ခုတလော

Monday, August 3, 2009


ခုတလော

တွေးနေမိတာက

(၁) လိပ်ပြာမလုံတဲ့သူတွေအကြောင်း
(သူတို့ကိုနားလည်တာဟာ ကိုယ့်ကိုယ်ကို မတရားရာကျတယ် ဆိုတာလည်းပါတယ်။)
(၂) ကြီးကြီးသေးသေး မြွေပွေးကတော့ မြွေပွေးပါပဲ ဆိုတာ…
(ဘယ်လိုဖြစ်ဖြစ်ပေါက်မယ်ဆိုတာချည်းပဲကိုး..)
(၃) ခွေးဟောင်လို့တောင်မရွေ့ ဆိုတဲ့စကားပုံအကြောင်း
(ငယ်ငယ်ကသင်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်တောင် သတိရမိသေး..ရွှေလရောင် ပြောင်မပျက် တယ် လင်းလျက်သာပဲ…ဆိုတဲ့ကဗျာလေး..)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
တိရစ္ဆာန်တွေအကြောင်းချည်းများတွေးနေသလားလို့.. :(
(လိပ်ပြာတွေ၊မြွေတွေ၊ခွေးတွေ… ခစ်..)

ကျန်းမာရေး
ဓားကိုးလက် က မတက်သေးဘူး။ နောက်တစ်လက်ထပ်တိုးလိုက်ရင်တော့ သေချာပြီ..
(Tarot မှာ ဓားဆယ်လက်ကဒ်က Rebirth တဲ့.. :( ..)

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ပိုင်စိုးဝေ၊နေမျိုး၊ခိုင်မြဲကျော်စွာ၊မိုဃ်းဇော်၊ပိုင်..တို့ရဲ့ ကဗျာစာအုပ်တွေနဲ့ အာဟာရတွေ အများ ကြီးပါတဲ့ ပိတောက်ပွင့်သစ်၊နောက် 101 People ,you won’t meet in Heaven ~~ (ခေါင်းစဉ်ဖတ်ပြီး သိပ်စိတ်ဝင်စားသွားလား ကိုယ်တို့အမျိုးပေါက်ဖော် တစ်ယောက်တောင် ပါသေး..ဂုဏ်ယူတတ်မယ်ဆိုရင်ပေါ့..)

ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး
(စိတ်ချမ်းသာစရာကောင်းလိုက်တာ)

ရေးဖြစ်နေတာက
ကဗျာတွေ…. ကဗျာတွေ….
(တစ်ပုဒ်လုံးအပြည့်တွေရော…. တစ်ကြောင်းစနှစ်ကြောင်းစတွေရော
တစ်ဝက်တစ်ပျက်တွေရော၊နှစ်ဝက် တစ်ပျက်တွေရော….)

နားထောင်ဖြစ်နေတာက
Gospel Songs
(ဘုရားတရားဖက်စိတ်ရောက်နေတယ်လို့ ထင်ရင်လည်းထင်ကြပါစေလေ)

ရွတ်နေမိတဲ့ကဗျာက
ငါ့စိတ်တွေလေးလံလွန်းလို့ တိမ်တွေနဲ့ ကျောက်ချထားရတယ်
(ဘယ်သူ့ကဗျာလဲ လို့မမေးနဲ့ ကဗျာရှင်လာအော်လိမ့်မယ် )

ဖြစ်ချင်နေတာက
တန်ခိုးရှင်
(လူတချို့ကိုကယ်တင်ချင်လို့ စိတ်စစ်စစ်နဲ့ ဒုက္ခစစ်စစ်ကိုရင်ဆိုင်နေရသူများ အတွက်သာ….)

စားဖြစ်နေတတ်တာက
အစိမ်းရောင်နေ့လည်စာများ

သနားနေမိတာက
ထူထူထဲထဲပေါက်ရောက်လာတဲ့ လူ့အန္ဓတွေ
(မိုးကြီးရွာထားတယ်ထင်ပါရဲ့..)

လွမ်းနေမိတာက
ကျွန်မ မိတ်ဆွေ မင်းသားလေး

မေ့လျော့ပစ်နေမိတာက
အတိတ်မီးလျှံများ

ခါးသက်နေမိတာက
အငွေ့ပျံသွားတဲ့ ဟန်ဆောင်မှုအတုများ

တမ်းတနေမိတာက
Lucky Seven ကလက်ဘက်ရည်၊ အန်တီမြ ထမင်းဝိုင်း၊ ကျောင်းဆရာရဲ့ ဟာသတွေ
(ရယ်မောခြင်းနဲ့ သိပ်တရင်းတနှီးမရှိတာကြာနေသလိုပဲ...)

ကြိတ်ပြီးချီးကျူးနေမိတာက
ကဗျာကို သဒ္ဒါနဲ့ရေးရမယ်ဆိုတဲ့သူ
(အရမ်းကိုလေးစားနေမိတာ)
ကြည့်ရတာကဗျာဆရာတွေကို လိုင်စင်(poetic license)ထုတ်ထုတ်ပေးနေတဲ့သူကြီးကို များ သူသတ်လိုက်မိသလားမသိ… ????

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်အပြစ်သူများမြင်မှာစိုးလို့ ဦးအောင်လက်ညှိုးထိုးတတ်တဲ့သူတွေ
(တော်သေးတယ် လက်သီးနဲ့မထိုးတာ..)


