အချစ် နဲ့ အလွမ်း

Wednesday, April 29, 2009

အချစ် နဲ့ အလွမ်း တဲ့။
အဲဒါ ကျွန်မ အစ်ကိုကြီး ငြိမ်းအေးအိမ် ရေးတဲ့စာမူပါ။ ကျွန်မရေးခဲ့တဲ့စောင့်ကြည့်ငှက် ကဗျာကိုရေးထားတာမို့ ကျွန်မခွင့်တောင်းပြီး တင်လိုက်တာပါ။
ကျွန်မ..စာပေလောက ထဲစရောက်တော့ ကျွန်မက သင်းကွဲတစ်ယောက်လိုပဲ..လူမှုရေးက လည်းညံ့လေတော့ မိတ်သိဆွေသိကလည်း ရှားတယ်။ ဘာသိဘာသာနေတတ်တာလည်း ပါတာပေါ့လေ။ နောက် တစ်ခုက အတွေ့အကြုံတစ်ခုအရ စာမူတွေကိုစာတိုက်ကနေပဲ တံဆိပ်ခေါင်းဖိုးအကုန်အကျခံပို့တတ်ပြီး စာမူပါလည်း မောင်ကတလှည့် သူငယ်ချင်းတွေ ကိုတလှည့်လှည့်ပြီး စာမူခသွားထုတ်ခိုင်းတတ်တဲ့သူဆိုတော့…အဲလိုဖြစ်တာမဆန်းပါဘူး။ နောက်ပိုင်းကျတော့မှ ကျွန်မ စာရေးဆရာတွေနဲ့ ပေါင်းသင်းတတ်သွားတယ်။
ကျွန်မ ၁၉၉၆ မှာ သရဖူ တိုက်ကိုစရောက်ဖူးပါတယ်။ အဲဒီကိုမရောက်ခင်တည်းကလည်း ကျွန်မ ခရမ်းရောင်သစ္စာ (ကိုငြိမ်းဝတ္ထုတို တစ်ပုဒ်ပါ..)ရဲ့ပရိသတ်။ နောက်တော့ ကိုတာရာ မင်းဝေနဲ့အတူ ရှစ်မိုင်က ဆရာဇော်ဇော်အောင့်ဆီရောက်တယ်။အဲဒီနားကနေ ကိုငြိမ်းဆီပါ ရောက်ခဲ့တယ်။နောက် မြောက်ဥက္ကလာက ကိုရဲ(သစ္စာနီ)ဆီရောက်တယ်။အဲဒီနောက်မှာ တော့ကျွန်မ ဆက်လက်ပေါင်းသင်းတာ အားလုံးက အနုပညာသမားတွေချည်းဖြစ်လို့နေ တော့တယ်။
တကယ်တော့ စာပေသမားတိုင်း အနုပညာသမားတိုင်း အသွေးအရောင်တွေ ရင်ခုန်သံ တွေတူနေတာမဟုတ်ပါဘူး။အဲဒီထဲကမှ ဘုရားသခင်က ကျွန်မကို ချစ်လှစွာသောအစ်ကို တွေအစ်မတွေ အများကြီးပေးခဲ့တယ်။ကိုငြိမ်းဟာ အဲဒိထဲကတစ်ယောက်ပေါ့။ဒါပေမယ့် တစ်ချိန်ကတော့ သူ့ညီမရင်ထဲကိုဒီလောက်ထိကြည့်တတ်လိမ့်မယ်လို့ မထင်ထားပါဘူး။ အားလုံးသိတဲ့အတိုင်း ကဗျာဆရာဟာ ကဗျာကိုဖန်တီးချိန်မှာ ကဗျာခေါ်ရာအတိုင်း စိတ်ခံ စားမှုအလျဉ်အတိုင်း စီးမျောလိုက်ပါသွားလိုက်တာ ကိုယ့်ကိုယ်ကိုတောင် ပြန်မမြင်တတ်ပါ ဘူး။ အဲဒီအခိုက်အတံ့က ကိုယ့်ကိုယ်ကိုပျောက်ဆုံးနေတဲ့ ကျွန်မကို ကိုငြိမ်းက ပြန်ပြီးသရုပ်ဖော်ပေးထားတဲ့အတွက် ကျေးဇူးလည်းတင်သလို ဝမ်းသာဝမ်းနည်းလည်းဖြစ် ရပါတယ်။
ကျွန်မ အဲဒီစာမူကိုဖတ်ရတဲ့နေ့က တစ်ယောက်တည်းငိုနေမိခဲ့တယ် ။ ကျွန်မဟာ ချစ်ခင်သူတွေနဲ့ဝေးရာမှာနေရမယ့် ကျိမ်စာအမှတ်အသားနဲ့လူလားလို့လည်း တွေးနေမိခဲ့ တယ်။ဒါပေမယ့် သေချာပြန်တွေးကြည့်တော့ ကျွန်မတို့ ဘယ်မှာဝေးနေကြလို့လဲ။ ကျွန်မလည်းကျွန်မအလျောက် သူတို့ရင်ထဲကိုထွင်းမြင်နိုင်တယ် ။သူတို့လည်းသူတို့အ လျောက် ချစ်ခင်သူတွေရင်ထဲကိုထွင်းမြင်နိုင်တယ်။အကာအရံတွေ တံတိုင်းတွေ အချိန်နဲ့ အကွာအဝေးတွေဆိုတာက ကျွန်မတို့ အားလုံးရဲ့ အတွင်းထဲမှာပဲ ရှိနေတဲ့အရာ ဆိုတာ ကို သိလိုက်မိလိုပါပဲ…
ကိုငြိမ်း ရဲ့ အချစ် နဲ့ အလွမ်းဟာ ကျွန်မတို့အားလုံးရဲ့ အချစ်နဲ့အလွမ်းဖြစ်လိမ့်မယ်လို့ ကျွန်မယုံတယ်။
ချစ်ခင်စွာ
မနော်ဟရီ





အချစ် နဲ့ အလွမ်း

သစ်ပင်တစ်ပင်ဟာ အမြစ်တွေကြောင့် ရှင်သန်နေရသလို လူဟာလည်း အချစ်နဲ့ ပဲ သူတို့ ဘ၀တွေ ရှင်နေကြ/နေရတာပါ။

လူဆိုတာ ကိုယ့်ကိုယ်ကို ချစ်ခြင်းကို အမြင့်ဆုံးမှာ တလူလူလွှင့်တင်ထားရင်းကပဲ၊ သူ့ ရင်ထဲမှာ “အခြားသောအရာများကို ချစ်ခြင်း”တွေ တသွင်သွင်စီးဆင်းနေတတ်တာလို့  ကျွန်တော်တော့ဖြင့် ယုံတယ်။ (လုပ်ရပ်နဲ့  ပါးစပ်လွဲတတ်သူတစ်ချို့ ရဲ့  နှုတ်ဖျားလေးတွေ ကမလိုအပ်ဘဲ အန်အန်ကျနေတဲ့) တိုင်းပြည်ကိုချစ်ခြင်း၊ လူမျိုးကိုချစ်ခြင်းလို စကားလုံးအကြီးကြီးတွေကစပြီး၊ ကိုယ့်အိမ်ကိုယ့်ယာ၊ မိဘဆွေမျိုး သူငယ်ချင်းနဲ့  ကိုယ်ကျင်လည်ရာ အသိုင်းအ၀ိုင်းကို ချစ်ခြင်း အလယ်၊ ခွေးလေးကြောင်လေး ပစ္စည်းပစ္စယသေးသေးမွှားမွှားလေးတွေကို ချစ်ခင်မြတ်နိုးခြင်းအဆုံး၊ အချစ်တွေကို အမျိုးခွဲရင် တော်တော် အမယ်စုံမယ် ထင်ပါတယ်။

ဘာကို ဘယ်လိုပဲချစ်ချစ်၊ ဘယ်လောက်ပဲချစ်ချစ်၊ ချစ်တာဟာ ချစ်တာပါပဲ။ ချစ်ခြင်းတိုင်းဟာ ဘယ်တော့မှ မလျှော့ပါးမယ့် သူ့ဂုဏ်ရည်ကို သူကိုယ်တိုင် ၀ံ့ကြွားစွာ ဖော်ထုတ်ရှင်သန်လျက်ပါ။

လွမ်းတယ်။
ချစ်ခြင်းနဲ့  ဝေးကွာရတဲ့အခါ၊
လူ့ ရင်ထဲမှာ ဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့ အလွမ်းဓာတ်တွေ တောလုံးဟီးထလာရိုး ထုံးစံပါ။
ခုတလော၊ ကဗျာလေးတွေ ဖတ်မိရာက ချစ်ခြင်းနဲ့  အလွမ်းဓာတ်တွေဟာ အခါမဲ့မိုးလိုရွာချခဲ့၊
အဲသည့် စိတ်မိုးရေတွေက ကျွနတော့်တစ်ကိုယ်စာ ရွှဲရွှဲနစ်စိုစေခဲ့ပါတော့တယ်။
(၁)
ငါ့တိုင်းပြည်လေးမှာ
သစ်မြစ်တွေကိုတောင်
ငါချစ်တယ် .. တကယ်လို့ 
အကြိမ်ပေါင်း တစ်ထောင်
သေရင် ..
အဲဒီမှာပဲ ငါသေချင်တယ်
တကယ်လို့ 
အကြိမ်ပေါင်း တစ်ထောင် ပြန်မွေးရင်လည်း
အဲဒီမှာပဲ ငါမွေးချင်တယ်။
“နီရူဒါ”

(၂)
တစ်ရက်က ကျွန်တော့် အီးမေးလ်ထဲကို လင့်ခ်(Link) လေးတစ်ခု ရောက်လာတယ်။ အဲဒါကို ကလစ်လုပ်လိုက်တော့ ကျွန်တော့် ညီမလေး တစ်ယောက်လို ချစ်ခင်ရင်းနှီးတဲ့ “မနော်ဟရီ”ရဲ့  အင်တာနက်စာမျက်နှာဆီ ရောက်သွားရော။ သူ့ စာမျက်နှာရဲ့  ညာဘက်အပေါ်ထောင့်မယ် အထက်မှာဖော်ပြထားတဲ့ “နီရူဒါ”ရဲ့  ကဗျာလေးကို တွေ့ ရပါတယ်။ သံလိုက်စက်ကွင်းနဲ့  ညှို့ ယူခံလိုက်ရတဲ့ သံမှုန်တစ်စလို ကျွန်တော့်မျက်လုံးတွေ အဲဒီကဗျာဆီ ကျသွားခဲ့တယ်။

ဒီကဗျာကို ကျွန်တော် ဖတ်မိတယ်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးလေးကြိမ်လား။
မဟုတ်လောက်ဘူး။
ဘယ်နှစ်ကြိမ်ဆိုတာလည်း သတိမထားမိ၊ ရေတွက်မထားမိဘူး။ ဖတ်ရင်း ရင်ထဲဆို့ လာတယ်။ ကဗျာဆရာကြီးတစ်ယောက်ရဲ့ ရင်ထဲက သူ့ တိုင်းပြည်ကို သူချစ်ခဲ့တဲ့ ချစ်ခြင်းတွေဟာ နိုင်ငံတကာကို ခြေဆန့် လို့  ခုချိန်ထိ ရှင်သန်သက်ဝင်နေဆဲ။

ကဗျာနဲ့  ကဗျာဆရာဟာ ချစ်ခြင်းအားဖြင့် ကြီးကျယ်မြင့်မြတ်နေဆဲ။

ကဗျာဖတ်မိချိန်လေးမှာ ကိုယ့်မြေကိုယ့်ရေ ကိုယ့်တိုင်းပြည်ရှိရာမှာ ရှိမနေတဲ့ ကျွန်တော့်ခန္ဓာကိုယ်ဟာ သူရောက်နေရာမှာ ကျောက်သားရုပ်တုတစ်ခုလို တုတ်တုတ်မလှုပ်။ စိတ်က အဝေးကြီးပြန်ရောက်သွားတယ်။ ကျွန်တော့်စိတ်တို့  (အိမ်လွမ်းစိတ်များကို တနင့်တပိုး မနိုင်မနင်းထမ်းပိုးရင်း) ခြေဒရွတ်ဆွဲလို့  သူ့အိမ်သူ ပြန်ချိန်ပေါ့။

ကျွန်တော် ပြန်ခဲ့တယ်။ ကျွန်တော့်စိတ်တွေ ပြန်ခဲ့တယ်။ ကျွန်တော့်အိပ်မက်တွေ ပြန်ခဲ့တယ်။ ကျွန်တော် ပြန်ခဲ့တာ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြေကိုယ့်ရေ၊ ကိုယ့်သစ်ပင် ကိုယ့်တောတောင်၊ ကိုယ်ဘာသာစကား ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အစားအစာ ကိုယ့်အနံ့ အသက်၊ ကိုယ့်ထီးကိုယ့်နန်း ရှိရာဆီ။

ပြန်မိတဲ့ခရီးမှာ စိတ်နဲ့ ကိုယ်ဟာ အဝေးကြီးကွာသွားလိုက်။ နီးစပ်ပူးကပ်လာလိုက်၊ ဧရာဝတီစီးသံတောင် နားထဲ ကြားယောင်လာသလို။ ဘာမှမရှိတဲ့ ဗလာနယ်ဖြစ်နေသလိုလို၊ စိတ်ချည်းသက်သက်ရှိတဲ့ ဘုံတစ်ခုကို ရောက်သွားသလိုလို။

ပြီးတော့ ကျွန်တော့် စိတ်ထဲမှာ အဆို/အငြင်း ၀ါကျတွေနဲ့ ပြည့်လျှံလာခဲ့ပြန်ပါရော။

`တိုင်းပြည်ဆိုတာ၊ ကျွန်တော့်အိမ်မှ မဟုတ်တာ´

ဘာများ ထူးပြီး ချစ်စရာလိုသလဲ။ စိတ်က တင်းတယ်။ ငြင်းတယ်။ အဲသည့် အငြင်းတွေ အကန်တွေ ရပ်နားမသွားခင်လေးမှာပဲ စိတ်က စိတ်ကို ပြန်ပြောတယ်။ ပြန်ငြင်းဆန်တယ်။ ပြန်အာခံတယ်။ ပြန်ကန်တယ်။

`အကန်´ဟာ အကန်နဲ့တွေ့ပြီး ထွေးလုံးရစ်ပတ်ဖြစ်သွားတယ်။
ဟုတ်တယ်။

`တိုင်းပြည်ဆိုတာ ကျွန်တော့်အိမ်ဖြစ်တယ်´

ကျွန်တော် အသက်ရှင်သန်နေသေးသရွေ့၊ ကျွန်တော် ချစ်နေရမယ့် နေရာဖြစ်တယ်။ ကျွန်တော့်တိုင်းပြည်ထဲမှာ ကျွန်တော့် မိသားစုအိမ်ရှိတယ်။ ကျွန်တာ့်တိုင်းပြည်ထဲမှာ ကျွန်တော်မိတ်ရင်းဆွေခြာတို့ ရဲ့  မိသားစုတွေနဲ့  သူတို့ ရဲ့  နေအိမ်တွေ ရှိတယ်။ ကျွန်တော် ချစ်တဲ့ ဆက်ဆံရေး၊ နွေးထွေးမှု၊ လူ့ ဝန်း ကျင်၊ အစားအစာ၊ လေရေနေ၊ ရနံ့ ၊ အသားကျမှု၊ ကျွန်တော်နဲ့  တစ်သွေးတစ်သားတည်း ထပ်တူကျတဲ့အရာရာဟာ ကျွန်တော့တိုင်းပြည်ထဲမှာပဲ ရှိတယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာပြည်ရဲ့ အပြင်ဘက်မှာ သေအံ့မူးမူးရောဂါဒဏ် အပြင်းအထန်ခံစားနေရသူ မိတ်ဆွေတစ်ဦးရဲ့  နောက်ဆုံး ထွက်သက်မတိုင်မီ နှုတ်ထွက်စကားက ကျွန်တော့် မသိစိတ်နားစည်ထဲမှာ ဗုံးတစ်လုံးလို အပြင်းအထန် ပေါက်ကွဲလာတယ်။

`ကျွန်တော်သေရင် ဧရာဝတီမြစ်ကမ်းဘေးနားလေးမှာ သေချင်တယ်ဗျာ´

နောက်ဆုံးမှာ သူ တိမ်းပါးသွားခဲ့တယ်။

ကျွန်တော်ယုံတယ်။ သူဟာ ဧရာဝတီမြစ်ကမ်းနဘေးက သူ့ ရွာလေးဆီ အရောက်ပြန်သွားတာ ဖြစ်တယ်။ သူသေသွားတာ မဟုတ်ဘူး။ လူသေသွားတယ် ဆိုရင်တောင်မှ သူ့ ဝိညာဉ်သူ့ အိမ်ပြန်သွားတာသာ ဖြစ်မယ်။ သူ့ အိမ်သူ ပြန်သွားတဲ့ခရီးမှာ အိမ်အလွမ်းတွေ တစ်ထမ်းတစ်ပွေ့ ကြီး ပါသွားမှာလည်း သေချာလွန်းလှတယ်။ အိမ်ကိုချစ်တဲ့စိတ်ကလည်း သူသယ်ယူသွားနိုင်တာထက် အဆပေါင်းများစွာ ပိုပါသွားလိမ့်မယ်။

ကျွန်တော် မသေချာတာတစ်ခုက ကျွန်တော့်မိတ်ဆွေဟာ အဲဒီရွာလေးမှာ ပြန်မွေးဖွားခဲ့သလား မမွေးဖွားလာတော့ဘူးလားဆိုတာပါပဲဗျာ။

`နီရူဒါ´ သူ့ တိုင်းပြည်ကိုချစ်ခဲ့သလို၊ ကျွန်တော့်မိတ်ဆွေလည်း သူ့ တိုင်းပြည်ကို ချစ်ခဲ့တာပဲ။ ဒီအချစ်နှစ်ခုဟာ အလေးချိန်တူလို့။ သိပ်သည်းဆတူလို့ ။ ပြင်းအား၊ ကွဲအားတူလို့ ။ လင်းအား မြန်အားတူလို့ ။

ချစ်ခြင်းအားဖြင့် ကြီးကျယ်မြင့်မြတ်ခဲ့မှုခြင်းလည်း ထပ်တူဖြစ်လို့။

(၃)
ကျွန်တော်ဟာ `နီရူဒါ´ရဲ့  အဲဒီကဗျာလေးကို မနော်ဟရီရဲ့  ၀က်ဆိုဒ်စာမျက်နှာပေါ်မှာ ဖတ်လိုက်ရတာ။ အဲဒီကဗျာလေးကပဲ သူ့ ရင်ကို ဟင်းလင်းဖွင့်ပြထားသလို ဖြစ်နေခဲ့တယ်။ သူဟာ သူ့ ရေမြေကို ဘယ်လောက် ချစ်နေလွမ်းနေတယ်ဆိုတာ ဒီကဗျာလေးတင်ပြီး ဖော်ပြထားတာလို့  ခံစားမိတယ်။

လောလောဆယ် သူကလည်း အမိမြေရဲ့ အဝေးမှာ။

ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ (သူ့ ကိုယ်ရေးကိုယ်တာဘ၀အတွက် ရွေးချယ်စရာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကို အကြောင်းပြုရတဲ့အခြေအနေ အကြောင်းကြောင်းကြောင့်ဖြစ်စေ) သူဟာ ကိုယ့်မြေကိုယ့်ယာ၊ ကိုယ့်အိမ်ခြေမဟုတ်တဲ့ နေရာတစ်ခုမှာ ရောက်နေတယ်။ အဲဒီ မိန်းကလေးက သူပိုင်တဲ့စာမျက်နှာမှာ အခုလို `ပါဘလိုနီရူဒါ´ရဲ့ ကဗျာလေးကို ထင်ထင်ရှားရှားကြီး တင်ပြကြေငြာထားတယ်။ ဒီကဗျာလေးဟာပဲ သူ့ ရင်ကို ထုတ်ချင်းခတ်မြင်နိုင်စေမယ့် တံခါးတစ်ပေါက် ဖြစ်စေခဲ့တယ်လို့  ကျွန်တော် ထင်မိတယ်။ အဲဒီကဗျာရဲ့ ဘေးနားမှာတော့ သူကိုယ်တိုင်ရေးသီ ထားတဲ့ ကဗျာတစ်ပုဒ်ကို သူ့ ပရိသတ်တွေဖတ်နိုင်အောင် တင်ပြထားလေရဲ့။

ကဗျာအမည်က `စောင့်ကြည့်ငှက်´။

အခြားကဗျာဖတ်သူတွေကတော့ သူ့ ကဗျာကို ဘယ်လိုစိတ်အခံနဲ့  ဖတ်ကြမယ် မသိဘူး။ ကျွန်တော်ကတော့ ယှဉ်လျက် ကဗျာနှစ်ပုဒ်ဟာ အနက်တစ်ခုတည်း ထွက်နေသလို ခံစားလိုက်ရတယ်။ ကိုယ့်ဇာတိမြေကို ကိုယ်ချစ်ကြခြင်းနဲ့  သူတို့  ရင်ထဲက (ချစ်ခင်မြတ်နိုးလွန်းခြင်းကြောင့်ဖြစ်တဲ့) လွမ်းခြင်းတွေကို ဖော်ပြတဲ့အနက်ပေါ့။

ခုနေမှာတော့ ကျွန်တော်လည်း ကိုယ့်ဇာတိမြေရဲ့ အဝေးမှာ။ သူလည်း ကိုယ့်ထက်တောင်မှ ပိုဝေးကွာရာအရပ်မှာ။

သူနဲ့  ကျွန်တော့်လိုပဲ ကိုယ့်ရေကိုယ့်မြေရဲ့ ဝေးဝေးကွာကွာကြီးမှာ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ နှစ်ယောက်စလုံးရဲ့သူငယ်ချင်းတွေလည်း (မနည်းမနောမှ တကယ့်ကို မနည်းမနော) မြို့ ရွာအနှံ့ မှာ ရှိနေကြတယ်။ အဲသလို ကမ္ဘာ့နေရာအနှံ့  ပြန့် ကျဲနေသူအချင်းချင်း နေ့ တိုင်းနီးပါး လျှပ်စစ်စာ၊ လျှပ်စစ်စကားနဲ့  ပြောဆိုဆွေးနွေးဖြစ်နေကြတော့ အိမ်ဝေးသူတွေရဲ့  ပြင်းထန်လှတဲ့ အဖျားဒီဂရီကို ကျွန်တော်တို့ ချင်းပဲ ပိုပြီးသိနားလည်နေကြမယ်လို့ ယုံကြည်တယ်။ စစ်သားတစ်ယောက်ဟာ စစ်ရဲ့ အနိဌာရုံကို ပိုသိမြင်ခံစားရသလိုမျိုး၊ သန့် ရှင်းရေးသမားတစ်ယောက်ဟာ ဆိုးဝါးတဲ့ အနံ့ အသက်ကို ပိုထိတွေ့ရသလိုမျိုး ဖြစ်မယ်ထင်ရဲ့။

လူတစ်ချို့က ရေမီး ၂၄နာရီ ဒေါင်ဒေါင်မြည်ရ။ သန့် ရှင်းသပ်ရပ်တဲ့ ၀န်းကျင်ရှိ၊ ခေတ်မီပစ္စည်းပြည့်စုံ။ လက်လက်တောက်တောက် ၀တ်စားဆင်ရင်း လူသူရှေ့မှာ ကော့ကော့ကျော့ကျော့လေး နေထိုင်ပြခွင့်ရ၊ ကိုယ့်ကိုကိုယ်အုပ်ထိန်းရင်း လွတ်လပ်မှု တော်တော်များများရတဲ့ တိုင်းတစ်ပါးရောက် စာသင်သား၊ အလုပ်လုပ်ကိုင်သူ၊ အခြေချနေထိုင်သူတွေဟာ သိပ်ပျော်နေကြမှာပဲလို့  ထင် တတ်ကြတယ်။ တစ်ချို့ အဲဒီဘ၀မှာ ကျေနပ်နေကောင်းနေကြမယ်။ အများစုကတော့ ဒါကို ဘ၀အတုလို့ ထင်ကြတယ်။ (ဘယ်တိုင်းပြည်ရောက်ရောက်၊ ကျွန်တော်တို့တစ်တွေဟာ ကိုယ်ရောက်ရှိနေရာ တိုင်းပြည်ရဲ့ ဒုတိယနိုင်ငံသားတွေသာဖြစ်ကြောင်း စိတ်က အလိုလိုသိရှိခံယူထားတတ်ကြတယ်။ အဲသလို သိနေအောင်လည်း ပတ်ဝန်းကျင်ရဲ့ဖိအားနဲ့ သူ့ နိုင်ငံရဲ့ စည်းမျဉ်းတွေက လှုံ့ဆော်သတိပေးနေကြတယ်။)

သူတို့ ရဲ့ တကယ့်ဘ၀အစစ်က ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်မိဘဆွေမျိုးနဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းကြားမှာပဲ ရှိတယ်ဆိုတာ အမိမြေရဲ့ အဝေးရောက်ကြေသူတို့ ကိုယ်တိုင် အသေအချာသိကြတယ်။ မပြန်နိုင်ခင်မှာ လွမ်းကြတယ်။ တမ်းတကြတယ်။ ဒီလိုအသံတွေကို နားမဆန့်အောင် နေရာအနှံ့ကနေ ကျွန်တော် ကြားနေရတယ်။ နေ့တိုင်းလိုပါပဲ။

`မနော်ဟရီ´ရဲ့ `စောင့်ကြည့်ငှက်´ဟာလည်း (ပုဂ္ဂလိကခံစားမှုဆန်ကောင်းဆန်နေပေမယ့်) ဒီအလွမ်းကို ကီးမြင့်မြင့်နဲ့ ဖော်ပြလိုက်တာပါ။

(၄)
ကျွန်တာ် သူ့ ကဗျာကို ဖတ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာချည်းသက်သက်ကိုပဲ ဖတ်ရတာမျိုးမဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ သူက မောင်ရင်းနှမလို သံယောဇဉ်ရှိတဲ့ မိတ်ဆွေတွေဖြစ်ကြပြီး သူ့ဘ၀နောက်ခံ၊ သူ ရောက်ရှိနေရာ၊ လက်ရှိခံစားနေရနိုင်တဲ့ သူ့စိတ်ခံစားမှုတွေကို တို့ထိသိရှိထားသူမို့ သူ့ကဗျာကို ကျွန်တော်မြင်ပုံက သူ့စိတ်ကိုကျွန်တော် မြင်ရပုံမျိုးဖြစ်နေနိုင်ပါတယ်။ စာအပြင်၊ လူကိုပါ လှမ်းမြင်နေရတဲ့ အနေအထားပါ။

တကယ်တော့ သူဖွင့်ထားတဲ့ ပြတင်းတံခါးကနေ သူ့ရဲ့စိတ်ခံစားမှုခြံကျယ်ကြီးထဲ ခုန်ဆင်းဝင်ရောက်လည်ပတ်လိုက်ရပုံမျိုးပါပဲ။ အဝေးရောက် `မနော်´ဟာ သူ့ကဗျာကို ခုလို စဖွင့်ပါတယ်။

မနေ့က ...
ကမ္ဘာမြေကို ခေါက်တုံ့ခေါက်ပြန် အော်ခေါ်ကြည့်တဲ့အခါ
အပြာရောင်သစ်ရွက်တစ်ရွက် ထိုးစိုက်ဆင်းချလာတယ်
ငါ့အိပ်မက် ၀ါတာတာတွေနဲ့ရောနှော
တစ်တောလုံး တစ်တောင်လုံး အားပါးတရ စိမ်းထ သွားလိုက်ကြပုံ
ငါ ... ရင်ခုန်လို့ မရဘူး ...

