ကျွန်မတို့တစ်နေရာစီမှာနေထိုင်ကြတယ်

Thursday, May 21, 2009


ကျွန်မတို့ တစ်နေရာစီမှာနေထိုင်ကြတယ်

တစ်ယောက်က မိုးလင်းလာတဲ့အချိန်မှာ
တစ်ယောက်က အိပ်ရာဝင်တော့မယ်

တစ်ယောက်ကိုသူတို့ခေါ်သွားကြတဲ့ချိန်မှာ
တစ်ယောက်ကကျန်ခဲ့တယ်

တစ်ယောက်က အဝေးမှာနီးနီးနားနားနေထိုင်ပြီး
တစ်ယောက်က အနီးမှာဝေးဝေးနေတယ်

တစ်ယောက်က သာမန်သင်ခန်းစာတစ်ခုကိုရွတ်ဆိုနေချိန်မှာ
တစ်ယောက်က ဟားဗတ်တက္ကသိုလ်ထဲမှာ

တစ်ယောက်က လောကီပညာကိုလေ့လာနေတယ်
တစ်ယောက်က အဌာရသ ၁၉ ရပ်ကိုသင်ပေးလို့
တစ်ယောက်က ရိုးအ မှုကိုနာကျင်ခံစားလို့
တစ်ယောက်က ရွေးချယ်မှုလမ်းအတွက် အသက်ရှုခက်လို့

သူက နေရောင်ခြည်အသစ်ကိုလက်နဲ့ဆေးခြယ်ယူပြီး
သူမက မိုးစက်နှင်းငွေ့ကိုလွှမ်းခြုံဆင်ခြင်တယ်
ကောင်းကင်က တိမ်တွေကိုနေရာရွှေ့ပြီး
ပြာစင်စေခဲ့ချင်သူတွေကတော့ဟိုးအဝေးမှာ

သူတို့က တစ်ယောက်တစ်နေရာစီ
ကျွန်မတို့က တစ်ယောက်တစ်ကွဲစီ
ကျွန်မပို့လိုက်တဲ့ စာအုပ်တွေရောက်လား
သူတို့ဆီက အီးမေလ်းတွေလည်းရောက်မလာခဲ့ဘူး။

သင်တို့ဆီက အငေးများနှင့်
ကျွန်ပ်တို့ဆီက အတွေးများ
သတင်းပြန်မလာကြတော့…
……………………………


ငါ..ဘာတွေတွေးနေမိတာလဲ
သူ..ဘာတွေတွေးနေမိမှာလဲ
ကျွန်မက အတိတ်ကိုမေ့နေခဲ့ပြီ
သူမ..သတိရနေလိမ့်မယ်ထင်တယ်
ကျွန်တော်ကတော့ အနာဂါတ်ကိုမယုံကြည်တော့ဘူး။

ပန်းချီဆရာက တောင်တန်းတွေကိုအစိမ်းရောင်မချယ်ချင်ဘူးတဲ့
(သူက ပန်းတွေကိုပွင့်စေချင်လှပြီ။။)
ပန်းပုဆရာကတော့ စိတ္တဇနာမ်တစ်ခုရဲ့ပုံတူပန်းပုတစ်ခုကိုထုလို့
(သူကတော့ ချစ်ခြင်းမေတ္တာကို ဖမ်းယူဆုပ်ကိုင်ချင်သူ..)
ကဗျာဆရာဆွဲတဲ့ပေါ့ထရိတ်က အမှောင်နည်းနည်းများနေတယ်
ဒီမှာ ဒီဇိုင်းဆရာ ငါ ဒီအရောင်တွေကိုမကြိုက်ဘူး
ပြီးတော့ ရူးသွပ်နေတဲ့စိတ်တွေ…

ငါတို့ဟာ တစ်နေရာစီမှာနေထိုင်နေကြတယ်
သူတို့ဟာ အိပ်မက်တွေကိုအထားအသိုမှားစွာစစ်စီတယ်
ကျွန်တော်တို့ သူများအနာဂါတ်ကို ချောင်းကြည့်ပြင်ဆင်ခွင့်မှမရှိတာ
သူမရဲ့အိတ်ကပ်ထဲက ပေါ့ပေါ့ပါးပါးချစ်ခြင်းများ
သူတို့ ယူဆောင်သွားခဲ့ကြပေါ့။

