ခုတလော...

Thursday, March 19, 2009

ခုတလော..
တွေးဖြစ်နေတာက..
(၁)ကျေးဇူးတရားအကြောင်းနဲ့ဆက်စပ်ပြီးသံသရာမကြောက်တဲ့သူတွေအကြောင်း
(၂)ဝန်တိုမစ္ဆိယစိတ်များတဲ့သူတွေအကြောင်း
(၃)ကိုယ်မစိုက်ပဲလိုက်ရိတ်သိမ်းနေပြီး..ကိုယ်စိုက်ခဲ့တဲ့အသီးကိုယ်ခါးတယ်လို့အော်
နေတဲ့သူတွေအကြောင်း

ရောက်ဖြစ်နေတာက..

facebook..


ဖတ်ဖြစ်နေတာက..
ကဗျာတွေ..( ဆေးအဖြစ်နဲ့စားသုံးနေတာ..)

ရေးဖြစ်နေတာက..

မေးချင်တဲ့မေးခွန်းတွေ..(စုနေတယ် နောက်မှ tag game တစ်ခုအနေနဲ့လုပ်ဦးမယ်။)

နားထောင်ဖြစ်နေတဲ့သီချင်းက
..
မျိုးကျော့မြိုင် ရဲ့ အဝေးကြီး...(သစ်ကောင်းအိမ်ကြားရင်..လွမ်းနေတယ်လို့..စွတ်စွဲဦးမယ်...။)

စားဖြစ်နေတာက......

frozen vegetable
တွေ.(သိပ်သနားစရာကောင်းတာပဲ..
လေ့လာတွေ့ရှိသူတစ်ချို့ကတော့ အဲဒီမှာအဟာရတန်ဖိုးအပြည့်ဆိုပဲ..)

ကြည့်ဖြစ်နေတာက
.............
Master Chef and Iron Chef
(အရသာရှိသောအစီအစဉ်များ.. :D..)
Iron Chef က တစ်ချိန်ကအမိုက်စားလေး Mark Dacascos ကိုကြည့်ချင်တာ
အံ့သြစရာ သူက အဲဒီမှာ CHAIRMAN တဲ့...

ရွတ်နေမိတဲ့ကဗျာ..
........
မျိုးနေနွယ်ရဲ့ တေလေ ဆိုတဲ့ကဗျာနောက်ဆုံးပုဒ်

တေလေ
မိုးဖွဲဖွဲလေးရွာနေတယ်
ငါမငိုချင်တော့ဘူး

မျက်ရည်စက်လက်နဲ့စိတ်က

ကမ်းစပ်နံဘေးမှာနေ့ရွှေ့လိုက်
ညရွှေ့လိုက်

လူက
ရေပြင်ပေါ်ပလုံလို့မြည်ပြီးနစ်သွားတဲ့ခဲတစ်လုံး
နှမြောတယ်
သင်းကွဲငှက်အော်သံများကြားလိုက်ရ
ဘာမှမသာယာဘူး
ကိုယ့်ကိုယ်ကိုလက်ဖျောက်တစ်ချက်တီးပြီးခေါ်ကြည့်လိုက်
ပလက်ဖောင်းပေါ်မှာဆုပ်လည်းစူးစားလည်းရူး
မျက်လုံးစိမ်းတွေကမိုးရွာတိုင်းပွင့်တတ်တဲ့ပန်းတွေလို
ငါ့ရှေ့ကရှုခင်းများ
ငါ့နောက်ကရှုခင်းများ
ငါ့ဘဝရဲ့အနာတရတွေကိုဖျော်သောက်နေတဲ့နေရောင်ခြည်များ
အရာအားလုံးကိုစိတ်ဆိုးလည်းခဏမဖြစ်ချင်တော့ဘူး
အမေ့ကိုသတိရတယ်
မျက်ရည်ကျလာတယ်
သေချာပေါက်
ဒီတစ်ခါမိုးမိရင်ဖျားပြီ..။

မျိုးနေနွယ်


တစ်ခါမှမလုပ်ဖူးပဲ

လုပ်နေတဲ့အလုပ်..........
ကြောင်တစ်ကောင်နဲ့ရန်ဖြစ်ဖြစ်နေရတာ..နာမည်က JC တဲ့..။
(ဆိုးသလားမမေးနဲ့ မျက်နှာပေါက်ကိုက ဂျစ်တစ်တစ်နဲ့.ညီမတော်မွေးထားတဲ့
ကြောင်လေ..ချစ်တော့ချစ်ပါတယ်..ဆိုးတာကတော့တာတေလန်..)

သွားချင်နေတဲ့ခရီး.........
မြန်မာပြည်ပေါ့..(မေးစရာကိုမလိုတာ..)

ဖြစ်ချင်နေတာက
............
Sugar Ray Leonard..(လက်သီးနဲ့ထိုးစရာလူတစ်ယောက်ရှိလို့.လက်အိတ်တော့ပါမှဖြစ်မှာ.)

