ခေတ်တစ်ခေတ်ရဲ့နေ..

Thursday, April 2, 2009

ကိုကိုခေတ်နေ..





ခေတ်နေအတွက်ဆိုတော့
ကိုယ့်တူလေးဆိုတော
့ (လူတယောက်ရဲ့အတ္တစွဲပေါ့...)
ခေတ်ရဲ့ နေမင်းကြီးပဲ ဖြစ်စေချင်တာပေါ
ပူလောင်မှုမပေးပဲ နွေးထွေးမှုကိုပေးမယ့်
နေမင်းကြီးလေ
ဟုတ်လား ခေတ်နေ
ဦးဦးသစ်ကောင်းအိမ်


လွန်ခဲ့တဲ့ကိုးနှစ်ဧပြီလ(၃)ရက်နေ့မှာကလေးလေးတစ်ယောက်လူ့လောကထဲကို

ရောက်လာခဲ့တယ်။ပညာရှိတွေရဲ့တွက်ချက်မှုအရကတော့အဲဒီနှစ်ဟာတကယ့်ကို

ကောင်းမွန်တဲ့နှစ်တဲ့။ဘာလို့လဲဆိုတော့တရုတ်တွေရဲ့ရိုးရာပြက္ခဒိန်မှာအဲဒီနှစ်က

နဂါးနှစ်ကိုး။၁၂နှစ်မှာတစ်ခါပဲပြန်ကျတတ်တဲ့နဂါးနှစ်ဖြစ်တဲ့အပြင်..နှစ၆၀မှာမှ

တစ်ခါ.ပြန်ကျတတ်တဲ့...ရွှေနဂါးနှစ်လည်းဖြစ်နေပါသေးတယ်။

ဗေဒင်ကဝိကျော်ကိုဇာဏီ(စံဇာဏီဘို)ကတော့..ခုလက်ရှိကမ္ဘာကြီးကိုကိုင်လှုပ်

နေတဲ့သူတော်တော်

များများဟာ.လွန်ခဲ့တဲ့နှစ်ပေါင်း၆၀..ကရွှေနဂါးကြီးတွေပေါ့လို့ပြောပါတယ်။

(နဂါးဆိုတာကလည်းတစ်ချက်လောက်လူးလွန့်လိုက်ရင်တောင်မှငလျင်လှုပ်

သလိုဖြစ်သွားတတ်တာကိုးဒါပေမယ်ကာလနဂါးကြီးကတော့ အအိပ်ကြီးချင်

ယောင်ဆောင်နေတာ ကြာ ကြာလှပေါ့..)