ဆန္ဒမရှိတဲ့နေရာ
ခုချိန်ထိ G-talk ပဲ (အပြောင်းအလဲသိပ်မများဘူးဆိုတဲ့သဘော ..:P)

ဆန္ဒရှိနေတဲ့ကိစ္စ
ကမ္ဘာတစ်ဝှန်းက မြန်မာဘလော်ကာတွေတွေ့ဆုံပွဲလုပ်ဖို့
(ထီပေါက်ရင်ပြောပါတယ်..အဲဒီကျမှ မျက်နှာချင်းဆိုင် အားရပါးရ သတ်ကြ..အဲ ချစ်ကြ တာပေါ့နော်.. :P မှတ်ချက်..မျက်နှာဖုံးတပ်ဆင်ခွင့်မပြု... သိပ်တော့မကြောက်သွားကြပါနဲ့...ခုထိတော့ ထီထိုးဖို့က စိတ်ကူးထဲကကို မထွက်ဘူး ဆိုသလိုပဲ….)

မုန်းတီးနေမိတာက
တီကောင်တွေ……….. :(
(သူတို့ချင်းမချစ်ပဲလုံးထွေးနေကြပုံက … .. … မသင်္ကာစရာ..)

ချစ်နေတာက
သက်မဲ့… Rosary အနက်ရောင် ( မပြောင်းလဲသေးဘူး)
သက်ရှိ… မပြောင်းမလဲကိုကို၊သားကြီးသြရသ....

စိတ်ပျက်နေမိတာက
ကိုယ့်တာဝန်ကိုယ်သေချာမယူနိုင်တဲ့ တရားမဲ့လက်လွတ်စပယ်လုပ်တတ်တဲ့သူတွေ
(ဘာဖြစ်ချင်မှန်းမသိဘူး...)

စွဲလန်းနေမိတာက
တိမ်ဖြူတွေ ( စွဲနေမိတုန်းပဲ)

လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ

တောင်းနေမိတဲ့ဆု
!*@&#*$^~~~

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အဖြေမရှိတဲ့ မေးခွန်းတွေ.. ????????????????????

ဝန်ခံချင်တာက
ဒီပို့စ်က တစ်ယောက်သောသူရဲ့ အကြံပေးချက်အရ တက်ဂ် ချင်လို့ရေးတဲ့ပို့စ် ဆိုတာ
ကဲ..tag ပါပြီ။



မေငြိမ်း
မသိဂီ င်္နွယ်
မသီတာ

ကိုအောင်သာငယ်
ကိုဆောင်းယွန်းလ

မခင်ဦးမေ

တင်မင်းထက်၊

မိုးချိုသင်း၊

ကေ

Zephyr

ဖိုးစိန်၊

ဝါဝါခိုင်မင်း၊

အိန္ဒြာ၊

မကြေးမုံ၊

ပန်ဒိုရာ

သစ်ကောင်းအိမ် (ရေးလေ့မရှိပေမယ့် tag ချင်ပါသည်)

အမည်မဲ့

နန်းညီ

မိုးခါး
မီယာ ( Prosper & Peace)

မိုးကုတ်သား

ကိုရင်နော်

ခင်လေးငယ် (မှတ်ချက်..တစ်ယောက်တစ်ခုစီရေးရန်)
ကိုနိ မနိ (ပျောက်နေတာတော့ကြာပြီ tag တာတော့ tag မှာပဲ)

မိုးနေ

မေ (စိတ်ဖြေရာ)

ချိုသောpeony

သက်ပိုင်သူ

စိမ်းတိမ်းတိမ်းဆိုတဲ့ လွမ်းသုရင်

ဂျူလိုင်အိပ်မက် (July Dream)

ကလိုစေးထူး

လင်းဒီပ

အိုင်လွယ်ပန်

အမရာ

ဇော် ဆိုသော လတ်လတ်ဇော်

မယ်ကိုး

Craton(အထူးတလည် tag ခြင်းဖြစ်ပါသည်။)
*** blogger မဟုတ်ပဲ tag ချင်တာက သူငယ်ချင်း Julian ပါ။ ရေးပါဟာ။ လျို့ဝှက်ခန်းကြီး ဖွင့်မပြချင်လည်း ရေးပြီးရင် ငါ့ဆီမှာပဲတင်ပါ့မယ် နော်…

ချစ်သော သူငယ်ချင်း (ကိုယ့်ကို အတော်ကြောက်ရှာတာ ခမျာ သနားပါတယ်) ချက်ချင်းရေးပေးလိုက်တဲ့
တက်ဂ်ပို့စ်ပါ ..ညညဆို timer ဝယ်ထားတာထက်တောင်မှန်တဲ့ အသံက မနက်နှစ်နာရီများကျော်ပလား ဟေ့ဆိုရင် အိပ်တော့ အိပ်တော့ တဲ့ ကောင်းသောညပါ ကောင်းသောညပါ တဲ့ ..ဒီတော့ သူရေးတဲ့ပို့စ် ကို မနက်မိုးလင်းမှတွေ့ရတယ်။ ကွန်မင့်ထဲကမို့ ပြန်ကူးတင်ပေးလိုက်ပါတယ်။

ခုတလော

တွေးနေမိတာက
(၁) လယ်ထဲမှာဘယ်လိုအဆင့်အောင်လုပ်ရမလဲ လက်တွေ့မှာကောဒီလိုလေး လွယ်ရင်ကောင်းမှာဘဲ သူ့မှာရာသီဥတုတွေ ဈေးပြိုင်စံနစ်တွေ ဈေးအတက်အကျတွေ ပုပ်သိုးတာတွေ သယ်ဆောင်ခတွေ မရှိဘူးလေ
(၂) အဲလိုတွေးနေရင် ခက်တာကမုန့်လုံးစက္ကူကပ်သလို တွေးရင်ခေါင်းကိုက်တယ် ခေါင်းကိုက်တာကို ကူညီယူမ သွားမဲ့ GOD ကလဲမရှိ မရှိတော့ ဒီခေါင်းကိုက်တာက ကိုယ့်ကိုတအားချစ် ဘာလို့ ဂလောက်ချစ်နေပါလိမ့်လို့တွေးမိတော့ခေါင်းပြန်ကိုက် ဂျာအေးသူ့အမေရိုက်
(၃) ဘယ်တော့သေမလဲ ဘယ်လိုသေမလဲ ဘယ်မှာသေမလဲ ငါသေရင် ငိုမယ့်သူလက်ချိုးရေတောင်လက်၂ဖက်မပြည့်ချင်ဘူးဆိုပြီး

