သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်း

Thursday, June 11, 2009

သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်း

ကျွန်မ တစ်ခါက ရေးးခဲ့ဖူးတယ်။မိတ်ဆွေကောင်း သူငယ်ချင်းကောင်းဆိုတာ ရတနာ သိုက်နဲ့တူတယ်။တစ်နေရာမှာတော့ရှိနေတယ်။ဘယ်မှာလဲဆိုတာ သေချာမသိဘူး။မြေပုံ အညွှန်းလည်းမပါဘူး။ထိုက်တဲ့သူနဲ့တွေ့ရင်ရမှာပဲ ဆိုတာမျိုး။ဒါ ကျွန်မ ကြားခဲ့ဖူးတဲ့ရှေးက စကားတစ်ခုလည်းဖြစ်နိုင်သလို ကျွန်မဘာသာစိတ်ကူးမိတာလည်းဖြစ်နိုင်ပါတယ်။

တကယ်လည်း ကျွန်မတို့ငယ်စဉ်ကတည်းက ဒီနေ့ထိ သူငယ်ချင်းတွေအများကြီးတွေ့ခဲ့ ကြမယ်။ပေါင်းဖူးခဲ့ကြလိမ့်မယ်။တစ်ချို့ကို အမှုမဲ့အမှတ်မဲ့..(သူတို့ကတော့အတန်းဖော် အဆင့်ပေါ့) ..တချို့ကျတော့ နည်းနည်းထဲထဲဝင်ဝင် (သူတို့ကတော့ သာမန်သူငယ်ချင်း ပေါ့..) နောက်..တချို့ကိုတော့သံယောဇဉ်ကြီးကြီး..(အခင်ဆုံးသူငယ်ချင်းဆိုတာတွေ ဖြစ် လိမ့်မယ်..)။အဲဒီထဲကမှ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုတာ ဘယ်နှစ်ယောက် ကျန်ခဲ့သလဲ..။သင်လည်းသင့်ကိုယ်သင်ပြန်စဉ်းစားနေမိသလို ကျွန်မလည်းကျွန်မကိုယ် ကျွန်မ ပြန်စဉ်းစားနေရပါပြီ..။

သေချာတာက အခင်ဆုံးသူငယ်ချင်းတိုင်းဟာ သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်းတွေ မဟုတ်ကြပါဘူး။(သူများတွေနဲ့ ကျွန်မနဲ့ ကံကြမ္မာချင်းတူချင်မှတူပါလိမ့်မယ်)..ကျွန်မက တော့အခင်ဆုံးအနေနဲ့ခင်တာပဲ ဒါပေမယ့် တစ်ချို့က ကံအားလျော်စွာ မိတ်ဆွေကောင်း တွေမဟုတ်ခဲ့ကြဘူး။အဲလို မိတ်ဆွေကောင်းမကောင်းဆိုတာကလည်း တကယ်တမ်းကိုယ့် အတွက် အရေးကြုံလာ ပြီဆိုမှ သိလိုက်ရတာမျိုးကိုး။ကျွန်မ မှာ အဲလိုမိတ်ဆွေတွေတော် တော်များများရှိခဲပါတယ်။ဒါဟာ ကံကောင်းတာဆိုရင်တော့ ဘုရားပေးခဲ့တဲ့ကံကောင်းခြင်း လက်ဆောင်တွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။

