၁၁နှစ်သား ကိုကို
၂၀၁၁ ..
ဘာလိုလိုနဲ့ ကိုကိုတောင် ဒီနေ့ ၁၁ နှစ်ပြည့်ခဲ့ပါပြီ။ ခရီးရောက်မဆိုက် ခရီးပမ်း လူပမ်း စိတ်ပမ်း ဖြစ်နေတာနဲ့ ပို့စ်ရေးဖို့တောင် သတိရပေမယ့် စိတ်က မလိုက်နိုင်ပါဘူး။ ဒါပေမယ့် သူ့အကိုတော် Z က သူ့အတွက် ပို့စ်လေး တစ်ခုရေးပေးပါတယ်။ အဲဒီမှာကို ကိုကို့အကြောင်းက တော်တော်ပြည့်ပြည့်စုံစုံကို ပါနေပါပြီ။
မွေးနေ့လက်ဆောင်
မနက်အစောကြီး အဘွားလုပ်တဲ့သူက မွေးနေ့ကဒ်လေး လာတင်ပေးထားပါတယ်။ ဒါပေမယ့် ကိုကို အိပ်ရာက ထတဲ့အချိန်က ကိုးနာရီခွဲနေပြီ။ မွေးနေ့ကဒ်ကို အိပ်မှုန်စုန်မွှားနဲ့ အတင်းဖောက်ခိုင်းပြီး ကြည့်ပါတယ်။ ပြီး ပြန်အိပ်ပါတယ်။ နောက် ရေဖြည့်ပေးထားတယ်။ ရေထချိုး .. အဒေါ်တွေ လာရင် birthday boy က ဒီလိုပုံနဲ့ ကြိုမလို့လား ဆိုမှ အိပ်ရာက ထပါတယ်။ ရေချိုးအဝတ်အစားလဲပြီး လန်းလာမှ သူ့မွေးနေ့ကဒ်ကို သူ သေချာကြည့်ပြီး သဘောကျသွားပါတယ်။ သူ့အဘွားကိုတောင် သူက ပြန်ချီးကျူးလိုက်သေးတယ်။ တော်တယ်တဲ့။ ခဏနေကျ သူ့အဒေါ်က မွေးနေ့ကိတ်တစ်လုံးနဲ့ ရောက်လာပါတယ်။ မှာပေးထားတာကတော့ အဘွားက မှာပေးတာပါ။ အဒေါ်က ဝင်ယူပေးတာ။ Donald Duck ပုံနဲ့ မွေးနေ့ကိတ်ကလေးက ချစ်စရာကောင်းတယ်။
နေ့လည်မှာတော့ သူ့ကို အမှတ်တရအနေနဲ့ Koala Park ကို လိုက်ပို့ပါတယ်။ Koala Park ဆိုပေမယ့် Koala တွေချည်းပဲ ရှိတာ မဟုတ်ပါဘူး။ Kangaroos တွေ၊ Wallabies တွေ၊ Emu နဲ့ Casawari တွေလည်း ရှိပါတယ်။ သူ Shawn ဆိုတဲ့ Koala လေးနဲ့ ကပ်ပြီး ဓာတ်ပုံရိုက်လာသလို သားပိုက်ကောင်လေး တွေကိုလည်း အစာကျွေးချင်တယ်ဆိုလို့ အစာဝယ်ကျွေးပါတယ်။ အစာက တစ်ထုတ်ကို ၁ကျပ်ပြား၇၀တဲ့။ ဘာပါလိမ့်လို့ ကြည့်လိုက်တော့ အခြောက်ခံထားတဲ့မြက်တွေ။ ဖြစ်ပုံများ .. လက်တစ်ဆုပ်စာသာသာ အခြေက်ခံထားတဲ့ မြက်သုံးထုတ်ကို ၅ကျပ်ကျော်ပေးပြီး ကျွေးရတဲ့ဘဝ ..။ အလှူလို့ပဲ သဘောထားပြီး တန်တာ မတန်တာတွေ မတွေးလိုက်တော့ပါဘူး။ သူပျော်ရင်ပြီးတာပဲပေါ့။
Happy Birthday Bro.
ReplyDeletehappy Birthday ပါ ကိုကို။
ReplyDeleteကိုကို က ရီနိုမာန်ထပ် ၉ နှစ်တိတိ ကြီးပါတယ်။
ဒါကြောင့် ကိုကို က ကိုကိုပါပဲ ကိုကို။
ရီနိုကတော့ ညီလေး ရီနို ဖြစ်သွားရပါပြီ။
မွေနေ့မှ စ နောက်နှစ် တွေမှာလဲ ပျော်ရွှင်ပါစေလို့
ညီလေး ရီနို ဆုတောင်းပေးလိုက်ပါတယ်.
Happy Birthday Ko Ko.
ReplyDeleteI really want you .. to be avid writer in Burmese language as well. Because you are the only and single precious son of your Father* and your Mother*.
Aunty Kay :)
နောက်တခေါက်ပြန်လာဖတ်တော့မှပဲ
ReplyDeleteပို့စ်အသစ်တွေ့တော့တယ်..