သားကလေးကိုမွေးတော့..၆ပေါင်ပဲရှိတဲ့သေးသေးလေးပါ။နီနီရဲရဲသေးသေး

လေးမို့ကိုင်လည်းမကိုင်ရဲထိလည်းမထိရဲနဲ့..။ဒီတိုင်းမွေးမယ်ဆိုပြီးခွဲမမွေးရင်

မမွေးပေးတဲ့အိုဂျီတွေဆီကနေအမုန်းခံထွက်ပြေးခဲ့ပြီးကာမှမောင်မင်းကြီးသား

ကအမေဗိုက်ကိုဖောက်ထွက်ပြီးမှရောက်လာခဲ့သူလေ။သတ်မှတ်ရက်ထက်

လည်း..၂၁ရက်စောရောက်လာပါတယ်။

ဖြစ်ချင်တော့၂.ရက်နေ့မနက်မှာ.ကျွန်မက..ကန်သာယာဆေးရုံသွားပြီး.အခန်း

ကိုဘွတ်ကင်လုပ်ပါတယ်။အဲဒီမှာတင်..သူတို့ကခုပဲတက်တော့မယ်လို့ထင်

လိုက်ပြီးပျာယာခတ်သွားသေးတယ်။နောက်မှဘွတ်ကင်ဆိုတော့သူတို့စိတ်

အေးသွားတာ။နောက်နေ့မနက်လည်းကျရောအဲဒီဘွတ်ကင်သမားကရောက်

လာပြန်ရောဆိုတော့သူတို့လည်းအံ့တွေသြလို့။မွေးပြီးပြီးချင်းတကည်းကနည်း

နည်းဝါချင်လို့ဆိုပြီး..မျက်မှန်မည်းလေးတပ်၊မီးအဖြူပြ၊နို့တိုက်နဲ့လုပ်တာတောင်

မှ..ဆေးရုံမှာသင်္ကြန်ထိနေလိုက်ရပါတယ်။နောက်ဆုံး..blue..photo..လို့သူတို့

ခေါ်တဲ့မီးအပြာရောင်ထိပြလိုက်ရတယ်။လူလည်းပူပန်မှုဆိုတာကိုအဲဒီကတည်း

ကရလိုက်တာ..ဒီနေ့ထိမရပ်တော့ပါဘူး။

မွေးစကတော့အမေနို့စို့ပါသေးတယ်။တစ်လလည်းကျော်လာရော..အမေကိုမြင်

တာနဲ့ငို။တွန်းထုတ်တော့တာပဲ။နို့မစို့ချင်လို့လေ။နို့ဘူးဆိုရင်တော့သူ့အမေအရင်း

ကိုမြင်သလိုပဲ..ပြုံးလို့ရွှင်လို့..လာထားပဲ..။ဆရာမတွေကတော့ပြောပါတယ်။

ကလေးကိုမီးပြတဲ့ရက်တွေမှာလူကြီးနဲ့ခွဲထားတော့..နို့ဗူးတိုက်တယ်လေ။အဲဒီမှာ

အကျင့်ပါသွားတာလို့ဆိုပါတယ်။ကလေးက.အားစိုက်ရတဲ့မိခင်နို့ထက်အားမစိုက်ပဲ

စို့လို့ရတဲ့..နို့ဗူးကိုပိုစိတ်ဝင်စားသွားတော့တာ။တောက်လျှောက်နို့ဗူးပဲစို့တော့တာ.

.လေးနှစ်ခွဲငါးနှစ်ထိပါပဲ။

မူကြိုတက်တုန်းက ကျောင်းအကျီ င်္နဲ့..


ငယ်ငယ်ကတော့.ကျွေးရင်အကုန်စားတယ်။ထမင်းနဲ့ပဲနီလေးနဲ့အသားနဲ့ကလေး

အထူးကုဒေါက်တာဒေါ်ဖြူဖြူဦးညွှန်တဲ့တိုင်းကျွေး..အကုန်စားပါတယ်။အဲ..နည်း

နည်းသိတတ်လာတာနဲ့..လက်ချောင်းသေးသေးလေးတွေနဲ့စတင်ဖယ်ရှားပါတော့

တယ်။ဘာအသားမှမစားတော့ဘူး။ပဲမုန့်ဆိုရင်တောင်မှတရုတ်တန်းကတချို့ပဲမုန့်

တွေကဝက်ဆီနံ့ရနေတတ်တယ်။အဲဒါမျိုးဆိုမစားပါဘူး။သူစားတဲ့အရာကလက်ချိုး

ရေလို့ရပါတယ်။ထမင်း၊ခေါက်ဆွဲ။မုန့်ဟင်းခါး၊ဒန်ပေါက်ကိုအသားမပါထမင်း

ချည်းပဲ၊ထမင်းနဲ့ပဲပြုတ်ကျော်။နောက်ပိုင်းသူမူကြိုတက်တော့..ဆရာကိုတာ့ကျောင်း

….Silta Lumbini..မှာအဲဒီကကျွေးတဲ့အစားအစာတချို့ကိုသူစားတတ်လာတယ်။

ထမင်းနဲ့ပဲပြုတ်ဆီဆမ်း….ခေါက်ဆွဲကျော်၊ပလာတာနဲ့အာလူးပဲဟင်း၊စတာတွေ၊

နောက်ပိုင်းကျတော့မှငါးနည်းနည်းစားပါတယ်။

ပြောင်းဖူးကိုတော့အသေးရော၊အကြီးရောစားတယ်။အဓိကသူစားတာက.အာလူးပါ။

အာလူးနဲ့ငါးကြော်..

