခဲ့ဖူးသလား။ဘာပဲဖြစ်
ဖြစ်...လောလောဆယ်မှာတော့..ကျွန်မဟာ..ကြံ့ခိုင်တဲ့တောင်တန်းလေးသက်သက်ပါပဲ..။
နွေဦးပေါက်နေတာကလွဲရင်ပေါ့..။
ဟိုး...အဝေးမှာ..မကြာခင်...နွေတွေခပ်စိပ်စိပ်ရွာကျလာတော့မယ်..။အလိုမတူပဲ..
ဖြတ်သန်းသွားကြဦးမယ်..။ငြင်းပယ်ခွင့်ကျွန်မမှာမရှိသလို..ရွေးချယ်ခွင့်လည်းမရှိခဲ့ပါဘူး...။
တောင်တန်းလေးတစ်ခုသင့်ဆီရွေ့မျောလာမယ့်နေ့ကိုသင်စောင့်နေခဲ့တယ်ဆိုရင်...သင့်နုပျိုမှု
တွေ..နွေဦးရာသီနဲ့အတူပျောက်ဆုံးသွားလိမ့်မယ်။တကယ်တော့..ကျွန်မဟာ..ကြံ့ခိုင်မှုရှိတဲ့
အ၀ါရောင်တောင်တန်းလေးသက်သက်ပါ..။နွေဦးပေါက်နေခဲ့တာကလွဲရင်ပေါ့..။
တကယ်လို့များ..နွေဦးပေါက်ရာသီ..ပထမဆုံးနေ့ရဲ့..ရနံ့ကို..သင်ရရှိခဲ့မယ်ဆိုလို့ရှိရင်
ညင်ညင်သာသာကလေး..ရှုရှိုက်ကြည့်လိုက်ပါ...။အဲဒီရနံ့ဟာ..အ၀ါရောင်ဖြစ်နေပါလိမ့်မယ်။

မနော်ဟရီ


25 Comments:

Anonymous said...

ငါ့ကိုများ ရည်ရွယ်ပြီးရေးထားသလားလို့ ....... ငိုချင်လိုက်တာ။ ငါလည်း ရွေးချယ်ခွင့်မရှိခဲ့တဲ့ မရှိတဲ့ ရှိလာမလားလို့မျှော်လင့်ချက်လေးတောင်မရှိတဲ့............... ဟမ် .......... လက်စသက်တော့ ငါကိုယ်တိုင်တောင်တန်းဖြစ်မှန်းမသိဖြစ်နေတာကို.............

တစ်ထပ်တည်းဘဲ .......... နင်သိပါတယ်။ ဒီစာလေးဖတ်ရချိန်မှာ ခံစားရတာတွေကိုစာနဲ့စီနိုင်တဲ့နင့်ကိုအားကျစွာ .............

ဂျူ

Anonymous said...

မေ့လို့ .........ဒီတစ်ခါ နံပါတ် (၁) ဟဲဟဲ

Sein Lyan said...

မနော်က တောင် နွေဦးရာသီရဲ့ ပထမဆုံးနေ့ ဆိုတဲ့
အရသာ ကိုခံစားခွင့်ရပါသေးတယ်..
မြူတွေပိတ်မှောင်တဲ့ကြားထဲက
နေရောင်မြင်ခွင့်မရ
မိုးကြီးပြိုကျတော့မယောင်
ှနှင်းတောင်တွေ ကာရံထားတဲ့
မဲနက်နက်တောကြီးထဲက
အကာရံမဲ့ ချမ်းစိမ့်လှတဲ့
နေရာကရုန်းထွက်လွတ်မြောက်ဖို့  ကြိုးစားနေရဆဲပါ..
မနော်ရဲ့ စာသားလေးတွေကြိုက်တယ်..

Anonymous said...

အဝါရောင်ရနံ့တဲ့လားအန်တီနော်.. အခွင့်ကြုံရင် မှတ်မှတ်ရရနဲ့ ရှူရှိုက်ခံစားကြည့်ပါဦးမယ်.. အဝါရောင်တွေအသုံးများတယ်နော်.. အန်တီနော်အကြိုက်ဆုံးအရောင်ပဲမဟုတ်လား။း)

သက်ပိုင်သူ said...

အ၀ါရောင် တောင်တန်းလေး။
ရွေးချယ်ပိုင်ခွင့် မရှိတဲ့ တောင်တန်းလေး။
ကြံ့ခိုင်တဲ့တောင်တန်းလေး....

အဲဒီတောင်တန်းလေးမှာ မျှော်လင့်ချက်တွေရော မရှိဘူးလားဗျာ

Phyo Evergreen said...

နွေးဦးဟာလှပခဲ့တယ်ဆိုတာ တောင်တန်းလေးသက်သေ....

ဆောင်းယွန်းလ said...

