ဈေးဝယ်ထွက်ခြင်း

Friday, March 27, 2009







ဈေးဝယ်ထွက်ခြင်း..ဆိုလို့တခြားမထင်ပါနဲ့။ဟင်းသီးဟင်းရွက်အဝယ်ထွက်တာပါ။မှန်တာပြောရရင်
ဒီရောက်တည်းက..တစ်ခါမှကိုယ့်ဟာကိုဈေးမဝယ်ဖူးပါဘူး..။ပျင်းတာလည်းပါပါတယ်။..း)
အိမ်မှာအမေက..ခရီးမထွက်ခင်တော်တော်များများဝယ်ထည့်ပေးခဲ့တာ.။ခုတော့ကုန်သလောက်ဖြစ်
နေပါပြီ။ဒါတောင်ဒီကြားထဲမှာမောင်လေးက..ဝယ်ဝယ်လာလို့..။ပြီးတဲ့တဲ့သောကြာညကနေတနင်္ဂ
နွေညနေထိလည်းသူများအိမ်သွားနေစားလိုက်သေးတယ်....း)..အကုန်အကျများမှားစိုးလို့...
ဒီမနက်တော့ မရတော့ဘူး။မနက်တိုင်း သားကိုကျောင်းပို့ရင်းစဉ်းစားတာက..အပြန်ကျရင် ဈေးဝယ်
မယ်..ပြီးရင်အိမ်ထဲပဲ..ကွန်ပျူတာရှေ့ပဲပြန်ပြန်ရောက်လာတာပဲ။အမှန်က......သွားဝယ်ရမယ့်ဆိုင်
Frankin....နဲ့အိမ်ကမျက်စောင်းထိုးလောက်မှာရှိတာ...။အဲဒါကိုကိုမရွေ့နိုင်ခဲ့တာလေ....။
ဒိနေ့ဝယ်လာတဲ့ပစ္စည်းတွေက..
ပန်းဂေါ်ဖီအစိမ်း..တစ်ပွင့်
မှို (တစ်ဆယ်သားကျော်လောက်ရှိမယ်ထင်တယ်)
Orange
Seedless Grapes(green)
Pears
ငှက်ပျောသီးတစ်ဖီး
အားလုံးမှ ၁၂.၂၄ဒေါ်လာပဲကျတယ်။အောက်ဈေးနဲ့မတွက်ပဲတက်ဈေးနဲ့ပဲတွက်ပါဦးမယ်။တစ်ဒေါ်လာ
ကို ၈၀၀ နှုန်းနဲ့တွက်ရင်..၉၉၆၀ ပဲကျတယ်။
ကဲ မြန်မာပြည်ကဈေးနဲ့တွက်ရအောင်။
အစေ့မပါတဲ့စပျစ်သီးအစိမ်းတစ်ကီလိုကို ၉၀၀၀ပါ..ကီလိုဝက်စာလောက်ပဲပါတာမို့..၄၅၀၀ထားလိုက်
ပါမယ်။နောက်..ပန်းဂေါ်ဖီစိမ်း..အမြင့်ဆုံးဈေး ၈၀၀ နဲ့တွက်ပါမယ်။နောက်..လိမ္မော်သီး..ဒိလိုမျိုး
ဆို ရန်ကုန်စီးတီးမတ်ထဲမှာ..တစ်လုံး ၁၀၀၀..နှစ်လုံးဆိုတော့...၂၀၀၀..။နောက်ငှက်ပျောသီး...
သီးမွှေးသီးတစ်ဖီးကိုအောက်ထစ်..၁၅၀၀..နောက်..pear..ကတော့ရန်ကုန်မှာမရှိတော့ပန်းသစ်
တော်လိုသဘောထားပြီးတွက်လိုက်မယ်..တစ်လုံးကို ၁၀၀၀...နှစ်လုံး..၂၀၀၀ပေါ့...မှို..ဒီလို
အပွင့်လှလှကြီးတွေဆိုသေချာတယ်..တစ်ဆယ်သား ၁၅၀၀..မှိုနဲ့ကန်စွန်းရွက်ကြော်စားဖို့တော်တော်
အားခဲရတတ်တာ..ဘာမှမဟုတ်ပဲမှိုက..၁၅၀၀..တရုတ်ကန်စွန်းတစ်စည်း.၂၀၀..နှစ်စည်းဆို..၄၀၀
နဲ့တင်..၁၉၀၀ဖြစ်သွားပြီမို့..။ကဲ ..ခုဝယ်လာတာတွေကိုမြန်မာဈေးနဲ့ပေါင်းကြည့်လိုက်ရအောင်...
၄၅၀၀+၈၀၀+၂၀၀၀+၁၅၀၀+၂၀၀၀+၁၅၀၀...ဆိုတော့...ကျွန်မ ဂဏန်းပေါင်းစက်ကပျက်သွား
တယ်..ကိုယ့်ဘာသာကိုယ်ပဲတွက်ကြည့်လိုက်တော့နော်...း)
(ပုံတွေကို GOOGLE ကယူပါတယ်..ကင်မရာအဆင်သင့်မရှိလို့ပါ စပျစ်သီးကကျွန်မစပျစ်သီးကပို
လှပါတယ်..မှတ်ချက်..ကျြွားခြင်းဖြစ်၏..)