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
နဲနဲစိတ်ကျန်းမာရေးလိုအပ်နေသလို ကိုယ်ကျန်းမာရေးလဲချို့တဲ့လာပြီ

ကျန်းမာရေး
ဓားကိုးလက်နဲ့လက်ကိုင်ရိုး က မတက်သေးဘူး။ နဲနဲပိုရမယ် မေခထက် သူ့မှာက ချစ်စရာ သားကြီးသြရသရှိတယ် နာ့မှာဖြေစရာရှိဘူး ဒီတော့ တစ်မူးပိုပြီး လက်ကိုင်ရိုးထည့်ပေးမယ်။ သူခိုးဓါးရိုးကမ်းတယ်ဆိုတာကြားဘူးတယ်ဟုတ်....

ဖတ်ဖြစ်တဲ့စာအုပ်တွေက
သနားစရာ ဘာစာအုပ်မှမရှိလို့ e book နဲ့ ဘလောဂ်တွေကို စာအုပ် သဘောထားဖတ်နေရတယ် လက်နဲ့ပိုင်ပိုင်နိုင်နိုင်ကိုင်ဖတ်လို့မရ အိပ်ယာပေါ်မှာဇိမ်ကျကျဖတ်လို့မရတဲ့ဘဝ

ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး - -ဘ၀မှာဒီလောက်နစ်ဝင်မိတဲ့ကစားနည်းမျိုး နဲနဲဘဲကြုံဘူးတယ်။

ရေးဖြစ်နေတာက
ငါဘယ်သူလဲ ငါဘာကောင်လဲ ငါဘယ်လောက်တန်ဖိုးရှိသလဲ ငါ့...ငါ....ငါ... ချရေးနေတာနဲ့တင် အတ္တတွေများလာတယ်

နားထောင်ဖြစ်နေတာက
မတတ်နိုင်တဲ့အဆုံး ပရိတ်နဲ့ပဌာန်းအပြောင်းအပြန်ဖွင့်ရင်း ကြိုကြားကြိုကြား 20s 40s 60s တွေနားထောင်ရင်း မြင်ယောင်နေမိတဲ့ ပြန်မရ ပြင်မရတော့တဲ့အတိတ်

ရွတ်နေမိတဲ့ကဗျာက
အမေ ကျနော့ကိုသူကမုန်းသတဲ့
မမြင်ချင်အောင်မုန်းသတဲ့
.............
ကိုယ့်ပါးကိုယ်ပြန်ရိုက်မိတယ်
( လွန်ခဲ့တဲ့ နှစ်20 ကျော်က ရုတ်တရက်စွဲလမ်းသွားတဲ့ကဗျာလေး ဒီအပိုဒ်ကလေးဘဲမှတ်မိတယ် ခေါင်းစဉ်ကတော့ ကဝေမ တဲ့ )



ဖြစ်ချင်နေတာက
လူတွေရဲ့တကယ့်စိတ်ကလေးကိုသိချင်နေတယ် ….
ထူထုံလွန်းတော့ ခဏခဏခံရပါများနေပြီ….
သူတို့ဘယ်လိုရင်ဘတ်တွေ ဘယ်လိုလျာဖျားတွေနဲ့ပြောသလဲဆိုတာသိချင်လာတယ်

စားဖြစ်နေတတ်တာက
ပန်းသီး ပန်းသီး ပန်းသီး ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် Tropicana juice Mango Juice....

သနားနေမိတာက
ကိုယ့်ကိုယ်ကိုယ် - မနေသင့်သောအရပ်မှာအူကြောင်ကြောင်ရောက်နေရတဲ့ကိုယ့်အတိတ်ဘ၀ ကုသိုလ်ကံကောင်းလွန်းပုံကို ( မှတ်ချက်*** ဒီဘ၀တော့ဒီမျှသာ )

လွမ်းနေမိတာက
မပြောပြဘူးနော် ပြောဘူး ဟင့်အင်း

မေ့လျော့ပစ်နေမိတာက
မုန်းစရာကောင်းလွန်းသောလူတစ်ချို့ရဲ့ရက်လွန်ဒိန်ခဲများ
နောက်ဘ၀အတွက်ကျောက်ခဲတွေကောက်စုနေသောလူများ

ခါးသက်နေမိတာက
လူလူချင်း တမူးပိုရှုနေသောသူများ ( ကုလားမခြေထောက်တပ်ထားသောသူများ )

တမ်းတနေမိတာက
အမလတ်ရဲ့ ဘ၀ကိုပျော်စရာရီစရာဖြစ်အောင်နေတတ်ပြောတတ်ပုံများ ဘယ်လိုကုသိုလ်ကံကောင်းသလဲမမေးနဲ့ တော်တော့်ကို စိတ်ထားကောင်းသောအမ စိတ်ပုပ်သောကိုယ်ကအလကားနေရင်း သူ့စိတ်ကောင်းကိုဒေါသထွက်ရတယ် သူကတော့ခံရတယ်လို့ကိုမမှတ်တော့တာ အရင်ဘ၀ရှေးကုသိုလ်တဲ့