ကဗျာကို ဖတ်မိသူတွေကို ဒီတစ်ပိုဒ်က ဘယ်လိုခံစားမှုရစေတယ်ဆိုတာ ကျွန်တော် မသိနိုင်ပါ။

ကျွန်တော့်စိတ်မြင်ကွင်းမှာတော့ ကဗျာဆရာမဟာ အခန်းတစ်ခုထဲမှာ တစ်ကိုယ်တည်းရှိနေတယ် (ကဗျာရေးနေချိန်ဖြစ်တာကိုး)။ အဲသလို ကဗျာရေးနေချိန်လေးမှာပဲ၊ နံရံတွေနဲ့ ပိတ်လှောင်ထားတဲ့ အခန်းထဲကနေ သူဟာ ကမ္ဘာကြီးဆီ စိတ်နဲ့ထွက်ပြေးခဲ့တယ်။ နေရာအနှံ့၊ အကြိမ်ကြိမ်။ ပြီးတော့ သူ့စိတ်ကို ဖောက်ထုတ်တယ်။ တကယ်တော့ သူ့ရင်ထဲမွန်းကြပ်ပြစ်ခဲနေတဲ့ အလွမ်းတွေကို ပေါက်လွှတ်ပစ်ခွဲလိုက်တာပါပဲ။

သူအော်ခေါ်မယ်။ အော်ခေါ်တယ်။ ခေါ်သံတွေဟာ အကြိမ်ကြိမ်အထပ်ထပ်။ နေရာအနှံ့။

ဘာတွေကိုလဲ၊ ဘယ်သူတွေကိုလဲ။ သူ့သံယောဇဉ်တွေကို ဖြစ်မှာပေါ့။ သူ့သံယောဇဉ်တွေဆိုတာ အဝေးမှာကျန်ရစ်ခဲ့ပြီဖြစ်တဲ့ သူ့နေအိမ်ခြံဝင်းထဲက မြေတစ်မှုန်လည်း ဖြစ်နိုင်၊ သစ်ပင်တစ်ပင်လည်းဖြစ်နိုင်တယ်။ သူသောက်နေကျ ကော်ဖီခွက်ကလေးလည်း ဖြစ်နိုင်တယ်။ အခုအချိန်မှာ သခင်မဲ့နေမယ့် သူစာရေးတိုင်း ထိုင်ထိုင်နေကျ ကုလားထိုင်လေးလည်း ဖြစ်နိုင်တယ်။ စာအုပ်စင် ထောင့်တစ်ထောင့်မှာ ခိုနားနေမယ့် သူဖတ်ချင်တဲ့ စာအုပ်ကလေးလည်း ဖြစ်နိုင်တယ်။ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်နိုင်သလို၊ ပြန်မဆုံနိုင်တော့မယ့် ညနေခင်းတွေလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ဒီ့ထက်မကသော အရာရာလည်း ကဗျာဆရာမ စိတ်ထဲမှာ ဖြစ်ပေါ်နိုင်သေးတာပါပဲ။

အော်ခေါ်သံတွေအတွက် သူ ဘာတွေ ပြန်လက်ခံရလိုက်ပါသလဲ။

ထိုးစိုက်ဆင်းချလာတဲ့ အပြာရောင်သစ်ရွက်တစ်ရွက်တည်းပဲ သူ ရလိုက်ပါသတဲ့။ “အပြာ”ရောင်ဆိုတာ အလွမ်းရဲ့သင်္ကေတမို့၊ လွမ်းလို့ အော်ခေါ်သူ့ရင်ဝကို အလွမ်းထက်ထက်တွေက လှံသွားတစ်ချောင်းလို ထုတ်ချင်းခတ် ထိုးဖောက်စိုက်ဝင်သွားတာ မြင်လိုက်ရပါတော့တယ်။

နောက်တစ်ကြောင်းမှာ “ငါ့အိပ်မက်ဝါတာတာ”လို့ သုံးနှုန်းထားပါတယ်။ အိပ်မက်ဟာ “မျှော်လင့်ချက်”ဖြစ်သလို အ၀ါရောင်ဆိုတာ၊ ညှိုးလျော်ခြင်း၊ တတိတိပျက်စီးခြင်း၊ ကြွေလုကြွေခင် ဆုံးရှုံးလုနီးနီး အခြေအနေကို ရည်ညွှန်းတယ်ဆိုတယ်လို့ ထင်ပါတယ်။ “မျှော်လင့်ထားသမျှ ဆုံးရှုံးခဲ့”လို့များပြောချင်တာများလား။

အပြာရောင်အလွမ်းတွေဟာ ပျက်သုဉ်းကြွေလုဆဲ မျှော်လင့်ချက်တွေနဲ့ ရောနှောပေါင်းစပ်သွားတဲ့အခါ “တစ်တောလုံးတစ်တောင်လုံး စိမ်းထသွား” ပါတော့သတဲ့။ ဒီအဖြစ်အပေါ်မှာ ကဗျာဆရာမက သူ ရင်မခုန်တော့ပါဘူးလို့ ကြွေးကြော်ခဲ့တယ်။

“ငါ ... ရင်ခုန်လို့မရဘူး ...”တဲ့။ သူပြောခဲ့တယ်။ သည်းထန်လွန်းတဲ့ စိတ်ဖိစီးမှုဒဏ်တွေကြောင့် တစ်ခဏာ ထုံထိုင်းအသွားတဲ့ အခြေအမျိုးကို မြင်ရပါတယ်။ ပြင်းထန်တဲ့ အလွမ်းစိတ်တွေက သူ့ရင်ခုန်သံကို သတ်ဖြတ်သွားခဲ့သလိုပါပဲ။

စိတ်ခံစားမှု ပြင်းပြင်းထန်ထန်နဲ့ ရေးဖွဲ့လေ့ရှိတဲ့ အမေရိကန် ကဗျာဆရာမ “ဆစ်လ်ဗီယာ ပလာ့သ်” (Sylvia Plath) ရဲ့ ကဗျာတစ်ပိုဒ်ကို ကျွန်တော် သတိရလိုက်တယ်။

ကဗျာဆရာမ က ခုလို ရေးခဲ့ဖူးတယ်။

“ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာ တစ်ခုခု။
................................
...............................
သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်ျးခင်းဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်” တဲ့။

(၅)

“စောင့်ကြည့်ငှက်”ရဲ့ ကဗျာနောက်အပိုဒ်တွေကို ခုလိုဖော်ပြထားခဲ့တယ်။

ငါ့ကို တရားဦးလာဟောလှည့်စမ်းပါ
အဲဒီနေရာဟာ နေသာပါတယ်ဆိုတဲ့ စကားလုံး မပါစေနဲ့
ပြတင်းဝက လှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင် ကိုယ်မမြင်ရတဲ့ည
အဲဒီညကို ငါ စိတ်မချဘူး

ကြယ်တွေကို ဟစ်အော်ပေါက်ကွဲပြရတာလည်း မောတယ်
နာမည်တွေ တသီးတသန့်နဲ့ ခမ်းနားပြနေတဲ့ မြို့ရွာတွေကိုလည်း မုန်းတယ်
ငါ့သီလနဲ့ငါ လုံခြုံနေတဲ့ အမေ့အိမ်လေးလောက်တော့
ဘယ်ဟာမှ ဖြန့်ကျက် အုပ်မိုးပေးထားနိုင်မှာ မဟုတ်ဘူ

ဒီနေရာမှာ ထူးထူးခြားခြား အနက်ဝှက်တွေ မပါပေမယ့် “အဲဒီနေရာဟာ” ဆိုတဲ့ အညွှန်းပြစကားလုံးထဲက “နေရာ”ကို ကျွန်တော် လိုက်ရှာနေမိတယ်။ သူလက်ရှိ ရပ်တည်နေထိုင်ရရာ အရပ်ကလွဲလို့ အခြားမဖြစ်နိုင်ဘူးလို့ ယူပါတယ်။ သူဘယ်လိုမှ စိတ်လက်ချချ နေထိုင်လိုက်ဖို့ မဖြစ်နိုင်တဲ့ “ပြတင်းဝက လှမ်းကြည့်လို့မှ ကိုယ့်ကောင်းကင် ကိုယ်မမြင်ရတဲ့ည”လို့ သူကိုယ်တိုင် တိတိကျကျ သတ်မှတ် တံဆိပ်ကပ်ထားနိုင်တဲ့အရပ်မှာ “နေသာပါတယ်”ဆိုတဲ့ စကားလုံးနဲ့ ချော့မြူညှို့ယူနေသူတွေကိုပါ သူ ယုံကြည်ဟန် မတူတော့ ပါဘူး။

သူ အခုရောက်ရှိနေရာ အရပ်ဒေသဟာ ဘယ်လောက်ပဲ ခမ်းနား၊ ခမ်းနား (နတ်ဘုံနတ်နန်းတမျှ ဟန်ဆောင်ခမ်းနားပြတာဖြစ်စေ၊ အမှန်တကယ် ကြီးကျယ်ခမ်းနားတာဖြစ်စေ)၊ သူ့သီလတရားကို သူ ယုံစွာ ကြည်စောင့်ထိန်းရင်း သူ့ကိုယ်သူ ခိုင်ခိုင်မာမာ တည်ဆောက်ပြနိုင်ခဲ့တဲ့ အမေ့အိမ်လေးထက်တော့ ဘယ်ဟာကိုမှ တန်ဖိုးမထားနိုင်တော့ဘူးဆိုတာ ပြတ်ပြတ်သားသား ကြေငြာထားတာပါပဲ။

ဒီနေရာမှာ ကဗျာဆရာမဟာ အလွမ်းတွေနဲ့ သေဆုံးနေသူမဟုတ်တော့ ပါဘူး။ ရှင်သန်နေတဲ့စိတ်နဲ့ ဘယ်ဟာမှားပြီး ဘယ်ဟာ မှန်တယ်၊ သူ့ကိုယ်သူ ဘယ်မှာ နေရာချရမယ်ဆိုတာ သိထားတဲ့ နိုးကြားနေသူ၊ ပြတ်သားနေသူဖြစ်နေပါပြီ။ အိပ်မက်ဆိုးက နိုးလာပြီး နေရောင်အောက်မှာ ကြည်ကြည်လင်လင်ဖြစ်နေသူတစ်ယောက်လို့ ခံစားရပါတယ်။

အမေ့အိမ်ကို တမ်းတမ်းတတ တန်ဖိုးထားသူတစ်ယောက်တွေ့တော့ ကျွန်တော့်နားထဲမှာ ထူးအိမ်သင်ရဲ့ “အမေ့အိမ်”သီချင်းသံကို ပီပီကျယ်ကျယ် ကြားယောင်လာမိပါတယ်။

တစ်ပြိုင်နက်မှာပဲ “နေမျိုး”ရဲ့ ကဗျာတစ်ပိုဒ်ကို ကျွန်တော်ရွတ်ဆို လိုက်မိတယ်။ ကဗျာအမည်က “အရုဏ်မျှော်ပန်းကလေး”။

ခင်ဗျားတို့ရော ကျွန်တော်ပါ “စောင့်ကြည့်ငှက်”ပိုင်ရှင် ကဗျာဆရာမကိုယ်တိုင် ဒီကဗျာလေးကို (တိုးတိတ်တိတ်ကလေးဖြစ်စေ) ရွတ်မနေလောက်ပါဘူးလို့ ဘယ်လို ခိုင်မာမှုမျိုးနဲ့ အာမခံနိုင်မှာလဲ။

သူ့အိမ်ကိုသူလွမ်းတဲ့အခါ၊
သူ့မြေကို သူလွမ်းတဲ့အခါ၊
သူဟာ အလင်းလာမယ့် အရုဏ်ကိုမျှော်ရင်း အမြစ်ထဲကနေ ပွင့်ချိန်စောင့်နေရတဲ့ ပန်းကလေးဖြစ်တယ်လို့ သူကိုယ်တိုင် ခံစားမိတဲ့ အခါမျိုးမှာ။

ငါ ပြန်လာမှ ပွင့်ပါ
အဲဒီလို ပန်းကလေးကိုမှာပြီး
သူ ခရီးထွက်သွားခဲ့
အဝေးကြီးကို

နှင်းတွေ ယိုစီး
တစ်ညပြီးတစ်ည
တောအုပ်ထဲမှာ
ဝံပုလွေအိုကြီးတွေ အူကြ
မြစ်မရေတွ တလက်လက်စီးဆင်းသွား
ညများဟာလည်း မှောင်မြဲ
ကြယ်များ ရွေ့လျားဆဲပေါ့

သတင်းစကားတွေ
လမ်းခုလတ်မှာ ပြန်ကွေ့သွားကြ
အမြစ်ထဲမှာ
စောင့်ဆိုင်းနေရှာတဲ့ ပန်းကလေးတစ်ပွင့်
ဘယ်သော့နဲ့ ဖွင့်မလဲ . . . မေမေ။

(၆)
ကျွန်တော်တို့ နောက် ကဗျာပိုဒ်တွေကို ဆက်ဖတ်ကြည့်ကြရအောင်ပါ။

ငါ့ကို ထူးလိုက်စမ်းပါ ကမ္ဘာမြေရေ
ငါ့အသံကို မြင်ကြည့်လိုက်စမ်းပါ
ငါ့ကောင်းကင်ရဲ့အရောင်တွေကို နားစွင့်လိုက်စမ်းပါ
ငါ့ရှေ့က အမှောင်ကို ကောင်းချီးပေးလိုက်စမ်းပါ
ငါ့အတောင်တွေကို ရွှေချလိုက်စမ်းပါ

ဒီမှာ . . .
ငါဟာ ကမ္ဘာမြေကိုစောင့်ကြည့်နေတတ်တဲ့ ငှက်တစ်ကောင်ပါ
ပျံသန်းခွင့်ဆိုတာက ကိုယ့်စိတ်သမုဒ္ဒရာထဲမှာ ကိုယ်တစ်ကိုယ်ရေ ဖြန့်ခင်းလို့ရသလို
ကိုယ့်ကိုယ်ပိုင်ရေတွင်းလေးထဲမှာလည်း တစ်ကိုယ်ရေ ကျဉ်းမြောင်းခွင့် ရနိုင်သေးတာပဲ
ကိုယ့် . . . စံ . . . သတ်မှတ်ချက်တွေနဲ့ အရာရာဟာ ဖီဆန်လွဲသွေ
ငါ ဘာလို့သေဆုံးမသွားသေးတာလဲ . . .

ကဗျာဆရာမဟာ အိပ်ရာက လန့်နိုးထာလာပြီးတာနဲ့ အားမာမန်ပြည့်လာသလိုပါပဲ။

သူဟာ ချစ်စိတ်/လွမ်းစိတ် ဂယောင်ခြောက်ခြားနဲ့တမ်းတခြင်းတွေ ကျဲဖြန့်၊ သူကိုယ်တိုင်အမှန်အမှားမသေချာတဲ့ စိတ်ပျံ့လွင့်မှုတွေ သွန်ဖောက်ချ၊ ဆောက်တည်ရာမရ ကမ္ဘာ့နေရာအနှံ့ဆီ လူးလားခေါက်တုံ့ ပြေးလွှားရင်း အော်ဟစ်နေသူ မဟုတ်တော့ပါဘူး။

သူ့ဘ၀ထဲဝင်ရောက်လာတဲ့ စိန်ခေါ်မှုမှန်သမျှကို ၀ံ့စားစွာ ရင်ဆိုင်ပြစ်လိုက်ဖို့ ဓားအိမ်ထဲက ဓားကိုဆွဲထုတ်ပြရင်း တိုက်ပွဲဝင်မယ့် ကျားသစ်ပျိုမ ဖြစ်လာခဲ့ပါပြီ။ ဓားသွားဆီက ထွက်လာတဲ့ အလင်းပြန်မှုဟာ စကားလုံးနေရောင်အောက်မှာ လက်ကနဲဖြစ်လို့။ သူ့တိုက်ပွဲခေါ်သံမှာ အံတင်းတင်း ကြိတ်ရင်း အားတင်းထားရတဲ့အသံတွေ၊ သူ့အတ္တကိုသူ အကျစ်လျစ်ဆုံးဖြစ်အောင် စုစည်းရင်း မာန်တင်းထားရမှုတွေ ပါနေတယ်လို့ ထင်ပါတယ်။ “ငါ့ရှေ့က အမှောင်ကို ကောင်းချီးပေးလိုက်စမ်းပါ။ ငါ့အတောင်တွေကို ရွှေချပစ်လိုက်စမ်းပါ” တဲ့။ သူ့စိတ်ဓာတ်ကိုသူ ကောင်းကင်ပေါ် ရောက်နိုင်သမျှ အမြင့်ဆုံးရောက်အောင် လွှင့်တင်ထားတဲ့အခိုက်အတန့် ခဏငယ်လေးပါပဲ။

နောက်စာပိုဒ်မှာတော့ အရွယ်ရောက်ပြီး လွတ်လပ်နေတဲ့လူဆိုတာ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း အရာရာဆုံးဖြတ်ခွင့်ရှိတယ်ဆိုပေမယ့်၊ သူ့စံသူ့သတ်မှတ်ချက်တွေနဲ့ လွဲချော်တိမ်းပါးနေတဲ့အရပ်မှာ သူဘာလို့ သေဆုံးမသွားသေးတာလဲလို့ မေးခွန်းထုတ်လိုက်ရင်း မြင့်နေတဲ့ (ကိုယ့်ဘာသာကိုယ် အတင်းမြှင့်တင်ယူထားတဲ့) စိတ်အခြေအနေကို လီဗာလျှော့လိုက်တာ တွေ့ရပါတော့တယ်။

ဒါပါပဲ။ စိတ်နဲ့ ဖန်တီးတဲ့ အနုပညာမှာစိတ်ရဲ့မတည်ငြိမ်မှု၊ အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်တဲ့နှုန်းနဲ့ ရွှေ့လျားနေမှုကို ကဗျာဆရာမက အကောင်းဆုံးပြဆိုလိုက်တဲ့ ပြကွက်ဟာ အဲဒါပါပဲ။

(၇)
ခုတော့
ကဗျာဆရာရေ....“ဟေ့လူ”လို့ ခေါ်မယ့်သူလည်း မရှိ
တောချောက်တောင်ချောက်မှာလည်း မပူရ
ပန်းချီဆရာရေ....တစ်ကြောင်းဆွဲပုံတူတွေလည်းမရှိ
မှန်မကြည့်ချင်မှာလည်း မပူရ
ဇာတ်ညွှန်းရေးဆရာရေ....ဇာတ်ညွှန်းအစစ်ဆိုတာလည်းမရှိတော့
တင်ဆက် ကပြနေဖို့လည်းမပူရ
အဲဒီနေရာက အလွမ်းတွေနဲ့ ပြာကျနေတဲ့အရပ်ဖြစ်တယ်

ဒီကဗျာပိုဒ်မှာတော့ဖြင့် သူဟာ ပုဂ္ဂလိက ခံစားမှုတွေအဖြစ် သူနဲ့အလွန် ရင်းနှီးတဲ့ (ကျွန်တော်နဲ့လည်း ရင်းနှီးချစ်ခင်တဲ့) ကဗျာဆရာ၊ ပန်းချီဆရာ၊ ဇာတ်ညွှန်းရေးဆရာတို့ရဲ့ အမည်တွေကို ထုတ်ဖော် တိုင်တည်ထားပါတယ်။ အများဖတ်လို့ကောင်းအောင် ကျွန်တော်က ပုဂ္ဂလိကအမည်တွေအစား သူတို့ရဲ့ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကြောင်း အမည်နာမ/ဂုဏ်ပုဒ်တွေနဲ့ အစားထိုးဖော်ပြလိုက်တာပါ။ (ဒီ့အတွက်တော့ “မနော်ဟရီ”က သူ့ကဗျာကို ပုံဖျက်ဖြတ်ညှပ်ကပ်လုပ်လိုက်တာပဲဆိုပြီး စိတ်မဆိုးလောက်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။)

သူက(ကဗျာဆရာမ)က“ဟေ့လူ”လို့ ခေါ်တဲ့ကဗျာတစ်ပုဒ်ကိုရေးဖူးတဲ့ ကဗျာဆရာ(ယောက်ျား)တစ်ယောက်ကို သူ သတိတရရှိနေတယ်။ ဒါဟာ ဒီကဗျာဆရာနာမည်နဲ့ တိုင်တည်မြည်တမ်းထားပေမယ့် ဒီကဗျာ ရေးသူ ကျင်လည်ခဲ့ရာ၊ သူနေထိုင်ချင်ခဲ့ရာ ကဗျာအသိုင်းအ၀ိုင်းလေးတစ်ခုကို ညွှန်းဆိုတာလို့ ယူဆပါတယ်။ သူ့ဆီ “မျဉ်းပန်းချီလေး”ပုံတူလေးဆွဲပေးခဲ့ဖူးတဲ့ အင်္ဂလန်ရောက် ပန်းချီဆရာတစ်ယောက်ကို ထပ်မံတိုင်တည်ပါတယ်။ ဒါလည်း အထက်က ဆိုခဲ့သလို သူနေပျော်နှစ်သက်ခဲ့တဲ့ အနုပညာရပ်ဝန်းတစ်ခုဆီ ညွှန်းဆို တမ်းတလိုက်တာပါပဲ။ နောက်ဆုံးမှာ သူနဲ့မောင်နှမရင်းတွေလို တစ်ဘ၀တည်း စီးဆင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ၊ ကဗျာဆရာတစ်ယောက်ကို သတိတရအော်ခေါ် လိုက်ပါတယ်။ လူ့ဘ၀ထဲမှာ သူကပြနေရတာတွေဟာ အစစ်မှန်တွေ မဟုတ်ဘူး။ အတုအယောင်တွေလို့ ထင်လာတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ ဘာပြီးရင်ဘာဖြစ်ရမယ်လို့ တိတိကျကျကြိုကြိုတင်တင် ရေးသားစီမံထားတဲ့ ဇာတ်ညွှန်းရယ်လို့မှ မရှိတာ။ ဒီတော့ သူက ဘာကို (လေ့ကျင့်သင်ကြားထားချက်အရ/ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားချက်အရ) ကပြနေရတော့မှာလဲလို့ စိတ်ကိုဖြေလျော့လိုက်တဲ့ စာပိုဒ်ပါပဲ။ “အဲဒီနေရာက အလွမ်းတွေနဲ့ ပြာကျနေတဲ့အရပ်ဖြစ်တယ်”ဆိုတဲ့ အဖွဲ့ကိုက ကျဆင်းသွားလိုက်တဲ့ သူ့ စိတ်ဓာတ်ဟာ မြေပြင်ဆီတင်ရပ်မနေတော့ပဲ မြေကြီးထဲထိ ထိုးဖောက်နစ်ဝင်သွားလေသလား ထင်မှားစရာပါ။ (မပူရ/မပူရ/မပူရ) ဆိုတဲ့ စကားလုံးကို သုံးကြိမ်ထပ်ဆင့်သုံးသွားတဲ့ ကဗျာရေးသူရဲ့ ရင်ထဲမှာ အပူတွေဟာ အလွမ်းတွေနဲ့ ပြာကျသွားတဲ့အထိတောင် ကြီးမား လောင်မြိုက်နေခဲ့ပါတယ်။ ဒီစိတ်အခြေအနေကို ကဗျာရေးဖွဲ့ နေစဉ်အချိန်လေးအတွင်း သူ (ကဗျာဆရာမ)ကိုယ်တိုင် သတိမှ ထားမိပါ့မလားလို့ ကျွန်တော် သံသယရှိခဲ့ပါတယ်။

“ဆစ်လ်ဗီယာ ပလာ့သ်”ကတော့ “အပြုံးပန်းတစ်ပွင့် မြက်ခင်းထဲ ကျသွားတယ်။ ပြန်ကောက်ယူလို့ မရတော့ဘူး”လို့ ရေးဖွဲ့ခဲ့ဖူးပါရဲ့။

(၈)
ဆက်ဖတ်ကြည့်ရအောင်ဗျာ။

ငါ့ကို ခေါ်ပါ
ငါ့နာမည်မပါတဲ့ တေးတစ်ပုဒ်ကို ထမ်းလာခဲ့ပါ
ငါ့အိပ်မက်တွေနဲ့ ဝေးရာတောင်တန်းတွေဆီမှာအထီးကျန်
ငါ ... မာန် ... ဆိုတာတွေကို ခဏ ခ၀ါချလို့
တိတ်တိတ်ကလေး တွေးနေချင်တယ်
ငါ့နာမည်မပါတဲ့ တေးတစ်ပုဒ်နဲ့ပေါ့ ...
ငါကိုယ်တိုင် ထိုးစိုက်ပျံဆင်းလာမယ့် နေ့ရက်ကို စောင့်ကြို
ကမ္ဘာမြေရေ နင် ငိုမနေနဲ့တော့နော် .....။