ရှေ့မှာတင်ခဲ့တဲ့..သေသပ်ကျနစွာနေကြတ်သွားသောနေ့တစ်နေ့..တွက်ပြောစရာလေးတွေရှိလာလို့ပါ။
ဝေလွင်ဇော်က..ကျွန်မကိုကဗျာစာလုံးပေါင်းလေးမှားနေတာလာပြင်ပေးပါတယ်။သူမှန်ပါတယ်။ကျွန်မက
မှားတာပါ။ကျွန်မ မြန်မာမော်ဒန်ကဗျာများကနေပြန်ကူးယူလာတာမို့စစ်လည်းမစစ်လိုက်မိဘူးဖြစ်နေတာ
မို့ပါ..။လာပြင်ပေးတာကျေးဇူးတင်ပါတယ်။ခုပြန်ပြင်ထားလိုက်ပါပြီ..။
တကယ်ပဲ..ကျွန်မဆယ်တန်းနှစ်မှာဆုံးသွားတဲ့ကျွန်မသူငယ်ချင်း...မင်း..ကိုရေးထားတာပါ။သူဆုံးတော့
သူက..ဆေးကျောင်းတက်ရမယ့်ငါးဘာသာဂုဏ်ထူးရှင်..။သူ့အဖေ..ဆရာဝန်ကြီးနဲ့အတူဆုံးပါတယ်။
ကျန်ခဲ့တဲ့သူတွေအတွက်စဉ်းစားကြည့်ပါဥိး..။သူ့အမေဆိုတာ..ငိုလည်းမငို.....အသံလည်းမထွက်..
အရုပ်တစ်ရုပ်လိုကိုဖြစ်သွားတော့တာ..ကျွန်မတို့သူငယ်ချင်းတွေဖက်ကခံစားမှုဆိုတာက..ဘာဟုတ်
သေးလို့လဲ....ဒိကဗျာလေးကိုခုထိ အန်တီခင်လေး..(ကိုရင်နော်ခင်လေးငယ်ကခင်လေးမဟုတ်..)
ကိုပေးမဖတ်ရသေးပါဘူး။ဘယ်ရောက်နေမှန်းလည်းလည်းမသိပါဘူး။တွေ့ကြုံဆုံကွဲ ဆိုတဲ့လောကကြီး
ထဲမှာ...


23 Comments:

pandora said...

သိပ်မတွက်နဲ့ မ ရေ စားသာစား

နောက်ကျတော့လည်း ၁ ဒေါ်လာကို ၁ ကျပ်လိုလို မြင်သွားလိမ့်မယ်။ :D

ရှေးစာဆို said...

ဈေးဝယ်တာကောင်းတယ်။ နဲနဲဝယ်ပြီး များများကြည့်ပြီးဝယ်ရင် ပိုတောင်ကောင်းသေး:)။ ကျနော်မှာ blogကနာရီကိုကြည့်လိုက် မနော်ဘယ်နိုင်ငံရောက်နေလဲတွက်ချက်လိုက်၊ စာအရေးအသားကိုကြည့်လိုက် ခန့်မှန်းလိုက်နဲ့ ဘယ်ရောက်လို့ရောက်နေမှန်းကိုမသိတော့ဘူး။

sweetpeony said...