ကိုကို့အကြောင်းတဝကြီးထပ်ဖတ်သွားတယ်..
မွေးနေ့မှာပျော်ရွှင်ပါစေနော်..
Happy Birthday ပါ မောင် ခေတ်နေ ...
ReplyDeleteကောင်းသောနေ့ လေးဖြစ်ပါစေ :)
Happy Birthday, Ko Ko!!!
ReplyDeleteMa Cho
ပျော်ရွှင်ဖွယ် မွေးနေ့လေးပါ ကိုကိုရေ ..း))
ReplyDeleteမကြီးရော ကိုကိုရော နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ကျန်းမာပါစေ ..း)
ချစ်ခင်စွာဖြင့်
ထူးချွန် ထက်မြက်ပုံကလေး...၊ သားကြီးလာရင် သားရေးတဲ့ စာတွေကို မျက်မှန်ထူထူကြီး တပင့်ပင့်နဲ့ ဖတ်ချင်သေးတယ်။ အဖေအမေတူ ဆိုရင်တော့ ကဗျာကောင်းကောင်းလေးတွေ ဖတ်ရဖို့ပဲ။ "ဟက်ပီးဘာ့ဒ်ဒေးပါ သားသားရေ...."
ReplyDeleteHappy Birthday သားသားရေ...
ReplyDeleteသူ့ကို သားသားလို့ ခေါ်လိုက်လို့ မိန်းကလေးဆို သမီးသမီးလို့ ခေါ်ခိုင်းနေဦးမယ် ... မောင်ခေတ်နေ တယောက်...:)
လူချော လူလှ လူလိမ္မာ
မနော်တို့များ မွေးတတ်ထှာ
happy birthday ကွာ..
ReplyDeleteဖတ်လို့ကလည်းကောင်းလိုက်တာ.. ပြီးသွားမှန်းတောင်မသိလိုက်ဘူး..
ဟုတ်တယ် တီနော်။ အဲ့ဒါ “မိခင်မေတ္တာ” ပဲပေါ့..။
သား ကိုကိုအကြောင်းလေး လာဖတ်တယ် မနော်... အမေတယောက်အတွက်တော့ သားအကြောင်းပြောရမယ်ဆို ပိုစ့်ပေါင်း ဘယ်လောက်ရေးရ ရေးရ... ရေးလို့ ကုန်နိုင်မှာ မဟုတ်ဖူးနော်...း))
ReplyDeleteချစ်စရာကောင်းတဲ့ သားကလေး မွေးနေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာပြီး ပညာတွေ အများကြီး တတ်တဲ့ သားကောင်းတယောက် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်...း))
သားအကြောင်း ရေးထားတာတွေကို နှစ်ခြိုက်စွာဖတ်သွားပါတယ်။ နောက်နှစ်မွေးနေ့ဆိုရင်တော့ သူငယ်ချင်းတွေနဲ့မှ ပျော်တော့မယ်၊ အမေနဲ့ နှစ်ယောက်တည်း လည်ချင်တော့မှာ မဟုတ်ဘူး။ ပညာထွန်းချွန်ပြီး မိဘကျေးဇူး သိတတ်တဲ့ သားလိမ်မ္မာလေး ဖြစ်ပါစေ။။
ReplyDeleteကြီးလာရင် သူ့မိဘစာအုပ်တွေရဲ့ တန်ဖိုးကို သိလာမှာပါ။ ကျွန်တော်က "သူ့မိဘ" ရဲ့ Biggest fan မို့လို့ ဒီပို့စ်ကိုလဲ စိတ်ဝင်တစား သေချာဖတ်သွားပါတယ်။
ReplyDeleteCheers,
Happy Birthday Ko Ko...
ReplyDeleteကိုကိုတောင် ၁၁ နှစ်သားဖြစ်သွားပြီပေါ့။ ချစ်စရာကောင်းပြီး ချစ်တဲ့ မေမေရဲ့ မေတ္တာအောက်မှာ အမြဲပျော်ရွှင်ချမ်းမြေ့ပါစေ။ ထူးချွန်ထက်မြက်တဲ့ သားလိမ္မာလေးဖြစ်ပါစေ။
ReplyDeleteအရွယ်ရောက်လာတဲ့အခါ ကြင်ဖော်ချောချောလေးရပါစေ။ (ဒါက အပိုဆု)
ကိုဇက်ရဲ့ ကျေးဇူးကြောင့် ကိုကိုရဲ့ စာအုပ်လေး ဖတ်ခွင့်ရခဲ့ပါတယ်။
ReplyDeleteကိုကိုဟာ ဖေဖေနဲ့ မေမေလိုပဲ လင်းလက်တဲ့ကြယ်လေးဖြစ်လာမယ်ဆိုတာ တကယ်ယုံကြည်နေမိပါတယ်း)
Happy Birthday သားသားရေ... သိပ်ချစ်စရာကောင်းတဲ့ သားလေးအကြောင်းတွေ ဖတ်သွားတယ်....
ReplyDelete