ကြိတ်ပြီးချီးကျူးနေမိတာက
ဟန်ဆောင်ကောင်းသောပတ်ဝန်းကျင်
နောက်ကျောကိုဓါးနဲ့ထိုးသောအတတ်ကိုပိရိသေသပ်စွာတတ်ကျွမ်းသောတစ်ချို့သောသူများ

ကြိတ်ပြီးအထင်သေးနေမိတာက
စိတ်ပျက်စရာကောင်းသောသူများ
အရှက်မရှိသောမျက်နှာနှင့်အဆီဝင်းပနေသော - မျက်နှာဖုံးအောက်မှမျက်နှာများ


ဆန္ဒမရှိတဲ့နေရာ
ဘယ်သူနဲ့မှစကားမပြောချင်သော ဆယ့်တစ်ကျပ်ကျနေသောကြောင့်မည်သည့် စကားပြောဆွေးနွေးခန်းကိုမှမဖွင့်ပါ

ဆန္ဒရှိနေတဲ့ကိစ္စ
ထီပေါက်ချင်တယ် အိုင်ယာလန်ထီ ( ဘယ်တော့မှလည်းမထိုးသောထီ)
မကြုံစဖူးထူးဆန်းဖွယ်နောင်ရေးအတွက် သေသည်အထိမပူရတော့မယ့်ပိုင်ဆိုင်မှုတွေရမယ်ဆိုရင်တော့ ဒီအရပ်ဒေသလို ပတ္တမြားစီချယ်လေယာဉ်နဲ့ခေါ်မယ်ဆိုရင်တောင်မလာတော့ပါ ချစ်သောကိုယ့်တိုင်းပြည်မှာဘဲ ဝေလေလေလုပ်နေချင်တော့သည်

မုန်းတီးနေမိတာက
တီကောင်တွေ နှင့်တူသောလူတွေ……….. :(
(သူတို့ချင်းမချစ်ဘဲလုံးထွေးသွားဖြဲပြနေကြတာက … .. … မသင်္ကာစရာ ရွံ့စရာ..)

ချစ်နေတာက
သက်မဲ့… ကွန်ပြူတာ ( ဒါဘဲချစ်ဘို့ရှိတယ် )
သက်ရှိ… မပြောင်းမလဲ မေမေ ၊ မလတ်

စိတ်ပျက်နေမိတာက
ရွေးချယ်မှုမှားခဲ့သောကိုယ့်ကိုယ်ကိုယ် ( တကယ်ကတော့ရွေးချယ်ခွင့်မရှိခဲ့တာပါလေ )

စွဲလန်းနေမိတာက
ဘာကိုမှကိုမရှိတော့အောင် နေသားကျနေပြီ

လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ- တူတူဘဲ တူတူဘဲ

တောင်းနေမိတဲ့ဆု
ရာထူးတိုးပါစေ

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
why why why...... နင်းစရာချောက်ကမ်းပါးစွန်းဘဲရှိသူကို ခြေထောက်၂ချောင်းစာအပြင် နေစရာအိမ်ပါရှိနေသူများက တွန်းချဘို့ကြိုးစားကြတာနားမလည်နိုင်

ဝန်ခံချင်တာက
ဘာကိုမှဝန်မခံချင်တာရယ် အပေါ်ကရေးသမျှဟာ ဘယ်လောက်ထိကြာကြာခံမလဲဆိုတာမသိတာရယ်
သိတယ်ဟုတ် စိတ်တစ်ခုယုတ်ကိုးဆယ် ၈၉ ခါဖြစ်ပျက်နေသောစိတ်ကိုအစိုးမရနိုင်ပါ

တက်ဂ်ဖြေပြီးပြီ မောတွားတာဘဲကွယ်
လယ်အလုပ်ရပ်ထားပြီး ကိုယ့်သူငယ်ချင်းစိတ်အနှောက်အယှက်ဖြစ်ပါစေဆိုတဲ့သဘောနဲ့ သေသေချာချာ မန့်တွား ဖြေတွားပါ၏။

လယ်ထဲကိုပြန်ဘီ........

ဂျူ


36 Comments:

Zephyr said...

လာရောက်ဖတ်ရှုနားလည်သွားပါသည်။

Z

sweetpeony said...

အဟိ
တက်ဂ်ထားတယ်ဆိုလို့
တက်ဂ်ပြီဟဆိုပြီး အမြန်ပြေးလာကြည့်ရတယ်..
စိတ်တွေ စိတ်တွေ.... ရှေ့ဖြစ်ကိုများ ကြိုသိနေသလားမသိ။
ဒီတလော စိတ်ထဲ သူများတက်ဂ်တွေကို ဖတ်ပြီး ငါကိုသာတက်ဂ်ရင် ဘယ်လိုရေးရမလဲလို့ တွေးတွေးနေတာ....
ခိခိ....

NangNyi said...

လာထား !!

လင်းဒီပ said...

Tag သည်ဆိုတော့ ရေးပါမည် ရေးပါမည်...:D

မေဇင် said...

ဟိဟိ...မမရေ.... လောလောဆယ် ဖြစ်နေတဲ့စိတ်ကူးလေးတွေ လိုက်ဖတ်ရတော့မယ် ပျော်လိုက်တာ...။။ မမ ရောက်ဖြစ်နေတဲ့ နေရာ နဲ့ နောင့် နဲ့တူတယ်... ။ လယ်တောလေးထဲမှာ အရမ်းပျော်နေတယ်...ခု လောလောဆယ်...။ သူရင်းငှားလုပ်ပြီး ထမင်းစားနိုင၊်တိုက်ဆောက်နိုင်တဲ့ဘ၀ ၊ ဘာစိုက်စိုက် အရှုံးမရှိတဲ့ တောင်သူ ဘ၀ အဲ့မှာပဲ ရှိမယ်ထင်တယ်...။

tin min htet said...