တစ်ချိန်က ကိုတာရာမင်းဝေက စကားတစ်ခွန်းကိုအမြဲပြောတတ်ပါတယ်။အဲဒါကတော့ “ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..” …တဲ့။သိပ်ပြီးစဉ်းစား လေ အဓိပ္ပာယ်ရှိလေ ဆိုတဲ့စကားပါပဲ။ကိုယ့်အတွက် မိတ်ဆွေကောင်းပီသလိုက်ပြီဆို ကတည်းက အဲဒီလူဟာ တခြားလူရဲ့ ရန်သူဖြစ်သွားရပါပြီ။ ဒါဟာ သိပ်သေချာတဲ့ကိစ္စတစ် ခုပါ။တချို့တွေကတော့ ဘယ်လောက်ပဲခင်တယ်ပြောပြော ဘက် မရှိပါဘူး။ကိုယ်သည် လည်းသူ့အတွက် တစ် ပဲ။တခြားကိုယ့်ရန်သူသည်လည်း သူ့အတွက် တစ် ပဲ။ဘယ်တစ်ကို မှသူ အနှုတ်မခံနိုင်ဘူးဆိုတဲ့သူမျိုးတွေ ကျွန်မတွေ့ဖူးပါတယ်။တွေ့လေတိုင်းလည်း စော စောက စကားကိုပဲသတိရမိတတ်ပါတယ်။ ကျွန်မက ရန်သူများပါတယ်။ မဂျူနဲ့ ကျွန်မ တစ် ချိန်ကပြောခဲ့ကြသလို လူမုန်းဆေးလိုက်ကျဲနေတတ်တာမျိုးမို့ဖြစ်ပါလိမ့်မယ်။အကြောင်း ရင်းကတော့ မတရားတာ မဟုတ်တာတစ်ခုခုတွေ့ရင်မနေတတ်တဲ့သူတွေမို့ပါ၊ဝင်ပြောရင်း ဝင်ပါရင်းက အနေအထိုင်မတတ်သလိုဖြစ်ပြီး လူမုန်းခံရတာမျိုးလေ။ အဲဒီတွက်တော့ တစ်ခါမှနောင်တ မရဖူးပါဘူး။ ဒါပေမယ့် အဲဒီအလုပ်ကို ဒီဘလော့ခ်လောကမှာတော့ မလုပ် ဘူးဆိုတာရဲရဲကြီးကတိပေးထားလိုက်ပါတယ်။း)

မိတ်ဆွေကောင်းရဖို့ဆိုတာကလည်း ကိုယ်ကချည်း လိုချင်လို့မရပါဘူး။သူက ကိုယ့်အ တွက် မိတ်ဆွေကောင်းပီသပေးသလို ကိုယ်ကလည်းသူ့အတွက်မိတ်ဆွေကောင်းဖြစ်နေဖို့ လိုပါတယ်။တစ်ခါက ကျွန်မနဲ့ ကြေးကိုကြည့်ပြီး တစ်ယောက်ကပြောပါတယ်။မနော်က သိပ်ကံကောင်းတယ်တဲ့။မကြေးက မနော်ကို အစစအရာရာ ဂရုတစိုက်ရှိတယ်တဲ့။သူ့မှာကျ အဲလို သူငယ်ချင်းကောင်း မိတ်ဆွေကောင်းမရှိဘူးတဲ့။သူနားလည်အောင် ကျွန်မ သေချာ တော့ပြန်ပြောခဲ့ပါတယ်။သူနားလည်လိုက်လား မလည်လိုက်လားတော့ ကျွန်မလည်းမသိ ပါဘူး။ကျွန်မနဲ့ ကြေးကြားက နားလည်မှုတွေ တစ်ဦးစိတ်ဒုက္ခရောက်နေချိန် တစ်ဦးက အနားမှာရှိပေးခဲ့တာတွေကို သူ့ကိုနားလည်အောင်ရှင်းပြဖို့မလွယ်ပါဘူး။ဒါဟာ အပေးအယူ သဘောလည်းမသက်ရောက်နေတဲ့အတွက် ရှင်းရပိုခက်ပါလိမ့်မယ်။ကြုံဖူးတဲ့သူတွေတော့ သိလိမ့်မယ်လို့ထင်ပါတယ်။

