စိတ်အဆင်မပြေတဲ့နေ့

Thursday, March 4, 2010

ပုံဆောင်ခဲတစ်ခုအနေနဲ့တော့ ကောင်းချင်မှ ကောင်းလိမ့်မယ်။ ဒါပေမယ့် ငယ်ငယ်တုန်းကရေးခဲ့တဲ့ ကဗျာမို့ အမှတ်တရပါ။ တင်မင်းထက် ရဲ့ tag အတွက် ဖြစ်ပါတယ်။
ပထမဆုံး ရင်ခုန်ပွင့်မှာပါခဲ့ဖူးတဲ့ အဖွင့်ကဗျာ မဟေသီ အဖွင့်ကဗျာတွေထက် ရှေးကျပါတယ်။

စိတ်အဆင်မပြေတဲ့နေ့


စိတ်နဲ့ခတ်ထားတဲ့
အဆင်အသွေးတွေ
အခိုင်လိုက် အလိပ်လိုက် ထွက်ကျ
ငါ့ .. ဘယ်ဘက်ရင်ဝကနေ ...

တိုင်ခြည်နဲ့ ယက်ခြည်လွဲခဲ့ရလို့
အပြစ်အနာအဆာ ဗရပွနဲ့
စိတ္တဇ ဆန်ဆန် ..
ကံကလည်း နည်းနေခဲ့သေး ...

တိမ်တွေကို အရောင်ဖျောက်ပစ်လိုက်တာ ငါပါ
ကမ္ဘာကတော့
ငါခေါ်လိုက်တဲ့အသံ သူမကြားဟန်နဲ့
ငါ့ကို ထမ်းပိုးထားတုန်း ..။


မနော်ဟရီ
၁၉၈၇


16 Comments:

Zephyr said...

လူကြီးတွေဆိုတာ အလွမ်းတွေကို စောပြီး ခလုတ်တိုက်နေခဲ့တဲ့ သူမျိုးတွေပဲလား။

မေးခွန်းတိုင်းမှာ အဖြေမရှိခဲ့ ...။
လူကြီးဖြစ်လာဖို့ .... ဖြတ်သန်းခဲ့ဖူးရမှာလား။
လောကဓံနဲ့ ပခုံးချင်းယှဉ်ခြဲ့ပီးမှ နှာခေါင်းပိုရှည်တဲ့ ကံတရားက အရင်ပန်းဝင်သွားတဲ့အခါ ... ဘယ်လို ခံစားခဲ့ကြရမလဲ ....။

တစ်ချိန်က ရေးခဲ့ဖူးသလို ...

အလွမ်းတွေကို ဖော်မလင်စိမ် ... ရေခဲရိုက် ...
မကြိုက်ပေမယ့် တစ်ကိုက်ပြီး တစ်ကိုက်ပေါ့လေ.....။

kay said...

ပထမဆုံး ကတည်းက..လွမ်းနေခဲ့သူ....း)

kay said...

သြော်.. မနော် စာသားလေး တခု ယူသုံးမိတယ်.. ( ကြုံသလို သုံးလိုက်မိလို့.. နာမည် မထဲ့ဖြစ်လိုက်ဘူး) ခွလွှတ်..း)

khin oo may said...

ကောင်းပါတယ်။ အမြဲဘဲ။

လင်းဒီပ said...

တိုင်ခြည် ယက်ခြည် လွဲချင်လွဲ..
ဘယ်ကို အသွေးပဲဖြစ်ဖြစ်...
စိတ်ရက်ထည်လေးတွေပဲ ဝတ်ဆင်ဖြစ်ခဲ့တယ် ။

မယ့်ကိုး said...

အစ်မ ခင်ဦးမေ ပြောသလိုပဲ အမြဲလှနေတာ။
သံမဏိပွင့်ချပ်လွှာက ကြွေဆင်းလာတဲ့ စကားလုံးတွေ ရာသီတိုင်း သင်းပျံထုံဝေလို့...