Fish..and..Chips..ဆိုသူအရမ်းကြိုက်ပါတယ်။ဒါပေမယ့်..ငါးကိုတော့များများမစား

ပါဘူး။အာလူးပဲအဓိကစားပါတယ်။မနှစ်က..မုန်တိုင်းဖြစ်တော့သူ့ကိုချော့မော့ပြီး.

.ကြက်သားစကျွေးတာ.တိုကျိုကြက်ကြော်နဲ့အောင်မြင်သွားပါတယ်။အဲဒါနဲ့ကြက်

သားကိုဆိုင်ကလိုအိမ်မှာအမေကကြော်ပေးရတယ်။ခုထိလည်းဒီထဲကမထွက်ပါဘူး။

ကြက်ကြော်၊ငါးကြော်၊အာလူးကြော်၊အာလူးနဲ့ပဲဟင်း၊ပြောင်းဖူးပြုတ်။ဒီရောက်

တော့သူစားနေကျမုန့်ဟင်းခါးကမစားရတော့ပြန်ဘူးဆိုတော့တစ်ခုလျော့သွားရ

တာပေါ့။


အမြဲတမ်းပျော်နေချင်ပေမယ့်..အမြဲမပျော်နိုင်တဲ့သားကလေး




အမြဲတမ်းအနားရှိချင်တဲ့သား(ဓါတ်ပုံရိုက်တဲ့အချိန်)


သားအတွက်ကျပြန်တော့လည်း..လောကမှာပြေးကြည့်မှဒီအမေတစ်ယောက်ပဲ

အားကိုးစရာရှိတာမို့သားကတော်တော်လေးတော့အားကိုးးပါတယ်။ဒါပေမယ့်..

ယောကျာ်းလေးသဘာဝအရကတော့သူလုပ်ချင်တာလုပ်နေရရင်အမေလည်း

မေ့တာပါပဲ။ဒါလည်းသဘာဝပါပဲ။သူကြီးလာရင်လည်းဒိထက်အာရုံစိုက်စရာ

မျိုးစုံနဲ့ကြုံတွေ့လာတဲ့အခါ..သူအမေကိုမကြာခဏတော့…မေ့ထားနေမိဦးမှာပဲ။

ဒါပေမယ့်...ကျွန်မက..အမေလေ..သူလိုအပ်တဲ့အချိန်မှာအမြဲတမ်းပြန်ပြေးလာ

နိုင်ဖို့၊လာတဲ့အခါတိုင်းမှာအသင့်ရှိပေးနေဖို့ပဲကြိုးစားနေချင်ပါတယ်။

ဒီရောက်တော့..လေဆိပ်ကနေအိမ်ရောက်ကတည်းကငိုတာတစ်ညနေလုံးတစ်

ညလုံးမို့အိမ်က..လူတွေကတောင်ပြန်ချင်ရင်မနက်ဖြန်ပဲပြန်တော့လို့..ဒေါသတ

ကြီးပြောတာကိုခံခဲ့ရရှာပါတယ်။ခုထိလဲသားကမပျော်ရှာပါဘူး။သူ့ဟာသူလုပ်စ

ရာရှိတာလုပ်တယ်။အမေနဲ့နေတယ်။ကစားတယ်။ညမိုးချုပ်ရင်တော့..မပျက်မ

ကွက်..ဘယ်တော့ပြန်ရမှာလဲဆိုတာကိုမေးပါတယ်။တစ်ခါတစ်လေကျတော့လဲ ခပ်တည်တည်နဲ့..အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိတယ်..ညကျပြော

မယ်နော်..ဆိုပြီး….ကျောင်းဝန်းထဲဝင်သွားလိုက်တာကျွန်မမှာ..တစ်နေကုန်ရင်

တမမနဲ့..။ညကျတော့..ဘယ်တော့ပြန်ရမှာလဲဆိုတဲ့မေးခွန်းကိုပဲအလေးအနက်

မေးတော့တာပဲ။

Tomorrow Land ရောက်သားကလေး..သားကလေးရဲ့မနက်ဖြန်ကရော..