လူတွေအမြင်မှာတော့ ကျွန်မက အပေါင်းအသင်းများ သူငယ်ချင်းများ မိတ်ဆွေများတယ် ပေါ့..။အဲဒီထဲကမှ..မိတ်ဆွေကောင်းဘယ်နှစ်ယောက်ကျန်မလဲ.မေးချင်ကြလိမ့်မယ်။တော်တော်
များပါတယ်..ဆိုရင်..အံ့သြမလားမသိဘူး။ကျွန်မအတွက်တစ်ခုတည်းသောဆုလာဘ်ကောင်း
လည်းဖြစ်နေ..နိုင်ပါတယ်။ဟိုးအရင်…ငယ်ငယ်ကစလို့..အလုပ်လုပ်နေတဲ့အချိန် တွေအလယ်..ခုလိုချိန်ထိ..ကျွန်မကို..မုန်းသူများသလို..ချစ်သူတွေမိတ်ဆွေကောင်းတွေ လည်း လက်နှစ်ဖက်စာမက ရေမရအောင်များတဲ့အတွက် ကျေနပ်ပျော်ရွှင်ရသလို ဘုရား ကိုလည်းကျေးဇူးတင်မိပါတယ်…လို့..။
ချစ်ညီမလေး မိုးခါး ကျေနပ်နိုင်ပါစေ...။
(ချစ်သော မိတ်ဆွေကောင်းများအားလုံးနှင့်တကွ အဝေးတစ်နေရာရောက်နေသည့် ကျွန်မ ၏အစ်ကိုအကောင်းဆုံးမိတ်ဆွေ ဇာတ်ညွှန်းဆရာသို့..)


26 Comments:

Sein Lyan Tun said...

Sein Lyan Tun said...

Sein Lyan Tun said...

ဝေးးးးးးးးးးးးးးး
ရတယ်ဝေးးးးးးးးးးးးးးးးးးးးးးးးးး မဂျုရေ.. အိပ်ငိုက်နေလားဝေးးးး

Sein Lyan Tun said...

ကျနော်ကတော့ ကိုယ့်အမကြီးကို
လေးစားတယ်
ချစ်ခင်တယ်
မကြီးစိတ်ထဲမှာ မုန်းနေတယ်လို့
ထင်ပေမယ့် မုန်းချင်မှလဲမုန်းမှာပါ
ဒါပေမယ့် မကြီးကိုချစ်တဲ့သူတွေ အများကြီးရှိပါတယ်...
မကြီးလဲ ကျေနပ်ပျော်ရွှင်တဲ့အတွက် ဝမ်းသာပါတယ်
အမြဲကျမ်းမာလို့ ပျော်ရွှင်ပါစေဗျာ
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

လင်းဒီပ said...

ချစ်သူမိတ်ဆွေများတာလည်း ကံကောင်းခြင်း တစ်မျိုးပါဘဲလေ...။
မုန်းသူတွေများတာတော့ လောကရဲ့ ကျီစယ်မှုတစ်ခုပေါ့..။

Julian said...

တောက်..... (မကျေမနပ်တောက်ခေါက်ခြင်း)
နေရာ(၁) ကိုသေချာထိုင်စောင့်ရင်းလွဲသွားခြင်း။
မေခရေ၊ အဲလိုသေချာထိုင်စောင့်ရဲ့သားနဲ့ အကြောင်းအကြောင်းတွေလွဲခဲ့တာများနေပြီ။ ရိုးနေပြီလို့တောင်ပြောလို့ရတယ်။ ဒီအချိန်တည့်တည့်မှာမှ ပြေးလိုက်လွှားလိုက်လုပ်ရတယ်လို့.......... (မမန့်ခင်အရင်စိတ်တိုတာပြောရတယ် ဟင်း )