မနော်တဂ်တာက ကိုယ့်ဖာသာ အင်တာဗျူးလုပ်ရမှာဆိုတော့၊ အဗျူးခံရမယ့် သူ့ကို မိအောင် အရင်ဖမ်းလိုက်ဦးမယ်။

(ကဗျာရှင်ပါဗျို့လို့ အော်ရမှာလား မသိ :P)

mirror said...

ရေးမယ်အစ်မရေ.။တဂ်လေးကစိတ်ဝင်စားစရာ။

အစ်မရေးထားတာ တချို့ကို နားလည်အောင်အရင်ကြိုးစားသွားတယ်..။

Sein Lyan Tun said...

မကြီး


ဖတ်ချင်လွန်းလို့ ပြန်လာတာ


တက်ဂ်တဲ့

ဒါပေမယ့် ရေးမယ်

ဒီပိုစ့်ကို ကြိုက်တယ်


စိတ်တွေ တချို့ တူနေတယ်ပြောရင်လွန်မလားး



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

kay said...

ဝေးးးးပျော်စရာကြီး..
ရေးမယ်..ရေးမယ်..
ဒါမဲ့..တဂ် တခု ကျန်သေးတယ်။

ဘယ်ဟာ အရင်ရေးရင် ကောင်းမလဲ..

pandora said...

အမိုက်စားလေးပါလား ချစ်သော..မ.
ရေးပါ့မယ်.. အကြွေးတွေထူနေပြီ ခည

ကိုရင်နော်ခင်လေးငယ် said...

ချစ်မကြီးက တဂ်တော့ ရေးရမှာပေါ့..း)

ချစ်ခင်ခြင်းများစွာဖြင့်

WWKM said...

ဟဟ... မနော်ဟရီတဲ့ကွ..တစ်ဟီတည်းရှိတယ်....း)))
ထူးထူးဆန်းဆန်းတွေပဲ လုပ်ချလိုက်တာက.. !!!!

ဖြေရမှာတွေ မနည်းပါလားညီမလေးရယ်.
မမ အခုတလော စိတ်တွေ မပျော်ဘူးဖြစ်နေတယ်လေ.
ရေးရမှာပေါ့ကွယ်. ချစ်မိမှတော့.. :D

ဒါနဲ့စီဘုံးက လက်မခံပြန်ဘူး.း(((

မိုးခါး said...

ချစ်မမနော် တဂ်တာဆို အပြေးရေးပေးမယ်ဗျို့
ပျော်သွားဘီ
:D

ချစ်ခင်လျှက်

ဇော် said...

တစ်ညလုံး အိပ်ရေးပျက်ထားတာတောင်မှ မေ့သွားတယ်ဗျာ။
ဒေါ်လေးမေ အိမ်မှာ ကျနော့်နာမည်ကို နာမည်ကြီးတွေထဲ ထည့်ပြီး တက်ဂ်ထားတော့ ကျနော်ဖြင့် ( ဟီဟိ ) ကြွားပြီဗျိုးး။ အလုပ်ထဲမှာ။ ခိခိ။ ပြီးရင် သူတို့ကို သွားကြည့်ခိုင်းရမယ်။ မနော်ဟရီအိမ်မှာ ငါ့နာမည်ရှိတယ်ဟလို့။ ဟီဟိ။ ပျော်လိုက်တာ။ ဒန်တန်တန်။

ရေးမယ်ဗျိုးးး။ ရေးဆို ခုပဲ ရေးတာကောင်းပါတယ်။ ဒါပေမယ့် ခက်တာက ကျနော်က လေဆိပ်က ၀န်ထမ်းဆိုတော့ ဒျူတီက ပုံမှန်မရှိလို့ စာမတင်နိုင်မှာ အစိုးရိမ်လွန်ပြီး စကတ်ဒျူး ( Schedule ) နဲ့ တင်ထားတာ နဲနဲများသွားတယ်။ ခိခိ။ အဲ့ဒါ ပြီးရင် တက်လာလိမ့်မယ်သိလား။ ၁၀ရက်နောက်ပိုင်းထင်ပါရဲ့။ ဟီး။ =P

ကျေးဇူးဗျနော။ ဒေါ်လေးမေ တက်ဂ်တာ လွယ်လို့။ ပြီးတော့ ကျနော်နဲ့လဲ တူနေလို့ ဒေါ်လေးရ။ =)

( ဒီတစ်ခါပဲ အတက်ဂ် ခံရတာ ပျော်သေးတယ်။ ခိခိ )

မိုးခါး said...

farm town ထဲမှာ တွေ့ကြမယ်း))

ATN said...

အိုက်ယား....
ငါ့ညီမကတော့ လုပ်ချလိုက်ပြီ...

ATN said...

ကဲ ... ရေးပြီးပြီ... မြန်တယ်နော်...း)

Anonymous said...

မနော်ဟရီတဲ့ကွ.. တစ်ဟီတည်းရှိသတဲ့ တီဝါလို့လုပ်လိုက်ပုံများ.. နေရင်းထိုင်ရင်း တီဝါဘ၀ပြောင်းရတော့မလိုလို.. :P

ကျန်ခဲ့တုန်းက ကျန်ခဲ့ပြီး ခုမှလာပြင်နေတယ်.. ဟွင်း.. စိတ်ကကောက်ချင်ချင်ရယ်နော်..

မယ့်ကိုး said...