လောကမှာသူမသိသေးတာတွေကသိပ်များတယ်ဆိုပေမယ့်..သားကလေးက

တခြားကလေးတွေလိုကလေးပဲထားရာနေစေရာပျော်မယ့်ရွက်ကျပင်ပေါက်လို့

ထင်ရင်မှားသွားးပါလိမ့်မယ်။ဒီကလေးမှာကဘဝနဲ့ယှဉ်ပြီးရလာတဲ့အသိလေး

တွေအများကြီးရှိပါတယ်။..ကလေးတစ်ယောက်နဲ့မတန်တဲ့..အတွေးတွေအသိ

တွေသူ့မှာရှိနေတာ..ကျွန်မသိတယ်။စကားတတ်ကတည်းကဘယ်သူမှမသင

်ရပဲသူ့ကိုယ်သူ..ကိုကိုလို့ပြောတတ်တဲ့ကလေးဟာ..ကျွန်မကိုလည်းတစ်ခါတစ်ခါ

ကျအစ်ကိုကြီးတစ်ယောက်လိုတောင်ပြုမူဆက်ဆံချင်တတ်သူပါ။ILBC…မှာ

မူကြိုကနေသုံးတန်းပြီးခါနီးထိသာတက်လာရော..လူတော်တော်များများကို

သံယောဇဉ်မထားပဲသူခင်တဲ့သူတွေကိုမှရွေးပြီးသံယောဇဉ်ထားတတ်၊ဒီလူတွေ

နဲ့ပဲနေ၊ဒီလူတွေနဲ့ပဲစာလုပ်နဲ့အစွဲကြီးတတ်တဲ့ကလေးလည်းဖြစ်ပါတယ်။ခု..ဒီက

ကျောင်းမှာတော့သူဘယ်လိုမှအဆင်မပြေနိုင်သေးဘူးဆိုပေမယ့်သူကျောင်း

တော့မပျက်မကွက်တက်တယ်..သူကGeometry..တွေ..ILBC..မှာတွက်ခဲ့တဲ့

အချိန်မှာဒီမှာသူ့ကိုငါးအလီကိုခက်ခက်ခဲခဲဖြစ်နေတဲ့ကလေးတွေနဲ့အတူသင်

နေလည်းသူသည်းခံရှာပါတယ်။တစ်နေ့တော့သူပြန်ရမှာပဲဆိုတဲ့မျှော်လင့်ချက်

နဲ့လေလားမသိ၊

Pluto နဲ့သားကလေး

.ရှဉ့်ငနောက်ကလေးနှစ်ကောင်ကဖက်သလိုနဲ့ကလိထိုးနေတာကိုပျော်နေတဲ့

သားကလေး


ခုဆို..သားကလေးကကိုးနှစ်..နောက်ထပ်၆နှစ်လောက်ဆို..သူဟာအရာရာကို

တော်တော်လေးနှိုင်းချင့်တတ်တဲ့ကလေးတစ်ယောက်ဖြစ်လာတော့မယ်။အဲဒီ

အချိန်ကျရင်သူဘာလုပ်မလဲ..ကျွန်မသူ့ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ကြီးပြင်း