အင်း ဟုတ်တယ် လက်ချိုးရေရင်ရတဲ့သူငယ်ချင်းတွေထဲမှာတောင် သူငယ်ချင်းကောင်း ၊ မိတ်ဆွေကောင်း ၊ အင်းးးးးးးးးးးးးးး သေချာတာက ငါမကောင်းတာဖြစ်မှာပါ၊ နေရာတကာကိုယ်နဲ့မဆိုင်ဘဲစိတ်ရောကိုယ်ပါ.......... ကျေးဇူးတင်တယ်ထင်လို့လား........ အောင်မလေးသူသာဝင်မရှည်ရင်ဒိထက် $%&*@#$......... ကြုံတာလဲများ အမှတ်လဲမရှိ.... တစ်ခါတစ်လေ ပါးစပ်ကိုသွားနဲ့နာနာကိုက်သွေးထွက်သည်ထိပိတ်ထားရ.... ဒါတောင်မရဘူး ....တစ်ခါတစ်လေ လူမှုရေးတွေပါပြောခံရသည်ထိ........... အခုလား အင်း မလုပ်တော့ပါဘူး......အဲလေ ..... နဲနဲလျော့ပါတယ်...... ဒီနေ့ဘဲသူများအကျိုးဆောင်ပြီး ပီတိစားပြန်လာတာ.... ဖိုးစိန်နဲ့နေရာလုရင်း .... ကံကောင်းလှသော မောင်ဖိုးစိန်.....ကျုပ်သာအပြင်မပြေးသွားရရင်.... နံပါတ် (၁).... ရတယ်.........

လူမုန်းဆေးလား......အင်းကျဲတုန်းဘဲ... ပေါတယ်လေ....လူချစ်အောင်သာမနေတတ်တာ.... မုန်းစေဘို့တော့ပြောင်မြောက်အောင်တတ်တယ်...

ကဲရှင်မေခရေ..... ကာလံဒေသံလိုက်ပြီး ကောင်းခြင်းမကောင်းခြင်းတွေကွဲသွားတတ်တယ် ၊ တစ်သက်လုံးကောင်းဘို့ အင်းးးးး... ကောင်းသူကိုတွေ့ဘို့ အင်းးးးး......
ငါကိုယ်တိုင်ရော ........
သေချာတာကတော့ ငါတို့ကိုယ်ငါတို့သိကြတယ်လေ... "တကယ်" ဆိုတာ လောကကြီးထဲမှာ သေချာရှိလို့လားကွယ်...........

(ကွန်မန့်ကစာထက်ရှည်တယ် ဘာရမလဲ စိတ်ပေါက်ပေါက်နဲ့မန့်တာ )


ဂျူ

Eaindra said...

မမရေ....

မိတ်ဆွေကောင်းတစ်ယောက်လို..
ညီအမတွေလို..
စိတ်တူ
ကိုယ်တူ
ဝါသနာတူတွေ မို့

တစ်သက်လုံးချစ်သွားမှာပါ..နော်...

ကိုရင်နော်ခင်လေးငယ် said...

“ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..” …တဲ့

သေချာစဉ်းစား လေလေ လေးနက်လေလေပါပဲ..

မနော်ရေ..
ချစ်သူ ခင်သူ မိတ်ကောင်း ဆွေကောင်းများနဲ့သာ ဆုံတွေ့ရပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..

ခင်မင်လေးစား ချစ်ခင်ခြင်းများစွာဖြင့်

Moe Cho Thinn said...

ဟုတ်တယ် မနော်ရေ။
သူငယ်ချင်းကောင်း ရဖို့ဆိုတာ ကံကောင်းခြင်း ဆုလာဒ် တခုပါပဲ။ မနော် အဲဒီဆုလေး ပိုင်ဆိုင်ထားတယ်ဆိုလို့ ၀မ်းသာတယ်။
တကယ်က သူကိုယ့်အပေါ်မှာ ကောင်း မကောင်း ဆိုတာထက် ကိုယ်က သူ့အပေါ်မှာ ကောင်းခဲ့၊ နားလည်ခဲ့လို့သာ အပြန်အလှန် ဖြစ်လာတာမျိုးပါပဲ။
ကိုယ်ပျော်ရွှင်တဲ့ အချိန်မှာ အနားမှာရှိသလို ကိုယ်ငိုနေတဲ့အချိန်မှာ အတူလိုက်ငိုနိုင်တဲ့ သူငယ်ချင်းမျိုးပေါ့။

အိုင်လွယ်ပန် said...