ကဗျာရေးဖွဲ့သူရဲ့ အတွေးတွေဟာ ယက္ကန်းစင်ပေါ်က “လွန်း”လို မရပ်မနား ပြေးလွှားလို့။ နောက်ဆုံးတော့ ဘ၀မောတွေနဲ့ ဖွတ်ဖွတ်ကြေနေတဲ့သူဟာ သူ့အခန်းလေးထဲမှာ သူ ကိုယ်တိုင် ပုံ့ပုံ့လေးခွေကျနေပုံပါပဲ။ ကျွန်တော်ကတော့ ၀တ်ဆင်သူ စွန့်လွှတ်ခဲ့တဲ့ အ၀တ်ဟောင်းလေးတစ်ပုံလို အခန်းထောင့်တစ်နေရာမှာ စုံ့စုံ့ကလေး ပုံနေတဲ့ ကဗျာဆရာမကိုသာ မြင်ယောင်မိနေပါတော့တယ်။

သူ ဟာ ဘာကို စောင့်ကြည့်နေတဲ့ ငှက်တစ်ကောင်ပါလဲ။
သူ့ ကံကြမ္မာကိုလား။ သူ့ဆုံးဖြတ်ချက်ကိုလား။
ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အပြောင်းအလဲတစ်ရပ်ရပ်ကိုလား။
သူ့ လူမှုဆက်ဆံရေးဝန်းကျင်က သူ့ကို ပြဌာန်းသတ်မှတ်လိုက်မယ့် ကိုဓ ဥပဒေပုဒ်မတစ်ခုခုကိုလား။
ကျွန်တော်တို့လည်း သူ့ကို ရင်မောစိတ်စောစွာ စောင့်ကြည့်နေရပါတော့မယ်။
ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျရာ ကောင်းကင်သစ်ဆီ “စောင့်ကြည့်ငှက်” လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ။

ငြိမ်းအေးအိမ်
၂၀၀၉၊ မတ်လ (၂၈)ရက်၊ (၁၂း၃၀)နာရီ၊ ရန်ကုန်။


တွေ့ဖူးချင်တဲ့..၁၀..ယောက်

Monday, April 27, 2009

တွေ့ဖူးချင်တဲ့သူ (၁၀)ယောက်

တွေ့ဖူးချင်တဲ့သူ..(၁၀)ယောက်တဲ့..ဝါဝါခိုင်မင်း..ဆိုတဲ့ကောင်မလေးကတက်ခ်ပါတယ်။သူ့ကိုကျွန်မသိတာကြာပါပြီ။
ဟိုးလွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကတည်းကပါ။အဲဒီတုန်းကသူက..နာမည်ကြီးရေဒီယိုမင်းသမီး။
မြန်မာပြည်တလွှားမှာမသိသူမရှိသော..Radio..Star……လေးများပေါ့။ပေါင်းတည်က..ဝါဝါခိုင်မင်း
ဆိုရင်တော်တော်များများသိကြပါတယ်။(ဝါရေ..အရောက်တော့ပို့ထားတယ်နော်..:P)

အဲဒီတုန်းက..ကျွန်မကိုလည်းတော်တော်များများကစာရေးဆရာမမှန်းမသိသေးပါဘူး။ရေးကာစ
ပေါက်စနလေးကိုး။ခုတော့မထင်မှတ်ပဲဒီလူနှစ်ယောက်က..ဒီဘလောခ့်လောကမှာမှလာပြန်ဆုံ
ကြတယ်။သူ့နာမည်ကိုမြင်ကာစကတော့..၁၀..နှစ်ကျော်မကပြတ်တောက်နေပြီ..ဖြစ်တဲ့ဒီနာမည်
ကိုကျွန်မတော်တော်ပြန်စဉ်းစားယူရပါတယ်။သူ့ဘလောခ့်လေးသွားချောင်းလိုက်၊ကမာကူဝရှေ့
ရိုက်ထားတဲ့ပုံသေးသေးလေးကိုသေချာကြည့်လိုက်၊ဒီနာမည်သိပါနေ ပါတယ်ဘယ်မှာလဲမသိဘူးလို့ခေါင်းရမ်းစဉ်းစားပြန်လာလိုက်နဲ့။တော်တော်ကြာပါတယ်။

တစ်နေ့ကျတော့မှသူကပြည်တက္ကသိုလ်အကြောင်းရေးတယ်။အဲဒီမှာသူကပေါင်းတည်ကဝါဝါခိုင်
မင်းပဲဆိုတာပြန်သတိရသွားတော့တယ်။ဖြစ်ပုံက..ကိုယ်ကလည်းစိတ်ကြောင့်လူတွေအကြောင်း
အရာတော်တော်များများတွေကိုမေ့နေတဲ့သူ၊သူကလည်းအက်ဆီးဒင့်တစ်ခု ကြောင့်တော်တော်များများကိုမေ့နေတဲ့သူ..အဲဒီမှာစတွေ့ကြတာပါပဲ။တော်သေးတယ်ခုချိန်မှာ
တော့ဘယ်သူဘယ်ဝါဆိုတာသိသွားကြပြီ။Thank..God..တစ်ဆက်တည်းကြုံလို့ပြောရရင်ကျွန်မ
ဘလောခ့်ကိုအမြဲမပြတ်လာလာအားပေးနေတဲ့..ဂျူ..ဆိုတာလည်းတစ်ချိန်ကရေဒီယိုစတားတစ်
ယောက်ပါပဲ။ကြားဖူးသူတွေသိနိုင်ပါတယ်။JulianJulyMoeတဲ့။

ကဲ..တွေ့ဖူးမြင်ဖူးချင်သူဆယ်ယောက်တဲ့။နည်းများနေလားမသိနော်..း)..။ရေးပြီးသူတွေကိုလိုက်
ကြည့်လိုက်တော့..ဘလောခ့်ကာတွေချည်းရေးသူရှိသလိုပဲ..တခြားလူတွေကိုရေးသူလည်းရှိပါ
တယ်။ဥပမာပြောရရင်..မောင်မျိုးပေါ့..။သူတွေ့ချင်သူတွေကိုတော့ကိုယ့်ဘာသာပဲသွားဖတ်ကြည့်
လိုက်တော့နော်။(ဒါကကြော်ငြာ..)

၁။ဝါဝါခိုင်မင်း

သူ့ကိုပထမဆုံးနေရာကထားလိုက်ပါတယ်။လက်စားခြေတဲ့အနေနဲ့ပါ။သူကကိုယ့်ကိုနောက်ဆုံးမှာ
ထားထားတာကိုး။လွန်ခဲ့တဲနှစ်နှစ်ဆယ်လောက်ကတည်းကနာမည်လေးတစ်ခုတည်းနဲ့ရင်းနှီးလာ
တာ..ရန်ကုန်တက္ကသိုလ်မှာတက်တော့လည်းတူတူကိုတစ်ခါမှမဆုံလိုက်ဘူး။ ဒါကြောင့်မြင်ဖူးချင်ပါတယ်။ပြီးတော့..သိတယ်မဟုတ်လား။သူကသိပ်ယဉ်ကျေးချိုသာတာ။ပို့စ်တစ်
ခုစတိုင်း..မင်္ဂလာပါရှင်..တဲ့။

၂။အိန္ဒြာ
သူ့လည်းနာမည်ပဲသိပြီးလူမမြင်ဖူးတဲ့သူထဲမှာပါပါတယ်။ကဗျာဆရာမလှလှလေးဆိုလို့မြန် မာပြည်မှာသူပဲရှိမယ်ထင်ပါတယ်။(ဒါလည်းကြော်ငြာ..)ကဗျာအရေးကောင်းပြီးချစ်စရာလဲကောင်း
တဲ့ညီမလေးမို့မြင်ဖူးချင်တယ်။တွေ့ပြီးကဗျာတွေအကြောင်းပြောချင်တယ်။

၃။ကျားကျား
သူကတော့..ကျွန်မရဲ့အငယ်ဆုံးပရိသတ်ဖြစ်မယ်ထင်ပါတယ်။ခုမှ..၁၀နှစ်ပဲရှိသေးတယ်။ဘလောခ့်
လည်းရေးနေပါပြီ။ဓါတ်ပုံထဲကနေသွားကျိုးလေးနဲ့ရယ်ပြနေတဲ့ကလေးလေး၊ ကျွန်မကိုအားလားမအားလားမသိ၊အတင်းကာရောစီဘောက်စလေးလုပ်ခိုင်းတဲ့ကလေး လေးကိုလည်းကျွန်မမြင်ဖူးချင်ပါတယ်။၁၀နှစ်သားစာဖတ်ပရိသတ်လေးဆီကအကြံလေး တွေလည်းရချင်ရမှာပေါ့နော်။

၎။ဥယျာဉ်မှူး..Zephyr
စာဖတ်တော်တော်များပုံရပြီးဖတ်သမျှစာလည်းအလွတ်နီးပါးပြန်ပြန်ပြောနိုင်တဲ့ကလေးတစ်ယောက်ပါ။
မြန်မာစာရိုက်ရင်တစ်ချိန်လုံးမှားနေတတ်သလောက်အင်္ဂလိပ်လိုဆိုရင်တော့ဖြူးနေတတ်တဲ့..အလုပ်လုပ်
ရမှာပျင်းတယ်ဆိုပြီး..၂၄နာရီနီးပါးအလုပ်ပဲလုပ်နေရတတ်တဲ့သူတစ်ယောက်မို့မအားမလပ်ဖြစ်နေတတ်
တဲ့လူကိုအနှောက်အယှက်ပေးတဲ့အနေနဲ့တွေ့ ဖူးချင်တာပါ။

၅။အမည်မဲ့
သူကလည်းမိတ်ဟောင်းဆွေဟောင်းပါပဲ။နာမည်သိနေတဲ့မိတ်ဆွေဟောင်းပေါ့။ကျွန်မတို့တစ်ခါဆုံဖူးတယ်
ပြောတယ်။ဘုရားစူးစေ့၊လုံးဝကိုမမှတ်မိတော့ပါဘူး။ခုချိန်မှာတော့ကဗျာ တွေကိုအင်နဲ့အားနဲ့ရေးတတ်ပြီး..ကျွန်မနဲ့ဇော်ကြီးကြပ်ရင်လည်းကြပ်သလိုသည်းခံတတ်တဲ့ကလေးဖြစ်ပါတယ်။
သူ့လည်းတွေ့ဖူးချင်ပါတယ်။

၆။ကိုဇနိ+မဇနိ
ဘာမှမဟုတ်ပဲသူတို့နှစ်ယောက်ကိုစိတ်ဝင်စားလို့ပါ။သိပ်ချစ်ဖို့ကောင်းတဲ့စာလေးတွေရေးတတ်သလိုတစ်
ယောက်နဲ့တစ်ယောက်လည်းသိပ်ချစ်ကြပုံရတဲ့စုံတွဲလေးဖြစ်လို့တွေ့ဖူးချင် တာဖြစ်ပါတယ်။

၇။မသိဂီ င်္နွယ်
မသိဂီင်္ကတော့တကယ့်ကိုနူးနူးညံ့ညံ့နဲ့ကျွန်မကိုအားပေးတတ်သူပါ။နေကောင်းအောင်၊စိတ်ညစ်နေလည်းပျော်
အောင်ဆိုပြီးအားပေးတတ်တဲ့သူမို့လို့..သူ့လည်းတွေ့ချင်ပါတယ်။


၈။ဖိုးစိန်

ကျွန်မအစ်မနှစ်ယောက်ရဲ့တပည့်ဖြစ်ခဲ့ဖူးပြီးခုဆို..ကျွန်မနဲ့ပါသိနေခင်နေတဲ့ကလေးတစ် ယောက်ဖြစ်ပါတယ်။စိတ်ဓါတ်ကလေးကဖြူစင်ပြီး..စာလည်းအရေးကောင်းသလိုအရာရာကိုလည်းသည်းခံ
တတ်တဲ့ကလေးတစ်ယောက်ပါ။သူ့ကိုလည်းတွေ့ဖူးချင်ပါတယ်…။

၉။ပန်ဒိုရာ

ခေါမဒဏ္ဍာရီမှာတော့သူက..သေတ္တာတစ်လုံးကိုဖွင့်ကြည့်ခဲ့သူ။ခုတော့သူကအနုပညာတွေကိုဖွင့်ပြနေသူ။
ကဗျာရေးကောင်းစာရေးကောင်း၊အတွေးကောင်းသူမို့တွေ့ဖူးချင်စကားတွေပြောချင်ပါတယ်။

၁၀။ချိုသောပန်းကလေး(Sweetpeony)
မျက်နှာထားချိုချိုလေးနဲ့(ဓါတ်ပုံထဲမြင်တာ)..ဘလောခ့်လည်းရေးတယ်၊စာတွေလည်းဖတ်တဲ့ကောင်မလေး
တစ်ယောက်။သူနဲ့ကျွန်မသူငယ်ချင်းဂျူနဲ့က..တစ်ခုခုဆို..ကျွန်မဘက်က နေရပ်တည်ကာကွယ်တတ်တဲ့အမာခံပရိသတ်တွေ။သူ့လည်းချစ်ခြင်းအားဖြင့်တွေ့ဖူးဆုံဖူးချင်ပါတယ်။

ဟော..ဆယ်ယောက်တောင်ပြည့်သွားပြီ။မြန်လိုက်တာနော်။မပါတဲ့သူတွေလည်းသူတို့မပါရကောင်းလား
လို့စိတ်မကောင်းမဖြစ်ပါနဲ့နော်။တက်ဂ်တဲ့သူကိုက..၁၀..ယောက်တည်းတက်ဂ်တာမို့သူ့ပဲအပြစ်ဖို့လိုက်ပါ
တော့။အမှန်ကတော့..ဝါသနာတူအမြင်တူ၊ခံစားချက်ချင်းတူသူတိုင်းကိုမြင်ဖူးချင်တွေ့ဖူးချင်ပါတယ်။

ကဲ..ဝါဝါ့လိုပဲအဲဒီ..၁၀ယောက်လုံးကိုပြန်တက်ဂ်..အဲအဲ..ဝါဝါမပါဘူး။ကိုးယောက်လုံးကိုပြန်တက်ဂ်ပါတယ်။
ရေးကြပါဦး။အားတဲ့အခါပေါ့။
ချစ်ခင်စွာ

မနော်ဟရီ


Idea Magazine May Issue

Sunday, April 26, 2009

Idea Magazine May Issue ကိုတင်ထားလိုက်ပါပြီ..ဘေးက..မေလ..ကာဗာကောင်မလေးကိုကလစ်နှိပ်ပြီးသွား
ဖတ်နိုင်ပြီဖြစ်ပါကြောင်း...


သခင်လေးပြန်လာပြီ

Thursday, April 23, 2009

ဒါကဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့တဂိုးရဲ့ဝတ္ထုတိုလေးပါ။အသစ်မတင်နိုင်လို့ဆားချက်
တယ်လို့ပြောရအောင်ကလည်း..ဂုရုကြီးနှစ်ပါးကိုအားနာစရာ...။ဖတ်စေချင်တာပါ။ကျွန်မဖတ်
စေချင်လို့..ရိုက်ပို့ပေးတဲ့ ညီမလေး...မိုးနေကိုလည်းကျေးဇူးတင်ပါတယ်လို့

သခင်လေးပြန်လာပြီ
သူ့  သခင်ထံတွင် စအလုပ်လုပ်စဉ်က ရိုင်ချာရန်းသည် အသက် ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ သူသည် ဂျက်ဆိုနယ်မှ ဖြစ်၏။ မည်းနက်တောက်ပြောင်သောအသား၊ ရှည်လျားသောဆံပင်၊ ပြူးကျယ်သော မျက်လုံးများရှိသည့် ပိန်ပိန်သေးသေး သူငယ်ကလေးဖြစ်သည်။ သူ့ မျိုးနွယ်မှာ ခတ္တိယမျိုးနွယ်ဖြစ်၍ သူ့ သခင်မှာလည်း ခတ္တိယမျိုးနွယ်ပင်ဖြစ်သည်။ ရိုင်ချာရန်း၏ အဓိကတာဝန်မှာ သူ့ သခင်၏ တစ်နှစ်သားအရွယ်သားငယ် အနူကူးကို ထိန်းရန်ပင်ဖြစ်သည်။

အချိန်တန်သည့်အခါ၌ ကလေးငယ်သည် ရိုင်ချာရန်း၏ ခါးပေါ်မှဆင်းသည်။ ထို့နောက်ကျောင်းမှ အောင်ပြီး ကောလိပ်သို့ ရောက်သည်။ နောက်ဆုံး ကောလိပ်မှ စာမေးပွဲအောင်ပြီး တရားရေးဝန်ထမ်းအဖြစ် အမှုထမ်းသည်။ ထိုကာလများတလျှောက်လုံးတွင် ရိုင်ချာရန်းသည် သူ၏အစေအပါး ဖြစ်ခဲ့သည်။

အနူကူးလက်ထပ်သည့်အခါ၌ ရိုင်ချာရန်းတွင် သခင်သစ်တိုး၍ လာလေပြီး သခင်မဟူ၍လည်း ပြောနိုင်ပါ၏။ သခင်မကြောင့် ရိုင်ချာရန်းတွင် အချို့ တာဝန်များ လျော့သွားသော်လည်း အနူကူးတို့တွင် သားကလေးတစ်ယောက် မွေးသဖြင့် တာဝန်သစ်တွေ တိုးလာပြန်သည်။ ရိုင်ချာရန်းမှာလည်း လုံးလစိုက်၍ ကလေးငယ်ကို ပြုစုထိန်းသိမ်းရပြန် သည်။ သူသည် ကလေးငယ်ကို ပုခက်လွှဲပေး၏။ အထက်အောက်မြှောက်ချီ၍ ကစား၏။ ခေါင်းကို တစ်ဆတ်ဆတ် ညိတ်ပြ၏။ အဓိပ္ပမရှိသော တွတ်တီးတွတ်တာစကားတို့ ဖြင့် ကလေးငယ်ကို မြှူ၏။ သို့ ဖြင့် ကလေးငယ်သည် သူ့ကို သဘောကျကာ သူ့ ကို မြင်သည်နှင့် တခစ်ခစ်ရယ်တော့သည်။

လေးဖက်တွားနိုင်သည့်အခါတွင် ကလေးငယ်သည် တံခါးပေါက်သို့  မကြာခဏသွားလေ့ရှိသည်။ သူ့ ကို လူကြီးတွေက လိုက်ဖမ်းသည့်အခါ၌ ကလေးငယ်သည် သဘောကျကာ တခစ်ခစ်ရယ်ရင်း အခန်းထောင့်တစ်နေရာတွင် သွား၍ ပုန်းနေတတ်သည်။ ရိုင်ချာရန်းသည် ကလေးငယ်၏ အကင်းပါးပုံ၊ ဥာဏ်သွားပုံကိုကြည့်၍ အံ့သြနေသည်။ ထိုအခါမျိုးတွင် ရိုင်ချာရန်းက “မမရဲ့  သားက ကြီးရင် တရားသူကြီးဖြစ်မှာဗျ။ ငါးထောင်စားဖြစ်မှာ”ဟု ဂုဏ်ယူ အံ့သြသံဖြင့် ပြောတတ်သည်။ အချို့  ကလေးငယ်များမှာ ထိုသို့  ပုန်းရရှောင်ရမှန်းမသိ။ ယခုမူ တရားသူကြီးလောင်းမို့ ထိုမျှသိခြင်းဖြစ်သည်ဟု ရိုင်ချာရန်း ယူဆသည်။

မတ်တပ်ပြေးသည့် အရွယ်သို့  ရောက်လျှင် ကလေးငယ်သည် ပို၍ပင် ထူးခြားမှုကို ပြလာသေးသည်။ ကလေးငယ်သည် သူ့ အမေကို မာမာဟု ခေါ်၍ သူ့ ဒေါ်လေးကို ပီချီဟု ခေါ်ပြီး ရိုင်ချာရန်းကိုမူ ချာနန်းဟု ခေါ်တတ်သည်။ ရိုင်ချာရန်းသည် ယုံနိုင်ဖွယ်မရှိသော ထိုသတင်းထူးကို လေးခွင်လေးရပ်အနှံ့  ဖြန့် ၏။

“ကြည့်စမ်းပါဦးဗျ။ ခေါ်တတ်လိုက်တာ၊ သူ့ အမေကိုတော့ မာမာတဲ့။ သူ့ ဒေါ်လေးကို ပီချီတဲ့။ ကျွန်တော့်ကိုတော့ ချာနန်း တဲ့ဗျ။ နာမည်ရင်းကိုခေါ်တာ တော်တော်အံ့သြဖို့ကောင်းတယ်”ဟု ပြောတတ်သည်။

သူအံ့သြမည်ဆိုလျှင်လည်း အံ့သြထိုက်ပါသည်။ သည်မျှပါးနပ်သော ကလေးမျိုးတော်တော် ရှားလိမ့်မည် ထင်ပါသည်။

တစ်ခါတစ်ရံတွင် ရိုင်ချာရန်းသည် ကြိုးတစ်ချောင်းကို ဇက်အဖြစ်သုံးပြီး ကလေးရှေ့ တွင် မြင်းအဖြစ် အသုံးတော်ခံရပါ သည်။ သို့ မဟုတ်လျှင် နပန်းသမား လုပ်ရပါသည်။ ကလေးနှင့် နပန်းသတ်၍ ရှုံးပြါပြီဆိုက လဲကျမပြလျှင် ပြဿနာဖြစ်ရလေပြီ။

ထိုအချိန်လောက်တွင် ကလေး၏ ဖခင်အနူကူးသည် ပဒ္ဒမာဖြစ်ကမ်းပေါ်ရှိ မြို့ကလေး တစ် မြို့သို့ ပြောင်းရသည်။ အနူကူးသည် သားငယ်အတွက် ကာလကတ္တားမှ လက်တွန်းလှည်းကလေးတစ်စီးကို ယူလာခဲ့သည်။ ရိုင်ချာရန်းသည် ကလေးငယ်ကို ပိုးအင်္ကျီ၊ ပိုးဘောင်းဘီ၊ ရွှေခြည်ထိုးဦးဗောင်းထုပ်၊ ရွှေလက်ကောက်နှင့် ရွှေခြေကျင်းတို့ ကို ဆင်ပေးကာ လေကောင်းလေသန့်ရရန် တစ်နေ့ လျှင် နှစ်ကြိမ် ကလေးကို လက်တွန်းလှည်းဖြင့် လျှောက်တွန်းရသည်။

သို့ ဖြစ် မိုးရာသီသို့  ရောက်လာခဲ့သည်။ ဒေါသကြီးသော ပဒ္ဒမာမြစ်သည် ရေလျှံကာ ဥယျာဉ်များ၊ ခြံများ၊ လယ်ကွင်းများ၊ ရွာများကို ၀ါးမျိုစားသောက်သွားခဲ့သည်။ သောင်များပေါ်ရှိ ကိုင်းတောများ၊ ဆယ့်နျစ်ရာသီပင်အုပ်များကိုလည်း ဆွဲနှစ်ပစ်လိုက်သည်။ ကမ်းပါးများ တစ်ဗြုန်းဗြုန်း ပြိုကျသံ၊ ရေများတစ်ဝေါဝေါ တက်လာသံတို့ကို အဝေးမှပင် ကြားနေရသည်။ မြစ်ရေပြင်တွင် ၀ဲကြီးတွေ ထနေသည်ကို ထောက်လျှင် အောက်မှ ရေစီးမည်မျှ ပြင်းထန်သည်ကို သိနိုင်သည်။

တစ်ညနေတွင်မူ ကောင်းကင်သည် အုံ့ မှိုင်းလျက် ရှိ၏။ သို့ ရာတွင် မိုးရွာမည့်ပုံတော့ မပေါ်။ ရိုင်ချာရန်း၏ အဆာကျယ်သော သခင်လေးသည် အိမ်ထဲတွင် ကြာကြာအောင်းနိုင်ဟန် မတူ။ ထို့ ကြောင့် သူ့ ဘာသာသူ လက်တွန်း လှည်းကလေးပေါ်သို့ တက်ထိုင်သည်။ ရိုင်ချာရန်းသည် ကွင်းပြင်ကိုဖြတ်ကာ လက်တွန်းလှည်းကို တွန်းလာခဲ့ရာ မကြာမီကမ်းနားသို့ ရောက်လာခဲ့သည်။ ကွင်းပြင်တွင် လူရယ်လို့ တစ်ယောက်မျှ မရှိ။ ကမ်းနားတွင်လည်း လှေရယ်လို့ တစ်စင်းမျှ မမြင် ၀င်လုဆဲနေမင်းသည် တိမ်ကြားမှ ပြုထွက်လာရာ နီရဲသောရောင်ခြည်တို့ကို လွှတ်လျက်ရှိ၏။ ထိုသို့ တိတ်ဆိတ်နေစဉ် ကလေးငယ်သည် လက်တွန်းလှည်းထဲမှ ထရပ်ကာ “ချာနန်း၊ ပန်းခူးပေး ပန်းခူးပေး”ဟု ပြောသည်။

မလှမ်းမကမ်း ရွှံစပ်စပ်ထဲတွင် မြေပေါ်သို့ ငိုက်ကျနေသော ပန်းများကို မြင်ရသည်။ ကလေး၏ မျက်လုံးများသည် ပန်းကို အငမ်းမရ ကြည့်နေကြ၏။ မကြာမီတုန်းက ရိုင်ချာရန်းသည် ကိုင်းများကို အပေါက်ဖောက်ကာ ကြိုးကလေးဖြင့် ဆွဲရသော လှည်းကလေးတစ်စီး လုပ်ပေးခဲ့သည်။ ကလေးသည် ထိုလှည်းကလေးကို သဘောကျနေ၏။ သို့ဖြင့် ရိုင်ချာရန်းသည် မြင်းတစ်ကောင်အဖြစ်မှ မြင်းထိန်းတစ်ယောက်အဖြစ်သို့ ရာထူးတိုးသွားခဲ့သည်။ သို့ ရာတွင် ထိုနေ့ တွင်မူ ရွှံ့ဗွက်တွေထဲကိုဖြတ်ပြီး ပန်းပွင့်များကို မခူးချင်။ “ဟောဟိုမှာကြည့်စမ်း။ ငှက်ကလေးတစ်ကောင် ပျံသွားတယ်။ လှလိုက်တာဟေ့။ ဟာ ငှက်ကလေး ပျံသွားပြီ။ ငှက်ကလေးရေ လာပါတော့၊ မြန်မြန်လာပါတော့” ဟု ဆိုကာ ရိုင်ချာရန်းသည် ပါးစပ်က တတွတ်တွတ် ပြောရင်း လက်တွန်းလှည်းကလေးကို ခပ်သုတ်သုတ် ပြန်တွန်းလာခဲ့သည်။