မအတွေးလေးတွေက အမြဲမိုက်လျက် :)
ညနေက ဖတ်ထားတာ... မယ် နောက်ဆုံး....
နောက်ဆုံးမှရေးလို့ ရတယ် ဆိုပြီး ပျော်နေတာ။

ဒီတစ်ခါလည်း ဈေးဆစ်ပါရစေနော် မ... project အတူလုပ်တဲ့ သူငယ်ချင်းက ဒီတစ်ခါ သိပ်မကြာသေးဘဲ စာအသစ်ထပ်တင်ရင် တကယ် လည်ပင်းညစ်တော့မှာ... :)

Eaindra said...

မမရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Ree Noe Mann said...

ဧည့်ကြို မောင်လေးကို မေ့နေတာအတွက်
ကျေးဇူးပါ အမရေ။ မောင်လေး လည်း မအားဘူး
ဖြစ်နေလို့ ဆားပဲ လိုက်ချက်နေရတယ်။

ဆုံနေကျ အမ စီဘုံးလေးတောင် မရောက်ဖြစ်တာတောင်
တော်တော် ကြာသွားပြီ။

ကျနော် အလုပ်ပြီမှပဲ အေးအေးဆေးဆေး
လာလည်တော့မယ်နော်။
ကျနော်တို့ မောင်နှမတွေ ပျော်ပျော်ရွင်ရွှင် ပြန်ဆုံကျမယ်နော်။

အမ နေကောင်းပါစေဗျာ။

မောင်လေးရီနို

Julian said...

သူငယ်ချင်းကတက်ဂ်တော့လဲရေးပေးရတာပေါ့။ ကြောက်ရတယ်သူ့ကို [ ယုံကြပါ ယုံကြပါး) ] ဒါပေမယ့် ကိုယ့်မှာက သူများတွေလိုပညာမပြည့်တော့ ရေမရှိတဲ့အိုး ဘောင်ဘင်မခတ်သလို ကိုယ့်ဘလောဂ်ကိုနာနာပိတ်ပြီးသူများဘလော့ဂ်မှာ ခပ်တည်တည် မန့်သလိုလိုနဲ့တဂ်တာကိုရေးလိုက်ပါတယ် ။ လူလည်လို့ပြောရင်လဲရပါတယ် ။ ကဲ စပြီ ။

ဂျူ

Julian said...

ခုတလော
တွေးနေမိတာက
(၁) လယ်ထဲမှာဘယ်လိုအဆင့်အောင်လုပ်ရမလဲ လက်တွေ့မှာကောဒီလိုလေး လွယ်ရင်ကောင်းမှာဘဲ သူ့မှာရာသီဥတုတွေ ဈေးပြိုင်စံနစ်တွေ ဈေးအတက်အကျတွေ ပုပ်သိုးတာတွေ သယ်ဆောင်ခတွေ မရှိဘူးလေ
(၂) အဲလိုတွေးနေရင် ခက်တာကမုန့်လုံးစက္ကူကပ်သလို တွေးရင်ခေါင်းကိုက်တယ် ခေါင်းကိုက်တာကို ကူညီယူမ သွားမဲ့ GOD ကလဲမရှိ မရှိတော့ ဒီခေါင်းကိုက်တာက ကိုယ့်ကိုတအားချစ် ဘာလို့ ဂလောက်ချစ်နေပါလိမ့်လို့တွေးမိတော့ခေါင်းပြန်ကိုက် ဂျာအေးသူ့အမေရိုက်
(၃) ဘယ်တော့သေမလဲ ဘယ်လိုသေမလဲ ဘယ်မှာသေမလဲ ငါသေရင် ငိုမယ့်သူလက်ချိုးရေတောင်လက်၂ဖက်မပြည့်ချင်ဘူးဆိုပြီး

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
နဲနဲစိတ်ကျန်းမာရေးလိုအပ်နေသလို ကိုယ်ကျန်းမာရေးလဲချို့တဲ့လာပြီ

ကျန်းမာရေး
ဓားကိုးလက်နဲ့လက်ကိုင်ရိုး က မတက်သေးဘူး။ နဲနဲပိုရမယ် မေခထက် သူ့မှာက ချစ်စရာ သားကြီးသြရသရှိတယ် နာ့မှာဖြေစရာရှိဘူး ဒီတော့ တစ်မူးပိုပြီး လက်ကိုင်ရိုးထည့်ပေးမယ်။ သူခိုးဓါးရိုးကမ်းတယ်ဆိုတာကြားဘူးတယ်ဟုတ်....

ဖတ်ဖြစ်တဲ့စာအုပ်တွေက
သနားစရာ ဘာစာအုပ်မှမရှိလို့ e book နဲ့ ဘလောဂ်တွေကို စာအုပ် သဘောထားဖတ်နေရတယ် လက်နဲ့ပိုင်ပိုင်နိုင်နိုင်ကိုင်ဖတ်လို့မရ အိပ်ယာပေါ်မှာဇိမ်ကျကျဖတ်လို့မရတဲ့ဘဝ

ရောက်နေဖြစ်တာက
Farm Town ထဲက လယ်တောအိမ်ကလေး - -ဘ၀မှာဒီလောက်နစ်ဝင်မိတဲ့ကစားနည်းမျိုး နဲနဲဘဲကြုံဘူးတယ်။

ရေးဖြစ်နေတာက
ငါဘယ်သူလဲ ငါဘာကောင်လဲ ငါဘယ်လောက်တန်ဖိုးရှိသလဲ ငါ့...ငါ....ငါ... ချရေးနေတာနဲ့တင် အတ္တတွေများလာတယ်

နားထောင်ဖြစ်နေတာက
မတတ်နိုင်တဲ့အဆုံး ပရိတ်နဲ့ပဌာန်းအပြောင်းအပြန်ဖွင့်ရင်း ကြိုကြားကြိုကြား 20s 40s 60s တွေနားထောင်ရင်း မြင်ယောင်နေမိတဲ့ ပြန်မရ ပြင်မရတော့တဲ့အတိတ်

ရွတ်နေမိတဲ့ကဗျာက
အမေ ကျနော့ကိုသူကမုန်းသတဲ့
မမြင်ချင်အောင်မုန်းသတဲ့
.............
ကိုယ့်ပါးကိုယ်ပြန်ရိုက်မိတယ်
( လွန်ခဲ့တဲ့ နှစ်20 ကျော်က ရုတ်တရက်စွဲလမ်းသွားတဲ့ကဗျာလေး ဒီအပိုဒ်ကလေးဘဲမှတ်မိတယ် ခေါင်းစဉ်ကတော့ ကဝေမ တဲ့ )

Julian said...