သူမက နာမကျန်းဖြစ်နေချိန်မှာ
ကျွန်မက ကျန်းမာကြံခိုင်ခြင်းတရားတွေရှာဖွေလို့
ကျွန်တော့်လက်တွေကိုတွဲထားပေးပါ
သူ..ငါ့ဆီ..ဘယ်တော့.ပြန်လာမှာတဲ့လဲ
ပို့သလိုက်သော ချစ်ခြင်း
လမ်းခုလပ်မှာ အန္တရာယ်ကင်းပါစေ…

စကားလုံးတွေခပ်နည်းနည်းနဲ့ စကားတွေကိုနှလုံးသားနဲ့ပြောကြမယ်
မမြင်နိုင်သောအကြည့် မကြားနိုင်သောချစ်ခြင်းတွေနဲ့
ကျွန်မတို့ နေသာထိုင်သာရှိခဲ့ကြဖူးပါသလား
ဟို..အနားမှာတော့..အားလုံးရဲ့သစ္စာတရားများ
အနားသပ်ဖွာလန်ကြံ့ခိုင်လို့….။

ကျွန်ုပ်တို့၏သစ္စာသည်ကား
သူတို့၏ အိပ်မက်များဆီ

တစ်ကမ္ဘာစီ
တစ်နေရာစီ။ ။
မနော်ဟရီ
၁၄။၅။၀၉


27 Comments:

အမည်မဲ့ said...

အဝေးဆုံးမှာ ရပ်ပြီး
အနီးဆုံးကို လှမ်းလို့
အနီးဆုံးမှာ ရပ်ပြီး
အဝေးဆုံးကိုလှမ်းလို့

စကားလုံးတွေ နည်းနည်း
စကားတွေများများ နှလုံးသားနဲ့ပြောကြမယ်
/ပြောကြည့်မယ်။

ကျွန်ုပ်တို့၏သစ္စာသည်ကား
သူတို့၏ အိပ်မက်များဆီ

ခင်ဗျားနဲ့ ကျုပ်
တစ်ကမ္ဘာစီ
တစ်နေရာစီ။ ။

Zephyr said...

ပို့သလိုက်သော ချစ်ခြင်း
လမ်းခုလပ်မှာ အန္တရာယ်ကင်းပါစေ…

ဟို..အနားမှာတော့..အားလုံးရဲ့သစ္စာတရားများ
အနားသပ်ဖွာလန်ကြံ့ခိုင်လို့….

ပြီးတော့ ရူးသွပ်နေတဲ့စိတ်တွေ…
...
...

တစ်ကမ္ဘာစီ
တစ်နေရာစီ။

Sein Lyan Tun said...

ဟုတ်တယ်မကြီးနော်

တစ်ယောက်က အဝေးမှာနီးနီးနားနားနေထိုင်ပြီး
တစ်ယောက်က အနီးမှာဝေးဝေးနေတယ်

အနီးမှာရှိတဲ့သူတွေက ဝေးနေပြီး
အဝေးဆုံးကလူတွေက ကျနော့်ရဲ့ အနီးဆုံးလူတွေလို့ခံစားမိတယ်
အဝေးဆုံးကလာတဲ့ မေတ္တာအားက
အနီးမှာရှိတဲ့အားထက် ပိုကြီးမားနေသလိုရယ်
ကိုယ့်အပေါ်မေတ္တာကြီးမားသူတွေနဲ့လဲဝေးနေတော့
မေတ္တာတွေက ပိုထားမိနေတယ်လို့လဲထင်မိတယ်

ကိုယ်ချစ်တဲ့သူတွေကလဲ ကိုယ့်နဲ့အနီးဆုံးမှာမှ မရှိကြတာနော့်
တကယ့်ကို
တကမ္ဘာစီ
တနေရာစီ

မကြီး ဒီကဗျာလေးကို ဘာဖြစ်လို့ရေးမိသွားတာလဲဟင်

ဘာရယ်မဟုတ် စိတ်ထဲရှိနေတာတစ်ခုခံစားမိလို့ပါ
မကြီးနော်
နေကောင်းပျော်ရွှင်ပါစေဗျာ
ပြုံးပျော်နိုင်ပါစေဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ကိုရင်နော်ခင်လေးငယ် said...

တစ်ယောက် တစ်နေရာစီ.. တဲ့

မနော်ရေ...
တကယ့်ကို တစ်ကမ္ဘာစီ တစ်နေရာစီပါပဲ..