ချစ်တဲ့
=)

အိုင်လွယ်ပန် said...

စိတ်နဲ့ခတ်ထားတဲ့
အဆင်အသွေးတွေ ...
စိတ်နဲ့ခတ်ထားတဲ့
အဆင်အသွေးတွေ ...
စိတ်နဲ့ခတ်ထားတဲ့
အဆင်အသွေးတွေ ...။။

Anonymous said...

ရှုပ်ပါတယ် တိမ်တွေကို ထိပ်တုံးပါ ခတ်ပစ်ရမှာ။

စိုင်းလောဝ်ပိန်း said...

၈၇မှာ ကျွန်တော်က ၃နှစ်
အခုဖတ်ကြည့်တော်လည်း ကောင်းတုန်း
ခေတ်မှီတုန်း

tin min htet said...

ဟေး .. ဆယ်တန်းတုန်းက ကဗျာပဲ။

စိတ်နဲ့ခတ်တာတောင် ချည်ကျော်သေးတယ်လား။ ငယ်ငယ်ကတည်းက စကားလုံး တော်တော်သစ်တာပဲ။ ဒါကြောင့် မကြီးနော် လို့ ခေါ်တာပေါ့။

(ကျေးဇူးပါပဲ မနော်။ အလုပ်များလို့ မေ့နေပြီတောင် ထင်နေတာ။)

Zephyr said...

ခမည်းခမက်ချင်း မကြီး ခေါ်တာ မင်္ဂလာတစ်ပါးပါ ကိုတင်မင်းထက် .....

:P
အခုတလော ကိုကို လည်း တစ်ယောက်ယောက်ကို အားကျလို့ ပန်းချီတွေဆွဲနေပါတယ်။ :) :)

Eaindra said...

ဟားဟား...

ဒီ ဇက် ကတော့လေ......
(သမီးရှင်ဆိုတော့ ရှက်တာပေါ့ဟ)

မမရေ....

ချွန်မြနေတဲ့ အပ်တစ်စင်းနဲ့ ဆတ်ကနဲဆွဲခြစ်လိုက်သလို

ပိစိလေးကတည်းက ရေးတတ်တာပါလား...

Thida said...

မနော် နဲ့ Zephyr နဲ့ က အမျိုးတွေလား?

Moe Myint Tane said...

စိတ်အဆင်မပြေတဲ့အချိန်မှာ စိတ်အဆင်မပြေတဲ့နေ့ကဗျာကို ဖတ်မိတော့.....

အဆင်ပြေပါစေ အမရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

emayarKhin said...

အရမ်းကြိုက်တယ်....စိတ်ထဲမှာဖြစ်တဲ့အတိုင်းအရမ်းတိုက်ဆိုင်နေတယ်.....
စကားလုံးတိုင်းကိုကြိုက်တယ်...ကဗျာကအသက်
ကြီးပေမယ့်ခုထက်ထိလတ်ဆတ်နေဆဲပဲ...


ချစ်တဲ့
အမရာ

ဓမ္မဂင်္ဂါ said...

“တိမ်တွေကို အရောင်ဖျောက်ပစ်လိုက်တာ ငါပါ
ကမ္ဘာကတော့
ငါခေါ်လိုက်တဲ့အသံ သူမကြားဟန်နဲ့
ငါ့ကို ထမ်းပိုးထားတုန်း ..။”

ကဗျာတွေ တစ်ခါတစ်ခါ ဆာလောင်မွတ်သိပ်မိတဲ့အချိန် ကဗျာတွေဆီ လာခဲ့တယ်။
ကဗျာရှာရင်း
ကဗျာမငတ်တာ
ဒုလ္လဘတစ်ပါးပဲ။
အော် ကဗျာတွေ သီးလို့ပွင့်လို့ကောင်းတုန်း
စိတ်ကို လောကဓံတွေနဲ့လောင်းချမိနေသမျှပေါ့။
ကောင်းလေစွ