ဖြစ်ချင်နေတာက
လူတွေရဲ့တကယ့်စိတ်ကလေးကိုသိချင်နေတယ် ….
ထူထုံလွန်းတော့ ခဏခဏခံရပါများနေပြီ….
သူတို့ဘယ်လိုရင်ဘတ်တွေ ဘယ်လိုလျာဖျားတွေနဲ့ပြောသလဲဆိုတာသိချင်လာတယ်

စားဖြစ်နေတတ်တာက
ပန်းသီး ပန်းသီး ပန်းသီး ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် Tropicana juice Mango Juice....

သနားနေမိတာက
ကိုယ့်ကိုယ်ကိုယ် - မနေသင့်သောအရပ်မှာအူကြောင်ကြောင်ရောက်နေရတဲ့ကိုယ့်အတိတ်ဘ၀ ကုသိုလ်ကံကောင်းလွန်းပုံကို ( မှတ်ချက်*** ဒီဘ၀တော့ဒီမျှသာ )

လွမ်းနေမိတာက
မပြောပြဘူးနော် ပြောဘူး ဟင့်အင်း

မေ့လျော့ပစ်နေမိတာက
မုန်းစရာကောင်းလွန်းသောလူတစ်ချို့ရဲ့ရက်လွန်ဒိန်ခဲများ
နောက်ဘ၀အတွက်ကျောက်ခဲတွေကောက်စုနေသောလူများ

ခါးသက်နေမိတာက
လူလူချင်း တမူးပိုရှုနေသောသူများ ( ကုလားမခြေထောက်တပ်ထားသောသူများ )

တမ်းတနေမိတာက
အမလတ်ရဲ့ ဘ၀ကိုပျော်စရာရီစရာဖြစ်အောင်နေတတ်ပြောတတ်ပုံများ ဘယ်လိုကုသိုလ်ကံကောင်းသလဲမမေးနဲ့ တော်တော့်ကို စိတ်ထားကောင်းသောအမ စိတ်ပုပ်သောကိုယ်ကအလကားနေရင်း သူ့စိတ်ကောင်းကိုဒေါသထွက်ရတယ် သူကတော့ခံရတယ်လို့ကိုမမှတ်တော့တာ အရင်ဘ၀ရှေးကုသိုလ်တဲ့

ကြိတ်ပြီးချီးကျူးနေမိတာက
ဟန်ဆောင်ကောင်းသောပတ်ဝန်းကျင်
နောက်ကျောကိုဓါးနဲ့ထိုးသောအတတ်ကိုပိရိသေသပ်စွာတတ်ကျွမ်းသောတစ်ချို့သောသူများ

ကြိတ်ပြီးအထင်သေးနေမိတာက
စိတ်ပျက်စရာကောင်းသောသူများ
အရှက်မရှိသောမျက်နှာနှင့်အဆီဝင်းပနေသော - မျက်နှာဖုံးအောက်မှမျက်နှာများ

Julian said...

ဆန္ဒမရှိတဲ့နေရာ
ဘယ်သူနဲ့မှစကားမပြောချင်သော ဆယ့်တစ်ကျပ်ကျနေသောကြောင့်မည်သည့် စကားပြောဆွေးနွေးခန်းကိုမှမဖွင့်ပါ

ဆန္ဒရှိနေတဲ့ကိစ္စ
ထီပေါက်ချင်တယ် အိုင်ယာလန်ထီ ( ဘယ်တော့မှလည်းမထိုးသောထီ)
မကြုံစဖူးထူးဆန်းဖွယ်နောင်ရေးအတွက် သေသည်အထိမပူရတော့မယ့်ပိုင်ဆိုင်မှုတွေရမယ်ဆိုရင်တော့ ဒီအရပ်ဒေသလို ပတ္တမြားစီချယ်လေယာဉ်နဲ့ခေါ်မယ်ဆိုရင်တောင်မလာတော့ပါ ချစ်သောကိုယ့်တိုင်းပြည်မှာဘဲ ဝေလေလေလုပ်နေချင်တော့သည်

မုန်းတီးနေမိတာက
တီကောင်တွေ နှင့်တူသောလူတွေ……….. :(
(သူတို့ချင်းမချစ်ဘဲလုံးထွေးသွားဖြဲပြနေကြတာက … .. … မသင်္ကာစရာ ရွံ့စရာ..)