ကဗျာလေးဖတ်ရတာ ထိတယ်..း(

Bino said...

What a nice poem.
ပန်းချီဆရာက တောင်တန်းတွေကိုအစိမ်းရောင်မချယ်ချင်ဘူးတဲ့
ပန်းပုဆရာကတော့ စိတ္တဇနာမ်တစ်ခုရဲ့ပုံတူပန်းပုတစ်ခုကိုထုလို့
ကဗျာဆရာဆွဲတဲ့ပေါ့ထရိတ်က အမှောင်နည်းနည်းများနေတယ်
ဒီမှာ ဒီဇိုင်းဆရာ ငါ ဒီအရောင်တွေကိုမကြိုက်ဘူး
ပြီးတော့ ရူးသွပ်နေတဲ့စိတ်တွေ…

ငါတို့ဟာ တစ်နေရာစီမှာနေထိုင်နေကြတယ်
သူတို့ဟာ အိပ်မက်တွေကိုအထားအသိုမှားစွာစစ်စီတယ်
ကျွန်တော်တို့ သူများအနာဂါတ်ကို ချောင်းကြည့်ပြင်ဆင်ခွင့်မှမရှိတာ
Each word has wide meaning that more than I can absorb it.
Every endless sentence is beautiful and innocent.
Bino

မလိခ said...

တစ်ယောက်က အဝေးမှာနီးနီးနားနားနေထိုင်ပြီး
တစ်ယောက်က အနီးမှာဝေးဝေးနေတယ်
.......
အဲဒါလေးကိုကြိုက်တယ် အမ
ညီမအတွက်လည်းတခါတခါ အနီးကလူတွေနဲ့ ဝေးနေတယ်...
အောက်က အပိုဒ်ကတော့ နားလည်သလိုလို နားမလည်သလိုလို.. ခံစားလို့ရသလိုလို တမျိုးပဲ..

မိုးခါး said...

တယောက်တနေရာစီဖြစ်နေချိန်မှာ မနော် ကဗျာက တော်တော်ထိသွားတယ် .. တပုဒ်လုံးပဲ အစ်မ

:P said...

ကြိုက်သလို ဆွဲတွေးသွားတယ် အစ်မရေ....။

WWKM said...

ကဗျာလေးက လန်းပါ့...
မီးမီးလည်း ကြိုက်သလိုပဲ တွေးချင်တာတွေးသွားတော့
တယ်... ကဗျာဆရာမကြီးကို လိုက်မမှီဘူး..း)

ပျော်ရွှင်ပါစေ မေခရေ.

ချစ်တဲ့
ဝါ

ZT said...

တစ်ယောက်က မိုးလင်းလာတဲ့အချိန်မှာ
တစ်ယောက်က အိပ်ရာဝင်တော့မယ်

အဲဒီလို မဟုတ်ပေမယ့် ခံစားသွားရပါတယ်။

ဖြိုးငယ် said...

ကဗျာက တစ်ပုဒ်လုံး ခံစားလို့ကောင်းတယ် ..
နာမည်ကြီး စာရေးဆရာမ တစ်ယောက် ပီသပါတယ်... ကျွန်တော်လည်းရေးတက်ချင်လိုက်တာဗျာ ...

နွေးနွေးသဲမွန် said...

စကားလုံးတွေခပ်နည်းနည်းနဲ့ စကားတွေကိုနှလုံးသားနဲ့ပြောကြမယ်
မမြင်နိုင်သောအကြည့် မကြားနိုင်သောချစ်ခြင်းတွေနဲ့
ကျွန်မတို့ နေသာထိုင်သာရှိခဲ့ကြဖူးပါသလား<--- အို ကောင်းလိုက်တာ...

ATN said...

ကမ္ဘာကြီးကို ပြားပစ်လိုက်တယ်ဗျာ...
အနည်းဆုံးတော့ ပြင်ညီတခုထဲမှာ
ရင်းနှီးခင်မင်သူတွေအားလုံး
တယောက်ကိုတယောက် လွတ်လပ်စွာ ပြုံးပြနိုင်မှာပါ...

Unknown said...

ရူးသွပ်နေတဲ့စိတ်တွေ…

သူ..ငါ့ဆီ..ဘယ်တော့.ပြန်လာမှာတဲ့လဲ..


တစ်နေရာတည်း
တစ်ကမ္ဘာတည်းမှာ ....
ဆုတောင်းပါတယ်...
(ကို)

လင်းဒီပ said...

