Tuesday, December 2, 2008

ဘာပြောရင်ကောင်းမလဲ....????

အသစ်..အသစ်ဆိုတဲ့သူအားလုံးကိုအသစ်ကပေးချင်..လူကမအား..စိတ်ကလည်းမအား၊
စိတ်ပမ်းလူပမ်းလည်းကလည်းဖြစ်နေတော့ ဘာပြောရင်ကောင်းမလဲလို့စဉ်းစားရင်းဘာမှမရေး
ဖြစ်ဘူးဖြစ်နေတယ်။ အရင်လိုပဲ ငိုညည်းလေးညည်းပြီး ရှောင်တခင် ခွင့်ဆိုပြီးတောင်းရင်
ကောင်းမလား..ဒါမှမဟုတ် ခရီးထွက်မလို့ လို့ပြောရင်ကောင်းမလား..စဉ်းစားရင်းစဉ်းစား
ရင်း အမှန်အတိုင်းပဲပြောလိုက်ပါတယ်။
ဒီဇင်ဘာလကုန်မှာ ခရီးရှည်တစ်ခုသွားစရာရှိလို့ပြင်ဆင်နေရတာရယ်၊ အိမ်ပြောင်းမှာမို့ အိမ်
သစ်ကိုပြင်၊အိမ်ဟောင်းကို သိမ်းဆည်းနဲ့မအားရတာရယ်၊မဂ္ဂဇင်းအတွက် ရုံးကျရယ် နောက်
လတွေအတွက်ပြင်ပေးနေတာရယ်နဲ့ လုံးဝ(လုံးဝ)ကိုခြေကုန်လက်ပမ်းကျနေလို့ပါ။ ၀တ္ထုတစ်
ပုဒ်ရိုက်လက်စရှိတာတော့ ပြီးတာနဲ့တင်ပေးပါ့မယ်။ အမြည်းပေးရရင်တော့ ခေါင်းစဉ်က
“မြေပုံအတုထဲကမြို့” တဲ့...။
မွေးနေ့နီးလာလို့လားမသိဘူး။ အတိုက်အခံကလည်းများ၊ ဘာလုပ်လုပ် အဆင်ကချက်ချင်းမပြေ
နဲ့..အင်း..ရှေ့လာမယ့် အချိုးအကွေ့ကတော့ တော်တော်လေးကြည့်ကောင်းမယ်ထင်တာပဲ။
ဒီတစ်ခါဆိုရင်တော့ ...

5 comments:

  1. စိတ်ပန်း လူပန်းဖြစ်တာတွေ အမြန် အမောပြေပါစေ ဆရာမရေ့....။

    ReplyDelete
  2. မ....
    စိတ်ပင်ပန်းနွမ်းနယ်တာတွေ ပြေပျောက်ပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ....
    မိုးနေ

    ReplyDelete
  3. ရှင်မေခ

    အဲလိုဘဲ မွေးနေ့နီးရင်
    အကွေ့တကွေ့ကိုရောက်ခါနီးရင်သတိထားရသလိုဘဲ
    အင်း ရှင်မကြာခင်မှာတွေ့ရမယ် အကွေ့ကလေးက ဘယ်ရောက်သွားနိုင်မလဲ
    by the way - Sweet December
    အော် လာကူပေးမှာပေါ့ ရှုပ်နေတာတွေပိုရှုပ်အောင်
    ပြောမှမပြောတာ အိမ်သစ်လိပ်စာပေးအုန်းနော် ဟီးဟီး

    ကျေးဇူးတင်တယ်တော့
    အသစ်တင်ပေးတဲ့အတွက်

    ပါရှန်းပင်လယ်ကွေ့က ပျင်းရိငြီးငွေ့နေသူ

    ReplyDelete
  4. မနော်..
    အလုပ်ရှုပ်နေတာကိုး။ အားလုံးအဆင်ပြေချောမွေ့ပါစေ..ဟဲဟဲ..ဒါမှ စာများများဖတ်ရမှာ..မွေးနေ့နားနီးပြီဆိုတော့ present ပေးဖို. santa ဆီက တထုပ်လောက်ယူထားဦးမှပဲ..။

    ReplyDelete
  5. အားမှပဲ အေးအေးဆေးဆေး ရေးပါ။ မလောပါဘူး။ လက်ဖက်ကောင်းမို့ တောင်တက်နှေးလဲ နားလည်ရမှာပေါ့။
    အချိုးအကွေ့ဆိုလို့ ကောင်းမြတ်ခြင်းတွေယူလာမဲ့ အချိုးအကွေ့ ဖြစ်ပါစေလို့။

    ReplyDelete