နှစ်လိုမိနေတဲ့ပင်လယ်

Sunday, April 5, 2009

နှစ်လိုမိနေတဲ့ပင်လယ်
မင်းအကြောင်းတွေကိုဖောင်ဖွဲ့မိတော့
မင်းပုံရိပ်ပင်လယ်မှာငါစီးမျော…
အလွမ်းရိပ်တွေက လေဖိအားနည်းရပ်ဝန်းတစ်ခုလို
နှလုံးသားကိုဗဟိုပြု…
ငါ့မှာ အံတုစရာအကြောင်းလည်းမရှိ..။ ။
မနော်ဟရီ


22 Comments:

pandora said...

လေဖိအားနည်း ဖြစ်နေရင် ဗောကွင်းလေးဖြစ်ဖြစ် အသက်ကယ် အင်္ကျီလေးဖြစ်ဖြစ်တော့ ဆောင်ထားမှ။

နောက်တာပါ.. :D

တိုတိုလေးနဲ့ ခံစားချက်တွေ ပေးနိုင်တဲ့ ကဗျာလေး။
အပြောကျယ်တဲ့ ပင်လယ်ကြီးကို ငေးကြည့်သွားပါတယ်။

Bino said...

The depression, an area of low barometric pressure that often brings rain is comming soon. We should avoid it, otherwse you will be sufferd.
Your poem is particularly lovely and beautiful. I absorbed by my heart.
Bino

ကိုရင်နော်ခင်လေးငယ် said...

မနော်ရေ..

ဗောကွင်းလေးပေါ်မှာ အသက်ကယ်အင်္ကျီလေးနဲ့ ရှစ်ရှာရေးးးး.. (ချစ်စရာလေး)

ခင်လို့ နောက်သွားသည်...

ကဗျာတိုလေး ကောင်း၏..း)

Unknown said...

blog က Link ထဲမှာ နှစ်လိနေမိတဲ့ပင်လယ် လို့ ဖတ်ရတော့ အံ့သြသိချင်သွားခဲ့တယ်။
ကဗျာလေးဖတ်ရတာ ဝမ်းသာပေမယ့် မ ကို မကြေကွဲစေချင်ပါ။
ပျော်ရွှင်ပါစေ။

Bino said...

When I read your blogspot at 1530hrs on 05th April 2009 from Chittagong,Bangladesh, I see another readers from Sydney-1, S'pore-5, Mosco-1, Khon Kaen-1, London-1. Plenty peoples come to your lovely village. Bravo!Carry on.

Bino

Anonymous said...

အလွမ်းရေယဉ်ကြောမှာ မျောပါသွားတယ်း) နှလုံးသားကို ဗဟိုပြု စကားလုံးလေးက ချစ်စရာလေး။

မယ့်ကိုး said...

ချစ်စရာ အလွမ်းနဲ့  လွင့်သွားပြီ။

tg.nwai said...

ထိန်းချုပ်သိမ်းဆည်းထားရတာတွေများရင် ရင်ထဲမှာပျိုးတဲ့ မုန်တိုင်းက ပိုပြင်းထန်တတ်လို့ အလွမ်းပင်လယ်မှာ တခါတလေတော့လည်း လွင့်မျောလိုက်ချင်ပါရဲ့ မနော်ရေ..။

လင်းဒီပ said...

အင်း..လူကြီးများလည်း တခါတလေ စာနုများလေးများ ရေးတတ်လေသည် ဟု မှတ်သားမိပေတော့သည်..။ :P:P:P

အိုင်လွယ်ပန် said...

ရေးပုံအသစ်လေး ....

ကောင်းတယ်အစ်မရေ ....

sweetpeony said...

ဟုတ်ပါရဲ့နော်..
အဲဒီပင်လယ်ထဲရောက်မှန်းမသိရောက်သွားတာ...
ငန်နေတော့မှပဲ သတိထားမိတော့တယ်...
ပတ်ပတ်လည်မှာ ကမ်းမမြင်လမ်းမမြင်...
တတ်နိုင်တော့ဘူးကွယ်...

အိန္ဒြာ said...

မင်းအကြောင်းတွေကိုဖောင်ဖွဲ့မိတော့
မင်းပုံရိပ်ပင်လယ်မှာငါစီးမျော…
အလွမ်းရိပ်တွေက လေဖိအားနည်းရပ်ဝန်းတစ်ခုလို
နှလုံးသားကိုဗဟိုပြု…
ငါ့မှာ အံတုစရာအကြောင်းလည်းမရှိ..။ ။

အံမတု..ချင်ပါဘူး...မျောချင်သလောက်မျောပေါ့..နော..

Julian said...