ချစ်နေတာက
သက်မဲ့… ကွန်ပြူတာ ( ဒါဘဲချစ်ဘို့ရှိတယ် )
သက်ရှိ… မပြောင်းမလဲ မေမေ ၊ မလတ်

စိတ်ပျက်နေမိတာက
ရွေးချယ်မှုမှားခဲ့သောကိုယ့်ကိုယ်ကိုယ် ( တကယ်ကတော့ရွေးချယ်ခွင့်မရှိခဲ့တာပါလေ )

စွဲလန်းနေမိတာက
ဘာကိုမှကိုမရှိတော့အောင် နေသားကျနေပြီ

လိုအပ်နေတာက
စိတ်၏ငြိမ်းချမ်းရာ- တူတူဘဲ တူတူဘဲ

တောင်းနေမိတဲ့ဆု
ရာထူးတိုးပါစေ

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
why why why...... နင်းစရာချောက်ကမ်းပါးစွန်းဘဲရှိသူကို ခြေထောက်၂ချောင်းစာအပြင် နေစရာအိမ်ပါရှိနေသူများက တွန်းချဘို့ကြိုးစားကြတာနားမလည်နိုင်

ဝန်ခံချင်တာက
ဘာကိုမှဝန်မခံချင်တာရယ် အပေါ်ကရေးသမျှဟာ ဘယ်လောက်ထိကြာကြာခံမလဲဆိုတာမသိတာရယ်
သိတယ်ဟုတ် စိတ်တစ်ခုယုတ်ကိုးဆယ် ၈၉ ခါဖြစ်ပျက်နေသောစိတ်ကိုအစိုးမရနိုင်ပါ

တက်ဂ်ဖြေပြီးပြီ မောတွားတာဘဲကွယ်
လယ်အလုပ်ရပ်ထားပြီး ကိုယ့်သူငယ်ချင်းစိတ်အနှောက်အယှက်ဖြစ်ပါစေဆိုတဲ့သဘောနဲ့ သေသေချာချာ မန့်တွား ဖြေတွားပါ၏။

လယ်ထဲကိုပြန်ဘီ........

ဂျူ

သက်ပိုင်သူ said...

မမနော်ရေ
ရေးပြီးပြီ
ပထမ ဒုတိယတွေ ပေးနေတာ မသိလိုက်လို့
နို့မိုဆို
အစောကြီးကတည်းက ရေးတယ် အးဟီး

အိုင်လွယ်ပန် said...

ရေးပြီးကြောင်းပါ အစ်မရေ :)

Sein Lyan Tun said...

သြော်...

ဖိုးစိန် ရဲ့ ထာဝရ ဆရာသခင် ကဗျာ ဆရာမကြီး ရေးတဲ့ တက်ဂ်ပိုစ့်က

အားပါးးး ပါးးးးးး

ဒါကြောင့်လဲ ဘလော့ကို ပတ်စဝေါ့နဲ့ ခွင့်ရှိတိုင်းမဝင်ရတဲ့ ဘလော့မျိုးလုပ်ထားတာကိုလေးးး

ကဗျာတွေ မဂ္ဂဇင်းမှာ ဟော တစ်ခု ဟောတစ်ခုနဲ့ ကဗျာဆုတွေ တသီကြီး ရထားတဲ့သူဆိုတော့လဲ


အင်း.... မကြီးရေ....

ထာဝရ ဆရာမကြီး အကြောင်းကို ဖွသွားပါတယ်

ခွိ=ခွီ

ဖတ်လို့ကောင်းတယ် ထာဝရဆရာမ မဂျုရေး.....

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ဆောင်းယွန်းလ said...

ရေးလို့ကောင်းမယ့်ပို့စ်ပဲ
တပျော်တပါးကြီးကိုတဂ်ထားတာပါလား...

အပေါ်ကအကိုကြီးတယောက်စတိုင်နဲ့ပြောလိုက်ဦးမှ
အင်း..ငါ့ညီမကတော့ လုပ်ချလိုက်ပြီ
ကဲ..မရေးရသေးဘူး...ကြာမယ်နော့်..

Sonata Cantata said...

ဟင်! ဆရာမ ခက်တယ်...(မူကြည့်တာ)
ရေးပြီးပါပြီရှင့် ဒီမှာ

ဆောင်းယွန်းလ said...

ရေးပြီးပါပြီမနော်ရေ
စီဘောက်စ်မှာရေးမရဘူးဖြစ်နေလို့

tg.nwai said...

မနော်ရေ.. ခုတလော ကိစ္စလေးတွေ ရှုပ်နေလို့ လိုင်းပေါ်ကို မရောက်ဖြစ်တာ.. ခုမှ မေးလ်ပြန်စစ်ကြည့်မှ သိလို့ .. ဖတ်စရာစာတွေလည်း ပုံနေပြီထင်တယ်.. ညကျမှ ရေးလိုက်မယ်နော်..

သူများတွေ လယ်ကွင်းက စိမ်းစိုနေတာ အားကျစရာ :) တို့များကျတော့ network ထဲ ၀င်မရလို့ ငှားရမယ့်သူလည်း မရှိတော့ ကိုယ်တိုင် ၀င်ရိတ်လိုက်..တကွက်ရိတ်ပြီး တခါထွက်သွားနဲ့ လောလောဆယ် မ၀င်ဖြစ်တာတောင် ကြာနေပြီ...:)

rose of sharon said...

လိုအပ်နေတာကစိတ်၏ငြိမ်းချမ်းရာ... မှန်လိုက်တာ... လူတိုင်းအတွက်တကယ်ကိုလိုအပ်တာ...

မိုးခါး said...

မမဂျူရဲ့ အဖြေတွေ လာထပ်ဖတ်တယ် မမနော်ရေး)
farm town က တော်တော် ခတ်စားနေတယ်နော်
အားလုံး ကိုယ့်လယ်နဲ့ ကိုယ် ကိုယ်ပိုင်လယ်လေးတွေနဲ့း))

NangNyi said...

anyway ကိုသက်ပိုင်သူ..
ကျမက ပထမပဲကွ...အဟအဟ :P

မေလေး said...

မမရေ
လာဖတ် မှတ်သားသွားပါတယ်နော်။