သို့ ရာတွင် တရားသူကြီး လောင်း ကလေး၏အာရုံကို တစ်ခြားသို့ ရောက်အောင် လွယ်လွယ်နှင့် လုပ်၍ မ ရနိုင်ပါ။ အခြားနေရာများတွင် စိတ်ဝင်စားစရာလည်းမရှိပါ။ မရှိသော ငှက်များကိုလည်း လက်ညှိုးထိုးပြ၍ ကြာကြာ ညာမရပါ။

“ကဲ ... လူလေး၊ ဒီလက်တွန်းလှည်းပေါ်မှာ ထိုင်နေနော်။ ချာနန်း သွားပြီး ပန်းတွေ ခူးပေးမယ်။ ချက်ချင်းပြန်လာခဲ့မယ်နော်။ ရေစပ်နားကို မသွားနဲ့ နော်”ဟု ရိုင်ချာရန်းက ပြောသည်။

ရိုင်ချာရန်းသည် ဒိုတီကို ခါးတောင်းကျိုက်ပြီးနောက် သစ်ပင်ကြီးဆီသို့ လာခဲ့၏။

သို့ ရာတွင် ရိုင်ချာရန်းသည် ကလေးကို ကမ်းစပ်နင့် ဝေးဝေးသို့  ရွှေ့ မထားမိခဲ့။ ထို့ ကြောင့် သစ်ပင်ပေါ်သို့ တက်ခဲ့ရသော်လည်း စိတ်တထင့်ထင့်ဖြစ်ကာ ရေစပ်ဆီသို့ သာ မကြာခဏ မျှော်ကြည့်နေမိသည်။ ရိုင်ချာရန်းအမည်ရှိသော ဘီလူးကြီး၏လက်မှ ရုန်းထွက်ကာ မသွားရဟု တားမြစ်ထားသော နယ်မြေသို့  ထွက်ပြေးသွား သည့်နျယ် ထောင်ပေါင်းများသွာသော လှိုင်းလုံးကလေးများသည် ကမ်းစပ်သို့ တဖျပ်ဖျပ် လာ၍ ရိုက်နေကြသည်။ ထိုလှုငိးလုံးကလေးများကို အားကျကာ ကလေးငယ်သည်လညှ်းုပ်လှုပ်ရွရွ ဖြစ်လာသည်။ ကလေး ငယ်သည် လက်တွန်းလှည်းပေါ်မှ တွယ်ကပ်ဆင်းလာခဲ့ကာ ရေစပ်နားသို့ လျှောက်လာခဲ့၏။ ထို့ နောက် ကိုင်းရိုးတံ ကလေးတစ်ခုကို ကောက်ကာ ရေစပ်တွင် ငါးမျှားတမ်းကစားနေသည်။ ထိုစဉ် အော်မြည်နေသော ရေသံသည် ကလေးငယ်အား ကစားခန်းထဲတွင် ငိုက်မျဉ်းအောင် လုပ်ပေးလိုက်သကဲ့သို့  ရှိသေည်။

ထိုစဉ် ၀ုန်းခနဲ့အသံတစ်ခုကို ကြားလိုက်ရသည်။ သို့ ရာတွင် ထိုအသံမျိုးသည် မိုးတွင်းတွင်ပဒ္ဒမာမြစ်ကမ်းတစ်ေ
လျှာက်တွင် ကြားနေကြ အသံမျိုးဖြစ်သည်။ ရိုင်ချာရန်းမှာ ပန်းတွေဒိုတီနှင့် တစ်ထုတ်ကြီး ရလေပြီ။ သစ်ပင်ပေါ်မှ ဆင်းကာ တပြုံးပြုံးဖြင့် လက်တွန်းလှည်းဆီ လာခဲ့သည်။

လက်တွန်းလှည်းပေါ်တွင် ကလေးကို မတွေ့ရတော့ပြီ။ ဘေးပတ်ဝန်းကျင်ကို ကြည့်၏။ သို့ ရာတွင် အရိပ်အယောင်ကိုမျှ မမြင်ရတော့ပြီ။

ရိုင်ချာရန်း၏ တစ်ကိုယ်လုံးသည် အေးစက်သွား၏။ သူ့ စကြ၀ဌာတစ်ခုလုံးလည်း မီးခိုးလို မှောင်မည်းသွားကာ အရောင်အဆင်းမဲ့သွားသည်။ သူသည် ကွဲအက်နေသော နှလုံးသားဖြင့် “ဘာဘူရေ။ ကိုဘာဘူရေ”ဟု တစ်ကြော်ကြော် အော်ခေါ်သည်။ သို့ ရာတွင် ထူးသံဆို၍ ဘာမျှမကြားရ။ နောက်ပြောင်ကျီစယ်တတ်သော ကလေးငယ်၏ အသံအစား တစ်ဝေါဝေါ စီးဆင်းနေသော ပဒ္ဒမာမြစ်၏အသံကိုသာ ကြားရသည်။ မြစ်မင်းသည် လောကကြီး၏ အသေးအဖွဲတို့ ကို ဂရုစိုက်ချိန်မရသည့်နှယ်။ ဘာမျှမသိတတ်သည့်နှယ်။

မိုးချုပ်သည့်အခါတွင် စိုးရိမ်သောကရောက်နေသော အမေသည် အရပ်ရှစ်မျက်နှာကို လူလွှတ်၍ အရှာခိုင်းလိုက်သည်။ လူများသည် မီးအိမ်များကိုကိုင်စွဲကာ မြစ်ကမ်းသို့  ရောက်လာကြသည်။

“ဘာဘူရေ။ ကိုကာဘာဘူရေ”ဟု တစ်ကြော်ကြော်ဟစ်အော်ကာ ညသန်းခေါင်တိုက်သည့် လေဆင်နှာမောင်းတစ်ခုလို ကွင်းထဲတွင် ချာချာပတ်ချာ လျှောက်သွားနေသည့် ရိုင်ချာရန်းကို တွေ့  ကြရသည်။ နောက်ဆုံး အိမ်သို့  ရောက်သည့် အခါတွင် ရိုင်ချာရန်းသည် သူ့ သခင်၏ ခြေအစုံကို ခေါင်းဖြင့် ပြေးဆောင့်သည်။ သူတို့ က မေးခွန်းတွေ မေးလေလေ “ကျွန်တော်မသိဘူး မမ။ ကျွန်တော် ဘာမှမသိဘူး”ဟုပြောက ရှိုက်ကြီးတငင်ငိုလေလေ ဖြစ်နေသည်။

တရားခံမှာ ပဒ္ဒမမြစ်ဖြစ်ကြောင်းကိုလူတိုင်း သိကြသည်။ သို့ ရာတွင် ရွာစွန်တွင် စခန်းချရပ်နားသွားကြသည့် လူစိမ်း တစ်သိုက်ကိုမူ သံသယရှိကြသည်။ သခင်မသည် ထိုသို့ တွေးမိကာ ပြန်ပေးဆွဲသူများကို ရိုင်ချာရန်းပင် လက်ထောက်ချရမည်ဟု ထင်နေမိသည်။ သခင်မသည် ရိုင်ချာရန်းကို ခေါ်ကာ “ကဲပါရှင် ကျွန်မသားလေးကို ပြန်ခေါ်ပေးပါ။ ရှင်ပိုက်ဆံဘယ်လောက်လေိုချင်သလဲ ပြောပါ။ ရှင်တောင်းသလောက် ကျွန်မပေးပါ့မယ်”ဟု တောင်းပန် သည်။ ရိုင်ချာရန်းသည် သူ့ နဖူးကို တအားထုမိသည်။ သခင်မသည် သူ့ ကို အိမ်မှ နှင်ထုတ်လိုက်၏။ အနူကူးသည် သူ့ ဇနီးသည်၏ အခြေအမြစ်မရှိသော သံသယတို့ကို ဖျောက်ဖျက်ရန် ကြိုးစားပါသေး၏။ ရိုင်ချာရန်းသည် ထိုဆိုးသွမ်းသည့် အလုပ်မျိုးကို ဘာကြောင့် လုပ်မည်နည်းဟု မေးသည်။

“ဘာဖြစ်လို့ မလုပ်ဘဲနေရမှာလဲရှင့်၊ ကလေးရဲ့ ကိုယ်ပေါ်မှာ ရွှေတွေဆင်ထားတယ်၊ ရွှေတွေ”ဟု ဇနီးက ပြောသည်။
----------------------------------------------

ရိုင်ချာရန်းသည် သူ့ ဇာတိရွာကလေးသို့  ပြန်လာခဲ့သည်။ သူ့ တွင် သားသမီးဆို၍ ယခုအထိ တစ်ယောက်မျှ မရှိဖူးသေး။ နောင်တွင်လည်း ရှိစရာအကြောင်းမမြင်တော့။ သို့ ရာတွင် ထူးဆန်းလေစွ။ တစ်နှစ်မကြာမီအတွင်းတွင် သက်လတ်ပိုင်းသို့ ရောက်နေသော သူ့ ဇနီးသည်သည် သားကလေးတစ်ယောက်မွေးပြီး ဆုံးသွားခဲ့သည်။

ရိုင်ချာရန်းသည် သူ့ သားကလေးကို မနှစ်သက်သလို ဖြစ်နေသည်။ သူ့ သားငယ်သည် သူ့ ကိုလိမ်လည်ရန်နှင့် ကိုကာဘာဘူ၏ နေရာတွင် အစားဝင်ယူရန် ရောက်လာသည်ဟု ထင်နေသည်။ သခင်၏သားကလေး သူ့ ကြောင့် ရေနစ်သေဆုံးပြီးနောက် ကိုယ့်သားကိုချစ်ဖို့ ကိစ္စသည် အပြစ်ကြီးသည်ဟု သူ့ စိတ်ထဲတွင် ထင်နေသည်။ ရိုင်ချာရန်း၏ မုဆိုးမဖြစ်သည့် ညီမငယ်သာမရှိခဲ့လျှင် သူ့ သားကလေးသည် လောကကြီးတွင် သက်ဆိုးပင် ရှည်စရာ အကြောင်းမြင်။

အံ့သြစရာတော့ ကောင်းသည်။ ထိုကလေးငယ်သည် လေးဖက်တွားတတ်သည့်အခါတွင် တံခါးပေါက်သို့ ရောက်လာတတ်သည်။ မည်သူ၏အမိန့် ကိုမျှ နာခံခြင်းမရှိဘဲ ခေါင်းမာတတ်သည်။ စပ်စုတတ်သည်။ ပါးရေနပ်ရေရှိသည်။ သူ့ ရယ်သံနှင့် ငိုသံပင်လျှင် ကိုကာဘာဘူအသံနှင့် တူသည်ဟု ထင်မိသည်။ တစ်ခါတစ်ရံ သူ ငိုသည့်အခါ၌ ရိုင်ချာရန်း၏ နှလုံးသားသည် ပြင်းထန်စွာခုန်နေသည်။ ထိုအသံသည် သူ့ ကို ခေါ်နေသည့် ကိုကာဘာဘူ၏ အသံဟု ထင်နေသည်။

ရိုင်ချာရန်း၏မရီးက ကလေးကို ပီနာဟု အမည်ပေးသည်။ ကောက်ရသူဟု အဓိပ္ပရ၏။ စကားပီ နားကြားဖြစ်လာသည့် အခါတွင် ကလေးက သူ့ အဒေါ်ကို ပီချီဟုပင် ခေါ်သည်။ ထိုခေါ်သံကိုကြားလျှင် ရိုင်ချာရန်းသည် အသက်ပင်ကောင်းကောင်းမရှူနိုင်ဘဲ တောင်တွေးမြောက်တွေး တွေးနေသည်။ ကိုကာဘာဘူဟာ ငါ့ကို မခွဲနိုင်ဘဲ ဖြစ်နေတယ်။ ငါ့အိမ်မှာ လူဝင်စားလာဖြစ်တယ် ထင်တယ်ဟု သူတွေးနေသည်။ ထိုအတွေးကို ထောက်ခံသည့် အချက် တွေကလည်း ရှိနေသည်။ ပထမအချက်မှာ ကိုကာဘာဘူဆုံးပြီး မကြာခင် ပီနာကို မွေးလာခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ဘယ်တုန်းကမှ သားသမီးမရခဲ့သည့် သူ့ ဇနီးသည် ထိုကလေးကို သဘာဝကျကျ၊လွယ်လွယ်ကူကူ မွေးနိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအချက်မှာ ကလေးသည် လေးဖက်တွားတတ်သည်နှင့် တောက်တောက်ပြေးပြီး သူ့  အဒေါ်ကို ပီချီဟုခေါ်သည်။ ဤအချက်များသည် တရားသူကြီးလောင်း ကိုကာဘာဘူ၏လက္ခဏာချက်များ ဖြစ်သည်။ ရိုင်ချာရန်းသည် သူ့ သခင်မက သူ့ အပေါ် သံသယရှိကြောင်းကို ပြန်၍ အမှတ်ရသည်။ “ကြည့်စမ်း၊ ကလေးအမေများဟာ သူတို့ ကလေးကို ဘယ်သူသွားသလဲဆိုတာ အလိုလိုသိတတ်တယ်”ဟု သူ့ ဘာသာသူ တွေးမိသည်။ ထိုနောက်မှစ၍ ရိုင်ချာရန်းသည် သူ့ သားငယ်အား လျစ်လျူပြုခဲ့သဖြင့် နောင်တရ၍ မဆုံး ဖြစ်နေသည်။ ထို့ နောက်မှ စ၍ သူသည် သူ့ သားငယ်ကို ကောင်းစွာ ဂရုစိုက်မွေးမြူခြင်း ပြုသည်။

သူသည် သားငယ်ပီနာကို လူချမ်းသာတစ်ယောက်၏ သားလို ကောင်းစွာ မွေးမြူသည်။ ပီနာကို ပိုးအင်္ကျီ၊ ပိုးဘောင်းဘီတို့ ဆင်ယင်၏။ ရွှေခြည်ထိုး ဦးဗောင်းထုပ်ကို ဆောင်းပေး၏။ သူ့ ဇနီးသည်၏ လက်ဝတ်လက်စားကလေးများ ဖျက်ပြီး သားအတွက် လက်ကောက်နှင့် နာရီကြိုးကလေး လုပ်ပေး၏။ ပီနာအား အခြား အိမ်နီးနားချင်းကလေးများနှင့် မကစားရအောင် ကြီးကြပ်၏။ သူနှင့်သာ ကစားစေ၏။ အိမ်နီးချင်းကလေးများက ပီနာအား မြို့အုပ်သားဟု အခွင့်ရတိုင်း လှောင်ကြပြောင်ကြသည်။ လူကြီးများကမူ ရိုင်ချာရန်း၏ ထူးဆန်းသည့် အပြုအမူကို ကြည့်၍ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ပီနာ ပညာသင်ချိန်သို့ ရောက်သည့်အခါတွင်ရိုင်ချာရန်းသည် ရှိသမျှ ပစ္စည်းတို့ကို ထုခွဲရောင်းချကာ သူ့ သားကို ကာလကတ္တားသို့  ပို့ ၍ ပညာသင်ပေးသည်။ သူကိုယ်တိုင်လည်း ကာလကတ္တားတွင် အလုပ်တစ်ခုရှာလုပ်သည်။ ရိုင်ချာရန်းသည် တတ်နိုင်သမျှ ချွေတာကာသူ့ သားကို ပညာသင်စေ၏။ “လူလေးရယ် မင်းက ငါ့ကို ချစ်လို့ လာတာ ဒီတော့ လိုလေသေးမရှိအောင် ငါ ထားပါ့မယ်” ဟု တစ်ယောက်တည်း ပြောမိတတ်သည်။

ဤသို့ ဖြင့် နှစ်နှစ်လွန်မြောက်သွားခဲ့သည်။ ပီနာကလည်း စာတော်သည့် ကျောင်းသားဖြစ်သည်။ ကျန်းမာသန်စွမ်းသည်။ မည်းနက်ပြောင်လက်နေသော အသားနှင့်ဆံပင်ရှိသည်။ သူ့ ဆံပင်ကို ကောင်းကောင်း သသည်။ ပီနာသည် ဖော်ရွေ၍ အသန့်အကောင်းကိုလည်း ရွေးတတ်သည်။ ရိုင်ချာရန်းသည် သူ့ သားကို ဖခင်တစ်ယောက်အနေဖြင့် သူ့ သားကို ချစ်သော်လည်း အစေအပါးတစ်ယောက်လို သူ့ သားကို ပြုစုသည်။ သို့ တိုင် ပီနာသည် သူ့ အဖေကို အဖေလို့  သဘောမထားမိ။ သူကလည်း ပီနာ၏အဖေ မဟုတ်သယောင် အများရှေ့ တွင် ဟန် ဆောင်ဖုံးကွယ်သည်။ ပီနာနေသည့် ဘော်ဒါတွင် ကျောင်းသားများက ရိုင်ချာရန်းကိုတွေ့လျှင် “တောသားကြီး”ဟု ခေါ်ကြ သည်။ အဖေ့ကွယ်ရာတွင် ပီနာကလည်း သူတို့နှင့်အတူ ရော၍ အဖေ့ကို လှောင်သည်။ ကျောင်းသားများသည် သဘောင်း၍ အလိုလိုက်တတ်သည့် ရိုင်ချာရန်းကိုတော့ သဘောကျကြသည်။ ပီနာလည်း သဘောကျသည်။ သို့ရာတွင် အဖေ့ကို ချစ်သည့်မေတ္တာထဲတွင် အထင်သေးသည့် သဘောတော့ နည်းနည်းပါနေသည်။

ရိုင်ချာရန်းသည် အသက်ကြီးလာလေပြီ။ အလုပ်ရှင်များကလည်း သူ့ အလုပ်ကို မကြာခဏ အပြစ်ရှာတတ်ကြသည်။ သူ့ ကိုယ်ခန္ဓာာသည်လည်း ချည့်နဲ့ စပြုလပြီ။ သတိလည်း မေ့တတ်သည်။ သို့ ရာတွင်ပိုက်ဆံပေးထားရသည့် အလုပ်ရှင်တို့ ကား ဇရာကိုလည်း ထည့်မတွက်ကြါ။ ထိုအချိန်၌ကာ ရွာမှပါလာသည့် ပိုက်ဆံကလေးကလည်း ကုန်သလောက်ရှိနေလေပြီ။ သားကြီး ပီနာကလည်း စတိုင်ကျကျ အ၀တ်အစားတွေ မ၀တ်ရသဖြင့် ညည်းတွားစ ပြုလေပြီ။

တစ်နေ့ တွင်မူ ရိုင်ချာရန်းသည် အလုပ်မှ နုတ်ထွက်လိက်ပြီးနောက် သားကြီးပီနာကို ပိုက်ဆံရေးရင်း
“အဖေ ရွာကို ခဏပြန်ဦးမယ်ကွာ”ဟု ပြောသည်။

အမှန်ကတော့ ရွာသို့ ပြန်ခြင်း မဟုတ်ပါ။ မြို့နယ် တရားသူကြီးဖြစ်နေသည့် အနူကူးရှိရာ ဘာရာဆတ်မြို့ကလေးသို့  သွားခြင်းဖြစ်သည်။

အနူကူးတို့ တွင် နောက်ထပ်သားသမီးမရတောပါ။ သူ့ ဇနီးသည်ကမူ သူ့ သားကလေး ပျောက်ဆုံးသွားခဲ့သည့်အတွက် ယခုတိုင် ပူဆွေးလျက်ရှိနေသေးသည်။ တစ်နေ့ သ၌ အနူကူးသည် တရားရုံးတွင် အလုပ်များနေခဲ့သဖြင့် မောမောနှင့် အိမ်တွင် အပန်းဖြေလျက်ရှိ၏။ သူ့ ဇနီးသည်မှာလည်း တောင်ပေါ်မှ ယောဂီကြီးတစ်ဦး လာရောင်းသည့် ဆေးမြစ်ဆေးဥတို့ကို ၀ယ်ယူလျက်ရှိသည်။ ထိုစဉ် အိမ်ရှေ့  ၀င်းဝမှ အသံတစ်သံကို ကြားရသည်။

“မမ နေကောင်းတယ်နော်”
“ဘယ်သူလဲ”ဟု အနူကူးက လှမ်းမေးသည်။

ရိုင်ချာရန်းသည် အိမ်ထဲသို့ ၀င်လာကာ ကုန်း၍ အနုကူး၏ခြေအစုံကို နဖူးဖြင့် ထိ၍ နှုတ်ဆက်လိုက်သည်။

“ကျွန်တော် ရိုင်ချာရန်းပါ သခင်”ဟု ပြောသည်။

အနူကူးသည်အဘိုးအို ရိုင်ချာရန်းကို သနားသွားသည်။ အနူကူးသည် သူ့ ကို မွေးခွန်းပေါင်းများစွာကို မေးသည်။ ထို့နောက် ရိုင်ချာရန်းကို သူ့ အိမ်တွင် ပြန်အလုပ်ခန့် ရန် ဆုံးဖြတ်လိုက်သည်။ ရိုင်ချာရန်းက ၀မ်းနည်းစွာပြုံးကာ “မမလဲနှုတ်ဆက်ပါရစေ”ဟု ဆိုသည်။

အနူကူးက သူ့ ကို အိမ်ထဲသို့ ခေါ်သွားသည်။ သူ့ ဇနီးကမူ ရိုင်ချာရန်းကို လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခြင်း မရှိပါ။ ရိုင်ချာရန်းသည် ထိုအချက်ကို မသိယောင်ပြုကာ လက်နှစ်ဖက်ကို ယှက်ရင်း

“သခင်နဲ့ မမတို့ ကို ကျွန်တော် ပြောပရစေ။ သခင်တို့ သားလေးကို ကျွန်တော်ခေါ်သွားတာပါ။ ပဒ္ဒမမြစ်ထဲ ကျသွားတယ်ဆိုတာ မဟုတ်ပါဘူး။ တခြားဘယ်သူမှ ခေါ်သွားတာလဲ မဟုတ်ပါဘူး။ ကျွန်တော်ဟာ် ကျေးဇူးကန်းတဲ့ လူယုတ်မာပါ”

“အဘိုးကြီး ခင်ဗျားဘာတွေ ပြောနေတာလဲ၊ ဒါမြင့် အခု ကလေးဘယ်မှာလဲ”ဟု အနူကူးက အော်သည်။

“ကျွန်တော်နဲ့ အတူ ရှိနေပါတယ် သခင်၊ သဘက်ခါကျရင် ကျွန်တော် ခေါ်လာခဲ့ပါ့မယ်”

ထိုနေ့ မှာ တနင်္ဂနွေနေ့ ဖြစ်သည်။ ထိုနေ့ တွင် ရုံးမတက်ရပါ။ နံနက်လင်းကတည်းက အနူကူးတို့  ဇနီးမောင်နှံသည် စိတ်မရှည်နိုင်ဘဲ ဖြစ်နေကြကာ လမ်းမဘက်သို့  တစ်မျှော်မျှော် ဖြစ်နေကြသည်။ နံနက် ဆယ်နာရီတွင်မူ ရိုင်ချာရန်းသည် ပီနာနှင့်အတူ ရောက်လာလေသည်။ အနူကူး၏ ဇနးသည်ကား ဘာကိုမျှပင် မေးမြန်းခြင်းမပြုတော့။ ဘာစည်းကမ်းချက်ကိုမျှလည်း မပြောတော့ဘဲ ပီနာကို ပေါင်ပေါ်တွင်တင်၍ ဖက်ယမ်းနမ်းရှုပ်လျက်ရျှိသည်။ နမ်းရှုပ်ရင်းလည်း ပီနာကို စိုက်ကြည့်လိုက်၊ ရယ်လိုက်၊ ငိုလိုက်ဖြင့် ဖြစ်နေသည်။ မှန်ပါသည်။ ပီနာကို ကြည့်ရသည်မှာ လည်း ချစ်စရာကောင်းနေပါသည်။ အ၀တ်အစားဆင်ယင်ထားပုံနှင့် နေပုံထိုင်ပုံတို့  မှာ ဆင်းသရဲသားသမီး ပုံမျိုး နည်းနည်းမှ မရှိပါ။ ရုပ်ရည်ကလည်း ချစ်စရာကောင်းပါသည်။ အမူအရာနှင့် အပြောအဆိုတို့ကလည်း ရည်မွန်ပါသည်။ အနူကူးကိုယ်တိုင်လည်း ပီနာကို ကြည့်၍ နှစ်သက်လာမိပါသည်။ သို့ ရာတွင် ဘာမျှမဖြစ်လေဟန်ဆောင်ကာ

“ကျွန်တော့်သား ဖြစ်တယ်ဆိုတာ ခင်ဗျားမှာ ဘာအထောက်အထား ပြနိုင်သလဲ” ဟု မေးသည်။

“ဘယ့်နှယ့်လုပ် အထောက်အထားပြနိုင်မှာလဲ သခင်၊ ကျွန်တော်က ကလေးကိုခိုးသွားတာပဲ၊ ဘုရားသိမှာပေါ့၊ တစ်ခြား ဘယ်သူ သိနိုင်မှာလဲ”

အနူကူးသည် စဉ်းစား၏ သူ့ ဇနီးမှာ ကလေးပြန်ရပြီဟုဆိုကာ အကြီးအကျယ် ၀မ်းသာပီတိဖြစ်နေသဖြင့် ယခုအချိန်တွင် သက်သေအထောက်အထားတွေကို မေးမြန်းစုံစမ်းရန် မသင့်ဟု သဘောရသွားသည်။ ယခုလောလောဆယ်တွင်မူ သူပြောသည့် စကားကို ယုံကြည်ခြင်းသည် အကောင်းဆုံးဖြစ်မည် ထင်သည်။ ထို့ ပြင် ရိုင်ချာရန်းသည်လည်း ယခုကဲ့သို့  ကလေးငယ်တစ်ယောက်ကို တစ်ခြားဘယ်ကမျှ ရနိုင်ဖွယ် မမြင်။ ထို့ ပြင် သူ့အစေခံဟောင်းကြီးသည်လည်း သူ့ကိုလိမ်လည် မပြောတန်ရာ။

ကလေးနှင့် စကားပြောကြည့်သည့်အခါတွင် သူသည် ရိုင်ချာရန်းနှင့် သူမှတ်မိသည့်အရွယ်ကတည်းက နေခဲ့ကြောင်း၊ အဖေဟုပင် ထင်ခဲ့ကြောင်း၊ သို့ ရာတွင် ရိုင်ချာရန်းသည် အဖေလို ဘယ်တော့မှ ဆက်ဆံခြင်းမပြုကြောင်း၊ အစေခံ တစ်ဦးလိုသာ ဆက်ဆံကြောင်းဖြင့် ပြောပြသည်။ အနူကူးသည် သံသယများကို ဖျက်ပစ်လိုက်၏။

“ဒါပေမယ့် ရိုင်ချာရန်း၊ ခင်ဗျား ကျုပ်တို့ အိမ်မှာတော့ နေခွင့် မပေးနိုင်ဘူး။ အိမ်ရိပ်ကိုတောင် နင်းခွင့်မပေးနိုင်ဘူး”ဟု ပြောသည်။

ရိုင်ချာရန်းက လက်နှစ်ဖက်ကို ဖျစ်ညှစ်လိုက်ရင်း ဆို့ နင့်နင့် အသံဖြင့် ...