အမ အစတုန်းကတော့ အဲလိုပဲတွက်မိတယ်..
ခုတော့ လျော့သွားပြီ..း)
၁ဒေါ်လာက ၁ဒေါ်လာပဲ..း)
ဒါပေမယ့် မြန်မာပြည်ကလာတာဆိုတော့လဲနော်
တခါတခါတော့ ရန်ကုန်မှာဆိုရင် ဆိုတာမျိုးတော့
ဝင်ဝင်လာသား..း)
၁ဒေါ်လာကို ပျမ်းမျှ ၈၀၀ လား အမ..း)

WWKM said...

ဝါ၀ါလည်း ဂျပန်ဈေးနဲ့ဘယ်လောက်ကွာလဲလို့ စိတ်တွက်တွက်သွားတယ်...း) ဂျပန်ယန်းနဲ့အကြမ်းတွက်ကြည့်ရင် မြန်မာငွေ ၁၅၀၀၀ ကျပ်လောက်ကျတယ်လေ..

ဒါနဲ့သူငယ်ချင်းက ဘာဖြစ်လို့ဆုံးသွားတာလဲမေခရေ..
စိတ်ဝင်စားသွားတယ်. အက်ဆီးဒင့် တစ်ခုခုကြောင့်
ဖြစ်မယ်ထင်တယ်နော်. စိတ်မကောင်းပါဘူး.း(

kay said...

သြော- ဒေါ်ကြီးက..ဒီလိုလဲ ဈေးဖိုးတွေ စစ်စီ ပြန်တယ်ကိုး။း)

ပို့စ်မော်ဒန် ဈေးစာရင်းလေး ပေါ့.. ဟိ

Moe Cho Thinn said...

ရောက်စတုန်းက တို့လဲ အမြဲတမ်း မြန်မာငွေနဲ့ ပြန်ပြန် မြှောက်ကြည့်တာ။ ခုတော့လဲ မလုပ်တော့ပါဘူး။ မြန်မာပြည်က ဈေးတွေကလဲ အင်တာနေရှင်နယ် မီပါတယ်။ အတော်မြင့်ကုန်ပြီ..:)

Anonymous said...

ဆိုင်မှာအဲဒါတွေကို နေ့တိုင်းကက်ရှ်ဖြတ်ပေးနေရပေမယ့် ကိုယ်တိုင်မစားဖြစ်ပါဘူး..း(
မြန်မာငွေနဲ့တွက်ရင်တော့ ပြောမနေနဲ့။ ကုန်ဈေးနှုန်းက အင်တာနေရှင်နယ်လ်ဈေးဖြစ်နေပြီး ဝင်ငွေက မြေကြီးအောက်ထဲရောက်နေတယ်လေ။

ကိုရင်နော်ခင်လေးငယ် said...

မနော်နော်....

ပိုက်ပိုက်တွေ အစုလွန်ရဝူးနော်..

လည်လည်လာရင်တော့ လက်ညှိုးထိုးတာ
ဝယ်ကျွေးရမှာဘဲ.. ရဝူးနော်... အော်ငိုမှာ

with love.....

အိုင်လွယ်ပန် said...

အစ်မ
ပြောသလိုလိုက်ပေါင်းတာ ....
ကျွန်တော့်ဂဏန်းပေါင်းစက်ပါပျက်သွားတယ် :)

မိုးခါး said...

ညီမဂဏန်းပေါင်းစက်လည်းပျောက်နေတယ် .. :D ၅ဘာသာဂုဏ်ထူးရှင်အတွက် နှမြောလည်းနှမြောတယ် သနားလည်းသနားပါတယ်နော် ..း(

စိုးဇေယျထွန်း said...

ကျွန်တော်တို့ မြန်မာနိုင်ငံ ကုန်ဈေးနှုန်းကြီးတယ် ကြီးတယ်နဲ့ မကြီးပါဘူးဆို :P

Anonymous said...