“တစ်ယောက်က ရိုးအ မှုကိုနာကျင်ခံစားလို့
တစ်ယောက်က ရွေးချယ်မှုလမ်းအတွက် အသက်ရှုခက်လို့”
ဒီစာလေးကတော့ ကျွန်တော့်ကို အသက်ရှုကြပ်စေတယ်...။

တစ်ယောက်ကို တစ်ယောက် ကျွန်တော်တို့တွေ့ကြတယ်..
တကယ်က မတွေ့ကြဘူး..
နီးနီးကပ်ကပ် ရှိကြတယ်..
တကယ်ကတော့ အဝေးကြီးမှာ..။

ကြယ်တွေကို စိတ်နဲ့ နီးပစ်ရတာ
တခါတလေ အရမ်းမောတယ်..။

အိန္ဒြာ said...

လေလှိုင်းကပဲလာလာ
လျှပ်စစ်ဓါတ်နဲ့ပဲလွှတ်လွှတ် မေတ္တာဟာ..
မေတ္ထာ ပီသစွာ အေးလို့ မွှေးလို့ပါ မမရယ်...
စိတ်ကို စိတ်နဲ့ ချစ်ခင်တာ..
စိတ်ကို စိတ်နဲ့ ကြင်နာတာ..
စိတ်ကို စိတ်နဲ့ဖေးမတာ...
ဘယ်လောက်လှနေလိုက်သလဲ...

ဘ၀ အဆက်ဆက် က တော်စပ်ခဲ့တဲ့ ညီအစ်မတွေ..လို
ကမ္ဘာတစ်ခြမ်းစီ ကတောင်...
လှမ်းနွေးနေမိတယ်..။

စိတ်နဲ့
ကျစ်ကျစ်ဆုတ်ကိုင်ထားတဲ့ လက်တွေ..ဟာ
ဘယ်တော့မှ ကွဲကွာနိုင်မယ်..မထင်တော့ပါဘူး......

မေငြိမ်း said...

ခုချိန်မှာ ၀မ်းနည်းစရာကောင်းပေမဲ့ စိတ်တွေသာ နီးနေမယ်ဆိုရင်.. နေသာတဲ့ တနေ့ .. ပြန်တွေ့ကြတဲ့ အချိန်ထိ.. ဘယ်တုန်းကမှ မဝေးခဲ့ကြဖူးသလို ဖြစ်နေမှာပါ..။ ခိုင်မာတည်ကြည်တဲ့ မျက်နှာထားနဲ့ တည်ငြိမ်တဲ့ ခြေလှမ်းတွေပိုင်ရှင်ကတော့ မနေ့က ပြောတယ်.. ပိုကောင်းတဲ့ အခြေအနေမျိုးနဲ့ ပြန်တွေ့ကြမယ်နော်..တဲ့။ ဘယ်လောက်ခိုင်ကျည် အားကောင်းတဲ့ ယုံကြည်ချက်လဲ..။ အဲသလို ယုံကြည်ကြမယ်လေ..။

မသက်ဇင် said...

အသဲနှလုံးထဲစိမ့်သွားတဲ့အထိ
ကောင်းလွန်းပါတယ်
ဆရာမရေ့ 
လိုအင်ဆန္ဒပြည့်စေသော်

မယ့်ကိုး said...

သင်တို့ဆီက အငေးများနှင့်
ကျွန်ပ်တို့ဆီက အတွေးများ
သတင်းပြန်မလာကြတော့…
……………………………

အရမ်း ကို ထိခတ်မိတယ် မ။
ကောင်းလွန်းလို့  ဘာပြောရမှန်း မသိတော့ဘူး။

Julian said...

အမြဲနောက်ကျတတ်တဲ့ငါက အခုလဲဟိုးနောက်ကဘဲမှတ်ချက်ရေးမယ်........ ခပ်ရှည်ရှည်ဘဲရေးမယ်......

ဂွတ်ထ်..... မသိမှာစိုးလို့ ဘာသာပြန်ပေးမယ် ....Good.........

နားလည်ချင်သလိုနားလည်ပြီးကြိုက်သလိုတွေးသွားတယ်..... တစ်ကြောင်းချင်းဘာသာပြန်ပေးရင်ကောင်းမလား ......စုပြီးဘာသာပြန်ကောက်ချက်ချရင်ကောင်းမလား........ အင်း တော်ပါပြီလေ .....သေချာတာကတော့ ........ နင်အိပ်ယာဝင်ချိန် ငါအလုပ်ကပြန်လာချိန်...... ဟားဟားဟား........