“အိုမင်းတွင်းဆုံး ကျခါနီးမှ ကျွန်တော် ဘယ်သွားနေရမှာလဲ သခင်”

“အို ... နေပါစေရှင်၊ ကျွန်မသားလေးကို ဘုရားက ပြန်ပို့ လိုက်ပြီပဲ။ ကျွန်မ ရိုင်ချာရန်းကို ခွင့်လွှတ်ပါတယ်”ဟု ဇနီးက ပြောသည်။

“ငါတော့ ခွင့်မလွှတ်နိုင်ဘူး”ဟု တရားဥပဒေကို ရိုသေသည့် ခင်ပွန်းက ပြော၏။

ရိုင်ချာရန်းသည် သခင်၏ခြေရင်းတွင် ထိုင်၍ ခြေအစုံကိုဖက်ရင်း

“ကျွန်တော် လုပ်တာ မဟုတ်ပါဘူး သခင်၊ ဘုရားအလိုတော်အရ ဖြစ်တာပါ”

သူ့ အပြစ်ကို ဘုရားသခင်အပေါ်သို့ လွှဲချသည့်အခါတွင် အနူကူးသည် ပို၍ စိတ်ဆိုးသွားသည်။

“ခင်ဗျားလို သစ္စာမစောင့်တဲ့ လူကို ကျုပ်ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး”

“ကျွန်တော်လုပ်တာမှ မဟုတ်တာ သခင်ရယ်”ဟု ရိုင်ချာရန်းက ခြေအစုံကိုဖက်၍ တောင်းပန်ပြန်သည်။

“ဒါဖြင့် ဘယ်သူလုပ်တာလဲကွ”

“ကျွန်တော့်ကံကြမ္မာက စေခိုင်းတာပါ”

ထို့ သို့ သော အဖြေမျိုးသည် ပညာတတ်တစ်ယောက်ဖြစ်သည့် အနူကူးအတွက် မည်သည့်နည်းနျင့်မျှ လက်ခံနိုင်စရာ အကြောင်းမရှိပါ။

“လောကကြီးမှာ တစ်ခြားအားကိုးရမယ့်သူဆိုလို့  တစ်ယောက်မှ မရှိပါဘူး သခင်”ဟု ရိုင်ချာရန်းက တောင်းပန်ပြန်သည်။

မိမိသည် တရားသူကြီး၏သားဖြစ်ကြောင်း၊ ရိုင်ချာရန်းသည် မိမိကို ခိုးယူသွားရုံမျှသာမက သူ့ သားဟု စော်စော်ကားကား ခေါ်ခဲ့ကြောင်း သိသည့်အခါ ပီနာသည် များစွာ စိတ်ဆိုးမိသည်။ သို့ ရာတွင် သဘောထားကြီးဟန်ကို ပြကာ ...

“ဖေဖေရယ် သူ့ ကို ခွင့်လွှတ်လိုက်ပါ၊ အိမ်မှာမထာင်းချင်ရင်လဲ တစ်လကိုနည်းနည်းပါးပါးထောက်ပံ့တာပေါ့”ဟု ပြောသည်။

ရိုင်ချာရန်းသည် ဘာမှမပြောတော့ပါ။ သူသည် သူ့ သားကို အကြာကြီး စိုက်ကြည့်နေပြီ။ နောက် သူတို့ အားလုံး၏ ခြေထောာက်များကို နဖူးဖြင့်တိုက်ထိသည်။ ထို့ နောက်အိမ်ထဲမှ ထွက်သွားကာ လမ်းသွားလမ်းလာ လူအုပ်များထဲတွင် ပျောက်ကွယ်သွားသည်။ လကုန်၍ အနူကူးက သူ့ ရွာလိပ်စာဖြင့် ငွေအနည်းငယ်ပို့ လိုက်သည့်အခါတွင် ထိုငွေသည် အနူကူးထံသို့  ပြန်ရောက်လာသည်။

ထိုရွာတွင် ထိုအမည်ဖြင့် လူမရှိပါ။

(Rabindranath Tagore ၏ The Return of Khoka Babu ကိုပြန်သည်။)
မြသန်းတင့်
ရင်ခုန်ပွင့်၊ ၁၉၉၃ခုနှစ်၊ ဇန်န၀ါရီလ


တွန်းအား

Monday, April 20, 2009

ဒီဝတ္ထုကလေးက..ကျွန်မရေးနေကျဝတ္ထုတိုတွေနဲ့မတူပါဘူး။မိဘမေတ္တာကိုပြောချင်တဲ့အဖွဲ့
ဖြစ်သလို..realism..လည်းဆန်ပါတယ်။ဒါကိုကျွန်မ..၁၉၉၅ကတည်းကရေးခဲ့တာပါ။သား
ကလေးရှိဖို့မပြောနဲ့..အိမ်ထောင်တောင်မကျသေးဘူး။ဒါပေမယ့်တကယ့်ကိုမိဘတစ်ဦးရဲ့
နေရာကနေဝင်ရေးခဲ့မိတယ်။ဒီအကြောင်းအရာကိုပြောပြသူကကျွန်မသူငယ်ချင်း..ညီထူး
ပါ..။စာရေးဖို့မတိုက်တွန်းပေမယ့်..ကျွန်မရေးဖြစ်ခဲ့တယ်။သူ့ကိုလည်းကျွန်မ..ဒီအကြောင်း
အရာကိုပြောပြပြီးမိဘမေတ္တာကိုရင်ထဲထည့်ပေးခဲ့တဲ့အတွက်..ကျေးဇူးတင်ကြောင်းပြော
ချင်ပါတယ်။(ဒီစာမူလေးကဆရာဆောင်းဝင်းလတ်မြို့တော်မဂ္ဂဇင်းကိုင်တဲ့အချိန်မှာတောင်း
လို့ပေးခဲ့ပါတယ်။)

တွန်းအား
(၁)
ဆိုင်နံရံထက်ကနာရီလေးကိုလှမ်းကြည့်လိုက်တော့..လေးနာရီနှစ်ဆယ်။ဒီနေ့တော့....
ကျောင်းဆင်းချိန်ကမစောင့်ပဲဆိုင်သိမ်းတော့မည်ဟုဆုံးဖြတ်လိုက်သည်။သို့သော်…ဆုံး
ဖြတ်ချက်က..မိနစ်ပိုင်းပင်မခံလိုက်..။သူ့..သူငယ်ချင်းကရောက်လာသည်။ဒီကောင်က
တော့ထုံးစံအတိုင်း…မတွေ့ရတာကြာပြီဖြစ်သည့်အလျှောက်၊စကားကြောရှည်ဦးမှာမလွဲ။
ခါတိုင်းလိုဆိုရင်တော့..အရာအားလုံးကိုမေ့ကာ..ဆိုင်သိမ်းလိုက်တာတောင်စကားမပြတ်
ကြသဖြင့်..ဆိုင်ကလေးတစ်ဆိုင်ဆိုင်သို့သွားဖြစ်ကြဦးမည်။ခုတော့..မဖြစ်။

သူအိမ်ပြန်ချင်နေပြီ။သို့သော်လည်းတာဝန်ကိုယ်စီနှင့်မအားလပ်သည့်အထဲမှ..သူ့ဆီတကူး
တကလာတတ်သော..သူငယ်ချင်းကိုလည်းမင်းပြန်တော့.ဟုသူမပြောလိုက်နိုင်ပါ။ပြီးတော့
သူ့မှာလည်း..ပြောစရာတွေရှိနေသည်။ချက်ချင်းတော့…မပြောဖြစ်သေး။သူငယ်ချင်း..ပြော
သည့်အကြောင်းအရာများကိုသာလိုက်လံဆွေးနွေးဖြစ်သည်။အရေးထဲ..ဝယ်သူကလည်း
ထူးထူးဆန်းဆန်းပြုံကျလာသည်။သူ့ဆိုင်ကလေးသည်စာအုပ်၊စာရေးကိရိယာများ၊လစဉ်
ထုတ်မဂ္ဂဇင်း၊ဝတ္ထုစာစောင်များနှင့်အခြားပစ္စည်းအစုံအလင်ရနိုင်သည့်ဤမြို့ကလေး၏တစ်
ခုတည်းသောဆိုင်မဟုတ်ပါလား။

ပစ္စည်းတွေပြရင်းဈေးပြောရင်း၊အရောင်းအဝယ်တည့်သည့်အခါတည့်၊မတည့်သည့်အခါမ
တည့်နှင့်..စကားစတော့ပြတ်မသွားကြချေ။ဒီကောင်က..ကျောင်းမှာကတည်းကစကားပြော
ကောင်းသည်။အကြောင်းအရာအစုံစုံကိုလူစိတ်ဝင်စားအောင်ပြောတတ်သည်။ဝိဇ္ဇာမြန်မာ
စာကျောင်းသားကလည်းဖြစ်ပြန်..သူငယ်ချင်းကိုယ်တိုင်ယုံကြည်သက်ဝင်သည့်..ရာဇဝင်
လိုလို၊ဒဏ္ဍာရီလိုလို..ခပ်ဆန်းဆန်းတွေများပြောကြပြီလားဆို..အဆောင်ခန်းကလေးသည်
လူဘယ်လောက်ရှိရှိ..တိတ်ဆိတ်ငြိမ်သက်မှုရသွားစမြဲ..။အဆောင်မှူးကတောင်သူ့ကို….
ကလေးထိန်းဟုနောက်ပြောင်ခေါ်ဝေါ်ခဲ့သေးသည်။သူကအဆောင်မှူးထက်ပင်တစ်ဆောင်
လုံးကိုထိန်းထားနိုင်သည်မဟုတ်ပါလား။

တစ်ခါတစ်လေ..စုန်းတစ္ဆေ..ပုံပြင်များပါလာလျင်တော့..သွားပြီ။တစ်ဆောင်လုံးဘယ်သူမှ..
အောက်ပင်မဆင်းရဲတော့။ခုလည်း..ကြည့်လေ..မဂ္ဂဇင်းတစ်အုပ်ကောက်လှန်ရင်း..ဂမ္ဘီရ
ဆန်ဆန်အကြောင်းအရာများကိုပြောပြနေလေသည်။သူကတော့..စာသိပ်မဖတ်ဖြစ်သဖြင့်
မသိပါ။

“…………..သွားပြီ….။ကျောင်းဆင်းသွားပြီ၊ဒါဆိုငါးနာရီငါးမိနစ်ပေါ့…..”
သူ့ပါးစပ်မှ..လွှတ်ကနဲထွက်သွားသောဝါကျကိုကြားတော့..သူငယ်ချင်းက.. “ဘာဖြစ်တာလဲ..”.
.ဟုမေးသည်။
“ဝယ်သူကျတာပေါ့ကွာ..ဝယ်သူကျတော့..ဆိုင်မသိမ်းဖြစ်ဘူး၊ဆိုင်မသိမ်းဖြစ်တော့၊အိမ်ပြန်
နောက်ကျတာပေါ့၊အိမ်ပြန်နောက်ကျတော့…”
သူစကားအဆုံးလိုက်ရ၊သူငယ်ချင်းက..တဟားဟားထရယ်ကာ..
“အိမ်ပြန်နောက်ကျတော့..မိန်းမဆူတာပေါ့..ဟုတ်လား..”
..ဟုဆက်မေးသည်။ဒီတော့မှ..ကျွန်တော်မနေနိုင်တော့..။
“သားနေမကောင်းလို့ပါကွ..သားဖျားနေတာတစ်လရှိတော့မယ်..အဖျားကတက်လိုက်၊ကျ
လိုက်နဲ့..ဆရာဝန်နဲ့ပြတာလည်းမပျောက်ဘူး၊တက်တယ်ဆိုတာက.အများဆုံး၁၀၃လောက်
ကျရင်တော့..၉၉..၁၀၀လောက်မှန်နေတာပဲ..”
..ဟုသူငယ်ချင်းကိုပြောပြလိုက်သည်။

ဒီတော့မှသူငယ်ချင်းက..အလေးအနက်စဉ်းစားဟန်နှင့်ငြိမ်သွားတော့သည်။ခဏနေမှ..
“ပရောဂဆရာလေးဘာလေးပြကြည့်ပါလား”….တဲ့။
သူပြန်ဆဲမည်လုပ်ပြီးမှပါးစပ်ပိတ်ထားလိုက်ရသည်။ဝယ်သူတွေကျလာပြန်သည်လေ။က
လေးတွေက..စာအုပ်၊ခဲတံ၊ခဲဖျက်စသဖြင့်အလုပ်ရှုပ်နေကြသည်။သူကတော့..လိုတာထုတ်
ပေးရင်းမနက်က..မြတ်..ပြောလိုက်သောစကားတစ်ခွန်းကိုကြားယောင်နေမိသည်။
“ဗေဒင်သွားကြည့်မလို့..အကြားအမြင်ပေါ့..”…….တဲ့။
ကလေးများစုပြုံကျနေ၍သူငယ်ချင်းကပါကူရောင်းရသည်အထိ..ဆိုင်ကလည်းရောင်းလို့
ကောင်းနေပြန်သည်။ကလေးတွေရှင်းလုမှဆိုင်စသိမ်းဖြစ်တော့သည်။
“ဟေ့ကောင်..ငါအတည်ပြောနေတာနော်..မင်းတို့လို..သိပ္ပံသမား၊လက်တွေ့သမားလို့…..
ကြွေးကြော်ထားတဲ့ကောင်တွေ..ကိုပြောရတာခက်ပါတယ်။ဒီမှာ..ဟေ့ကောင်..လောကမှာ
မင်းမသိသေးတာတွေအများကြီးဆိုတာသိထားစမ်းပါ..”..ဟုကရုဏာဒေါသောနှင့်ပြောလေ
သည်။ထုံးစံအတိုင်းအေးစက်စက်ပြုံးစိစိလုပ်နေမိသည်။ဒါတွေကိုသူမှမယုံတာ၊မတတ်နိုင်
ဘူးလေ..။အဓိပ္ပာယ်မရှိ..ဟုပင်စိတ်ထဲကရေရွတ်လိုက်မိသေးသည်။

ဒီစကားလုံးကိုသူမနက်တည်းကရေရွတ်ခဲ့တာပါပဲ။အမေနှင့်မြတ်အကြားအမြင်သွားမေး
မည်ဆိုတုန်းကပေါ့..အမေကတော့ထားပါတော့။သူတို့ငယ်ငယ်ကတည်းက..ဗေဒင်ဆရာ
အကြားအမြင်ဆရာ..စုံအောင်မေး..ယတြာတွေစုံအောင်လုပ်တတ်သူဖြစ်သည်။ကိုယ်တိုင်
လုပ်မှဆိုရင်လည်း..သူတို့ကိုချော့မော့ခိုင်းတတ်သေးသည်။ညီအစ်ကိုနှစ်ယောက်တည်းရှိ
၍သာတော်တော့သည်။အမေသည်သားနှစ်ယောက်အတွက်ယတြာကိုမပြီးနိုင်အောင်လုပ်
တတ်သည်။

မကြာခဏလည်းဘုရားသွား၊စာကလေးလွှတ်၊ငါးလွှတ်နှင့်။တစ်ခါတော့သူကောင်းကောင်း
မှတ်မိသည်။ကိုယ်စားလွှတ်တယ်ဆိုလားဘာဆိုလား၊အရုပ်ကလေးကိုသူ့ပုဆိုးစ..အကျီ င်္စ
များပတ်ပေးကာ..မြစ်ထဲသွားမျှောဖူးတာ..။အဖေကတော့အမေလုပ်တာဆိုဘာမှမကန့်
ကွက်..။ထားပါတော့။ဒါကရှေးလူကြီးတွေမို့..ခက်တာက..လက်တွေ့ကျလှပါတယ်ဆိုသော
သူ့ဇနီးမြတ်ကပါ..ခု အမေနှင့်တစ်ပုံတည်းဖြစ်နေတာပါပဲ။မြတ်ကလည်းသူငယ်ချင်းပြောသ
လိုပင်.. “ရှင်ဘာသိလို့လဲ..လောကမှာရှင်မသိတာတွေအများကြီးပဲ”…တဲ့။ဒီနေ့တစ်နေ့ထဲ
မှာပင်သူသည်ဘာမှမသိသောသူနှစ်ကြိမ်ဖြစ်သွားခဲ့ရလေပြီ။

သူငယ်ချင်းကတော့သူ့အကြောင်းသိသူမို့..သူပြောချင်ရာကိုပြောပြီး..စကားလမ်းကြောင်း
လွှဲလိုက်တော့သည်။သူနှင့်အတူဆိုင်ကူသိမ်းပြီး…လမ်းတစ်ဝက်ခန့်ထိအတူလိုက်လာခဲ့
သည်။လမ်းမခွဲမီစကားတစ်ခွန်းပြောသွားခဲ့သေးသည်။
“မလုပ်လိုက်မိလို့ဆိုတာမရှိစေနဲ့..မင်းသားကံကောင်းမှာပါ..”…တဲ့။

(၂)
အိမ်ပြန်ရောက်တော့အိမ်ပေါက်ဝမှာဇနီးသည်ကဆီးကြိုနေသည်။မျက်နှာကိုအကဲခတ်ကာ
ကြည့်တော့..မနက်ကလောက်မဆိုးတော့..တစ်စုံတစ်ခုကိုဘဝင်ကျခဲ့သလို..။သူ့ကိုပဲတစ်ခု
ခုပြောစရာရှိသလိုနှင့်။သူ..မဝေခွဲတတ်။သို့သော်လည်းဘာမှမမေးဖြစ်တော့ပါ။သားကိုစမ်း
ကြည့်သည်။အဖျားကျနေဟန်။သိပ်မပူတော့..ဒါဆို..၉၉..၁၀၀ဆိုတာသူမတိုင်းပဲသိနေ၏။
သားကိုထားခဲ့ကာထမင်းဝင်စားဖြစ်သည်။ဒီတော့မှ..မြတ်ကစကားစတော့သည်။သူမတို့…
ဒီကနေ့အကြားအမြင်သွားမေးခဲ့သည့်အကြောင်း..ထိုဆရာမသည်မည်သို့တော်ကြောင်း…
ရှေ့ဖြစ်နောက်ဖြစ်များအလွန်မှန်ကြောင်း..ခုလည်းသူမတို့ကိုပြောလိုက်တာအရမ်းမှန်နေ
ကြောင်း..နိဒါန်းပျိုးသည်။

“သားအကြောင်းတောင်မပြောရသေးပါဘူး..ဆရာမကသားကျန်းမာရေးပုံမှန်မဟုတ်ဘူး
တဲ့..အဲဒါ..သားကိုပြုစားထားတာတဲ့မောင်..”
ကျွတ်..ကနဲမသံမထွက်အောင်သူ..မနည်းထိန်းလိုက်ရသည်။မြတ်၏မျက်နှာကအင်မတန်
စိတ်ထက်သန်နေသည်ကိုး။
“ဒီတော့မောင်ရယ်..တိုတိုပဲပြောရအောင်..ဆရာမကခေါစာပစ်ရမယ်တဲ့..”
“ဘာလဲဟ..ခေါစာ..”..ဟုပြန်မေးတော့..
“ဒါ..မောင့်အလုပ်မဟုတ်ပါဘူး၊မောင်လုပ်ရမှာကိုမြတ်ကပြောမှာပါ။ဒီမှာ..ဆရာမပြောတဲ့အ
တိုင်းမေမေနဲ့မြတ်ပြင်ပေးထားတဲ့ဗန်းကိုယူ..လမ်းထပ်ကမန်ကျည်းနှစ်ပင်ခွကြားကိုသွား
တက်တင်ရမယ်၊ဖယောင်းတိုင်တစ်တိုင်လည်းထွန်းခဲ့ရမယ်..အဲဒါက..ညဆယ့်နှစ်နာရီတိ
တိမှာနော်..ပြီးရင်ပြန်လာပြီး..မနက်လေးနာရီမှာအဲဒါကိုသွားပြန်ယူပြီး..မြစ်ထဲမျှောရမယ်
တဲ့..”
မြတ်စကားဆုံးတော့..သူဘုရားတလိုက်မိသည်။တကယ်ပါ။သိပ္ပံကျောင်းသားပီပီဘာကိုမှ
မယုံသော်လည်း၊ဘာကိုမှမကြောက်တတ်သည့်ထဲတော့သူမပါခဲ့။ငယ်စဉ်ကတည်းကခုထိ၊
ညဥ့်နက်အောင်အပြင်ထွက်မလည်ဖူးခဲ့။ပြီးတော့..မြတ်ပြောသည့်အပင်၏ရာဇဝင်နှင့်..မြစ်
ဖြတ်လမ်း၏ဒဏ္ဍာရီတို့ကိုလည်းသူမယုံတယုံနှင့်..ယုံချင်မိလာသည်။ဘယ်သူမှဖြတ်သွား
လေ့မရှိသောမြစ်ဖြတ်လမ်းနှင့်ဝိညာဉ်များပေါင်းစုသည်ဟုနာမည်ကြီးသော..သစ်ပင်တစ်
ပင်..။ငယ်စဉ်တည်းကကြားနာခဲ့ရသောပုံပြင်များသာဖြစ်သည်ဟု..သူမယုံကြည်ချင်တော့။
ခုချိန်မှာ..သူ့ကို..မင်းကြောက်လား..ဟုမေးလာလျှင်တောင်ဝန်ခံမိမည်လားမသိ။
“ဒါ..ဒါ..မလုပ်လို့မရဘူးလား..မြတ်ရယ်..”
ထစ်ငေါ့တုန်ခါစွာ(ယောကျာ်းမပီသဘူးဆိုဆို..)ပြောလိုက်တော့..မြတ်မျက်နှာကချက်ချင်း
ညှိုးကျသွားတော့သည်။မျက်ရည်များပင်လည်လာကာ..
“လာမလာကို..စုန်းမက..အပင်ပေါ်ကနေကြည့်နေမှာတဲ့..”
ကြက်သီးပင်ထသွားသလို..။
“မောင်..သားလေးကိုမချစ်ဘူးလား..မကယ်နိုင်တော့ဘူးလား..”…တဲ့။
မြတ်အသံကသူ့ကိုထပ်မံတုန်လှုပ်စေသည်။ပထမအကြိမ်ကနှင့်တော့..ခံစားချက်မတူတော့
ပါ။သားလေးကိုမချစ်မကယ်တော့ဘူးလားဆိုသည့်စကားစုကသူ့ကိုအကြိမ်ကြိမ်တုန်ခါစေ
တော့သည်။

“မြတ်လည်း..အစကဒါတွေမယုံခဲ့ပါဘူးမောင်၊ဒါပေမယ့်..သားနဲ့ပတ်သက်လာရင်တော့….
မျှော်လင့်ချက်ဆိုတာရှိတယ်..သားအတွက်ဆိုအရာရာကိုယုံမှာပဲ၊လုပ်မိမှာပဲ..အဲဒါဘာ
ကြောင့်လဲသိလားမောင်..မြတ်က..သားအမေလေ..မောင်ကလည်းသားရဲ့အဖေပဲ”..တဲ့။
ထပ်ဆင့်စကားသံနှင့်သား၏မျက်နှာကိုသူမြင်ယောင်လာတော့မြတ်ကိုချေပချင်သည့်
စကားလုံးများပင်ပျောက်ဆုံးကုန်သည်။

ဟုတ်တာပဲ။သားအတွက်..သူဘာလုပ်ရမည်နည်း။တွေးကြည့်ပါဦး။စုန်းမထိုင်နေမည်ဆို
သော..နာမည်ကြီးသစ်ပင်ကြီးဆီ..ညဆယ့်နှစ်နာရီ..ဘယ်သူမှဖြတ်သန်းသွားလာဖို့မရဲ
သော..မြို့ကလေးရဲ့သုဿန်နှင့်ရင်ခွဲရုံရှိရာမြစ်ဖြတ်လမ်း၊..ဖျန်းကနဲ..ကြက်သီးမွေးညင်း
များပင်ထလာသည်။သို့သော်..သားအတွက်တဲ့..မယုံလို့မလုပ်ဘူးပဲထားဦး..တစ်ခုခုဖြစ်
သွားရင်..မလုပ်လိုက်မိလို့ဟူသောနောင်တကလာရောက်ရိုက်ခတ်ဥိးမည်။ဘာပဲဖြစ်ဖြစ်
သားသည်သူတို့၏အသက်ပင်မဟုတ်ပါလား။

(၃)
နာရီလက်တံကသူ့ကိုခြောက်လှန့်နေသည်။ဒီအတွက်ရဲဆေးသို့မဟုတ်ဖြေဆေးကတော့
ကုတင်ပေါ်ဝယ်အဖျားတက်ကာညည်းညူနေသော၊ယခင်ခန္ဓာကိုယ်၏တစ်ဝက်ပင်မကျန်
တော့သော..သားငယ်ပင်ဖြစ်သည်။သား၏မျက်နှာသည်သူ့ကိုတအားတက်စေလေသည်။
သည်သားလေးတစ်ခုခုဖြစ်သွားရင်ဟူသောအတွေးကိုရဲရဲဝံ့ဝံ့ပင်မတွေးဝံ့ချေ။အမေရော၊
သူရော၊မြတ်ရော..ညဆယ့်နှစ်နာရီထိုးရန်စောင့်ဆိုင်းနေကြသည်။