သူငယ်ချင်းတွေ မိတ်ဆွေတွေရဲ့ နောက်ဆက်တွဲမှာ

“ကောင်း” ဆိုတာ တစ်လုံးက အတော် တာ သွားတယ်နော် အစ်မ ......

မီယာ said...

လူမုန်းဆေး ကျဲတယ်ဆိုတဲ့ အသုံးလေး လှလိုက်တာ မနော်ရေ။ မိတ်ဆွေကောင်းရဖို့ မလွယ်တာ အသိဆုံးပဲ။ ကြီးလာလေ ပိုခက်လာလေသလိုပဲ။
Get well soon!

မေငြိမ်း said...

မနော်ရေ.. တူပြန်သတော့။ ကိုယ့်ကိုယ်ကို စွာလွန်းလို့ လူမုန်းများ ရန်သူများတယ်ထင်တာ.. ကိုယ်တကယ်ဒုက္ခလည်း ရောက်ရော.. ကိုယ့်ကို ချစ်တဲ့သူတွေက ကူလိုက်ကြတာ..ကိုယ့်ဘာသာတောင် အံ့သြမိတယ်။(ထင်တောင်မထင်ဘူး)..။ ဒီတော့လည်း စိတ်ချမ်းသာရပြန်တယ်။ ဒါမဲ့ မိတ်ဆွေ သူငယ်ချင်းကောင်းလို့ ထင်မှတ်ခဲ့ရာက အဲဒီအဆင့်ကနေ လျှောဆင်းကျန်ရစ်ခဲ့သူတွေ..
ကိုယ့်ပျက်စီးရာပျက်စီးကြောင်း လုပ်သူတွေလည်း ကြုံရဖူးတာပါပဲ..။ ဒါပေမဲ့ အမက လူမုန်းများမှာတော့ ကြောက်တယ်.. :)

D Soe said...

အမရေ...အမကံကောင်းလိုက်တာ... :)

ဆောင်းယွန်းလ said...

“ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..” …
ဟုတ်တယ်မနော်ရေ..သေသေချာချာစဉ်းစားလေ ပိုပြီးအဓိပ္ပာယ်ရှိလေပါပဲ..

ရွှင်လန်းနိုင်ပါစေဗျာ

ကျောပိုးအိတ် said...

မိတ်ဆွေကောင်းတွေအများကြီးရှိတာ ဘုရားပေးတဲ့ဆုလာဒ်ပါ။

အများကြီးအားကျပါတယ် အန်တီရေ။ နောက်ထပ်လဲ မိတ်ဆွေကောင်းတွေပွားများပါစေရှင်

သက်ပိုင်သူ said...

“ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..”

အကိုတာရာမင်းဝေ ပြောတာလေးကို သဘောကျမိတယ်.
တကယ်ပဲ မိတ်ဆွေကောင်း ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး..
ကျွန်တော့်မှာလည်း သူငယ်ချင်းကောင်းတွေ အများကြီး ရှိတယ်.. ဒါပေမယ့် တကယ့် အစစ်အမှန်ဆိုရင် လက်ချိုးရေလို့ရတယ်…..
ဒါပေမယ့် ကိုယ်ကတော့ ဘယ်သူစစ်လဲတော့ လိုက်မကြည့်နေတော့ဘူး
ရှိတဲ့ သူငယ်ချင်းတွေနဲ့ တည့်အောင်ပေါင်းပြီး ပျော်အောင်နေတတ်တာကို သဘောကျမိတယ်.. မမနော်ရေ့

သက်ပိုင်သူ said...

“ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..”

အကိုတာရာမင်းဝေ ပြောတာလေးကို သဘောကျမိတယ်.
တကယ်ပဲ မိတ်ဆွေကောင်း ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး..
ကျွန်တော့်မှာလည်း သူငယ်ချင်းကောင်းတွေ အများကြီး ရှိတယ်.. ဒါပေမယ့် တကယ့် အစစ်အမှန်ဆိုရင် လက်ချိုးရေလို့ရတယ်…..
ဒါပေမယ့် ကိုယ်ကတော့ ဘယ်သူစစ်လဲတော့ လိုက်မကြည့်နေတော့ဘူး
ရှိတဲ့ သူငယ်ချင်းတွေနဲ့ တည့်အောင်ပေါင်းပြီး ပျော်အောင်နေတတ်တာကို သဘောကျမိတယ်.. မမနော်ရေ့

Htoo Aung Lwin said...