စေချင်တယ်။ကျွန်မတို့ငယ်ငယ်ကကြီးပြင်းခဲ့ရသလို၊ဒီမှာနေ၊ဒီမှာထိုင်၊ဒီကျောင်း

တက်။ဒီဘွဲ့မယူနဲ့၊ဟိုဘွဲ့ကကောင်းတယ်ဆိုတဲ့..လူကြီးမှန်ဝါဒကြီးစိုးမှုအောက်မှာ

မထားပါဘူး။သူ့လွတ်လပ်ချက်နဲ့သူ၊သူ့ဆုံးဖြတ်ချက်နဲ့သူဆုံးဖြတ်ရပ်တည်နိုင်ဖို့

အတွက်..ကျွန်မက ဘေးကနေထိန်းကျောင်းတည့်မတ်ပေးသွားတာမျိုးလောက်

ပဲလုပ်ချင်ပါတယ်။

ရှေ့မှာလမ်းတွေကအများကြီ့းပဲ။သားကလေးလျှောက်ရဦးမယ်။လူတွေက

အမျိုးမျိုးပဲ၊သားကလေး ကြုံတွေ့ရလိမ့်ဦးမယ်..၊သင်ခန်းစာတွေကများကြီးပဲ

..သားကလေးသင်ယူနာကျင်ရလိမ့်ဦးမယ်..အဲဒီအခါကျ..သူနာကျင်မောပန်း

လာတဲ့အခါကျ..ကျွန်မဆီပြန်ပြေးလာနိုင်ဖို့.ကျွန်မဆက်လက်ရှင်သန်နေဖို့

လည်းလိုပါတယ်။

သားကလေးမွေးနေ့မှာသားကလေးအတွက်..မွေးနေ့လက်ဆောင်အဖြစ်ရော

တစ်သက်တာအတွက်ရောပေးချင်တဲ့သီချင်းလေးတစ်ပုဒ်ရှိပါတယ်..Bee Gees

..တွေရဲ့..Run To Me..ဆိုတဲ့သီချင်းလေး ပါပဲ..။စာသားရော..နားထောင်နိုင်ဖို့

လင့်ခ်လေးရောထည့်ပေးလိုက်ပါတယ်။

RUN TO ME (Bee Gees)

If ever you got rain in your heart,
someone has hurt you, and torn you apart,
am I unwise to open up your eyes to love me?

And let it be like they said it would be -
me loving you girl, and you loving me.
Am I unwise to open up your eyes to love me?

Run to me whenever you're lonely. (to love me)
Run to me if you need a shoulder
Now and then, you need someone older,
so darling, you run to me.

And when you're out in the cold,
no one beside you, and no one to hold,
am I unwise to open up your eyes to love me?

And when you've got nothing to lose,
nothing to pay for, nothing to choose,
am I unwise to open up your eyes to love me?

Run to me whenever you're lonely. (to love me)
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.

Run to me whenever you're lonely.
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.

Run to me whenever you're lonely.
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.

ဒီမှာသွားနားထောင်နိုင်ပါတယ်။

ဒါကတော့..သားကလေးမွေးနေ့ကိုလာကြမယ့်သူတွေအတွက်ပါ။သားကလေးစားနေ

ကျ အစား အစာတွေပဲတည်ခင်းပေးလိုက်ပါတယ်။..ပျော်ရွှင်ပါစေ..။

ကြက်သားဟင်းနဲ့ပလာတာ၊မုန့်ဟင်းခါး၊ကြက်ကြော်

ဒန်ပေါက်၊ငါးနဲ့အာလူးကြော်၊ပြောင်းဖူး

And Happy Birthday Ko Ko.. ..Surely goodness and mercy shall follow you all

the days of your life and may all your dreams come true by my prayers!!

ချစ်သောမေမေ..





31 Comments:

Andy Myint said...

Happy Birthday.. ရွှေနဂါးလေး။

Sein Lyan Tun said...

Happy Birthday KoKo!
I wish all the best for you!

ကျားကျား said...

happy birth-day KoKo

Sein Lyan Tun said...

ကိုကို
(၉)နှစ်ပြည့်မွေးနေ့မှသည်
နောင်နှစ်တစ်ရာတိုင်အောင်
ချစ်သောမေမေနဲ့အတူ
ဘဝကို ပူပင်ကြောင့်ကြကင်းကင်း
ကျမ်းမာချမ်းသာပျော်ရွင်စွာဖြင့်
လိုရာခရီးကို လျှောက်လှမ်းနိုင်ပါစေဗျာ..
မွေးနေ့မှာကျွေးတဲ့ ကြက်သားပလာတာကို အသားကုန်စားသွားပါတယ်

ATN said...

ံHappy Birthday Ko Ko Khit Nay!!!
Many happy returns to you!!!

မိုးခါး said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ .. အောင်မြင်မှုတွေ ပျော်ရွှင်မှုတွေ ရရှိပိုင်ဆိုင်ပါစေ .. လူလိမ္မာ လူတော်လေးဖြစ်ပါစေ ..

