
၂၀၁၂ တဲ့။ အိန္ဒြာက တက်ဂ်ပါတယ်။ ဒီသတင်းကို ကြားတာကြာပါပြီ။ တရားခံကတော့ စက်တင်ဘာ ၁၅ ရက်နေ့က ထွက်လာတဲ့ Dan Brown ရဲ့ The Lost Symbol ဖြစ်လောက်တယ်။ အဲထဲမှာ သူက ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၂ လို့တောင် အတိအကျရေးထားပါသေးတယ်။ ကိုယ်လည်း ကိုယ်နဲ့မဆိုင် သလိုနေလိုက်တာပဲ။ အိန္ဒြာ သတင်းပေးတဲ့နေ့ကတောင် ကိုအော်ပီကျယ် လေသံနဲ့ ပြောလိုက်သေးတယ်။ ကမ္ဘာကြီးက ပျက်နေတာဖြင့်ကြာလှပြီလို့ ...။ ကျွန်မတွေးမိတာကတော့ ဒီသတင်းကို လူတွေသိပ်မတုန်လှုပ်ကြဘူး လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တော်တော်များများက သူ့နည်းနဲ့သူ့ဟန် အကုန်ထွက်ပြေးလွတ်မြောက် ချင်နေကြပြီကိုး ။ အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်းကစလို့ ဟိုးဖက် လူကြီးပိုင်းတွေထိကတော့ အင်း ပျက်တော့မှာလား မိုးပြို အများပေါ့ .. ပျက်လည်းအေးတာပါပဲ ..လို့ ပြောကြပါလိမ့်မယ်။ ကြောက်စိတ်ဝင်နိုင်တာက ကလေးတွေပါ။ သူတို့က ဘာမှမသိသေးဘူး။ လောကကြီးရဲ့ ဒုက္ခတွေ သုခတွေ တော်တော်များများကိုလည်း မရရှိသေး မရင်ဆိုင်ရသေးဘူး။ ဒီတော့ သူတို့စူးစမ်းပျော်ရွှင်နေဆဲ လောက ကနေ ထွက်သွားချင်ဦးမယ် မထင်ဘူး။ (Craton တောင် ကြောက်လို့တဲ့ သနားပါတယ်။) ကိုကိုလည်း သိရင်ကြောက်မှာပဲ။ ကိုယ့်အတွက် ဘာမှမပူပေမယ့် ကလေးတွေအတွက်တော့ ပူမိပါတယ်။ ဖြစ်ချင်တာကတော့ ပျက်လည်း တစ်ယောက်မကျန်သေတာကောင်းပါတယ်။ ကျန်နေတဲ့သူတော့ မဖြစ်ချင်ပါဘူး။ နောက်တစ်ခုက ကျန်ခဲ့တဲ့သူတွေကိုလည်း ဘာမှမသိတဲ့ ကလေးတွေမဖြစ်စေချင်ပါဘူး။ ခုဖြေလိုက်တဲ့အဖြေတွေက တကယ်တော့ မဖြေချင်ပါဘူး။ ဒါပေမယ့် ကိုယ့်အလှည့်တုန်းက သူများကို နှိပ်စက် ထားခဲ့လေတော့ ကိုယ်လည်း ဖြေရမယ့်တာဝန်ကရှိလာပြီ ဆိုတော့ အိန္ဒြာ့ အတွက် ချစ်ခြင်းအားဖြင့် ဖြေပေး လိုက်ပါတယ်။ ကျေနပ်နိုင်ပါစေ။
(၁)။ ဘယ်သူတွေနဲ့ရှိနေချင်လဲ..ချစ်တယ်လို့ ထင်တဲ့သူတွေနဲ့ (ခုထိမသေချာချင်ဘူး)း)
(၂)။ဘာတွေခံစားနေရမလဲ..သိပ်ကောင်းတာပဲ… (ကိုယ့်အတွက်)
သိပ်ဆိုးတာပဲ (မွေးထားတာသိပ်မကြာသေးတဲ့ ကလေးတွေအတွက်)
(၃).ဘာတွေပြင်ဆင်ထားမလဲသူတစ်ပါးဒုက္ခရောက်အောင်လည်း မလုပ်ခဲ့ဖူးဘူး ။
သူတစ်ပါးကိုလည်း ထိခိုက်နစ်နာအောင် မစော်ကားခဲ့ဖူးဘူး။
မမှန်မကန်လည်း မလုပ်ခဲ့ဖူးဘူး ။အဲဒီအတွက် လိပ်ပြာသန့်တဲ့စိတ်တွေနဲ့ပဲ နေသွားပါမယ် ။ ဘာမှသိပ်ပြီး ပြင်ဆင်စရာရှိလိမ့်မယ်မထင်ဘူး။
(၄)၀မ်းနည်းမိမှာကဘာမှမသိသေးတဲ့ အပြစ်မရှိသေးတဲ့ ကလေးတချို့အတွက်
(၅)။ကြောက်လန့်မိတာက..အော် .. မချစ်မနှစ်သက်သူတွေနဲ့လည်း အတူသွားကြရမှာပါလား ဆိုတာ
(၆)။ဆောင်ထားချင်တာ..တရားသိတဲ့စိတ်
(၇)။ဘာတွေရေးမိမလဲ..ကဗျာတချို့ ဝိုင်တစ်ပုလင်းနဲ့ လူတစ်ချို့ကို အဖော်စပ်ထားတယ်
(စိတ်ဝင်စားရင် ဆက်သွယ်ပါ)
မှတ်ချက်.. တရားစခန်းသွားမည့်သူများလည်းစိတ်ပြောင်းပါက လက်ခံသည်။
(ဂ)။တွေးမိတွေးရာ အတွေးကောင်းကင်ဘုံနဲ့ငရဲကြား လာဘ်ပေးလာဘ်ယူကိစ္စတွေရှိလာနိုင်ပြီး လမ်းတွေလွဲကုန်မှဖြင့် …
(၉)။ဂုဏ်ယူချင်တာကကိုယ့်ထက်ကုသိုလ်ကောင်းသူတွေ ကိုယ့်ထက်သီလစင်ကြယ်သူတွေနဲ့ တူတူသေရပါလား
(၁၀)။ရှာကြံဖြေသိမ့်မိတာကနောက်ဆုံးကျတော့လည်း ဒီလမ်းဒီခရီး အတူတူပဲ သွားကြရတာပါလား ..
(၁၁)။ကျူးရင့်ချင်တဲ့ ဥဒါန်း……………………………………………………………………………….
မနော်ဟရီ