ပညာသင်ထောက်ပံ့ကြေး နောက်ဆက်တွဲ

Wednesday, May 19, 2010


ပညာသင်ထောက်ပံ့ကြေး နောက်ဆက်တွဲ

ကျောင်းသူလေး နှစ်ယောက်ထဲက သက်ထားမွန်အတွက် လစဉ် တာဝန်ယူမယ့် အလှူရှင်တော့ ရသွားပါပြီ။ ကိုရီးယားနိုင်ငံက ကိုကျော်သူရနဲ့ဇနီးဆွေဆွေဝင်းတို့ပါပဲ။ ကျွန်မလည်း ကလေးတွေကိုယ်စားရော မိဘ တွေ ကိုယ်စားရော ဝမ်းလည်းသာ ကျေးဇူးလည်းတင်ပါတယ်။ အားလုံးလည်း သာဓုခေါ်စေချင်ပါတယ်။ ကျန်တဲ့ အေးသူဇာမိုးအတွက်ကတော့ ကျွန်မလက်ထဲ ရောက်နေတဲ့ ကိုအောင်(ပျူနိုင်ငံ)တို့မိသားစု ဆီက အလှူငွေ၊ ဖြိုးဖြိုး ၊ အိန္ဒြာ ၊ Zephyr နဲ့ ကျွန်မတို့ ဆီက အလှူငွေတွေပေါင်းပြီး လစဉ် ပို့နိုင်အောင် လုပ်သွားမှာပါ။ အဲဒီထဲက လစဉ် သုံးပုံတစ်ပုံအလှူငွေကို Zephyr က တစ်ပုံ၊ ကိုရီးယားနိုင်ငံက ကိုစိုးသက်ပိုင်က တစ်ပုံ ၊ကျန်တဲ့သုံးပုံတစ်ပုံကို ကျွန်မ ၊ အိန္ဒြာနဲ့ တခြားအလှူရှင်တွေရသလို ပါဝင်သွားမှာ ဖြစ်ပါတယ်။




5 Comments:

Zephyr said...

Yeah that's great ...

That's really is a good news :)
I am glad for them ...

It is a long term donation and so much alike that we plant a tree. Sooner or later, they will contribute their knowledge and skills back to the society of the needy.

In deed, doing good deeds is the 100% guaranteed way of getting happiness out of boring life.

Let's make the world a better place together ...
!!!!

ကိုဇော် said...

လှူသူတွေရော . .အလှူခံသူကိုရော ဝမ်းသာအားရစွာ သာဓု ခေါ်သွားပါတယ်ဗျာ။

တီချမ်း said...

အမရေ
ပထမ ပိုစ့် စတင်ကတည်းက တယောက်အတွက် တာဝန်ယူလှူချင်ကြောင်းပြောဖူးပါတယ်
ဖောလိုးအပ် လုပ်တာပါ
ဘယ်လို တဆင့် လှူလို့ရမလဲဆိုတာ
အကြောင်းကြားပေးစေလိုပါတယ်
chenaddy@gmail.com
+66 84 671 1135
ဆိုရင်လဲ ရောက်ပါတယ်
ကျတော် တလချင်းလှူလို့ရင် လှူချင်ပါတယ်

Ree Noe said...

မကြီးရေ

သားလည်းလှူမယ်
ပြန်ရောက်မှ အကြောင်းပြန်မယ်
မနေ့ကတော့ မအိမ် နဲ့ ပြောထားတယ်

Zephyr said...

>>>အန်တီချမ်းရေ ..

ပညာတော်သင်ထောက်ပံ့ကြေးအတွက် လှူချင်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အလှူကောက်ဖို့ ရက်အနည်းငယ်ပဲရခဲ့တဲ့အတွက် အမြန်ဆုံးရောက်လာတဲ့ အလှူရှင်တစ်ချို့နဲ့ စင်ကာပူက မောင်နှမတွေပေါင်းပြီးလှူဖြစ်တာနဲ့ အလှုက အဆင်ပြေသွားပါပြီ။ စောစောစီးစီး ပြန်မပြောဖြစ်တဲ့အတွက် sorry ပါ ...

>>>>>
အလှူငွေကောက်ခံပေးတဲ့ ညီအကိုမောင်နှမတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ အလှူငွေတွေကိုလည်း မြန်မာပြည်ကိုလွှဲလိုက်ပါပြီ။