မနော်ရယ် မနော်ရေးထားတဲ့စာကိုဖတ်မိလိုက်ပြီး ဒါမိခင်မေတ္တာပဲလို့ မြင်မိလိုက်ပါတယ် .. ကိုကိုက ချစ်ဖို့ကောင်းတယ်နော် .. မနော်ရော ကိုကိုရော ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ .. ဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ..

ခင်မင်စွာဖြင့်

khaing said...

Happy Happy Birthday Ko Ko Khit Nay!
Wish you all the best! :)

WWKM said...

HAPPY BIRTHDAY KO KO!!!
Many happy returns of the day to Tarr Tarr Ko Ko.

With love,

T T War

သားသားကိုကို ရေ..

တီတီဝါမှာလည်း သမီးလေးတစ်ယောက်ရှိတယ်နော်.
သားသားနဲ့ အဖော်ရအောင် အမှတ်တရဖြစ်အောင် သမီး
လေးကို ပြန်ပြီး သွားခေါ်လာခဲ့တယ်လေ...
သားသားရေ... ကြိုးစားနော်...
သာသားရဲ့ဘ၀မှာ အောင်မြင်မှုတွေအများကြီးနဲ့ ပြီး
ပြည့်စုံနိုင်ပါစေလို့ တီတီဝါ ဆုတောင်းပေးလိုက်ပါတယ်
ကွယ်..

မနော်နဲ့ သားသားကိုချစ်တဲ့

ဝါ

တီချမ်း said...

တီ လဲကလေးတယောက်လောက်လိုချင်လိုက်တာ အရမ်းပဲ
ကလေးတယောက်ကို ကြီးပြင်းအောသ် ပြုစုပျိုးထောင်ရတဲ့ အနုပညာ ကို သင်ယူချင်တာ
ကြားယိုနော် မနော်

Anonymous said...

Happy Birthday ညီလေး ခေတ်နေး)

မွေးနေ့လက်ဆောင် ဘာယူမတုန်း

နိုင်းနိုင်းစနေ said...

သူ့ကိုမွေးတုန်းက ဆရာမတို့ မိသားစု တော်တော်ပျော်ခဲ့မှာနော်....
အဖေလိုပဲ ခေတ်တစ်ခေတ်ကို ပိုင်ဆိုင်နိုင်ပါစေ ခေတ်နေ..း)

WWKM said...

မနော်ရေ..
သားသားရေ...

မုန့်တွေထပ်လာစားသွားတယ်နော်..
ကြက်သားပလာတာ အရမ်းကြိုက်တယ်... စားပြီ အ၀.

သားသားက ၉ ဂဏန်းသမားလား..
တီဝါ နဲ့တူတယ်...
တီဝါ လည်း ၉ ဂဏန်းသမားပဲ သားသားရေ. ...

သားသားအောင်မြင်ပါစေ.
မေမေလည်းချောတယ်... သားသားလည်းချောတယ်.း)
နှစ်ယောက်စလုံးကို အာဘွားပေးသွားတယ်နော်. :D

ဝါ

kay said...

ခေတ်နေ လေးရေ- မေမေ့ အတွက် အားရှိတဲ့.. တောင်ကုန်းကလေး..ဘယ်တော့မှ ခပ်မကုန်တဲ့..ရေတွင်းကလေး.. အမြဲ ရင်ခွင်ဖွင့်ထားတဲ့..လွင်ပြင်ကလေး.. ဖြစ်ပါစေ ကွယ်။

သားအမ ၂ယောက် ပျော်ရာမှာ နေရပါစေ..

:P said...

ပျော်ရွှင်သောဒီမွေးနေ့က အစပြုလို့
ပျော်ရွှင်သော နေ့သစ်များကိုရရှိနိုင်ပါစေ... ကိုကိုခေတ်နေရေ.....။

Sonata Cantata said...

ကိုကိုခေတ်နေ
ပျော်ရွှင်ဖွယ် မွေးနေ့ပါ။

မနော်ရဲ့ My Little One
ဓါတ်ပုံတွေ အများကြီး တ၀ကြီး ကြည့်ရတယ်။
ကိုကိုက အပြတ် သားနားတယ်ကွာ

ဒီက ရေချမ်းနဲ့ ရေစင်က ၁၁နှစ် နဲ့ ၆နှစ်

လင်းဒီပ said...

