ဒီလိုပါပဲ

Wednesday, December 23, 2009


.........................


ဒီလိုပါပဲ

"ငါလား
မင်းကို အရောင်တင်ပေးဖို့လာခဲ့တာပေါ့
မင်းရဲ့ဘုန်းတော်ဘွဲ့တီးလုံးကို ကြိုးညှိပေးခဲ့ချင်သူ "တဲ့လေ။

ပြီးတော့မှ
ငါ့အသက်ကြိုးမျှင်တွေကို ရက်စက်စွာ ဖြတ်ခုတ် ကြိုးလုပ်
သူ့ကိုယ်ရည်သွေးသီချင်းတစ်ပုဒ်ကို .. တီးခတ်သွားခဲ့လေတော့…။ ။

မနော်ဟရီ
၅၊သြဂုတ်၊၂၀၀၉


18 Comments:

Zephyr said...

ဒီလိုပါပဲ ...
....
စိတ်ထဲမှာ ကြိုမထင်ထားတဲ့ ဒဏ်ရာက ပိုနာတယ် ...။

ဒီလိုပါပဲ ...
....
ဒီလောက်နဲ့ ပြီးဆုံးသွားတာတော်သေးတာပေါ့....။

ဒီလိုပါပဲ....
...........................
အပြာရောင်တွေ တွန့်ကြေသွားတဲ့နေ့စွဲတွေ ...
ခါးသက်ဖျော့မှိန်ဖို့ သွေးအေးတတ်လာ မိတယ် .....။

Julian said...

"ငါလား
မင်းကို အရောင်တင်ပေးဖို့လာခဲ့တာပေါ့
မင်းကိုပြောင်သထက်ပြောင်လာ လက်သထက်လက်လာအောင်တဲ့လေ.....

ပြီးမှအက်ဆစ်တွေလောင်းချ အသားတွေတိုက်စားသွားလေရဲ့
ကြမ်းပြင်ကိုပါ

ဟိဟိ နောက်တာ နောက်တာ.....
ဒါမျိုးတွေက ဖြစ်တတ်ပါဒယ် ဖြစ်တတ်ပါဒယ်
အနီးကပ်မိတ်ဆွေ (ငါများဖြစ်နေမလား........ဟားဟား)
အဝေးကရန်သူထက်ကြောက်ရသလိုပေါ့



ဂျူ

မယ့်ကိုး said...

ချစ်မလေးရေ ရင်ထဲကို ဖောက်ထိသွားပြီ။
မယ့် side bar မှာ တင်ထားပါရစေနော်။

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

လာဖတ်ပါတယ် ဒေါ်မနော်ဟရီရေ

Eaindra said...

ဒီလိုပါပဲဆိုတာမှာ အရာရာပါနေတယ်..

စိတ်ပျက်အားလျှော့လိုက်တာလား
ဖြည့်စွက်နားလည်လိုက်တာလား
ယောင့်ရဲ ဖြေဆည်လိုက်တာလားးးးး

ဘာပဲဖြစ်ဖြစ်

ဒီလိုပါပဲရဲ့နောက်မှာ......

ကြားလိုက်ရတာ...

တစ်စုံတစ်ရာ......မကတာကတော့ သေချာတယ်

Anonymous said...

ဟိုနေ့က “ဒီလိုပါပဲ.....” လို့ စာရှည်ကြီးမန့်သွားတာ ကဗျာလည်းရှိသကိုး။
....................
.............
........

ဒီလိုပါပဲ ...
အနစ်နာခံလိုက်တာထက်
တခါတခါရယူလိုက်တာကပိုရသမြောက်တယ်။

Sein Lyan Tun said...

ဒီလိုပါပဲ

သူတပါးအတွက် ကူညီကာမှ


အဖြည့်ခံလို့တောင် မမြည်တဲ့

အဖြည့်ခံဘဝနဲ့

အဖြည့်ခံ ဖြစ်သွားရတာတွေ။


ထင်သလိုခံစားသွားတယ်


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

အိုင်လွယ်ပန် said...

“ငါလား
မင်းဘဝ လှပ ကခုန်ဖို့ လာခဲ့တာပေါ့
မင်း ညင်သာစွာတို့ထိ ခတ်ကစားဖို့ ဗုံတံတစ်ချောင်း”
တဲ့လေ ။

နောက်ဆုံးတော့
ဓါးတစ်လက်ရဲ့ ကိုယ်ရည်သွေးမှုဂီတမှာ
နှလုံးသားက
သွေးထွက်များပေးခဲ့ရပေါ့ ....။

ကိုရင်နော်ခင်လေးငယ် said...