သူ..အမေ့ကိုကြည့်လိုက်မိသည်။တစ်ချိန်က..အမေလည်းသူနှင့်ကိုကိုအတွက်..သည်နည်း
နှင်နှင်ပင်မပူခဲ့ရဘူးလို့ဘယ်သူပြောနိုင်မည်လဲ။အရာရာကိုအမေနှင့်အဖေရင်ဆိုင်ခဲ့ကြပေ
မည်။တစ်ချိန်က..အမေ့လုပ်ရပ်များကိုရယ်မောခဲ့ဖူးသောသူ..လွန်ခဲ့သောခြောက်နာရီခန့်
ထိ..ဘူး..ငြင်းဆိုခဲ့သောသူ..။ခုချိန်မှာတော့သားအတွက်..အပူအပင်တွေရင်မှာအပြည့်နှင့်
သူလုပ်ရတော့မည်။ဒီအချိန်မှာ၊ယုံကြည်မှု၊မယုံကြည်မှုနှင့်ကြောက်စိတ်တွေတိုက်ပွဲဆင်နွှဲ
နေတုန်းအချိန်မဟုတ်တော့။အရေးကြီးတာက..သားပဲမဟုတ်လား။သူ..အမေ့ကိုစိတ်ထဲမှ
ကန်တော့လိုက်သည်။အမေက..သူ့ကိုအားပေးပြုံး..ပြုံးပြကာ..
“သားအတွက်..အမေဆုတောင်းပေးနေမှာပါ..”..တဲ့။

ဆယ့်နှစ်နာရီတိတိမှာသူဘယ်လိုမန်ကျည်းပင်ခွကြားကိုရောက်သွားသည်မသိတော့။ဗန်း
ကိုတင်၊ဖယောင်းတိုင်ကိုအတုန်အရီကင်းစွာထွန်းပြီးသုတ်ခြေတင်ပြန်ပြေးခဲ့တော့သည်..။
ဆောင်းညပင်..ဖြစ်လင့်ကစား..သူချွေးများရွှဲနစ်နေသည်။သူတို့(၃)ယောက်လုံးမနက်လေး
နာရီထိစောင့်ကြပြန်သည်။ဒီတစ်ကြိမ်မှာတော့သူလည်း..ရတတ်သမျှဘုရားစာတွေကိုစိတ်
ထဲမှရွတ်ဆိုနေမိတော့သည်။

ဘယ်လူးညာလိမ့်နှင့်လေးနာရီထိုးခါနီးမှာသူထွက်ရပြန်သည်။ဆောင်းလေက..စိမ့်ကနဲ။လ
သာနေပုံကလည်းချောက်ချားစရာ၊တစ်စစကွဲအက်ပြိုဆင်းသွားသောအမှောင်ထုကလည်း
အပြိုပြိုအလဲလဲ။လူသွားလမ်းခပ်မှုန်မှုန်တွင်သုတ်ခြေတင်ပြေးလွှားနေသူဟူ၍…သူ..တစ်
ယောက်တည်းသာရှိသည်။သုဿန်အစပ်တွေ၊ရင်ခွဲရုံဖက်ဖြာဆင်းသွားသည့်လမ်းတွေကို
ပင်သူသတိမပြုမိတော့။သူသွားလာရာလမ်းတစ်လျှောက်တွင်..သား၏မျက်နှာကိုသာမြင်
နေတော့သည်။မနက်..လေးနာရီသုံးဆယ်အိမ်ပြန်ရောက်တော့သူ့ကို..မြတ်နှင့်အမေကခြံ
ဝထိထွက်ကြိုနေကြသည်။သူကတော့အားလုံးကိုဖြတ်ကျော်ကာသားဆီအပြေးသွားမိသည်
သားကအိပ်မောကျလျက်။နဖူးကိုအသာစမ်းကြည့်လိုက်တော့ခါတိုင်းထက်ပိုသောအေးမြမှု
ကိုခံစားရသလို၊သက်ပြင်းရှည်နှင့်အတူသားကိုသူငုံ့နမ်းလိုက်တာကိုနောက်က..အမေမြင်
မှာပါပဲ။

(၄)
ဆိုင်ကလေးထဲမှာထိုင်ရင်း၊သူငယ်ချင်းလာတတ်သည့်လမ်းကိုမျှော်ကြည့်နေမိသည်။.သူ
ငယ်ချင်းလာလျင်တော့သူ့မှာပြောစရာတွေအများကြီးရှိနေတာပြောရမည်.သူပြောချင်တာ
ကယုံကြည်မှု၊မယုံကြည်မှုတွေ၊ကြောက်စိတ်တွေမပါဝင်ပါ။သူ့ကိုတွန်းအားပေးလိုက်သော
တစ်စုံတစ်ရာသည်မည်သည့်အရလဲဆိုတာကိုသူအတိအကျပြောပြချင်နေမိခြင်းပင်..။

မနော်ဟရီ


အိမ်ပြေး

Thursday, April 16, 2009

ခုတလော..စိတ်တွေကအတော့်ကိုပင်ပမ်းလေးလံလွန်းတယ်။ကံကြမ္မာရဲ့အသွားအလာကျ
ပြန်တော့လည်း..ကျန်းမာရေးကအစ..ဓားကိုးလက်ကဒ်ကျလိုကျလို့..။တားရော့ကဒ်တွေကို
တော့အားလုံးသိကြမယ်ထင်ပါတယ်။ကံကြမ္မာကိုမယုံလို့မရအောင်ကျွန်မကိုလမ်းညွှန်ပြခဲ့
တတ်တဲ့ကဒ်ကလေးတွေပါ။
လူတစ်ယောက်မှာအားနည်းချက်တစ်မျိုးစီရှိတယ်ဆိုရင်..ကျွန်မရဲ့အားနည်းချက်ကသူတစ်
ပါးကို..အလေးဂရုထားတတ်၊အားနာတတ်၊သူတစ်ပါးထိခိုက်မှာကိုစိုးတတ်တဲ့စိတ်ကလေး
ပါပဲ..။အဲဒီစိတ်နဲ့ပဲ..သူများတွေက..သူတို့ကိုယ်တိုင်ကျူးလွန်ထားတဲ့အပြစ်တွေကိုသူတို့မပါ
သယောင်လုပ်ပြီး..ဥိးအောင်ဆော်ဆော်သွားတတ်တာကိုခံရတာပါ။
အမှန်တကယ်ဆိုရင်..ကျွန်မမှာ..လူတစ်ဖက်သားဘယ်လောက်မကောင်းနေမကောင်းနေ
အကောင်းဖက်ကနေကြည့်ပေးတတ်တဲ့.လက်ခံအားပေးတတ်တဲ့စိတ်ကလေးကဘုရားပေး
ထားလို့ရှိနေခဲ့တယ်။ဒါပေမယ့်..ကျွန်မနဲ့ပတ်သက်တဲ့သူတော်တော်များများကတော့အဲဒီ
စိတ်ကိုခုတုံးလုပ်လို့..ကျွန်မကိုတိုက်ခိုက်တတ်ကြတယ်။ကျွန်မကံတရားကိုက..အဲလိုခံရဖို့
ကျိန်စာတွေနဲ့များလားမှမသိတာလို့တွေးမိတိုင်းကျွန်မ..မတုံ့ပြန်တတ်ခဲ့ပါဘူး။အဲဒီအတွက်
ကျွန်မနာကျင်ခဲ့ရမှုတွေကသိပ်များပါတယ်။
အမြဲတမ်းနာကျင်နေတတ်တဲ့စိတ်တွေကဘယ်လိုပျော်ရွှင်မှုတွေသက်ဝင်တဲ့အနုပညာမျိုး
ကိုဖန်တီးနိုင်မှာတဲ့လဲ။ကော်မာရှယ်ဆိုတဲ့အရာတွေမှာတောင်..တစ်ခါတစ်လေရောပါသွား
တတ်သေးတယ်။
ခု..ဝတ္ထုတိုလေးကလည်းအက်ဆေးတော့ဆန်ပါတယ်။ကျွန်မ..၂၀၀၄အစပိုင်းမှာရေးခဲ့တာ
ပါ။ထပ်ပြောရရင်..အဲဒီအချိန်ဟာ..ကျွန်မအတွက်..မုန်တိုင်းတွေအမျိုးမျိုးကြုံနေရတဲ့အချိန်
ပေါ့..။ဒါပေမယ့်..ကျွန်မကိုတည့်မတ်အောင်ဘုရားသခင်ကထိန်းမတ်ပေးခဲ့တယ်။ဘေးနား
မှာလည်းသိပ်ချစ်စရာကောင်းတဲ့ညီအစ်ကိုမောင်နှမတွေမိတ်ဆွေတွေ..သားသမီးတွေကို
ပေးထားခဲ့သေးတယ်။ကျွန်မတို့အတူနာကျင်ခဲ့ဖူးတယ်။အဲဒီနာကျင်မှုတွေကိုတင်းခံပြီး…
စာမေးပွဲပေါင်းများစွာကိုအတူကျော်ဖြတ်ခဲ့ဖူးတယ်။အဲဒီအချိန်နဲ့တူတဲ့အချိန်တစ်ချိန်ကိုပြပါ
ဆိုရင်..ခုချိန်ပါပဲ။ကျွန်မ..ကျိန်စာသင့်နေ့ရက်တွေကိုထပ်ကြုံနေရပြီ။ဒီတစ်ခါတော့ကျွန်မ
နားမှာသားကလေးကလွဲရင်ဘယ်သူမှရှိမနေတော့ဘူး။ဒါဟာလည်း..ခံနိုင်ရည်တစ်ထစ်
တိုးဖို့ဘုရားသခင်က..ပြင်ဆင်ပေးတာလို့ပဲခံယူရတော့မယ်ထင်ပါရဲ့။
ကျွန်မကိုနည်းမျိုးစုံနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင်၊လုပ်ဇာတ်ပေါင်းမြောက်များစွာနဲ့
ပြင်ဆင်တိုက်ခိုက်သူတွေအားလုံး..ဒီနှစ်သစ်ကူးအခါသမယမှာချမ်းသာကိုယ်စိတ်မြဲပါစေ
လို့ဆုတောင်းပေးရုံးကလွဲလို့..ဘာတတ်နိုင်ဦးမှာလဲ။လောကပါလတရားဆိုတာ..တကယ်
ရှိတယ်လို့..ကျွန်မယုံပါတယ်။

အိမ်ပြေး
လောကမှာ…ဘယ်သူမဆို..သပ်ရပ်နွေးထွေးတဲ့အိမ်ကလေးတစ်လုံးတော့ပိုင်ဆိုင်ချင်ကြ
မှာပဲ။အိမ်ကလေးရေ…မင်းကိုငါ..ပိုင်ဆိုင်ခွင့်ရခဲ့ဖူးပါတယ်။ဒါပေမယ့်ကိုယ်ကကံမကောင်း
ခဲ့ပါဘူးအိမ်ကလေးရယ်။ကိုယ်ဟာချစ်သူတွေနဲ့ဝေးဝေးနေရမယ့်ကျိန်စာနဲ့လူတစ်ယောက်
ထင်ပါရဲ့။ကိုယ်အိမ်ကလေးနဲ့ဝေးရာမှာပဲရေကုန်ရေခမ်းနေနေရတယ်။

အိမ်ကလေးရေ…မင်းကို..ကိုယ်..စိတ်ကြိုက်ပြုစုပျိုးထောင်ပေးခဲ့ဖူးပါတယ်။ခုခါကျမှ……
မင်းဟာကိုယ့်ရဲ့အမှားတစ်ခုအတွက်နဲ့မင်းကိုရေလောင်းပေါင်းသင်မပေးနိုင်တဲ့သူလက်ထဲ
ရက်ရက်စက်စက်ထားခဲ့ရတာ..ကိုယ်ဘယ်လိုမှစိတ်မကောင်းနိုင်တော့ပါဘူး။နာတာရှည်အ
လွမ်းတွေနဲ့…ထုံးစံအတိုင်းကိုယ်ဟာ..ဘုံးဘုံးလဲကျဆုံးလို့ပေါ့။

တစ်ချိန်တစ်ခါကတော့မင်းရင်ခွင်ထဲမှာကိုယ်လည်းပျော်ခဲ့ဖူးတာပဲ။မင်းက..ကိုယ်တို့ကိုဝါ
တာတာနဲ့နွေးနွေးထွေးထွေးငုံ့ကြည့်နေတတ်ခဲ့တယ်။မင်းရဲ့အဝါရောင်အကြည့်တွေရယ်၊
ကိုယ့်ရဲ့မျက်ခင်းစိမ်းစိမ်းတွေရယ်ပေါင်းလိုက်တော့ကိုယ်တို့မိသားစုလေးရဲ့..နားခိုရာ…ဆို
တာလေးဖြစ်ခဲ့တာပေါ့။

မိုးစက်မိုးပေါက်ကြမ်းကြမ်းတွေကိုခေါင်ငုံ့ကာကွယ်ပေးတတ်တဲ့၊အေးစိမ့်စူးရဲတဲ့..ဆောင်း
လက်သည်းတွေကနေခုခံတားဆီးပေးတတ်တဲ့၊နေတစ်ရာလိုပူပြင်းတဲ့နွေရဲ့မီးတောက်တွေ
ကနေဖယ်ခွာပေးတတ်တဲ့မင်းရင်ခွင်လေးကိုကိုယ်လွမ်းလှပါပြီ။ခုနေမှာတော့..ကိုယ်ဟာ…
အမိုးအကာမဲ့ခိုက်ခိုက်တုန်အားတင်းလို့ပေါ့။

အိမ်ကလေးရယ်..ကိုယ့်ရဲ့ကံကြမ္မာကိုဘယ်သူကများရေးချယ်ခဲ့တာပါလဲ။စိတ္တဇဆန်စွာညံ့
ဖျင်းလွန်းလှချည့်။ကိုယ့်ကံကြမ္မာကိုဝေဝေဝါးဝါးဖတ်ကြည့်ရင်း..သက်ပြင်းတွေချချနေရတာ
တကယ်တော့..လူညံ့တစ်ယောက်ရဲ့မစွမ်းဆောင်နိုင်မှုတစ်ခုပဲပေါ့။

မင်း..ဘယ်နေရာမှာရှိနေမလဲ..ကိုယ်သိနေလျက်က..ကိုယ်ဘယ်နေရာမှာရှိနေမလဲ..မင်း
သိနေလျက်က..ကိုယ်တို့ဆုံခွင့်ကျဲပါးနေခဲ့ကြတယ်။

အိမ်ပြန်ချင်တယ်ကွယ်။

ဒါဟာအိမ်ပြေးတစ်ယောက်ရဲ့ဆန္ဒဆိုရင်..အိမ်ခေါင်မိုးတံစက်မြိတ်ကကျလာတဲ့မိုးရည်စက်
တွေနဲ့အတူမင်းငိုနေမလားအိမ်ကလေးရေ…။မင်းရင်ထဲမှာအမြဲတမ်းတိုက်ခိုက်နေတတ်တဲ့
သွေးဆိုးမုန်တိုင်းတစ်စင်းကိုရော..မင်းခံနိုင်ရည်ရှိသေးရဲ့လား။

ဒါတွေဟာ..တကယ်တော့..ကိုယ့်ရဲ့အမှားတွေပါ။အမှားတွေကိုအမှားမှန်းမသိလောက်
အောင်ညံ့ဖျင်းခဲ့မိလို့လည်းကိုယ်ဟာ..အိမ်ကလေးနဲ့ဝေးရာရောက်ခဲ့ရတာပေါ့။တကယ်ဆို
ကိုယ့်ကို..မှော်ဆရာတစ်ယောက်ရဲ့မီးခိုးလုံးတွေကလှည့်စားသွားခဲ့တာပါ။တံလျပ်ကို..ရေ
ထင်ထင်တယ်ဆိုတဲ့စကားလုံးက..ရိုးစင်းလွန်းပါတယ်ကွယ်။ကိုယ်က..ကံကြမ္မာကိုမယုံပါပဲ
နဲ့ကို..အတ္တပင်လယ်ထဲရောက်ခဲ့ရတာ..။သတိရလို့လှည့်ကြည့်မိတော့..ကိုယ့်လှေကလေး
ကကယ်သူမဲ့လို့…။

ဘယ်သူမပြုမိမိမှုပါပဲ..အိမ်ကလေးရေ..။အိမ်ပြေးတစ်ယောက်ရဲ့ရင်ထဲကရက်စွဲအကျိုးအ
ပြတ်တွေကို..ဘယ်ပြက္ခဒိန်ကမှသိလိုက်မှာမဟုတ်ပါဘူး။ငယ်ငယ်ကဘာရယ်မဟုတ်ပဲဆို
ညည်းခဲ့ဖူးတဲ့…အိမ်ပြန်ချင်တယ်အလွမ်း..ဆိုတဲ့သီချင်းလေးကိုခုတော့လည်း..နာနာကျင်
ကျင်ဆိုနေဖြစ်ခဲ့ပြီ။သိဟ်ရာသီရဲ့နက္ခတ်ဟာ..ခြင်္သေ့ရိုင်းတစ်ကောင်များလား။

နေ့ခင်းအိပ်မက်ထဲမှာအိမ်ပြန်ဖြစ်တဲ့နေ့တွေဆို..ကိုယ့်မျက်ဝန်းမှာမျက်ရည်တွေမှုန်မှိုင်းအုံ့
ခိုလို့။တလက်လက်နဲ့မှုန်ဝါးသွားတဲ့ကိုယ့်အနာဂါတ်ဟာ..စကားလုံးတွေ…သိပ်မပီပြင်ချင်
တော့ဘူး။ထွက်ပြေးပြီးရင်း..ထွက်ပြေးရင်းနဲ့….ခရီးမပေါက်နိုင်သေးတဲ့ခြေထောက်တွေကို
လည်း..ကိုယ်အပြစ်မတင်ချင်ပါဘူး။ရှည်လျားပြီးရင်းရှည်လျားလာတဲ့..လမ်းမတွေကိုပဲ…
သိမှတ်မှုမဲ့စွာငေးကြည့်နေမိတော့တယ်။

အိမ်ပြန်ချင်တယ်။

နေမျိုး..ရဲ့..သဘောင်္ကြီးတွေလို..ကမ္ဘာပတ်ရွက်လွှင့်နေရင်းကကို…အိမ်ပြန်ချင်လာတယ်။
ကမ်းကပ်ခွင့်ကံကြမ္မာ..ကိုယ့်အနာဂါတ်မှာပါသေးရဲ့လား..အိမ်ကလေးရေ။

လွမ်းတယ်ကွယ်။

နွေးထွေးမှုနဲ့..မှားယွင်းခဲ့တဲ့ဆင်ခြင်တုံတရားမဲ့ခဲ့မှုကို။အိမ်ကလေးရဲ့ရင်ခွင်လေးလေးနက်
နက်ကို..။နှလုံးသားထဲစိမ့်ဝင်အေးမြစေတဲ့..မေမေ့စကားလုံးဖြူဖြူတွေကို..သိုးမည်းတစ်
ကောင်လိုထင်ရာစိုင်းတဲ့ကိုယ့်ရင်ထဲမှာလည်း..ဘယ်သူမှမမြင်မသိနိုင်တဲ့..အရှိတရားတွေ
နဲ့ပါ။

ကြည့်စမ်း။

သတိရခြင်း..တွေကကိုယ့်အပေါ်လေးလံစွာပိကျနေလိုက်တာ။အလွမ်းတွေနဲ့တနင့်တမော
ငေးနေမိတဲ့အာရုံမှာ..အိမ်ကလေးရှိနေတယ်။လမ်းရှိလျက်နဲ့ပြန်ခွင့်မရတဲ့နေ့ရက်တွေ..အ
တွက်၊ကိုယ့်ကိုပဲ..နာကျည်းလိုက်ပါတော့အိမ်ကလေးရေ…။

အိမ်ကလေးရေ…
ကိုယ့်ရဲ့ဘယ်ဘက်ရင်အုံကစူးစူးရှရှနာကျင်လာတယ်။ဝိဘစ္ဆရာသီတစ္ဆေကြောင့်ထင်ပါရဲ့။
သမားတော်တွေရဲ့ဘယ်ဆေးစွမ်းကောင်းနဲ့မှ..ကိုယ့်ရဲ့ကံကြမ္မာကိုပြန်လည်တည့်မတ်ပေးနိုင်မှာမဟုတ်ပါဘူး။ကျိန်စာတွေပျက်ပျယ်လို့..လွတ်မြောက်ခွင့်ရချင်လှပါပြီ။ကိုယ်..အိမ်ပြန်
ချင်လှပြီလေ။အလွမ်းနင့်နင့်သီးသီးတွေနဲ့..အဝေးကြီးကိုထွက်ထွက်ပြေးနေရတာ..ပျော်လို့
မှမဟုတ်ပဲ။မုန်တိုင်းနီနီတွေအမြဲတမ်းတိုက်ခတ်နေတတ်တဲ့ကိုယ့်ကံကြမ္မာကိုယ်..ဘယ်လို
မှဆောက်တည်နိုင်စွမ်းမရှိတော့လို့ပါ။

ခြေထောက်တွေနှေးကွေးလေးလံ..အမိန့်ကိုမနာခံချင်ကြတော့ဘူး။နောက်ကြောင်းကို…
ဘယ်တော့မှပြန်လှည့်မကြည့်တတ်ချင်တဲ့သူက..ခုမှ..အလွမ်းတွေရဲ့ပဲ့ကိုင်ရာကို….နာခံ
ကြည့်နေချင်တယ်။

လောကမှာ..ဖြေရှင်းလို့မရတဲ့ပြဿနာတွေ..ဒီလောက်များသလား။
လှည့်စားခံရတဲ့ဒါဏ်ရာဒါဏ်ချက်တွေက..ဒီလောက်နာကျင်သလား။
အမှားတွေကဒီလောက်တောင်ပဲ..အုံနဲ့ကျင်းနဲ့နီမောင်းနေတတ်သလား။

ဆောက်ချက်မှားသွားတဲ့ပန်းပုဆရာတစ်ယောက်လို..အနာဂတ်ကိုပဲနာနာကျင်ကျင်ဖဲ့ထုတ်
ပြုပြင်လိုက်ရတော့မယ်ထင်ပါရဲ့။အိမ်ကလေးရေ..မတရားသောလမ်းတွေအတွက်..စီရင်
ချက်ဆိုတာမရှိတော့ဘူးတဲ့လား။ကံကြမ္မာရဲ့အမှတ်အသားတွေက..တကယ်ဆိုတိကျသင့်
ခဲ့ပါတယ်။

ဘုရားသခင်။
ကျေးဇူးပြုပြီး..အချိန်တွေကိုပြောင်းလဲပစ်ပေးလိုက်ပါ။
နှင်းစက်နှင်းငွေ့တွေနဲ့ဆွတ်ဆွတ်မှောင်ပေးလိုက်ပါ။
တစ်လောကလုံကိုအိပ်မွေ့ချ..ကိုယ်..ခဏတော့အိမ်ပြန်ခွင့်ရချင်ပါသေးတယ်။
မနော်ဟရီ
၂၀၀၄


မြစ်ကျဉ်း

Sunday, April 12, 2009

မြစ်ကျဉ်း


စားပွဲခုံတွေက ...
သီချင်းမဆိုတတ်ကြဘူး
တိတ်ဆိတ်စွာ တောင့်တင်းနေကြ။

နံရံထက်ကပန်းချီကားများ
ဆွံ့အသွားခဲ့ကြပေါ့

ပြေးလွှားဆော့ကစားနေတဲ့ကလေးငယ်များ
အိပ်မောကျနေ...