အစ်မတို့ သားအမိပုံတွေ အခုမှပဲ အားရပါးရ ကြည့်ရတော့တယ်..။ကြည်နူးစရာ..။

Happy Birthday ပါ ခေတ်နေ...။

မနော် အမြဲတမ်း ယုံကြည် အားကိုး ဂုဏ်ယူရတဲ့
ထက်သောဓားလေး...
လင်းသောကြယ်လေး...
အေးသောအရိပ်ကလေး..
ဖြစ်ပါစေဗျာ..။

ခင်မင်စွာ
လင်းဒီပ

Wai Lwin Zaw said...

Happy Birthday ခေတ်နေ!
မမ မုန့်တွေအကုန်စားသွားပြီနော်။

Unknown said...

Happy Birthday Khit Nay... :)

tg.nwai said...

ပျော်ရွှင်သော မွေးနေ့ပေါင်းများစွာ..အောင်မြင်သော မွေးနေ့ပေါင်း များစွာ ပိုင်ဆိုင်ပါစေ သားသား ကိုကိုခေတ်နေရေ..။

မနော်ရဲ့ little one ရဲ့ လက်လေးတွေက မေမေ့အတွက် အင်အားတွေ ဖြစ်စေသလို ခေတ်နေလေးအတွက်လည်း ကောင်းကင်မေမေ ဖြစ်နေမှာပါ...။

သားလေးက မနော်နဲ့ တူတယ်နော်..ဓာတ်ပုံတွေ သေသေချာချာကြည့်ပြီး ကျွေးတဲ့ မုန့်တွေကလည်း ကိုယ့်အကြိုက်တွေချည်းပဲ..အဟဲ..အပြင်မှာဆိုရင်တော့ ဒီမွေးနေ့ပွဲက အပြန် ထနိုင်မယ်တောင် မထင်။ :P

Kaung Kin Ko said...

Happy Birthday ပါ ခေတ်နေလေးရေး-)

Julian said...

ခေတ်နေ ( ကိုကို )

ဒီ ၂၀၀၉ မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်-စိတ် ကျန်းမာ ချမ်းသာ ပျော်ရွှင် အောင်မြင် ထက်မြတ် သော ကလေး ၊ လူကောင်း လူတော် ကလေး ဖြစ်ပါစေကြောင်း ဆုမွန်တောင်းပေးပါတယ်။

အင်း အန်တီဂျူ ကိုမှတ်မိမယ်မထင်ပါ သို့သော် အသားမစားသူချင်း မှတ်မိပေးမယ်ဆိုရင်တော့ကျေးဇူးပါ။

အန်တီဂျူ
-------------------------------

မေခ

ချစ်သောသားတော်မောင်အတွက်ရင်ထဲကစာကိုရေးပေးတာဖြစ်လို့ ဘာမှမပြောဘဲပြန်သွားပါတယ်။

မွေးနေ့မှာ စားစရာပြောင်းဖူး နဲ့ အာလူးကြော် (ဒါတောင်အာလူးကြော်က ငါးနဲ့ရောထားလို့ စိတ်နာနာနဲ့ ပြောင်းဖူးတစ်ခုဘဲ စားသွားပါတယ် )

မိခင်ကောင်းတစ်ယောက် သားကောင်းတစ်ယောက်နဲ့အတူ ဒီနေ့အစ ( အရင်နေ့တွေလည်းပါပါတယ်လေ ) အမြဲနွေးထွေးပျော်ရွှင်ပါစေ။

ဂျူ

မေငြိမ်း said...

မုန့်တွေလည်း စားသွားပါပြီ...
သားချောလေးနဲ့ မေမေလှလှကိုလည်း တွေ့ပြီးသွားပါပြီ။ ဒီတော့ မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်..။ သားကလေး ကိုကိုခေတ်နေ သက်ရှည် ကျန်းမာ ပျော်ရွှင်စွာ.. နှစ်များစွာ.. များစွာထိတိုင် ဒီမေမေနဲ့ ဖြတ်သန်းရပါစေ...။

Zephyr said...