ဟာ....
မ... ရေ

ကြိုက်လိုက်တာ..
ဒီကဗျာ တိုတိုလေးကို ခင်လေးယူသွားပြီ..။
ဘယ်လိုထိမှန်းမသိဖူး...
ရင်ထဲကို တည့်ပဲ..။
အရမ်းးးးကို ကြိုက်မိသွားတယ် မ... ရာ

သိပ်ချစ်တဲ့...

စိုင်းလောဝ်ပိန်း said...

ဒီလိုပါပဲ
အဲဒီ အသက်ထက်နက်နတဲ့ ဒဏ်ရာတွေကို သိမ်းဆည်း
နောင်တစ်ချိန်
အကြင်နာအပြည့်နဲ့ ဘုန်းတော်ဘွဲ့တီးလုံးကို
အသံအညင်သာဆုံး တီးဖွဲ့လိုက်မယ်
ရက်စက်သူ သိစေ။

Cameron said...

ဒီလိုပါပဲ အမ...ကဗျာလေးကတိုတိုလေးပေမယ့် အရမ်းကိုထိမိတယ်....
Merry Christmas ပါနော် အမ

ခင်မင်စွာဖြင့်
မိုးငွေ့

သုခုမလေဒီ said...

ဒီလိုပါပဲ
အကောင်းနဲ့အဆိုးဆိုတာဒွန်တွဲနေသလို
ဒီလိုပါပဲ
ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး
ဒီလိုပါပဲ
ရယူလိုခြင်းတစ်ခုတည်းမဟုတ်တဲ့ ပေးဆပ်မှုတွေလည်းကြုံတွေ့နေရမှာပဲလေ
ဒီလိုပါပဲ..ဒီလိုပါပဲ....။

မနော်ရေ နောက်တာမဟုတ်ပါဘူး၊ ရင်ထဲရှိတာလေး ရေးမိတာပါ။ မနော်ရဲ့ ခံစားမှုကဗျာတိုလေး ဖတ်မိရင်း ကပေါ့။ အဆင်ပြေပျော်ရွှင်ပါစေ အမ။

ချစ်ကြည်အေး said...

Merry X'mas Ma Ma Naw :D

sweetpeony said...

;(
ခုတလော ဘာလို့ ဒီလို စာတွေပဲတွေ့နေရတာပါလိမ့်...
တိုက်ဆိုင်တာလားးးးးး
ခံစားချက်တွေ အရှိန်မြင့်အောင်....
း((((((((((((

ကိုရင်နော်ခင်လေးငယ် said...

မရေ...
ကဗျာလေး ထပ်လာဖတ်သွားပြန်ပြီ..

。° 。 ° 。˚ ˛ • ˚ ˚ ˛
MERRY 。 • ˚ ˚ ˛ ˚ ˛ • •
。CHRiSTMAS 。 。° 。 ° ˛ ˚ ˛
Π___ 。 ˚ ˚ ˛ ˚ ˛ •˛ •˚
/_____/ \。˚ ˚ ˛ ˚ ˛ •˛ •˚
| 田田|門| ˚ ˛ ˚ ˛ •
Merry Christmas and a Happy 2010 New Year

((ချစ်တဲ့ မ.. ချမ်းမြေ့ပျော်ရွှင်ပါစေ..))

နွေဆူးလင်္ကာ said...

ဒီလိုပါပဲ ...
ကျနော့်အသက်ကြိုးမျှင်တွေနဲ့ ရက်စက်စွာ ဖြတ်ခုတ် ကြိုးလုပ် သူ့ကိုယ်ရည်သွေးသီချင်းတစ်ပုဒ်ကို တီးခတ်သွားသူ ရှိခဲ့ဖူးတယ်လေ ...

emayarKhin said...

ဒီလိုပါဘဲ....
မွန်မြတ်တဲ့ပေးဆပ်ခြင်းတွေပါ...။။။


ချစ်တဲ့
အမရာ

pandora said...

သက်ပြင်းရှိုက်သံ မျှင်းသဲ့သဲ့ ကြားလိုက်သလိုလို