ခေတ်နေအတွက်ဆိုတော့
ကိုယ့်တူလေးဆိုတော
့ (လူတယောက်ရဲ့အတ္တစွဲပေါ့...)
ခေတ်ရဲ့ နေမင်းကြီးပဲ ဖြစ်စေချင်တာပေါ့
ပူလောင်မှုမပေးပဲ နွေးထွေးမှုကိုပေးမယ့်
နေမင်းကြီးလေ
ဟုတ်လား ခေတ်နေ
ဦးဦးသစ်ကောင်းအိမ်
လွန်ခဲ့တဲ့ကိုးနှစ်ဧပြီလ(၃)ရက်နေ့မှာကလေးလေးတစ်ယောက်လူ့လောကထဲကို
ရောက်လာခဲ့တယ်။ပညာရှိတွေရဲ့တွက်ချက်မှုအရကတော့အဲဒီနှစ်ဟာတကယ့်ကို
ကောင်းမွန်တဲ့နှစ်တဲ့။ဘာလို့လဲဆိုတော့တရုတ်တွေရဲ့ရိုးရာပြက္ခဒိန်မှာအဲဒီနှစ်က
နဂါးနှစ်ကိုး။၁၂နှစ်မှာတစ်ခါပဲပြန်ကျတတ်တဲ့နဂါးနှစ်ဖြစ်တဲ့အပြင်..နှစ၆၀မှာမှ
တစ်ခါ.ပြန်ကျတတ်တဲ့...ရွှေနဂါးနှစ်လည်းဖြစ်နေပါသေးတယ်။
ဗေဒင်ကဝိကျော်ကိုဇာဏီ(စံဇာဏီဘို)ကတော့..ခုလက်ရှိကမ္ဘာကြီးကိုကိုင်လှုပ်
နေတဲ့သူတော်တော်
များများဟာ.လွန်ခဲ့တဲ့နှစ်ပေါင်း၆၀..ကရွှေနဂါးကြီးတွေပေါ့လို့ပြောပါတယ်။
(နဂါးဆိုတာကလည်းတစ်ချက်လောက်လူးလွန့်လိုက်ရင်တောင်မှငလျင်လှုပ်
သလိုဖြစ်သွားတတ်တာကိုးဒါပေမယ့်ကာလနဂါးကြီးကတော့ အအိပ်ကြီးချင်
ယောင်ဆောင်နေတာ ကြာ ကြာလှပေါ့..)
သားကလေးကိုမွေးတော့..၆ပေါင်ပဲရှိတဲ့သေးသေးလေးပါ။နီနီရဲရဲသေးသေး
လေးမို့ကိုင်လည်းမကိုင်ရဲထိလည်းမထိရဲနဲ့..။ဒီတိုင်းမွေးမယ်ဆိုပြီးခွဲမမွေးရင်
မမွေးပေးတဲ့အိုဂျီတွေဆီကနေအမုန်းခံထွက်ပြေးခဲ့ပြီးကာမှမောင်မင်းကြီးသား
ကအမေဗိုက်ကိုဖောက်ထွက်ပြီးမှရောက်လာခဲ့သူလေ။သတ်မှတ်ရက်ထက်
လည်း..၂၁ရက်စောရောက်လာပါတယ်။
ဖြစ်ချင်တော့၂.ရက်နေ့မနက်မှာ.ကျွန်မက..ကန်သာယာဆေးရုံသွားပြီး.အခန်း
ကိုဘွတ်ကင်လုပ်ပါတယ်။အဲဒီမှာတင်..သူတို့ကခုပဲတက်တော့မယ်လို့ထင်
လိုက်ပြီးပျာယာခတ်သွားသေးတယ်။နောက်မှဘွတ်ကင်ဆိုတော့သူတို့စိတ်
အေးသွားတာ။နောက်နေ့မနက်လည်းကျရောအဲဒီဘွတ်ကင်သမားကရောက်
လာပြန်ရောဆိုတော့သူတို့လည်းအံ့တွေသြလို့။မွေးပြီးပြီးချင်းတကည်းကနည်း
နည်းဝါချင်လို့ဆိုပြီး..မျက်မှန်မည်းလေးတပ်၊မီးအဖြူပြ၊နို့တိုက်နဲ့လုပ်တာတောင်
မှ..ဆေးရုံမှာသင်္ကြန်ထိနေလိုက်ရပါတယ်။နောက်ဆုံး..blue..photo..လို့သူတို့
ခေါ်တဲ့မီးအပြာရောင်ထိပြလိုက်ရတယ်။လူလည်းပူပန်မှုဆိုတာကိုအဲဒီကတည်း
ကရလိုက်တာ..ဒီနေ့ထိမရပ်တော့ပါဘူး။
မွေးစကတော့အမေနို့စို့ပါသေးတယ်။တစ်လလည်းကျော်လာရော..အမေကိုမြင်
တာနဲ့ငို။တွန်းထုတ်တော့တာပဲ။နို့မစို့ချင်လို့လေ။နို့ဘူးဆိုရင်တော့သူ့အမေအရင်း
ကိုမြင်သလိုပဲ..ပြုံးလို့ရွှင်လို့..လာထားပဲ..။ဆရာမတွေကတော့ပြောပါတယ်။
ကလေးကိုမီးပြတဲ့ရက်တွေမှာလူကြီးနဲ့ခွဲထားတော့..နို့ဗူးတိုက်တယ်လေ။အဲဒီမှာ
အကျင့်ပါသွားတာလို့ဆိုပါတယ်။ကလေးက.အားစိုက်ရတဲ့မိခင်နို့ထက်အားမစိုက်ပဲ
စို့လို့ရတဲ့..နို့ဗူးကိုပိုစိတ်ဝင်စားသွားတော့တာ။တောက်လျှောက်နို့ဗူးပဲစို့တော့တာ.