ကြံ့ခံမှုရှိတဲ့ တောင်တန်းဝါဝါလေးကို ဆောင်းယွန်းမှာပေါက်တဲ့လူသား လာငေးသွားပါတယ်မနော်ရေ...

အိုင်လွယ်ပန် said...

အစ်မရဲ့ အက်ဆေးလေးနဲ့ အတူရနံ့တွေရူရှိုက် ဖြတ်သန်း ကြည့် ဦးမယ်အစ်မရေ ......

tg.nwai said...

မနော်ရေ.. တဂိုးရဲ့ စာညွန့်တွေ ဖတ်ရသလိုပဲ..။ ဘာရယ်တော့ မသိ..ဖတ်နေရင်း စိတ်ထဲ အမှတ်ရသွားတာကို ပြောတာပါ။

သူများတွေဆီမှာတော့ နွေဦးပေါက်ရနံ့က သင်းသင်းလေးဖြစ်နေမလား မသိ။ ဒီမှာတော့ ပူပြင်းနေတာမှ အ၀ါရောင်တောက်တောက်...။

Anonymous said...

ခံစားချက်နဲ့ စာကားပြေအရေးအသားတွေက သိပ်ကောင်းလွန်းလှပါတယ် ကြံခိုင်တဲ့ အ၀ါရောင်တောင်တန်းလေးရေ၊

ကိုရင်နော်ခင်လေးငယ် said...

ကြံ့ခိင်တဲ့ အဝါရောင်တောင်တန်းလေးမှာ
ခဏတာလာခိုလှုံသွားတယ် မနော်...

ငြင်းပယ်ခွင့်မရှိမှန်း သိနေရက်လည်း
ခေါင်းခါချင်မိတဲ့ အခါ......

ရွေးချယ်ခွင့်မရှိမှန်း သိရက်နဲ့လည်း
လက်လေးဖြန့်မိတတ်တဲ့ အခါ......

ရင်မှာ ဘလောင်တွေကိုဆူလို့ပေါ့...

with love...

kay said...

ဒီစာလေးကို ဖတ်လိုက်ပြီးတဲ့အခါ..
ငြီးငြွေ့မူ နဲ့ တမ်းတမူ ရဲ့ ရနံ့တချို့ရလိုက်တယ်။
သရက်သီး အ၀ါရောင် တလုံးရဲ့ အ၀ါရောင် အနံ့ မျိုး လိုပဲ....

ATN said...

မကေ ပြောသလိုပါပဲ... အရာင်နဲ့ရနံ့တွေ ရတယ်...
ငြီးငွေ့မှုနဲ့ စွဲမြဲနေမှုကလည်း တွဲနေတတ်တာ မဟုတ်လား...

မီယာ said...

စဖတ်လိုက်ကတည်းက မနော် ဘလော့မှာ လိမ္မော် ၀ါရောင် သန်းနေတာ သတိထားမိတယ်... ကြံခိုင်မှုရှိတဲ့ တောင်တန်းတစ်ခု ဖြစ်ခွင့်ရတာ တော်ရုံ အခွင့်အရေး မဟုတ်ပါဘူး...နွေဦးတော့ ရောက်ပြီး daffodils အ၀ါရောင် ပန်းတွေပွင့်နေပြီ မနော်.. လာလည်ပါလား

Anonymous said...

အမရဲ့ တောင်တန်းတွေဆီ စမ်ျးောင်းပေါက်စလေး လာလည်သွားတယ်....လေးဖြူရဲ့ အ၀ါရောင်ကိုက်ခဲမှုသီချင်းကိုဆိုပြီး ဗင်းဆင့်ရဲ့ နေကြာပန်းတွေပိုက်ရင်းပေါ့

Moe Cho Thinn said...

မိုးရွာတာ၊ မုန်တိုင်း ထန်တာ၊ ရေလွှမ်းတာ၊ ကမ်းပါးပြိုတာတွေ ကျော်ဖြတ်ခဲ့ပြီးပြီပဲ။ နွေဦးအလှကို ပွေ့ဖက် ကြိုဆိုလိုက်ဖို့ အ၀ါရောင်တောင်တန်းလေးကို အားပေးခဲ့မယ်။ :)

Anonymous said...

ဘ၀ကိုထိုးဇာတ်တင်ခွင့်..မရှိဘူး။
ဇာတ်ညွှန်းရေးခွင့်မရှိဘူး..။
ကဗျာဖွဲ့ခွင့်မရှိဘူး...။
ရထားတဲ့စာမျက်နှာ
တွေကို..ဘုရားသခင်ဆီမှာမျက်ရည်ခံထိုးပြင်ဆင်ခွင့်မရှိဘူး..။တကယ်တော့..ကွန်မဟာ...
ကြံ့ခိုင်တဲ့..အ၀ါရောင်တောင်တန်းလေးဖြစ်ခွင့်ရတာကိုပဲ
ကျေနပ်ရမယ့်သူပါ..။

အစ်မနော်ရေ....
အ၀ါရောက်ပေမယ့်ကြံ့ခိုင်တယ်မဟုတ်လား...
ရွေးချယ်စရာမရှိပေမယ့် အခုဖြစ်တည်ခွင့်ကိုပဲ ဂုဏ်ယူကျေနပ်စရာလို့ ပြောချင်ပြောကြည့်လိုက်ပေါ့ အစ်မရယ်..