အတည်ရေးမယ် ............

စကားလုံးတွေခပ်နည်းနည်းနဲ့ စကားတွေကိုနှလုံးသားနဲ့ပြောကြမယ်
မမြင်နိုင်သောအကြည့် မကြားနိုင်သောချစ်ခြင်းတွေနဲ့
ကျွန်မတို့ နေသာထိုင်သာရှိခဲ့ကြဖူးပါသလား
ဟို..အနားမှာတော့..အားလုံးရဲ့သစ္စာတရားများ
အနားသပ်ဖွာလန်ကြံ့ခိုင်လို့….။

ကျွန်ုပ်တို့၏သစ္စာသည်ကား
သူတို့၏ အိပ်မက်များဆီ

တစ်ကမ္ဘာစီ
တစ်နေရာစီ။ ။


ဂျူ

ဇော် said...

ငြိမ်ငြိမ်လေး တစ်ကြောင်းချင်းစီ ထိုင်ဖတ်
ဖြေးဖြေးလေး ဒီရင်ဘတ်နဲ့ ခံစား
နောက်...
ဘာပြောရမယ်မသိလောက်အောင်ကို အသက်ဝင်လွန်းနေတော့...
သြော်...
တိတ်တိတ်လေးပဲ လှည့်ပြန်သွားလိုက်ပါတယ်
ချစ်သော... မနော်။

အိုင်လွယ်ပန် said...

စကားလုံးတွေခပ်နည်းနည်းနဲ့ စကားတွေကိုနှလုံးသားနဲ့ပြောကြမယ်
မမြင်နိုင်သောအကြည့် မကြားနိုင်သောချစ်ခြင်းတွေနဲ့
ကျွန်မတို့ နေသာထိုင်သာရှိခဲ့ကြဖူးပါသလား
ဟို..အနားမှာတော့..အားလုံးရဲ့သစ္စာတရားများ
အနားသပ်ဖွာလန်ကြံ့ခိုင်လို့….။

ကျွန်ုပ်တို့၏သစ္စာသည်ကား
သူတို့၏ အိပ်မက်များဆီ

တစ်ကမ္ဘာစီ
တစ်နေရာစီ။

ကောင်းပါ့ အစ်မရာ .........

ကိုလူထွေး said...

တစ်ပုဒ်လုံးကို
ချုံးချုံးကျနေတဲ့ စိတ်ဓာတ်နဲ့ 
အဆုံးအထိဖတ်သွားတယ်

Mogok Thar said...

စကားလုံးတွေခပ်နည်းနည်းနဲ့ စကားတွေကိုနှလုံးသားနဲ့ပြောကြမယ်
မမြင်နိုင်သောအကြည့် မကြားနိုင်သောချစ်ခြင်းတွေနဲ့

ကျွန်တော် .. တော်တော် လေး ခံစားရတဲ့ ကဗျာလေး တစ်ပုဒ် ပါပဲဗျာ။

ရင်ထဲ ရောက်လွန်းလို့ စကားလုံးတွေတောင် အသံ မထွက်နိုင်တော့ဘူး။

ပို့သလိုက်သော မေတ္တာ နဲ့
လမ်းခုလပ်မှာ အန္တရာယ်ကင်းပါစေ…
ငြိမ်းချမ်းပါစေဗျာ......

tg.nwai said...

ကောင်းလိုက်တာ မနော်ရယ်.. ဖတ်ပြီးသားကို ..ရင်ထဲ ထိ သွားတာကို ဘယ်လိုပြောရမှန်းမသိလို့ ကွန်မန့်မပေးဖြစ်ခဲ့ဘူး.. အခုလည်း ...

tin min htet said...

မနော်ရေ
ခံစားရတဲ့ကဗျာပါပဲ။ အလုပ်တွေရှုပ်နေတာနဲ့ မဖတ်ရသေးတာတွေ အများကြီးပဲ။ အေးအေးဆေးဆေး ဖတ်ဦးမယ်။ စိုးစိုးကဗျာ အိုင်ဒီယာမှာတွေ့တယ် ကျေးဇူးပါပဲ။

တင်မင်းထက်

Smart Cookie said...

ထွန်းဝေမြင့် ဟန်တွေပါနေသလိုတွေ့ရတယ်