့Happy Birthday !!!

May God bless you and your family ...
Wishing you all the best .......

With Peace,
Z

sweetpeony said...

မရေ ကိုကိုမွေးနေ့ မှန်းခုဝင်လာမှသိတယ်....
အစားကတော့စားပြီးသွားပြီ..
လက်ဆောင်တော့ပါမလာဘူး... (မသိမှမသိတာလို့ ..)
ဟီး ဟီးးးး...

ဒါနဲ့ ဟိုင်ကုကဗျာလေး တစ်ပုဒ်ရေးပေးလိုက်ပါတယ်နော်..
း)

Golden dragon's born.
Be a good hero in life.
Get what you want to.

Moe Cho Thinn said...

ကောင်းလိုက်တဲ့ ပို့စ်..။ အမေက သားရဲ့ မွေးနေ့အတွက် ရေးတဲ့ ပို့စ်ထက် အများကြီး မေတ္တာတွေ ချစ်ခြင်း အနန္တတွေ လေးနက်မှုတွေနဲ့ ပြည့်လျှံနေတဲ့ ပို့စ်..။

သား ကိုကို ရေ
မွေးနေ့မှာ အခုအချိန်မှာ အလိုချင်ဆုံး ဖြစ်နေမဲ့ သားနဲ့ တသားတည်းကျတဲ့ ပျော်ရွှင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သား ကိုကို ခေတ်နေရေ။

အမေပင်ပန်းနေချိန်မှာ မှီစရာ ပုခုံးသေးသေးလေး ဖြစ်နေပါစေနော်။
အပြင်မှာ သားကို မမြင်ဖူးလိုက်ပေမဲ့ ကျနော့်သားက အရမ်းချစ်ဖို့ ကောင်းတာ ဆိုတာကိုတော့ ပုံတွေ ကြည့်ပြီး လုံးဝ လက်ခံသွားတယ်။
အမေရော သားရော ချောပါ့ရှင်။

pandora said...

အမေတစ်ယောက်ရဲ့ ခံစားချက်ကို အေးအေးဆေးဆေး လာဖတ်သွားပါတယ်..။
ချစ်စရာလည်းကောင်း ချောလည်းချောတဲ့ သားလေး ကိုကိုခေတ်နေ ဘ၀မှာ ပျော်ရွှင်အေးချမ်းမှုတွေ အပြည့်အ၀ရပါစေ။

JulyDream said...

ဒန်ပေါက်ပွဲက နည်းနည်းလေး။ ထပ်ဖြည့်ပေးထားအုံးလေ။ ဒီလောက်နဲ့တော့ ၀ မှာ မဟုတ်။ သေချာတယ်။

အရာရာ အဆင်ပြေ ချောမွေ့ပါစေဗျာ။

strike said...

ချစ်စရာကလေးလေး အကောင်းဆုံးများဖြစ်ပါစေဗျာ

Moe Myint Tane said...

ဟက်ပီးဘတ်ဒေးပါ မောင်ခေတ်နေရေ။ မွေးနေ့အလာ အရမ်းနောက်ကျသွားတာ ခွင့်လွှတ်ပါ။



စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

emayarKhin said...

မ..ရေ..မွေးနေ့အလာနောက်အကျဆုံးက
တော့အမရာပေါ့နော်.....မနဲ့သားသားရဲ့
ပုံလေးတွေကိုကြည့်ပြီး..တော်တော်လေးကြည်
နူးမိပါတယ်....
သားသား“ကိုကိုခေတ်နေ”လေး မွေးနေ့မှာ
ပျော်ရွှင်ပါစေ.................

emayarKhin said...

ချစ်မရေ..ကိုကို့ရဲ့မွေးနေ့လေးမှာ..သတိရလို့..ဒီပို့စ်လေးလာပြန်ဖတ်တယ်..
ကိုကိုရေ..မွေးနေ့မှာပျော်ရွှင်ပါစေနော်..း)


တီတီ
အမရာ