.လေးနှစ်ခွဲငါးနှစ်ထိပါပဲ။

မူကြိုတက်တုန်းက ကျောင်းအကျီ င်္နဲ့..
ငယ်ငယ်ကတော့.ကျွေးရင်အကုန်စားတယ်။ထမင်းနဲ့ပဲနီလေးနဲ့အသားနဲ့ကလေး
အထူးကုဒေါက်တာဒေါ်ဖြူဖြူဦးညွှန်တဲ့တိုင်းကျွေး..အကုန်စားပါတယ်။အဲ..နည်း
နည်းသိတတ်လာတာနဲ့..လက်ချောင်းသေးသေးလေးတွေနဲ့စတင်ဖယ်ရှားပါတော့
တယ်။ဘာအသားမှမစားတော့ဘူး။ပဲမုန့်ဆိုရင်တောင်မှတရုတ်တန်းကတချို့ပဲမုန့်
တွေကဝက်ဆီနံ့ရနေတတ်တယ်။အဲဒါမျိုးဆိုမစားပါဘူး။သူစားတဲ့အရာကလက်ချိုး
ရေလို့ရပါတယ်။ထမင်း၊ခေါက်ဆွဲ။မုန့်ဟင်းခါး၊ဒန်ပေါက်ကိုအသားမပါထမင်း
ချည်းပဲ၊ထမင်းနဲ့ပဲပြုတ်ကျော်။နောက်ပိုင်းသူမူကြိုတက်တော့..ဆရာကိုတာ့ကျောင်း
….Silta Lumbini..မှာအဲဒီကကျွေးတဲ့အစားအစာတချို့ကိုသူစားတတ်လာတယ်။
ထမင်းနဲ့ပဲပြုတ်ဆီဆမ်း….ခေါက်ဆွဲကျော်၊ပလာတာနဲ့အာလူးပဲဟင်း၊စတာတွေ၊
နောက်ပိုင်းကျတော့မှငါးနည်းနည်းစားပါတယ်။
ပြောင်းဖူးကိုတော့အသေးရော၊အကြီးရောစားတယ်။အဓိကသူစားတာက.အာလူးပါ။
အာလူးနဲ့ငါးကြော်..
Fish..and..Chips..ဆိုသူအရမ်းကြိုက်ပါတယ်။ဒါပေမယ့်..ငါးကိုတော့များများမစား
ပါဘူး။အာလူးပဲအဓိကစားပါတယ်။မနှစ်က..မုန်တိုင်းဖြစ်တော့သူ့ကိုချော့မော့ပြီး.
.ကြက်သားစကျွေးတာ.တိုကျိုကြက်ကြော်နဲ့အောင်မြင်သွားပါတယ်။အဲဒါနဲ့ကြက်
သားကိုဆိုင်ကလိုအိမ်မှာအမေကကြော်ပေးရတယ်။ခုထိလည်းဒီထဲကမထွက်ပါဘူး။
ကြက်ကြော်၊ငါးကြော်၊အာလူးကြော်၊အာလူးနဲ့ပဲဟင်း၊ပြောင်းဖူးပြုတ်။ဒီရောက်
တော့သူစားနေကျမုန့်ဟင်းခါးကမစားရတော့ပြန်ဘူးဆိုတော့တစ်ခုလျော့သွားရ
တာပေါ့။

အမြဲတမ်းပျော်နေချင်ပေမယ့်..အမြဲမပျော်နိုင်တဲ့သားကလေး
အမြဲတမ်းအနားရှိချင်တဲ့သား(ဓါတ်ပုံရိုက်တဲ့အချိန်)
သားအတွက်ကျပြန်တော့လည်း..လောကမှာပြေးကြည့်မှဒီအမေတစ်ယောက်ပဲ
အားကိုးစရာရှိတာမို့သားကတော်တော်လေးတော့အားကိုးးပါတယ်။ဒါပေမယ့်..