သိပ်ကို လှလှပပ လွင့်လွင့်ပါးပါး လတ်လတ်ဆတ်ဆတ်ရေးတတ်တဲ့
အစ်မနော်ရဲ့ စကားပြေတွေ အဆာပြေသွားပါတယ်..။
ဖတ်ရတာအားတော့မရနိုင်ပါဘူး....။

အစ်မနော်..
အစစအရာရာ အဆင်ပြေချောမွေ့သာယာနိုင်ပါစေ..

ယောနသံစင်ရော် said...

ကြံ့ခိုင်တဲ့အဝါရောင်တောင်တန်းလေးတွေရှိလို့ ..

ကောင်းကင်ပြာ၊ ကြယ်လေးတွေနဲ့ပိုနီးခွင့်ရတယ်..

တိမ်တွေစီးမျောနေတာကို နီးကပ်ကြည့်ခွင့်ရတယ်..

မြေပြင်ပေါ်မှာစီးဆင်းနေမဲ့ တောင်ကျချောင်းလေးရဲ့ကောက်ကြောင်း အလှကိုမြင်ရတယ်...

နောက်ပြီး..မြေပြင်မှာမရနိုင်တဲ့ သန့်ရှင်းလတ်ဆပ်တဲ့ လေပြေလေနုအေးလေးကို တောင်တန်းလေးကြောင့် ရှုရှိုက်ခွင့်ရတယ်...

ကြံ့ခိုင်တဲ့တောင်တန်းတွေဟာ ကမ္ဘာမြေအတွက် လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ...
ကျွန်မအတွက်ကတော့ အဝါရောင်တောင်တန်းလေး ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတခုပါ....။

(မနော်သို့ - ခင်မင်မှုဖြင့်)

emayarKhin said...

မ..ရဲ့နွေဦးရာသီလေးကို
ငြိမ့်ငြိမ့်လေးခံစားသွားပါတယ်......

emayarKhin said...

မ..ရဲ့နွေဦးရာသီလေးကို
ငြိမ့်ငြိမ့်လေးခံစားသွားပါတယ်......

Anonymous said...

တောင်တန်းလေးရေ
ကြံ့ခိုင်တဲ့တောင်တန်းလေး ဖြစ်နေတာနဲ့တင်
ဒီပိုးလိုးပက်လက်လဲလျောင်းနေရတဲ့ ကွင်းပြင်တွေက မော့ကြည့်နေရတယ်
ဒီတောင်ကမူလေးတွေက အားကျနေကြတယ်
ဒီလျှိုမြောင်ချိုက်ဝှမ်းတွေက အားကိုးတကြီး ဆုပ်ကိုင်ထားရတယ်
ကြည့်ကြည့်လိုက်ပါ တောင်တန်းလေးရေ
you r not alone
နောက်မှာ
တောင်စွယ်တောင်တန်းသေးသေးလေး ရှိနေသေးတယ်

Anonymous said...

မိုးရေမိုးပေါက်တွေ မြေပြင်ပေါ်ကို ပြေးပြေးလွှားလွှားလေးနဲ့ ပိုးပိုးပေါက်ပေါက် သက်ဆင်းပြီဆို မြေပြင်ကြီးက ကြည်နူးရှာလို့ ထင်ပါရဲ့ မြေသင်းနံလေးတွေ မွှေးပျံလာလိုက်တာ...အဲ့ဒီ မြေသင်းနံလေးတွေကိုမှ တရှိုက်မက်မက် စွဲလန်းခဲ့တဲ့သူ တစ်ယောက်က... နွေဦးရာသီရဲ့ ပထမဆုံးနေ့က အ၀ါရောင်ရနံလေးကိုလည်း ချစ်သွားပြီ တဲ့လေ...

Anonymous said...

အစ်မရေ ... အစ်မရဲ့အက်ဆေးလေးဖတ်ပြီး ကိုယ်တိုင် အ၀ါရောင်တောင်တန်းလေး အဖြစ်နဲ့ ခံစားသွားပါတယ် ...

chocothazin said...

ဒီနေရာမှာတော့ မိုးတွေရွာနေတယ်အမရေ

pandora said...

ဒီစာကို ဖတ်လိုက်တဲ့အခါ ငယ်ငယ်တုန်းက နေ့တွေထဲက နေ့တနေ့ကို ပြန်မြင်ယောင် ခံစားလိုက်ရတယ်။
ဆွတ်ပျံ့စရာ အ၀ါရောင်..
ညင်ညင်သာသာလေး ရှူရှိုက်သွားပါတယ်