မိတ်ကောင်းဆွေကောင်းဆိုတာ ဝေးမှပို သတိရစေပါတယ်နော်

April said...

“ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..”တဲ့
အဲဒီစာကို ဆရာရေးတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။
ကြိုက်လွန်းလို့ မှတ်ထားပြီး ကိုယ့်ကိုယ်ကိုယ် ခွဲခြမ်းစိတ်ဖြာမိတယ်။ ကိုယ်က ဘယ်လိုမျိုးထဲမှာ ပါသလဲဆိုတာ။
အကြောင်းတိုက်ဆိုင်တိုင်း အဲဒီစာသားက ခေါင်းထဲ ရောက်ရောက်လာတတ်တယ်။
ကိုယ်က မိတ်ဆွေစင်စစ်ပဲ ဖြစ်ချင်သလို ကိုယ်ကလည်း မိတ်ဆွေအစစ်ပဲ ရချင်ပါတယ်။ ဒါပေမယ့် လိုချင်တိုင်း ရမှမရနိုင်တာ။
ကိုယ်ပေးသလောက်လည်း သူရချင်မှ ရမှာလေ။ ဒီအချိန်မှာ ကိုယ်က သူ့အတွက် မိတ်ဆွေအစစ်ဖြစ်ပေမယ့်
နောင်တစ်ချိန်ကျရင်ကော .... အမဂျူ ပြောသလိုပဲ ဘာမှမသေချာတဲ့ လောကကြီးမှာ ဘာကို သေချာဖို့ ဘယ်သူ့ဆီက အာမခံချက် တောင်းလို့ရမလဲနော်..
ဒါကြောင့် ဘာကိုမှ အများကြီး မျှော်လင့်မထားတော့ဘူး။
သူနဲ့ ကိုယ်နဲ့ ပတ်သက်နေသေးသရွေ့ ကိုယ်ကတော့ သူ့ကို (ကိုယ်အရမ်းကိုခင်တဲ့သူ) စိတ်ထဲရှိသလောက် အပြည့်ပေးလိုက်မယ်။ သူပြန်ပေးပေးမပေးပေး မစဉ်းစားတော့ဘူး။
ဒါဆို ကျေနပ်စရာ ကောင်းမယ်ထင်တယ်။
(အဟဲ.. မ... မန့်ရင်း ..မန့်ရင်း.. အရမ်းရှည်သွားပြီ။ အမှန်ကတော့ အမဂျူကို အားကျလို့ပါ :P)

ပျော်ရွှင်ပါစေ...
မိုးနေ

နွေးနွေးသဲမွန် said...

ကိုကြီးဖိုးစိန်ပြောသလိုပဲ ...မကြီးကိုချစ်တဲ့သူတွေအများကြီးရှိတယ်နော်...မကြီးမြန်မြန်နေကောင်းပါစေ...

WWKM said...

တို့လည်းချစ်တယ်နော် မေခကို..
ဝါလည်း ခင်ကြပြီးမှ တစ်ခုခုကြောင့်စိတ်ဝမ်းကွဲသွားကြ
ရမှာအရမ်းကြောက်တာပဲ...
ဖြစ်နိုင်ရင် တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွတ်မှု
လေးတွေနဲ့ တသက်တာ ထာဝရအတွက် မိတ်ဆွေကောင်းတွေ ဖြစ်ချင်ပါတယ်ရှင်။

ချစ်တဲ့

ဝါ

မီးမီးလဲ ၁ ပဲ...ဒါပေမယ့် ၂၁ .း))))

WWKM said...