ယောကျာ်းလေးသဘာဝအရကတော့သူလုပ်ချင်တာလုပ်နေရရင်အမေလည်း
မေ့တာပါပဲ။ဒါလည်းသဘာဝပါပဲ။သူကြီးလာရင်လည်းဒိထက်အာရုံစိုက်စရာ
မျိုးစုံနဲ့ကြုံတွေ့လာတဲ့အခါ..သူအမေကိုမကြာခဏတော့…မေ့ထားနေမိဦးမှာပဲ။
ဒါပေမယ့်...ကျွန်မက..အမေလေ..သူလိုအပ်တဲ့အချိန်မှာအမြဲတမ်းပြန်ပြေးလာ
နိုင်ဖို့၊လာတဲ့အခါတိုင်းမှာအသင့်ရှိပေးနေဖို့ပဲကြိုးစားနေချင်ပါတယ်။
ဒီရောက်တော့..လေဆိပ်ကနေအိမ်ရောက်ကတည်းကငိုတာတစ်ညနေလုံးတစ်
ညလုံးမို့အိမ်က..လူတွေကတောင်ပြန်ချင်ရင်မနက်ဖြန်ပဲပြန်တော့လို့..ဒေါသတ
ကြီးပြောတာကိုခံခဲ့ရရှာပါတယ်။ခုထိလဲသားကမပျော်ရှာပါဘူး။သူ့ဟာသူလုပ်စ
ရာရှိတာလုပ်တယ်။အမေနဲ့နေတယ်။ကစားတယ်။ညမိုးချုပ်ရင်တော့..မပျက်မ
ကွက်..ဘယ်တော့ပြန်ရမှာလဲဆိုတာကိုမေးပါတယ်။တစ်ခါတစ်လေကျတော့လဲ ခပ်တည်တည်နဲ့..အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိတယ်..ညကျပြော
မယ်နော်..ဆိုပြီး….ကျောင်းဝန်းထဲဝင်သွားလိုက်တာကျွန်မမှာ..တစ်နေကုန်ရင်
တမမနဲ့..။ညကျတော့..ဘယ်တော့ပြန်ရမှာလဲဆိုတဲ့မေးခွန်းကိုပဲအလေးအနက်
မေးတော့တာပဲ။

Tomorrow Land ရောက်သားကလေး..သားကလေးရဲ့မနက်ဖြန်ကရော..
လောကမှာသူမသိသေးတာတွေကသိပ်များတယ်ဆိုပေမယ့်..သားကလေးက
တခြားကလေးတွေလိုကလေးပဲထားရာနေစေရာပျော်မယ့်ရွက်ကျပင်ပေါက်လို့
ထင်ရင်မှားသွားးပါလိမ့်မယ်။ဒီကလေးမှာကဘဝနဲ့ယှဉ်ပြီးရလာတဲ့အသိလေး
တွေအများကြီးရှိပါတယ်။..ကလေးတစ်ယောက်နဲ့မတန်တဲ့..အတွေးတွေအသိ
တွေသူ့မှာရှိနေတာ..ကျွန်မသိတယ်။စကားတတ်ကတည်းကဘယ်သူမှမသင
်ရပဲသူ့ကိုယ်သူ..ကိုကိုလို့ပြောတတ်တဲ့ကလေးဟာ..ကျွန်မကိုလည်းတစ်ခါတစ်ခါ
ကျအစ်ကိုကြီးတစ်ယောက်လိုတောင်ပြုမူဆက်ဆံချင်တတ်သူပါ။ILBC…မှာ
မူကြိုကနေသုံးတန်းပြီးခါနီးထိသာတက်လာရော..လူတော်တော်များများကို
သံယောဇဉ်မထားပဲသူခင်တဲ့သူတွေကိုမှရွေးပြီးသံယောဇဉ်ထားတတ်၊ဒီလူတွေ
နဲ့ပဲနေ၊ဒီလူတွေနဲ့ပဲစာလုပ်နဲ့အစွဲကြီးတတ်တဲ့ကလေးလည်းဖြစ်ပါတယ်။ခု..ဒီက
ကျောင်းမှာတော့သူဘယ်လိုမှအဆင်မပြေနိုင်သေးဘူးဆိုပေမယ့်သူကျောင်း
တော့မပျက်မကွက်တက်တယ်..သူကGeometry..တွေ..ILBC..မှာတွက်ခဲ့တဲ့
အချိန်မှာဒီမှာသူ့ကိုငါးအလီကိုခက်ခက်ခဲခဲဖြစ်နေတဲ့ကလေးတွေနဲ့အတူသင်
နေလည်းသူသည်းခံရှာပါတယ်။တစ်နေ့တော့သူပြန်ရမှာပဲဆိုတဲ့မျှော်လင့်ချက်
နဲ့လေလားမသိ၊

Pluto နဲ့သားကလေး
.ရှဉ့်ငနောက်ကလေးနှစ်ကောင်ကဖက်သလိုနဲ့ကလိထိုးနေတာကိုပျော်နေတဲ့
သားကလေး
ခုဆို..သားကလေးကကိုးနှစ်..နောက်ထပ်၆နှစ်လောက်ဆို..သူဟာအရာရာကို
တော်တော်လေးနှိုင်းချင့်တတ်တဲ့ကလေးတစ်ယောက်ဖြစ်လာတော့မယ်။အဲဒီ
အချိန်ကျရင်သူဘာလုပ်မလဲ..ကျွန်မသူ့ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ကြီးပြင်း