ပြည်ပ မှာက ရတဲ့လစာနဲ့ စားရသောက်ရတာက ကာမိတော့တန်တယ်ပြောလို့ရတယ် ။ ရွှေပြည်ကြီးမှာကတော့ ......အယ် ဘာတွေလိုက်ပြောမိနေလဲမသိ ကျနော် စပျစ်သီးစားချင်တယ်လို့း)

Unknown said...

အစ်မဈေးဝယ်လာတာ လာကြည့်တာ မဆိုးသေးဘူးပြောရမယ်နော အစ်မ
ကျနော်တို့ဆီမှာဆို ပိုဆိုးမယ် :(
ကဗျာရဲ့ ဆိုလိုရင်းကတော့ ခုမှသိတော့တယ်အစ်မရေ
ကောင်းသောနေ့ပါအစ်မရေ :)

Wai Lwin Zaw said...

အစ်မ ကဗျာမှာ ဒီလို ကြေကွဲဖို့ကောင်းတဲ့ နောက်ခံဇာတ်လမ်းရှိမယ်လို့မထင်ခဲ့မိဘူး။ ဒါကြောင့် ဒီလောက်ကောင်းတာကိုး။

မီယာ said...

အပြင်မှာ ဈေးဝယ်ရတာ ပိုသက်သာ သလိုပါပဲ။ ရန်ကုန်ပြန်ရင် စီးတီးမတ်မှာ ဈေးဝယ်တဲ့ လူတန်းကြီးကအရှည်ကြီး။ (ဈေးတွေက အဆမတန်ကြီးတယ်လို့ထင်တာပဲ)

လင်း said...

မနော် သားနဲ့ သူ့ ပတ်ဝန်းကျင်အသစ်က သူငယ်ချင်း အသစ်တွေ အကြောင်းရေးပါအုန်း

Sein Lyan Tun said...

မနော်ဝယ်ခဲ့တဲ့ အသီးတွေအားလုံးကိုကြိုက်ပါတယ်..
ငှက်ပျောသီးကတော့ အကြိုက်ဆုံးပေါ့..
လိမ္မော်သီးကတော့ဒီမှာဈေးချိုတဲ့အပြင်
အိမ်တိုင်းစိုက်တော့ဝယ်စားစရာမလိုဘူး
လမ်းသွားရင်းလက်သရမ်းလို့ ခူးစားလိုရတယ်
မအော်ဘူး..သူတို့ က သူတို့ အသီးချိုတယ်ပြောရင်
အိတ်နဲ့တောင်ထည့်ပေးသေးတာ..
ငှက်ပျောသီးကတော့ ဈေးအတော်ကြီးတယ်..
ပို့ ကုန်ဆိုတော့..ဒီမှာငှက်ပျောစိုက်လို့ မရတာလဲပါတာကိုး..
မှိုကတော့ ဈေးချိုပါတယ်..
အဲ.. ဘရိုကိုလီကတော့ အ၇မ်းကြိုက်တယ်..
ဈေးကလဲကောင်းတယ်..
ဒီမှာတော့ပြုတ်စားကြတာများတယ်..
ဆားဖြူး..ငရုပ်ကောင်းမှုန်းဖြူ..သံပုရာသီးလေးညှစ်ထည့်
ဒီလိုပဲစားကျတယ်..
ဘာပဲပြောပြော..ကျနော်ကစားသောက်ဆိုင်မှာလုပ်တော့
စားချင်တာကိုသယ်လာလိုက်တာပဲ...သူထေးခဏခဏပြန်ဝယ်ရတာက
ငှက်ပျောသီးနဲ့  ကန်စွန်းဥ...
ကျနော်ကတော့ အမှည့်လွန်မှာကြောက်လို့ စားပေးတယ်ဆိုတဲ့အကြောင်းပြချက်ပေါ့..
အမှန်ကအမှည့်ကိုမလွန်ခင်ကုန်တာပဲ..
အဟား..မန့် နေတာအရှည်ကြီး..နက်ကိုစိတ်နာနာနဲ့ 
မန့် နေတာ...အိမ်လည်မရလို့ လေ..
မနော်နေကောင်းပါစေဗျာ

လင်းဒီပ said...