ကျေးငှက်တွေ
နယ်နှင်ဒဏ်ခံရတဲ့တစ်နေ့ ... ။

အဲဒီတစ်နေ့
ခြောက်သွေ့လိုက်ပုံများပြောပါတယ် ...
ငါ့မျက်ဝန်းညိုမှာ
မြူတွေတောင်ဝန်းခိုလို့ ... ။


မနော်ဟရီ
၁၆.၀၅.၁၉၉၆


ချစ်ခြင်း၏အမှန်တရား

Thursday, April 9, 2009

လောကမှာ..ကျွန်မစိတ်အညစ်ဆုံးအရာတွေထဲကနှစ်ခုလောက်ပြပါဆိုရင်..ကျွန်မကို….
အချစ်ဝတ္ထုလေးလိုချင်လို့..တို့..သင်္ကြန်စာမူလေးပေးပါ..တို့ ဆိုတာပါပဲ..။ဘယ်လိုပဲပြော
ပြောမရတဲ့သူတစ်ယောက်ကိုပြပါဆိုရင်..လူပန့်ငယ်..ကိုပဲပြရပါမယ်။ကျွန်မတွေ့ဖူးသမျှ
ကတော့..အယ်ဒီတာတွေဟာ..လူတွေ့တာနဲ့စာမူတောင်းတတ်ပါတယ်။ဒါပေမယ့်…..
ကျွန်မသူငယ်ချင်း..လူပန့်ငယ်လောက်တော့ဘယ်သူမှမတော်ဘူးလို့..ထင်ပါတယ်။
ဘာလို့လဲဆိုတော့..ကျွန်မရေးရာမှာအမြဲလက်တွန့်ပြီးအော်ထုတ်တတ်တဲ့စာမူမျိုးကို…
သူပဲရအောင်တောင်းတတ်လို့ပါ။
သူငယ်ချင်းရယ်..ကိုယ့်ဘဝကတော့လေ..မင်းစာမူလေးမှမရရင်..ဘဝတော့ပျက်ပါပြီ…ဆို
တာမျိုးတွေနဲ့ကိုတောင်းတာပါ။ဒီတော့..ဘဝမှာသိပ်ပြီးရေးလေ့မရှိတဲ့စာမူမျိုးကို..သူ့ဂျီကျ
မှုကိုသည်းမခံနိုင်တာနဲ့ပဲရေးဖြစ်သွားခဲ့ပါတယ်။မှတ်မှတ်ရရ..ကျွန်မရဲ့..ပထမဆုံးအချစ်..
ဝတ္ထုတိုလည်းဖြစ်ပါတယ်။


ချစ်ခြင်း၏အမှန်တရား

ဟိုးဝေးဝေးက..အဖြူရောင်တွေကျွန်မကမ္ဘာထဲမှာ..မျောလွင့်ရစ်ခွေလို့..စီးဆင်းနေကြရဲ့။
ကျွန်မက..အဖြူရောင်တွေကိုငေးမောကြည့်ရတာကိုနှစ်သက်တယ်။အဲဒီအဖြူရောင်တွေ
ထဲမှာ..ကိုယ်တိုင်နစ်ဝင်ပျော်ဆင်းသွားရင်းကပဲ..အဖြူရောင်ရဲ့..အစွန်းအထင်းမခံနိုင်မှုအ
တွက်..ကျွန်မမှ..စိတ်တွေပင်ပမ်းလေးလံလို့။
ဒါပေမယ့်..ကောင်းကင်တစ်ခုရဲ့အနောက်တောင်ထောင့်က..ပြာလွင်ကြည်လဲ့တဲ့….တိမ်
တိုက်တစ်စ..ကျွန်မ…ဝင်လာဖို့လက်ခံလိုက်မိတာဟာဘာကြောင့်များလဲ….။ချစ်ခြင်းရဲ့..
ပဉ္စလက်ဆိုတာ..ဒါကိုခေါ်တာလားချစ်သူ..။

ချစ်ခြင်းတရား..ဟာ…တကယ်တော့..နတ်သမီးပုံပြင်တစ်ပုဒ်လိုပါပဲ။ယုံကြည်ဖို့ခက်ခဲတဲ့..
နားရည်ဝ..ပန်းချီကားချပ်တွေနဲ့ခပ်ဆင်ဆင်တူနေတတ်တယ်။အသိဝင်လာတဲ့အချိန်မှာ..
ကျွန်မကဆူးစူးနေခဲ့ပြီးပြီ..။သွေးစက်သွေးပေါက်တွေက..နှင်းဆီသွေးရောင်လက်ဖြာလို့..။
အထိတ်တလန့်..စုတ်ယူလိုက်တဲ့အခါမှာ..သွေးစက်တွေရဲ့ချိုမြိန်မှုက..ခြောက်ခြားစရာ..
ကောင်းနေခဲ့ပြန်တယ်။
ခုလည်း………ဒီလိုပါပဲချစ်သူ…။
နတ်သမီးပုံပြင်လေးတစ်ပုဒ်ကို..တအံ့တသြငေးမောနားဆင်မိနေရင်းကပဲ..ချစ်ခြင်း…ကို
ကျွန်မတွေ့ရှိခဲ့ရတယ်။ရင်ခွင်ထဲမှာ..လက်ဖြာနေတဲ့..ရွှေစင်အမှုန်အမွှားတွေကတော့…
အိပ်မက်သိပ်ဆန်နေသလိုပါပဲ။ဒါပေမယ့်…အဲဒီရက်စွဲတွေကိုပြောင်းလဲပစ်လိုက်ဖို့..ကျွန်မ
မှာ..အားအင်တွေကုန်ခမ်းနေခဲ့ပြန်ပါတယ်။

ကံတရား…..ဆိုတာကိုယုံသလားချစ်သူ။
လက်တွေ့ဘဝမှာရေလိုက်လွဲစွာ..ရှိုက်ငိုသွေဖယ်ခဲ့ရတဲ့ရွှေစင်အမှုန်အမွှားတွေက..ကျွန်မ
ရှေ့မှာ..လက်ဖြာလို့..။ဘယ်တုန်းကမှမျှော်လင့်မထားခဲ့ဖူးတဲ့..ဒဏ္ဍာရီတွေ..တကယ်ဖြစ်
တည်လာခဲ့တာလေလား..။ကံတရားက..အကျီစားသန်လွန်းပါတယ်။
နံနက်ခင်း..မိုးလည်းသောက်ရော..ကျွန်မမှာ..လမ်းတွေပျောက်ကျန်ခဲ့ပါလေရော..မဆုံနိုင်
တဲ့..လမ်းတွေကိုဝေဝါးစွာငေးကြည့်ရင်း….ကျွန်မရဲ့မိုးစက်တွေ…..အဖြူရောင်ကောင်းကင်
လေးမှာရိပ်ခိုအုံ့ဆိုင်းလာခဲ့တယ်။

ချစ်သူရယ်..နောက်ဘဝဆိုတာ..တကယ်ရော..ရှိလို့လားကွယ်။
ဆုတောင်းတွေ၊ကျိမ်စာတွေ..သံသရာတွေ၊ဝဋ်ကြွေးတွေ..ကံတရားကိုရှောင်လွှဲဖို့အတွက်..
ကျွန်မ..ဘဝအသစ်တစ်ခုမလိုချင်ခဲ့ပေမယ့်..နောက်ကျမှနားဆင်ခွင့်ရတဲ့နတ်သမီးပုံပြင်
လေးတစ်ပုဒ်..ရင်နင့်ခံစားနားဆင်ဖို့အတွက်တော့..ကျွန်မဘဝသစ်တစ်ခုလိုချင်ခဲ့ပါတယ်။
ဖန်တရာထေနေတဲ့..စကားလုံးအဟောင်းအမြင်းကိုကျွန်မပြန်အသုံးမပြုလိုတော့ဘူးချစ်သူ
ကံကြမ္မာက..ကျွန်မအပေါ်..မတရားခဲ့တာတော့သေချာပါတယ်။

မဖြစ်နိုင်ခြင်း..ဆိုတဲ့ဝေါဟာရမပါတဲ့..နပိုလီယန်ရဲ့အဘိဓါန်ကိုကျွန်မလိုချင်တယ်။ပြက္ခဒိန်
တွေကိုစေစားပိုင်ခွင့်ရှိတဲ့..Zeus..နတ်မင်းကြီးဆီက..အခွင့်အရေးတစ်ခုကျွန်မတောင်းချင်
တယ်။ကုသိုလ်နဲ့အကုသိုလ်ကို..ချိန်ထိုးမောင်းနှင်တတ်တဲ့..မာကြူရီနတ်သားရဲ့ရထား
နောက်ကနေ..လိုရာခရီးကိုတိတ်တိတ်ကလေးလိုက်သွားချင်တယ်။ပင်လယ်လေထွက်ရှူ
မယ်ဆိုပြီးပြန်မလာတော့တဲ့လူတစ်ယောက်လိုလည်း.ကျွန်မ..ခရီးသစ်စပစ်လိုက်ချင်တယ်။
တကယ်တော့..ကျွန်မဟာအရင်က..လောဘနည်းတဲ့ကောင်မလေးတစ်ယောက်ပါချစ်သူ..
ဒါနဲ့တောင်မှ..ကျွန်မဘဝဟာလိုအပ်သလောက်မရရှိခဲ့ခြင်းတွေနဲ့ပြည့်နှက်နေခဲ့ရတယ်။
ဆုတောင်းတွေကိုနှုတ်တိုက်ရွတ်ဆိုတတ်တဲ့သူတွေဟာ..ကျွန်မအတွက်တော့အထူးဆန်း
ဆုံးသတ္တဝါတွေပါပဲ။

ဆုံမှတ်တွေမပါတဲ့အရာတိုင်းဟာ..မျဉ်းပြိုင်မဟုတ်ကြဘူးချစ်သူ။
ကံတရားက..ကျွန်မတို့အတွက်..အမြဲတမ်းတပြေးညီ..ဖြစ်ပေးနေမှာမှမဟုတ်တာ..။ဝိသမ
သတ်ထောင့်တွေကို..စိတ်နဲ့ဖျက်ဖြိုရင်း..စိတ်တွေစစ်ခင်းနေရတာ..ပင်ပမ်းလွန်းလှပါတယ်။
ဒါပေမယ့်..စစ်ရော်ကြေးကိုလည်းကျွန်မက..မမျှော်လင့်ပါဘူး။နာကျင်သောကတွေနဲ့..ပျက်
ပြိုမကျသွားခင်..ခဏလေးပဲဖြစ်ဖြစ်..ကျွန်မကိုကယ်လှည့်ပါဦး..ချစ်သူ…။
ကယ်တင်ခြင်းဂီတသံဟာ..ချစ်သူ့တေးသံပါပဲ။ကျွန်မကလွဲလို့ဘယ်သူမှခံစားနိုင်မှာမဟုတ်
တဲ့..ဂီတလည်းဖြစ်နေခဲ့ပြန်ပါတယ်။

ကျွန်မ..အရူးအမူးတိမ်းညွတ်ခဲ့ဖူးတဲ့စကားလုံးတွေ..
နေ့သစ်တစ်ခုရဲ့ပထမဆုံးစက္ကန့်…
နံနက်ခင်းရဲ့အလင်းနဲ့အတူဝင်ရောက်လာတတ်တဲ့..သံစဉ်တစ်ခု…
……..ဒါတွေနဲ့ပဲ..ကျွန်မဟာ..ပျော်ဝင်ဖြစ်တည်လာခဲ့ရတာပါ။ရိုးရိုးလေးပါပဲ..။အာခိလိရဲ့…
ဖိနောင့်လိုလည်း..လျို့ဝှက်ချက်မပါဘူး။Samsonရဲ့ဆံနွယ်တွေလိုလည်းဒဏ္ဍာရီမဆန်ဘူး။
ရိုးရိုးလေးမှ..တကယ့်ကိုရိုးးရိုးလေးဖြစ်တည်လာခဲ့တာပါ။
အဲဒီလိုပါပဲ…ကျွန်မကိုလည်းရိုးရိုးကလေးဖြိုဖျက်ပစ်လိုက်နိုင်တာ..ချစ်သူရဲ့လစ်လျူရှုခြင်း..
တစ်ခုပဲရှိပါတယ်။

အပြင်က..ကောင်းကင်ပြင်မှာတော့..နေရောင်ခြည်တွေသွေးရူးသွေးတန်းဖြာဆင်းလင်း..
လင်းတောက်နေမှာပါပဲ..။ကျွန်မရဲ့ကောင်းကင်ဖြူဖြူလေးကတော့..ရွာချလို့မရတဲ့မိုးစက်
တွေနဲ့ကြပ်ခဲလေးလံနေခဲ့ပါတယ်။
ချစ်သူဟာ..တကယ်တော့..ကျွန်မဖွဲ့သီခွင့်မရတဲ့ကဗျာတစ်ပုဒ်ပါ။
ကျွန်မ..ကျူးရင့်ခွင့်မရှိတဲ့..တေးသွားတစ်ပိုဒ်…ကျွန်မထုဆစ်ခွင့်မရတဲ့..ရုပ်တုတစ်ခု…….
ကျွန်မ..ပျိုးထောင်ခွင့်မရှိတဲ့ဥယျာဉ်တစ်ခင်း…ကျွန်မ..ပုံသွင်းခွင့်မရှိတဲ့..အရာတစ်ခု…
ပြီးတော့..ကျွန်မခူးဆွတ်ခွင့်မရှိတဲ့သစ်သီးတစ်လုံးလည်းဖြစ်ရဲ့။
ဒါပေမယ့်…..
ကျွန်မကတော့….
ချစ်သူဖွဲ့သီခဲ့တဲ့…………ကဗျာတစ်ပုဒ်လည်းဖြစ်တယ်။
ချစ်သူသီဆိုခဲ့တဲ့..တေးသွားတစ်စလည်းဖြစ်တယ်။
ချစ်သူထုဆစ်ခဲ့တဲ့………ရုပ်တုတစ်ခုလည်းဖြစ်တယ်။
ချစ်သူပျိုးထောင်ခဲ့တဲ့……ဥယျာဉ်တစ်ခင်းလည်းဖြစ်တယ်။
ချစ်သူပုံသွင်းခဲ့တဲ့..ပန်းတစ်ခင်းလည်းဖြစ်တယ်။
ပြီးတော့…
ချစ်သူခူးဆွတ်ခဲ့တဲ့…..သစ်သီးတစ်လုံးလည်းဖြစ်ရဲ့…………။


ကျွန်မ..
ချိုမြခွင့်..ရခဲ့ချင်ပါတယ်။

မနော်ဟရီ


တစ္ဆေမရှိတဲ့တိုင်းပြည်

Tuesday, April 7, 2009

တစ္ဆေမရှိတဲ့တိုင်းပြည်

လမ်းကြောင်းတွေကို
အပေါ်စီးကကြည့်တတ်တဲ့
ငှက်တွေကလမ်းမှား... ။
လမ်းကြိုလမ်းကြား
ပြေးလွှားနေတဲ့ အကန်းတစ်သိုက်ကျ
ကံကောင်းလိုက်ကြပုံများ
ခလုတ်လည်း မရှိကြ
ဆူးလည်း မထိကြ... ။


မနော်ဟရီ
၂၆.၀၆.၁၉၉၅

မီးပြတိုက်အလွန်ထဲက ကဗျာဟောင်းတစ်ပုဒ်ပါ..။


နှစ်လိုမိနေတဲ့ပင်လယ်

Sunday, April 5, 2009

နှစ်လိုမိနေတဲ့ပင်လယ်
မင်းအကြောင်းတွေကိုဖောင်ဖွဲ့မိတော့
မင်းပုံရိပ်ပင်လယ်မှာငါစီးမျော…
အလွမ်းရိပ်တွေက လေဖိအားနည်းရပ်ဝန်းတစ်ခုလို
နှလုံးသားကိုဗဟိုပြု…
ငါ့မှာ အံတုစရာအကြောင်းလည်းမရှိ..။ ။
မနော်ဟရီ


ဒုတိယတစ်ယောက်ယောက်

Friday, April 3, 2009

ကိုရင်နော်နဲ့ခင်လေးနဲ့ကတက်ဂ်ထားတယ်ဆိုလို့ရင်တုန်ပမ်းတုန်နဲ့အမြန်သွား
ကြည့်လိုက်တော့..တော်သေးတယ်ပေါ့..ဒုတိယအကြိမ်ဆိုတော့..ပြန်တင်ရုံပဲ
လို့တွေးပြီးပျော်သွားတာ..ပြီးတော့မှ..အော်..ကိုယ်လို ဘလောခ့်သက်တမ်း
ခြောက်လပဲရှိသေးတဲ့သူအတွက်..ရှားလိုက်တဲ့အဟောင်း..ဟောင်းကိုမဟောင်း
သေးတာလေ...အဲဒါနဲ့သိပ်မဟောင်းတဲ့ထဲကပဲပြန်တင်ချင်တဲ့တစ်ပုဒ်ကိုရွေး
လိုက်ပါတယ်။
တက်ဂ်ဆိုရင်နည်းနည်းတော့ကြောက်ချင်တယ်။တာဝန်မကျေတတ်လို့လေ...။
မသိဂီ င်္နွယ်ကိုလည်းခုထိကြွှေးကမကျေ..။မအားတာထက်..ကိုယ်မရေးနိုင်တဲ့
ခေါင်းစဉ်မျိုးဖြစ်နေတာလေ။တစ်ချိန်က..ဒုက္ခတဲ့..ဘယ်ဒုက္ခကိုမှခုထိပြန်မရယ်
နိုင်သေးတဲ့ဘဝဆိုတော့..မရေးနိုင်ဘူးဖြစ်နေတာပါ။မသိဂီ င်္ကိုဒီနေရာကပဲ..
တောင်းပန်လိုက်ပါတယ်။
ဒုတိယအကြိမ်ပြန်တင်တဲ့ ..တစ်ယောက်ယောက်..ပါ။



တစ်ယောက်ယောက်

(၁)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ရင်ထဲမှာကြပ်ခဲလေးလံပြီးထွက်ပေါက်မဲ့
နေတဲ့ငါ့မျက်ရည်တွေအကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ငါဘယ်တော့မှမရနိုင်တဲ့.ဘယ်တော့မှလည်းရယူဖြစ်မှာမဟုတ်တဲ့ဘ၀တစ်ခုအကြောင်း။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ငါဘယ်လိုမှမတတ်နိုင်တော့လောက်အောင် လက်ကျန်အင်အားနည်းပါးနေပြီဖြစ်တဲ့အကြောင်း..။
(နောင်တတွေနဲ့ နပမ်းသတ်နေရတဲ့ဘ၀ဟာတကယ်တော့ ၀ိဘစ္ဆရသလိုပါပဲ..)
တစ်ယောက်ယောက်ဆိုတာဘယ်သူလဲလို့မမေးပါနဲ့..။
ဘယ်သူဟာငါ့ရင်ထဲကိုဝင်စာနာနိုင်မလဲ..။ဘယ်သူဟာငါ့ဒါဏ်ရာတွေရဲ့
နာကျင်မှုအတိုင်းအတာအတိုင်းလိုက်လံထိရှနိုင်မှာမို့လဲ..........။
ဘယ်သူဟာငါ့ကိုစကားလုံးအကျိုးအပဲ့တွေမပါပဲ အကြည့်တစ်ချက်နဲ့ကုစားနိုင်မှာမို့လဲ…။
တကယ်တော့ငါဟာ ရူးသွပ်နေတဲ့နေရောင်ခြည်တစ်စသာဖြစ်ပါတယ်…။
(၂)
တစ်ယောက်ယောက်ကိုချစ်မိတဲ့အတွက်ဆုံးရှုံးမှုတွေအကြောင်း
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ တစ်ယောက်ယောက်ကို
မုန်းချင်နေမိတဲ့ဆန္ဒတချို့ကို ပြောပြချင်တယ်။အချစ်ခံရတယ်ဆိုတာ
တကယ်တော့ ခေါင်းစဉ်လှလှလေးတပ်ထားတဲ့ ဖေတော့မောင်တော့
ဝတ္ထုတစ်ပုဒ်သက်သက်ပဲလားလို့ တစ်ယောက်ယောက်ကို မေးကြည့်ချင်တယ်။
တစ်ယောက်ယောက်က ငါ့ရဲ့အကျင့်သီလသိက္ခာတွေကိုခိုးယူသွားတဲ့အကြောင်း
ငါဘယ်ခုံရုံးကိုတိုင်ရမှာလဲဆိုတာ တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်။
တစ်ယောက်ယောက်ကငါ့ကိုအနိုင်ကျင့်ဖို့ကြိုးစားနေပြီး တစ်ယောက်ယောက်ကို
ငါကအနိုင်ယူချင်နေတာကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
ပြီးတော့ တစ်ယောက်ယောက်ကိုငါကမျှော်လင့်နေပြီး တစ်ယောက်ယောက်
ကများင့ါကိုမျှော်လင့်နေမလားလို့ စိတ်ကူးယဉ်မိတဲ့အဖြစ်အပျက်ကို
(ဟာသတစ်ပုဒ်အဖြစ်) တစ်ယောက်ယောက်ကိုပြောပြချင်တယ်။
တစ်ယောက်ယောက်ကမှနားမထောင်ပေးဘူးဆိုရင် လည်းကိစ္စမရှိပါဘူး။
တစ်ခါတစ်ရံမှာလေထဲကစကားလုံးတွေရဲ့တာရှည်ခံမှုစံနှုန်းနဲ့
လူတွေရဲ့ရင်ထဲကပြီးလွယ်ပျက်လွယ်သဘောထားတို့ အပြေးပြိုင်ပွဲမှာ
ဘယ်သူနိုင်ခဲ့သလဲဆိုတာ တစ်ယောက်ယောက်ဆီက confirm ရချင်နေတယ်။
ကိုယ်ချင်းစာတရားအကြောင်းကောင်းကောင်းသင်ကြားပြသနိုင်မယ့်
တစ်ယောက်ယောက်များကမ္ဘာပေါ်မှာရှိမလား…။
(၃)
တစ်ယောက်ယောက်ကိုပြောပြချင်ပြီး မပြောပြဖြစ်တဲ့ အကြောင်းအရာတွေကို
စာရွက်ဖြူဖြူတွေထဲ တွန်းထိုးပစ်ထည့်ထားလိုက်ရတာဟာဖြေသာစရာတစ်ခုလား…။ တစ်ယောက်ယောက်ကိုတမ်းတနေတတ်တဲ့ငါ့နှလုံးသားကို ..ငါ..ဥပက္ခာပြုကဲ့ရဲ့
ပစ်လိုက်ရတာဟာ..စိတ္တဇတစ်ခုလား...?တစ်ခုခုတော့မှားနေပြီ”လို့တွင်တွင်ပြောရင်း အဲဒီအမှားတွေကိုဖြေရှင်းလို့မရနိုင်ခဲ့တာဟာ..လောကပါလတရားအစစ်လားလို့
တစ်ယောက်ယောက်ကိုမေးချင်မိပါတယ်။
တကယ်တော့ ကမ္ဘာခြားနေတဲ့သူတွေမှာ..ဘာသာစကားချို့တဲ့မှုတော့ရှိမှာပဲ
ဆိုတာသိထားသင့်တာပေါ့…။စကားလုံးတွေရဲ့အားနည်းညံ့ဖျင်းမှု..
ဘာသာစကားတွေရဲ့မပြည့်စုံမှုဟာ..တကယ့်ပြဿနာပဲဆိုတာ
တစ်ယောက်ယောက်ကတော့သိနေမှာပဲ။
အသက်ရှူကြပ်လိုက်တာ…။
တကယ်ဆိုငါလိုချင်တာငါ့ဆီလာမယ့်အသံတစ်သံပါ…။
ငါ့ဆီကထွက်ခွာသွားမယ့်အသံတစ်သံမဟုတ်ပါဘူး။ဘုရားစူးရပါစေရဲ့။
စကားလုံးတွေကိုငါမုန်းတယ်..။
(၄)
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။“အချစ်”ဆိုတာ ပုံမှန်မဟုတ်တဲ့
“စိတ္တဇနာမ်”ဆိုတဲ့အကြောင်း…။ တစ်ယောက်ယောက်ကိုပြောပြချင်တယ်..။
လမ်းမှားချင်ယောင်ဆောင်ပြီး ဘ၀ထဲကိုခပ်တည်တည်နဲ့..တည့်တည့်ကြီးဝင်လာပြီး
အကြွေးတောင်းတတ်တဲ့.သံသရာ.အကြောင်း..။ငါက တစ်ယောက်ယောက်ကို
တစ်ခုခုလုပ်ခဲ့မိသလား..။ တစ်ယောက်ယောက်ကရောငါ့ကို တစ်ခုခု မလုပ်နိုင်ခဲ့ဘူးလား…။
“၀ဋ်ကြွေး”ဆိုတာပေးဆပ်ရတာပဲလား…။
ပြန်ရယူရတာကောမပါဘူးလား..လို့.တစ်ယောက်ယောက်ကိုမေးကြည့်ချင်တယ်..။
တကယ်ဆိုသံစဉ်ကလည်းသိပ်မကောင်း၊စာသားကလည်းမလှမပ.၊အသံကလည်း
ခပ်ညံ့ညံ့နဲ့သီချင်းတစ်ပုဒ်ကိုဘယ်လိုလူကမှနားမထောင်ချင်မှာ မဟုတ်ဘူးဆိုတာ
သိသင့်တာပေါ့…။
ခပ်ချာချာရေးဖွဲ့ကပြနေတဲ့ပြဇာတ်တစ်ပုဒ်ဆိုလည်းဘယ်သူကမှ ကြည့်ချင်မှာမဟုတ်
ဘူး..။တစ်ယောက်ယောက်ရဲ့ရင်ထဲမှာတော့တစ်ယောက်ယောက်ကိုခံစားနားလည်
ပေးနိုင်စွမ်းတွေရှိနေမှာလို့ထင်နေမိတယ်။အဲဒီ တစ်ယောက်ယောက်ဟာ ငါမဟုတ်ခဲ့
တာလေးတစ်ခုနဲ့တင်ဘ၀တွေခြားသွားရတော့မယ်။
(၅)
တစ်ယောက်ယောက်ကများငါ့ကိုအလိုမလျောက်နားလည်သွားခဲ့ရင်ဆိုတဲ့ ရူးနှမ်းတဲ့
အတွေးတွေကခုထိ အုပ်စိုးမင်းမူနေတုန်း..။မရနိုင်မှန်းသိရက်နဲ့ ရလည်းရယူဖြစ်မှာ
မဟုတ် တဲ့ အိပ်မက်တစ်ခုကို တယုတယပျိုးထောင်နေမိတာ..ဘာကြော့င်လဲဆိုတာ တစ်ယောက်ယောက်များသိမလားပဲ။အချိန်တွေနာရီတွေစက္ကန့်တွေတိုက်စားသွားခဲ့
တာတောင်မှ.ပွန်းပဲ့မသွားပဲ.ထုနဲ့ထည်နဲ့တည်တံ့ခိုင်မာလာတဲ့အိပ်မက်တွေကို.မလွန်ဆန်
နိုင်ခဲ့တာ.ငါမှားသွားသလား.တစ်ယောက်ယောက်ကပြောပေးပါဦး…။
မေးခွန်းတွေများလွန်းပြီး အဖြေမရှိတဲ့စာဖြေစာရွက်လို တကယ်တော့ ငါဟာ
အမှတ်ခပ်နည်းနည်းနဲ့ ဘ၀မှာ မင်ရည်ကျဲခဲ့တဲ့ကောင်ပါ…။ တစ်ယောက်ယောက်ကများ
ငါ့ကိုအရောင်တင်ပေးမလားဆိုတဲ့ ယောက်ယက်ခတ်မျှော်လင့်ချက်တွေနဲ့
ကျဲကျဲတောက်ပူလောင်နေခဲ့ရတာလည်း ငါပဲပေါ့ချစ်သူ….။
(၆)
တစ်ယောက်ယောက်ရဲ့ရင်ခွင်မှာပန်းတချို့ပွင်နေတဲ့ရနံ့ကိုငါကြားရတယ်။
လေအဝေ့မှာ ငါ့ဆီစီးမျောကူးခတ်လာပြီး မှ အဲဒီရနံ့တွေဟာ ငါနဲ့မှ တိတိပပ မသက်ဆိုင်ဘူးတဲ့လား…။ရနံ့တွေရဲ့လွင့်မျောမှုကိုတားဆီးလို့မရသလို..ငါ့ရဲ့ဝင်သက်
ထွက်သက်ကိုလည်းတားဆီးလို့်မရခဲ့တာ..သိပ်ဆိုးရွားခမ်းနားတဲ့ ကံကြမ္မာတစ်ခုပါ..။
ဒီအကြောင်းတွေကို တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ ဒါပေမယ့် အကြည့်တစ်ချက်နဲ့တင်အားလုံးနားလည်ပြီးမြောက်သွားမယ့် ဘာသာဗေဒကို
ငါတို့ဘာလို့မတတ်မြောက်ကြသေးတာလဲ…။
သင်ကြားခွင့်မရတာလား..။သင်ကြားဖို့မေ့နေတာလား..။သင်ခဲ့ရလျက် နဲ့
မအောင်မြင်ခဲ့ကြတာလား…။
အဖြေမထွက်နိုင်တဲ့ပုစ္ဆာတချို့ကို တစ်ယောက်ယောက်နဲ့ အတူတူတွက်ချင်တယ်။
တစ်ယောက်ယောက်ကပြောလာမယ့်သီအိုရီတချို့ကိုလည်း သက်သေပြချက်ပေးချင်
နေတယ်။ဘာတတ်နိုင်မှာလဲကွယ်။ တစ်ယောက်ယောက်ကဖန်ဆင်းမယ့်နေ့ရက်တွေ
မှာအသက်ရှင်ခွင့်ငါရှိနေချင်ခဲ့မိတာ ဘာတတ်နိုင်မှာလဲကွယ်။
တကယ်တော့ ငါဟာ ရုပ်သေးရုပ်တစ်ရုပ်ရဲ့ဘ၀ကို တိတ်တိတ်ကလေးမနာလိုနေမိတဲ့ အလှကြည့်မွေးပွရုပ်လေးတစ်ရုပ်သာဖြစ်ပါတယ်..။
(၇)
တစ်ယောက်ယောက်ကိုပြောပြချင်သေးတယ်။ မျက်ရည်တချို့ရဲ့ အတ္ထုပ္ပတ္တိပုံဆောင်ခဲ
တွေအကြောင်း…။ တစ်ယောက်ယောက်ကိုဖွင့်ဟချင်သေးတယ်။ ဘယ်တုန်းကမှမျှော်
လင့်မထားခဲ့တဲ့ချစ်ခြင်းတရားရဲ့လေးနက်မှုအကြောင်း။ တစ်ယောက်ယောက်ကိုရှင်းပြ
ချင်သေးတယ်။
အနာဂတ်မပါပဲနဲ့နေပျော်စေတဲ့ မေတ္တာတရားတစ်ခုအကြောင်း…။
တစ်ယောက်ယောက်ကိုပြောပြချင်တယ်။ မိုက်ရူးရဲသိပ်ဆန်တယ်ထင်ရလို့
သိမ်းဆည်းထားတဲ့ သက်ငြိမ်ပန်းချီကားတချို့အကြောင်း…။ရေအေးစီးကြောင်းတွေ၊
ရေနွေးစီးကြောင်းတွေအောက်ခြေက ဖြတ်သန်းစီးဆင်းနေတဲ့ရေပြင်တစ်ခုအကြောင်း…။
အပ်ကြောင်းထပ် အဖြစ်အပျက်ဆန်လွန်းနေမလားမသိဘူး..လို့ တစ်ယောက်ယောက်က
ိုသေဖော်ညှိချင်သေးတယ်။
ဒါပေမယ့် ဒါတွေအားလုံးမှာ ပကတိအသံတွေပါဝင်နေမှာ မဟုတ်ဘူးဆိုတာ
တစ်ယောက်ယောက်ကတော့မပြောပဲသိနိုင်ကောင်းပါရဲ့။
(၈)
တစ်ယောက်ယောက်ကပြောလာမယ့်စကားတွေကိုလည်းနားထောင်ချင်နေမိသေးတယ်။
အမြင်အကြည့်တွေရဲ့အောက်မှာငုံ့လျိုးဖျောက်ကွယ်ထားရတဲ့ ခံစားချက်တချို့အကြောင်း..။ တစ်ယောက်ယောက်ကခွင့်ပြုလာမယ့်နေ့ရက်တွေမှာလိုအပ်နေတဲ့အရိပ်တချို့အရောင်
တချို့စကားလုံးတချို့ကို သုံးပြီးခမ်းနားကြီးးကျယ်မြင့်မြတ်တဲ့ အကြောင်းအရာတစ်ခုကိုဖွဲ့
သီပြချင်သေးတယ်။တစ်ယောက်ယောက်ကိုပြောပြချင်တဲ့အကြောင်းအရာတွေနဲ့
အဲဒီတမ်းမက်မှုတွေရောယှက်ပြာကျသွားတဲ့အခါ….။
တစ်ယောက်ယောက်ကမောင်းနှင်စီးနင်းသွားတဲ့ စစ်ရထားတစ်စီး ဖြစ်ခွင့်ရချင်နေမိပြန်
ပါတယ်။တစ်ယောက်ယောက်ဆီကို အရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်နိုင်ခွင့်ရမလားရယ်လို့
ဆိုတဲ့အတွေးနဲ့များလားမသိဘူး..။ဒါမှမဟုတ်တစ်ယောက်ယောက်ရဲ့ရင်
ခွင်မှာ တောက်ပလောင်ကျွမ်းခွင့်ရနိုးနိုးနဲ့များလား…။
တကယ်တမ်းကျတော့ အဲဒီအတွေးတွေနဲ့ငါဟာ..ငါ့ဆီကိုအရှိန်ပြင်းပြင်းနဲ့ချဉ်းကပ်
တောက်လောင်လာမယ့် မီးတောက်တစ်ခုကိုခေါင်းငုံ့စောင့်စားနေခဲ့ရတယ်။ တစ်ယောက်ယောက်ကများငါ့ကိုကယ်တင်သွားခဲ့မယ်ဆိုရင်……..။
မနော်ဟရီ