ဒါလေးကတော့ တစ်မျိုးပါလား........ ခက်တာက အင်း..... ဖောင်ဖွဲံ့စရာမရှိတော့..... (ရှင်ပြောပြောနေတဲ့ နားလည်မှာမဟုတ်ပါဘူးလေဆိုတဲ့အတိုင်း ဟီးဟီး ).... အံတုထည့်စရာ..... အဲလေ....အံတုစရာအကြောင်းရှိလည်း ....... အံတုစရာမှမရှိတာကိုးနော်........

ဂျူ - (စိတ်ပျော်ချင်သောလည်း ပျော်စရာအကြောင်းမရှိသော)

Unknown said...

ကဗျာလာဖတ်တယ် အမရေ
လွမ်းနေတယ်ပေါ့ :)
ကောင်းသောနေ့ပါဗျာ :)

Sein Lyan Tun said...

ကျနော်လဲ တကယ်လွမ်းနေမိတယ်မနော်ရေ..

ဆောင်းယွန်းလ said...

လွမ်းပင်လယ်ကြီးထဲမှာ စီးမျောနေပုံကို လာကြည့်သွားတယ်မနော်ရေ..
အံမတုနဲ့ အဲဒီအထဲမှာ စီးမျောနေရတာ တခြားပင်လယ်တွေထဲမှာ စီးမျောနေရတာထက်ပိုပြီး
ပိုပြီးကောင်းတယ်...
အချစ်မိုးလေဝသနဲ့ဇလဗေဒဌာနက အလွမ်းညွှန်ကြားရေးမှုးမမကြီးမနော်ရေ..ဟဲဟဲနောက်လို့ကောင်းလို့ နောက်သွားတာနော်
စိတ်မဆိုးကြေးဗျ

Moe Cho Thinn said...

အဲဒီ အလွမ်းပင်လယ်မှာ မျောဖို့ မုန်တိုင်းကို လိုလိုချင်ချင် ကိုယ်က ဖိတ်ခေါ်ခဲ့တာ ဆိုရင်..

Yan said...

ခံစားချက်တွေ အသက်ပြင်းလွန်းလို့.
ခပ်တင်းတင်းတောင် အသက်မရှူဝံ့မိ
ဒီရင်ခတ်လှိုင်းတွေအောက်မှာ
ငါဆက်လက်မိန်းမောရင်း
မင်းအဝေးထွက်ခွာသွားချိန်ကို
တုန်လှုပ်စွာ လက်ရေချိုးနေမယ်
ကြည်ဖြူစွာ ဆက်လက်ပြုစားပါငဲ့
ချစ်ရပါသော ပင်လယ်...

အစ်မရဲ့ ကဗျာတိုလေးဖတ်မိပြီး ကျွန်တော်လည်း မုဒ်နည်းနည်းဝင်သွားလို့.

:)

ပျော်ရွှင်ချမ်းမြေ့စွာနဲ့ အနုပညာစာပေလက်ရာတွေကို ဆက်လက်ဖန်တီးနိုင်ပါစေ... အားပေးနေတဲ့သူတွေ အမြဲရှိပါတယ်.

ခင်မင်စွာဖြင့်

Y.

kay said...

ပန်ပန်က..နာဂစ် အတွေ့အကြုံရှိတယ်ကိုး။
ဟုတ်တယ်..ဦးထွန်းလွင်ကလဲ ပြောတယ်..လေဖိအားနဲရပ်ဝန်း ၈ ခုလောက်တောင်ဖြစ်မယ်တဲ့။ ဟဲ..

အတည်ပြောမယ်နော် ။ အဲလိုလေး နှစ်လိုနေရတာ..အသက်ရှည်မယ်ထင်တယ်နော်။ တို့လည်း လိုက် နှစ်လို လိုက်အုံးမယ်။း)

kay said...

ပန်ပန်က..နာဂစ် အတွေ့အကြုံရှိတယ်ကိုး။
ဟုတ်တယ်..ဦးထွန်းလွင်ကလဲ ပြောတယ်..လေဖိအားနဲရပ်ဝန်း ၈ ခုလောက်တောင်ဖြစ်မယ်တဲ့။ ဟဲ..

အတည်ပြောမယ်နော် ။ အဲလိုလေး နှစ်လိုနေရတာ..အသက်ရှည်မယ်ထင်တယ်နော်။ တို့လည်း လိုက် နှစ်လို လိုက်အုံးမယ်။း)

WWKM said...

ကဗျာလေးက တိုတိုလေးနဲ့ ကောင်းလိုက်တာ.း)
တော်လိုက်တဲ့ မနော်.

Moe Myint Tane said...

ဘယ်လိုအကြောင်းတွေနဲ့မှ အန်တုစရာမရှိပါဘူးအမရာ။
အကြောင်းအကျိုးဆက်စပ်မှုတွေနဲ့ ဖြစ်တည်မှုတွေ ကြားထဲက ကင်းလွတ်နေခဲ့တာကိုး။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်