စေချင်တယ်။ကျွန်မတို့ငယ်ငယ်ကကြီးပြင်းခဲ့ရသလို၊ဒီမှာနေ၊ဒီမှာထိုင်၊ဒီကျောင်း
တက်။ဒီဘွဲ့မယူနဲ့၊ဟိုဘွဲ့ကကောင်းတယ်ဆိုတဲ့..လူကြီးမှန်ဝါဒကြီးစိုးမှုအောက်မှာ
မထားပါဘူး။သူ့လွတ်လပ်ချက်နဲ့သူ၊သူ့ဆုံးဖြတ်ချက်နဲ့သူဆုံးဖြတ်ရပ်တည်နိုင်ဖို့
အတွက်..ကျွန်မက ဘေးကနေထိန်းကျောင်းတည့်မတ်ပေးသွားတာမျိုးလောက်
ပဲလုပ်ချင်ပါတယ်။
ရှေ့မှာလမ်းတွေကအများကြီ့းပဲ။သားကလေးလျှောက်ရဦးမယ်။လူတွေက
အမျိုးမျိုးပဲ၊သားကလေး ကြုံတွေ့ရလိမ့်ဦးမယ်..၊သင်ခန်းစာတွေကများကြီးပဲ
..သားကလေးသင်ယူနာကျင်ရလိမ့်ဦးမယ်..အဲဒီအခါကျ..သူနာကျင်မောပန်း
လာတဲ့အခါကျ..ကျွန်မဆီပြန်ပြေးလာနိုင်ဖို့.ကျွန်မဆက်လက်ရှင်သန်နေဖို့
လည်းလိုပါတယ်။
သားကလေးမွေးနေ့မှာသားကလေးအတွက်..မွေးနေ့လက်ဆောင်အဖြစ်ရော
တစ်သက်တာအတွက်ရောပေးချင်တဲ့သီချင်းလေးတစ်ပုဒ်ရှိပါတယ်..Bee Gees
..တွေရဲ့..Run To Me..ဆိုတဲ့သီချင်းလေး ပါပဲ..။စာသားရော..နားထောင်နိုင်ဖို့
လင့်ခ်လေးရောထည့်ပေးလိုက်ပါတယ်။
RUN TO ME (Bee Gees)
If ever you got rain in your heart,
someone has hurt you, and torn you apart,
am I unwise to open up your eyes to love me?
And let it be like they said it would be -
me loving you girl, and you loving me.
Am I unwise to open up your eyes to love me?
Run to me whenever you're lonely. (to love me)
Run to me if you need a shoulder
Now and then, you need someone older,
so darling, you run to me.
And when you're out in the cold,
no one beside you, and no one to hold,
am I unwise to open up your eyes to love me?
And when you've got nothing to lose,
nothing to pay for, nothing to choose,
am I unwise to open up your eyes to love me?
Run to me whenever you're lonely. (to love me)
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.
Run to me whenever you're lonely.
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.
Run to me whenever you're lonely.
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.
ဒီမှာသွားနားထောင်နိုင်ပါတယ်။
ဒါကတော့..သားကလေးမွေးနေ့ကိုလာကြမယ့်သူတွေအတွက်ပါ။သားကလေးစားနေ
ကျ အစား အစာတွေပဲတည်ခင်းပေးလိုက်ပါတယ်။..ပျော်ရွှင်ပါစေ..။




ကြက်သားဟင်းနဲ့ပလာတာ၊မုန့်ဟင်းခါး၊ကြက်ကြော်


ဒန်ပေါက်၊ငါးနဲ့အာလူးကြော်၊ပြောင်းဖူး
And Happy Birthday Ko Ko.. ..Surely goodness and mercy shall follow you all
the days of your life and may all your dreams come true by my prayers!!
ချစ်သောမေမေ..