ဟားဟား..အစ်မက စာဖတ်တဲ့လူကို အလုပ်ပေးပြီ..
တွက်ကြည့်လိုက်တော့ မြန်မာပြည်က ဈေးပိုကြီးနေတယ်ပေါ့...:P

မိုးသောက်ယံ said...

အမရေ တွက်ရင်း ခေါင်းစားသွားတယ် သင်္ချာဂုဏ်ထူးလေ :P အဲ့လိုတော်တာ အဖြေကိုထွက်ဖူး ဟီးး

အိန္ဒြာ said...

အစ်မရေ...

ဒီမှာကျ...မြန်မာပြည်ကသက်သာနေတယ်....

ဘာဝယ်ဝယ်..တန်တယ်ကိုမထင်ဘူး......
ချဉ်ပေါင်ရွက်တစ်စည်း...၁ ကျပ်
ခုကျဈေးနဲ့တောင် ၇၀၀ အစ်မရေ..
နင်နေတယ်.....
စားရတာ...

Julian said...

ဈေးဝယ်ထွက်တယ်ပေါ့လေ......
နာလဲမနေ့ကပျင်းပျင်းနဲ့ထွက်တယ် ...... ပိုက်ပိုက်မလောက်မှာစိုးလို့လိုချင်တာတွေကိုကောက်ကိုင်ပြန်ချလုပ်ခဲ့ရတယ် အင်း ဒီနေ့ထပ်သွားရင်ကောင်းမလား........ ဈေးနှုန်းလား..... ဒီနိုင်ငံကဈေးနဲ့တွက်တွက် ...... ဟိုနိုင်ငံကဈေးနဲ့တွက်တွက်........ ရွှေပြည်တော်ကဈေးနဲ့တွက်တွက်......ကိုယ့်အိတ်ကပ်ထဲကကိုယ်ရှာတဲ့ပိုက်ဆံထွက်တာဆိုတော့..... အားလုံးဈေးကြီးတယ် ...... ဟဲဟဲ......
အခုမှဘဲမန့်လို့ရတယ်......
စကားမစပ် ရှင့်ဘလော့ခ်ကိုဖွင့်တာ 20 မိနစ်တိတိကြာတယ် မပြီးနိုင်မစီးနိင် link တွေနဲ့...... ဟင်း .........ဖတ်ချင်လွန်းလို့သာစိတ်ကိုဆွဲဆန့်ပြီးစောင့်ဖတ်ရတာ.....
ဂျူ

မေ့သမီး said...

ညီမတို့ဆီမှာတော့ တွက်ကြည့်ရင်မြန်မာပြည်က သက်သာတယ်။ မနော်ကအခုဘယ်မှာလဲ။

Unknown said...

မရေ
မြန်မာပြည်မှာဆိုယင်တောင် တောင်ကြီးက ပိုသက်သာတာပေါ့.တကယ်ပြောတာ လတ်ဆတ်လွန်းတဲ့ အရွက်တွေ 100 ဖိုးယူယင် 3စည်း ပေးတယ်လေ. ဒီမှာ လတ်ဆတ်ပါတယ် အမြင်လှပါ တယ်.ဒါပေမဲ့ အဆိပ်တွေမြိုချနေရသလိုခံစားနေရတယ် ဘာဖြစ်လို့လည်းဆို တော့ ဘာမှကို သဘာဝအတိုင်းမရ နိုင်တော့လို့ပဲ. အသားဆိုပိုဆိုတယ်. ပြည်ပမှာ ဖြစ်မှာပေါ့ ကင်ဆာရောဂါအမျိုးမျိုး ဘာမှကို သဘာဝအတိုင်းမှမရတော့တာ. အားလုံးဟာပြုပြင်ဖန်တီးထားတဲ့အရာတွေဖြစ်နေလို့လေ။မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေ မကောင်းလို့ပါ. ချစ်စရာမြတ်နိုးစရာ ထိန်းသိမ်းလို့ရတဲ့ အရာတွေ အများကြီးကျန်ပါသေးတယ်. အင်းဘာတွေပြောမိနေလည်းမသိဘူး
တောင်ပေါ်သူ