မေခလေးကျန်းမာပျော်ရွှင်ပါစေ.
စောစောက အွန်လိုင်းမှာတွေ့တယ်..ဒါပေမယ့် အွန်လိုင်း
မှာလူတွေအရမ်းများနေလို့ ၀ါ အောက်လိုက်တာပါနော်.
မေခကိုနှုတ်ဆက်ချင်ပေမယ့် တွေ့ပုချိ..း)))

Zephyr said...

နေရာတိုင်းကိုရောက်တဲ့လမ်း
အခုတော့မြေပြိုသွားပြီ...
လမ်းတိုင်းက ရောမမြို့ကိုရောက်ခဲ့တယ်ဆိုတာလဲ..
ရာဇ၀င်သက်သက် ...
သူလိုကိုယ်လိုကွေ့ကောက် ..
လက်အိတ်ချင်းနှုတ်ဆက်ရတာ ... မနွေးလှဘူး ...

ရွာရန်ရာနှုန်း ၁၂၀ တိတိနဲ့သတိရ ...
သိဖူးခဲ့သလိုပြုံးပြခြင်းတွေနဲ့ အသားကျ
အရည်ပြားတွေ အားနည်း ...
ရန်သူစစ်စစ်ဟာလည်း
မိတ်ဆွေစစ်စစ်လိုရှားမြဲရှားတယ် ...။

နှစ်ပေါင်းများစွာကြာတော့
သစ်ပင်ဟာကျောက်ဖြစ်လာသလို ...
ခင်မင်မှုဟာလည်း သိပ်သည်းလာတယ် ..
လောကဓံနဲ့ကခုန်ခြင်းမှာ ...
စည်းချက်ညီသူတွေစုရုံးမိတာမဆန်းဘူးမဟုတ်လား ..။

သွေးဟာရေထက်ပျစ်တာ
သိပ်ကိုသေချာတာပေါ့ ...။ ။

..
ခင်မင်စွာဖြင့်
အမည်မဖော်လိုသူ ဇက်

Unknown said...

မေ၀င်းရေ online မှာ မတွေ့ရတာကြာပြီ။ နေမကောင်းသေးဘူးလား။ နေမကောင်းတဲ့ အချိန်လေးမှာတော့ မိတ်ဆွေကောင်းဖြစ်ခွင့်ရချင်ပါရဲ့။
မီ

ဇေဇော် said...

“ဘယ်သူ့ ရန်သူမှ မဟုတ်တဲ့သူဟာ ဘယ်သူ့မိတ်ဆွေမှမဟုတ်ဘူး..” ဆိုတဲ့ စကားလေးအတွက် ကျေးဇူးပါပဲ...။ ဒီစကားလေးတစ်ခွန်းနောက်မှာ အတွေးတွေ အများကြီးပါသွားတယ်ဗျာ...။

မိုးခါး said...

မမနော်နော်ရေ ..
ကျေးဇူးတင်ပါတယ်နော်
နောက်ဆုံးမှ လာအားပေးရတယ်း(
ခုတလောလေ အလုပ်ကရှုပ်နေတာ
သောကြာနေ့က အွန်လိုင်းမရဘူးရုံးမှာ ..
ရုံးခန်းပြောင်းတာရွေ့တာနဲ့ အလုပ်ကရှုပ်
အိမ်ရောက်တော့ဒေါင်း .. အဲလိုဖြစ်သွားတယ် မမနော်နော်ရေ ..
စိတ်မဆိုးနဲ့နော် .. အာဝါးပေးမယ် :D
ကျေးဇူးတင်ပါတယ် .. ခင်လည်းခင်တယ် ချစ်လည်းချစ်တယ် .. မမှာ မိတ်ဆွေသူငယ်ချင်းပေါမှာပါ .. ညီမတို့တောင် မမြင်ဘူးပဲချစ်တာပဲကို .. ကျေးဇူးတင်ပါတယ်လို့ထပ်ပြောပါတယ်နော် ..း)
သာယာပျော်ရွှင်ပါစေ ..

ချစ်ခင်လျှက်
မိုးခါး