အခက်အခဲ

Thursday, April 2, 2009

ဒီနေ့ပို့စ်တင်ရတာအဆင်ကိုမပြေပါဘူး။တချိန်လုံး error ပဲတက်နေလို့
စိတ်တော်တော်ညစ်ရပါတယ်။ဒါကြောင့်ကျေးဇူးပြုပြီးစာလုံးတွေစီလို့မ
ရပဲပျက်နေတာတွေဘာတွေရှိရင်သည်းခံပေးပါလို့။အဲဒီတွက်နာရီများစွာ
တကယ်ကိုကုန်ခဲ့ပါတယ်။(ကိုယ်တော်တာလည်းပါမှာပေါ့..း)
ဒါကနောက်ကျရောက်လာတဲ့အမည်မဲ့(ပျဲ့လွင့်နေသောတေးနှင့်ဧကစာ
ရီ)ဆီကသားအတွက်ကဗျာပါ...

ခေတ်နေ သို့ ကဗျာတစ်ပုဒ်


ရဲရဲရင့်ရင့် ခေါင်းမော့ကြည့်လိုက်စမ်းပါ

ခေတ်နေ

ကြွေသွားတဲ့ ကြယ်တွေနေရာ

အစားထိုးဝင်ရောက်လာမယ့် ကွက်လပ်ဖြည့်တစ်ခုဟာ

ခေါင်းကိုမော့ လက်ကို ဆုပ်ထားမှ လှတော့မှာပေါ့

လောကဓံတရားကို လက်တစ်လုံးခြားကစားဖို့

ခေတ်နေဟာ အားမာန်ရှိထားရမယ်

ခေတ်နေသို့စာတစ်စောင်မှာ ဘ၀တစ်သက်စာ အဟာရပါတယ်

ခေတ်နေဆိုတဲ့နာမည်မှာ အဓိပ္ပာယ်တစ်ခုပါတယ်

နောင်တစ်ခေတ်မှာ ထွန်းတောက်မယ့်ကြယ်အတွက်

နေတစ်လုံးရဲ့ ကိုယ်စားပြုပုံ

ကမ္ဘာတစ်ခုရဲ့ လမ်းလျှောက်ပုံ

လူတစ်ယောက်ရဲ့ မွေးဖွားပုံနဲ့ဆိုင်တယ်

ကလေးရယ် ..

စိုသောလက်တွေ ခြောက်နေမြဲ

ခြောက်သောလက်တွေ စိုနေမြဲ

ခိုင်မြဲကျော်စွာရဲ့ သားချစ်ကဗျာကိုလည်း ဖတ်ထားရမယ်

ကမ္ဘာမီးလောင် သားတောင်ချနင်းနေတဲ့ ခေတ်မှာ

ဆာလောင်နေတဲ့ ငါတို့

အနာဂတ်ကို မင်းတို့ ပုံလို့ ပေးထားတယ်။

အမည်မဲ့

သားကဘာလို့အမည်မဲ့နေရလဲမေးရင်ကိုယ့်ဘာသာကိုယ်ဖြေရှင်းပေးပါနော်း)


ခေတ်တစ်ခေတ်ရဲ့နေ..

ကိုကိုခေတ်နေ..





ခေတ်နေအတွက်ဆိုတော့
ကိုယ့်တူလေးဆိုတော
့ (လူတယောက်ရဲ့အတ္တစွဲပေါ့...)
ခေတ်ရဲ့ နေမင်းကြီးပဲ ဖြစ်စေချင်တာပေါ
ပူလောင်မှုမပေးပဲ နွေးထွေးမှုကိုပေးမယ့်
နေမင်းကြီးလေ
ဟုတ်လား ခေတ်နေ
ဦးဦးသစ်ကောင်းအိမ်


လွန်ခဲ့တဲ့ကိုးနှစ်ဧပြီလ(၃)ရက်နေ့မှာကလေးလေးတစ်ယောက်လူ့လောကထဲကို

ရောက်လာခဲ့တယ်။ပညာရှိတွေရဲ့တွက်ချက်မှုအရကတော့အဲဒီနှစ်ဟာတကယ့်ကို

ကောင်းမွန်တဲ့နှစ်တဲ့။ဘာလို့လဲဆိုတော့တရုတ်တွေရဲ့ရိုးရာပြက္ခဒိန်မှာအဲဒီနှစ်က

နဂါးနှစ်ကိုး။၁၂နှစ်မှာတစ်ခါပဲပြန်ကျတတ်တဲ့နဂါးနှစ်ဖြစ်တဲ့အပြင်..နှစ၆၀မှာမှ

တစ်ခါ.ပြန်ကျတတ်တဲ့...ရွှေနဂါးနှစ်လည်းဖြစ်နေပါသေးတယ်။

ဗေဒင်ကဝိကျော်ကိုဇာဏီ(စံဇာဏီဘို)ကတော့..ခုလက်ရှိကမ္ဘာကြီးကိုကိုင်လှုပ်

နေတဲ့သူတော်တော်

များများဟာ.လွန်ခဲ့တဲ့နှစ်ပေါင်း၆၀..ကရွှေနဂါးကြီးတွေပေါ့လို့ပြောပါတယ်။

(နဂါးဆိုတာကလည်းတစ်ချက်လောက်လူးလွန့်လိုက်ရင်တောင်မှငလျင်လှုပ်

သလိုဖြစ်သွားတတ်တာကိုးဒါပေမယ်ကာလနဂါးကြီးကတော့ အအိပ်ကြီးချင်

ယောင်ဆောင်နေတာ ကြာ ကြာလှပေါ့..)

သားကလေးကိုမွေးတော့..၆ပေါင်ပဲရှိတဲ့သေးသေးလေးပါ။နီနီရဲရဲသေးသေး

လေးမို့ကိုင်လည်းမကိုင်ရဲထိလည်းမထိရဲနဲ့..။ဒီတိုင်းမွေးမယ်ဆိုပြီးခွဲမမွေးရင်

မမွေးပေးတဲ့အိုဂျီတွေဆီကနေအမုန်းခံထွက်ပြေးခဲ့ပြီးကာမှမောင်မင်းကြီးသား

ကအမေဗိုက်ကိုဖောက်ထွက်ပြီးမှရောက်လာခဲ့သူလေ။သတ်မှတ်ရက်ထက်

လည်း..၂၁ရက်စောရောက်လာပါတယ်။

ဖြစ်ချင်တော့၂.ရက်နေ့မနက်မှာ.ကျွန်မက..ကန်သာယာဆေးရုံသွားပြီး.အခန်း

ကိုဘွတ်ကင်လုပ်ပါတယ်။အဲဒီမှာတင်..သူတို့ကခုပဲတက်တော့မယ်လို့ထင်

လိုက်ပြီးပျာယာခတ်သွားသေးတယ်။နောက်မှဘွတ်ကင်ဆိုတော့သူတို့စိတ်

အေးသွားတာ။နောက်နေ့မနက်လည်းကျရောအဲဒီဘွတ်ကင်သမားကရောက်

လာပြန်ရောဆိုတော့သူတို့လည်းအံ့တွေသြလို့။မွေးပြီးပြီးချင်းတကည်းကနည်း

နည်းဝါချင်လို့ဆိုပြီး..မျက်မှန်မည်းလေးတပ်၊မီးအဖြူပြ၊နို့တိုက်နဲ့လုပ်တာတောင်

မှ..ဆေးရုံမှာသင်္ကြန်ထိနေလိုက်ရပါတယ်။နောက်ဆုံး..blue..photo..လို့သူတို့

ခေါ်တဲ့မီးအပြာရောင်ထိပြလိုက်ရတယ်။လူလည်းပူပန်မှုဆိုတာကိုအဲဒီကတည်း

ကရလိုက်တာ..ဒီနေ့ထိမရပ်တော့ပါဘူး။

မွေးစကတော့အမေနို့စို့ပါသေးတယ်။တစ်လလည်းကျော်လာရော..အမေကိုမြင်

တာနဲ့ငို။တွန်းထုတ်တော့တာပဲ။နို့မစို့ချင်လို့လေ။နို့ဘူးဆိုရင်တော့သူ့အမေအရင်း

ကိုမြင်သလိုပဲ..ပြုံးလို့ရွှင်လို့..လာထားပဲ..။ဆရာမတွေကတော့ပြောပါတယ်။

ကလေးကိုမီးပြတဲ့ရက်တွေမှာလူကြီးနဲ့ခွဲထားတော့..နို့ဗူးတိုက်တယ်လေ။အဲဒီမှာ

အကျင့်ပါသွားတာလို့ဆိုပါတယ်။ကလေးက.အားစိုက်ရတဲ့မိခင်နို့ထက်အားမစိုက်ပဲ

စို့လို့ရတဲ့..နို့ဗူးကိုပိုစိတ်ဝင်စားသွားတော့တာ။တောက်လျှောက်နို့ဗူးပဲစို့တော့တာ.

.လေးနှစ်ခွဲငါးနှစ်ထိပါပဲ။

မူကြိုတက်တုန်းက ကျောင်းအကျီ င်္နဲ့..


ငယ်ငယ်ကတော့.ကျွေးရင်အကုန်စားတယ်။ထမင်းနဲ့ပဲနီလေးနဲ့အသားနဲ့ကလေး

အထူးကုဒေါက်တာဒေါ်ဖြူဖြူဦးညွှန်တဲ့တိုင်းကျွေး..အကုန်စားပါတယ်။အဲ..နည်း

နည်းသိတတ်လာတာနဲ့..လက်ချောင်းသေးသေးလေးတွေနဲ့စတင်ဖယ်ရှားပါတော့

တယ်။ဘာအသားမှမစားတော့ဘူး။ပဲမုန့်ဆိုရင်တောင်မှတရုတ်တန်းကတချို့ပဲမုန့်

တွေကဝက်ဆီနံ့ရနေတတ်တယ်။အဲဒါမျိုးဆိုမစားပါဘူး။သူစားတဲ့အရာကလက်ချိုး

ရေလို့ရပါတယ်။ထမင်း၊ခေါက်ဆွဲ။မုန့်ဟင်းခါး၊ဒန်ပေါက်ကိုအသားမပါထမင်း

ချည်းပဲ၊ထမင်းနဲ့ပဲပြုတ်ကျော်။နောက်ပိုင်းသူမူကြိုတက်တော့..ဆရာကိုတာ့ကျောင်း

….Silta Lumbini..မှာအဲဒီကကျွေးတဲ့အစားအစာတချို့ကိုသူစားတတ်လာတယ်။

ထမင်းနဲ့ပဲပြုတ်ဆီဆမ်း….ခေါက်ဆွဲကျော်၊ပလာတာနဲ့အာလူးပဲဟင်း၊စတာတွေ၊

နောက်ပိုင်းကျတော့မှငါးနည်းနည်းစားပါတယ်။

ပြောင်းဖူးကိုတော့အသေးရော၊အကြီးရောစားတယ်။အဓိကသူစားတာက.အာလူးပါ။

အာလူးနဲ့ငါးကြော်..

Fish..and..Chips..ဆိုသူအရမ်းကြိုက်ပါတယ်။ဒါပေမယ့်..ငါးကိုတော့များများမစား

ပါဘူး။အာလူးပဲအဓိကစားပါတယ်။မနှစ်က..မုန်တိုင်းဖြစ်တော့သူ့ကိုချော့မော့ပြီး.

.ကြက်သားစကျွေးတာ.တိုကျိုကြက်ကြော်နဲ့အောင်မြင်သွားပါတယ်။အဲဒါနဲ့ကြက်

သားကိုဆိုင်ကလိုအိမ်မှာအမေကကြော်ပေးရတယ်။ခုထိလည်းဒီထဲကမထွက်ပါဘူး။

ကြက်ကြော်၊ငါးကြော်၊အာလူးကြော်၊အာလူးနဲ့ပဲဟင်း၊ပြောင်းဖူးပြုတ်။ဒီရောက်

တော့သူစားနေကျမုန့်ဟင်းခါးကမစားရတော့ပြန်ဘူးဆိုတော့တစ်ခုလျော့သွားရ

တာပေါ့။


အမြဲတမ်းပျော်နေချင်ပေမယ့်..အမြဲမပျော်နိုင်တဲ့သားကလေး




အမြဲတမ်းအနားရှိချင်တဲ့သား(ဓါတ်ပုံရိုက်တဲ့အချိန်)


သားအတွက်ကျပြန်တော့လည်း..လောကမှာပြေးကြည့်မှဒီအမေတစ်ယောက်ပဲ

အားကိုးစရာရှိတာမို့သားကတော်တော်လေးတော့အားကိုးးပါတယ်။ဒါပေမယ့်..

ယောကျာ်းလေးသဘာဝအရကတော့သူလုပ်ချင်တာလုပ်နေရရင်အမေလည်း

မေ့တာပါပဲ။ဒါလည်းသဘာဝပါပဲ။သူကြီးလာရင်လည်းဒိထက်အာရုံစိုက်စရာ

မျိုးစုံနဲ့ကြုံတွေ့လာတဲ့အခါ..သူအမေကိုမကြာခဏတော့…မေ့ထားနေမိဦးမှာပဲ။

ဒါပေမယ့်...ကျွန်မက..အမေလေ..သူလိုအပ်တဲ့အချိန်မှာအမြဲတမ်းပြန်ပြေးလာ

နိုင်ဖို့၊လာတဲ့အခါတိုင်းမှာအသင့်ရှိပေးနေဖို့ပဲကြိုးစားနေချင်ပါတယ်။

ဒီရောက်တော့..လေဆိပ်ကနေအိမ်ရောက်ကတည်းကငိုတာတစ်ညနေလုံးတစ်

ညလုံးမို့အိမ်က..လူတွေကတောင်ပြန်ချင်ရင်မနက်ဖြန်ပဲပြန်တော့လို့..ဒေါသတ

ကြီးပြောတာကိုခံခဲ့ရရှာပါတယ်။ခုထိလဲသားကမပျော်ရှာပါဘူး။သူ့ဟာသူလုပ်စ

ရာရှိတာလုပ်တယ်။အမေနဲ့နေတယ်။ကစားတယ်။ညမိုးချုပ်ရင်တော့..မပျက်မ

ကွက်..ဘယ်တော့ပြန်ရမှာလဲဆိုတာကိုမေးပါတယ်။တစ်ခါတစ်လေကျတော့လဲ ခပ်တည်တည်နဲ့..အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိတယ်..ညကျပြော

မယ်နော်..ဆိုပြီး….ကျောင်းဝန်းထဲဝင်သွားလိုက်တာကျွန်မမှာ..တစ်နေကုန်ရင်

တမမနဲ့..။ညကျတော့..ဘယ်တော့ပြန်ရမှာလဲဆိုတဲ့မေးခွန်းကိုပဲအလေးအနက်

မေးတော့တာပဲ။

Tomorrow Land ရောက်သားကလေး..သားကလေးရဲ့မနက်ဖြန်ကရော..


လောကမှာသူမသိသေးတာတွေကသိပ်များတယ်ဆိုပေမယ့်..သားကလေးက

တခြားကလေးတွေလိုကလေးပဲထားရာနေစေရာပျော်မယ့်ရွက်ကျပင်ပေါက်လို့

ထင်ရင်မှားသွားးပါလိမ့်မယ်။ဒီကလေးမှာကဘဝနဲ့ယှဉ်ပြီးရလာတဲ့အသိလေး

တွေအများကြီးရှိပါတယ်။..ကလေးတစ်ယောက်နဲ့မတန်တဲ့..အတွေးတွေအသိ

တွေသူ့မှာရှိနေတာ..ကျွန်မသိတယ်။စကားတတ်ကတည်းကဘယ်သူမှမသင

်ရပဲသူ့ကိုယ်သူ..ကိုကိုလို့ပြောတတ်တဲ့ကလေးဟာ..ကျွန်မကိုလည်းတစ်ခါတစ်ခါ

ကျအစ်ကိုကြီးတစ်ယောက်လိုတောင်ပြုမူဆက်ဆံချင်တတ်သူပါ။ILBC…မှာ

မူကြိုကနေသုံးတန်းပြီးခါနီးထိသာတက်လာရော..လူတော်တော်များများကို

သံယောဇဉ်မထားပဲသူခင်တဲ့သူတွေကိုမှရွေးပြီးသံယောဇဉ်ထားတတ်၊ဒီလူတွေ

နဲ့ပဲနေ၊ဒီလူတွေနဲ့ပဲစာလုပ်နဲ့အစွဲကြီးတတ်တဲ့ကလေးလည်းဖြစ်ပါတယ်။ခု..ဒီက

ကျောင်းမှာတော့သူဘယ်လိုမှအဆင်မပြေနိုင်သေးဘူးဆိုပေမယ့်သူကျောင်း

တော့မပျက်မကွက်တက်တယ်..သူကGeometry..တွေ..ILBC..မှာတွက်ခဲ့တဲ့

အချိန်မှာဒီမှာသူ့ကိုငါးအလီကိုခက်ခက်ခဲခဲဖြစ်နေတဲ့ကလေးတွေနဲ့အတူသင်

နေလည်းသူသည်းခံရှာပါတယ်။တစ်နေ့တော့သူပြန်ရမှာပဲဆိုတဲ့မျှော်လင့်ချက်

နဲ့လေလားမသိ၊

Pluto နဲ့သားကလေး

.ရှဉ့်ငနောက်ကလေးနှစ်ကောင်ကဖက်သလိုနဲ့ကလိထိုးနေတာကိုပျော်နေတဲ့

သားကလေး


ခုဆို..သားကလေးကကိုးနှစ်..နောက်ထပ်၆နှစ်လောက်ဆို..သူဟာအရာရာကို

တော်တော်လေးနှိုင်းချင့်တတ်တဲ့ကလေးတစ်ယောက်ဖြစ်လာတော့မယ်။အဲဒီ

အချိန်ကျရင်သူဘာလုပ်မလဲ..ကျွန်မသူ့ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ကြီးပြင်း

စေချင်တယ်။ကျွန်မတို့ငယ်ငယ်ကကြီးပြင်းခဲ့ရသလို၊ဒီမှာနေ၊ဒီမှာထိုင်၊ဒီကျောင်း

တက်။ဒီဘွဲ့မယူနဲ့၊ဟိုဘွဲ့ကကောင်းတယ်ဆိုတဲ့..လူကြီးမှန်ဝါဒကြီးစိုးမှုအောက်မှာ

မထားပါဘူး။သူ့လွတ်လပ်ချက်နဲ့သူ၊သူ့ဆုံးဖြတ်ချက်နဲ့သူဆုံးဖြတ်ရပ်တည်နိုင်ဖို့

အတွက်..ကျွန်မက ဘေးကနေထိန်းကျောင်းတည့်မတ်ပေးသွားတာမျိုးလောက်

ပဲလုပ်ချင်ပါတယ်။

ရှေ့မှာလမ်းတွေကအများကြီ့းပဲ။သားကလေးလျှောက်ရဦးမယ်။လူတွေက

အမျိုးမျိုးပဲ၊သားကလေး ကြုံတွေ့ရလိမ့်ဦးမယ်..၊သင်ခန်းစာတွေကများကြီးပဲ

..သားကလေးသင်ယူနာကျင်ရလိမ့်ဦးမယ်..အဲဒီအခါကျ..သူနာကျင်မောပန်း

လာတဲ့အခါကျ..ကျွန်မဆီပြန်ပြေးလာနိုင်ဖို့.ကျွန်မဆက်လက်ရှင်သန်နေဖို့

လည်းလိုပါတယ်။

သားကလေးမွေးနေ့မှာသားကလေးအတွက်..မွေးနေ့လက်ဆောင်အဖြစ်ရော

တစ်သက်တာအတွက်ရောပေးချင်တဲ့သီချင်းလေးတစ်ပုဒ်ရှိပါတယ်..Bee Gees

..တွေရဲ့..Run To Me..ဆိုတဲ့သီချင်းလေး ပါပဲ..။စာသားရော..နားထောင်နိုင်ဖို့

လင့်ခ်လေးရောထည့်ပေးလိုက်ပါတယ်။

RUN TO ME (Bee Gees)

If ever you got rain in your heart,
someone has hurt you, and torn you apart,
am I unwise to open up your eyes to love me?

And let it be like they said it would be -
me loving you girl, and you loving me.
Am I unwise to open up your eyes to love me?

Run to me whenever you're lonely. (to love me)
Run to me if you need a shoulder
Now and then, you need someone older,
so darling, you run to me.

And when you're out in the cold,
no one beside you, and no one to hold,
am I unwise to open up your eyes to love me?

And when you've got nothing to lose,
nothing to pay for, nothing to choose,
am I unwise to open up your eyes to love me?

Run to me whenever you're lonely. (to love me)
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.

Run to me whenever you're lonely.
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.

Run to me whenever you're lonely.
Run to me if you need a shoulder
Now and then you need someone older,
so darling, you run to me.

ဒီမှာသွားနားထောင်နိုင်ပါတယ်။

ဒါကတော့..သားကလေးမွေးနေ့ကိုလာကြမယ့်သူတွေအတွက်ပါ။သားကလေးစားနေ

ကျ အစား အစာတွေပဲတည်ခင်းပေးလိုက်ပါတယ်။..ပျော်ရွှင်ပါစေ..။

ကြက်သားဟင်းနဲ့ပလာတာ၊မုန့်ဟင်းခါး၊ကြက်ကြော်

ဒန်ပေါက်၊ငါးနဲ့အာလူးကြော်၊ပြောင်းဖူး

And Happy Birthday Ko Ko.. ..Surely goodness and mercy shall follow you all

the days of your life and may all your dreams come true by my prayers!!

ချစ်သောမေမေ..