သတိရနေတာက ............
လူတစ်ယောက်ဆိုသိပ်ကောင်းမှာ..ဖုန်းလေးဖြစ်ဖြစ်ဆက်..အွန်လိုင်းမှာတွေ့
ခုတော့..အများကြီးဖြစ်နေတယ်..လက်ဘက်ရည်ဆိုင်ထိုင်ချင်တယ် နေမျိုးရဲ့
သဘောင်္ကြီးတွေလို..ကျောက်ခဏချပြီး...အန်တီမြဆိုင်မှာထမင်းစားချင်တယ်
ကိုသျှီတို့ရုံးနားမှာလက်ဘက်ရည်ဆိုင်ထိုင်ချင်တယ်..Ginzapanကကော်ဖီ
သောက်ချင်ပြီး Cafe Aroma က Spaghetti စားချင်တယ်။သက်သတ်လွတ်..
ဦးခင်မောင်စိန်ဆီသွားပြီးစာအုပ်ဟောင်းတွေသွားကြည့်ချင်တယ်။လောက
နတ်ကပန်းချီပြပွဲတွေကိုသွားချင်တယ်။ရုံးဘေးနားမှာအထမ်းနဲ့ရောင်းတဲ့ငါး
မပါသော အညာသားမုန့်ဟင်းခါးစားချင်တယ်..။အမှတ်တရ..ကကောက်ညှင်း
ပေါင်းနဲ့အကြော်လည်းပါတယ်။(တော်ပြီလက်ညောင်းတယ်..အများကြီးကျန်
သေးတယ်..)

မုန်းတီးနေတာက ........
ဘာဖြစ်ချင်မှန်းမသိပဲ မိန်းမတစ်ယောက်အောင်မြင်နေတာကိုမကြည့်နိုင်တဲ့
ယောကျာ်းတွေ..

ချစ်နေမိတာက..
သက်မဲ့..................ROSARY ..အနက်လေး..ဂျေရုဆလင်ကလာတာတဲ့
သက်ရှိ..................မပြောင်းမလဲကိုကို..

ကြိတ်ပြီးချီးကျူးနေမိတာက
လူတစ်ယောက်အကြောင်းးကိုမဟုတ်တာအဟုတ်ဖြစ်အောင် ဇာတ်လမ်းလေးဆင်ပြီး
တဖွဲ့တနွဲ့ပြောတတ်တဲ့သူတွေ (မေဆွိသေပြီဆိုတဲ့သတင်းလို..)

ကြိတ်ပြီးအထင်သေးနေမိတာက..
သူများကြောင့်ရတဲ့အောင်မြင်မှုကို ကိုယ့်ကြောင့်လို့ ဘာအကြောင်းပြချက်မှမရှိပဲထင်
သွားတဲ့သူတွေ..(အံ့ရော..)

လိုချင်နေတာက
ငြိမ်းချမ်းဆု ရဲ့ပန်းချီကားသုံးလေးခု..

အလိုလိုကျောချမ်းနေမိတာက
နပမ်းသမားတွေ (သူတို့လောကကြီးထဲကိုရောက်လာပုံက တစ်မျိုးပဲ..)

လုပ်ချင်နေတာက
installation art တစ်ခုခု သို့မဟုတ် performance တစ်ခုခု
( စိတ်ကူးထဲမှာဘယ်လိုကဘယ်လိုခုန်ပေါက်ဝင်လာတဲ့ အိုင်ဒီယာမှန်းမသိဘူး.
အမှာစကား......ကိုထိန်..ဘာမှစိတ်မပူပါနဲ့ ဆန္ဒပြောတာပါ .. :P )

ဆန္ဒမရှိတဲ့နေရာ
G-talk

ှဆန္ဒမရှိတဲ့အလုပ်
စာရေးတာ...(ဘာမှကိုမရေးချင်ဘူး..ရေးလည်းမထွက်ဘူး..)

စွဲလန်းနေမိတဲ့အရာ
တိမ်ဖြူတွေ ... (နန်းညီကတော့ ကြယ်တွေ တဲ့..)

တောင်းနေမိတဲ့ဆု
ဘာလို့ပြောပြရမှာလဲ..........း)

မေးခွန်းတွေထပ်ပြန်တလဲလဲမေးနေမိတဲ့သူ
ဘုရားသခင် (နားညည်းရှာမှာပဲ..မေးနေတာကိုက အဖြူကဘာလို့ဖြူနေရတာလဲ ဆိုတာမျိုး)

အမှန်အတိုင်းဝန်ခံချင်နေတာက
ဒီပို့စ်က ဆားချက်တာ ...း)


19 Comments:

အိန္ဒြာ said...

ကောင်းလိုက်တာ...

စိတ်တွေပေါ့ပါးသွားလိုက်မှာ....

Anonymous said...

ရှင်းနေကော စိတ်တွေကို ဖွင့်ပြလိုက်သလို အဲ့တာတွေ အားလုံး တကယ်ဖြစ်ရင် လုပ်လို့ရရင် ကောင်းမယ်နော့်း) အဲ့လောက်ရိုးရှင်းနေ လိုချင်တာတွေရနေရင်လည်း လူ့ဘ၀ကြီးကပျော်စရာမကောင်းတော့ပါဘူး ကျနော်လည်း သောက်ချင်နေတယ် ( ပဲနို့) :P

ATN said...

ငရုတ်သီးမှုန့်လေးနည်းနည်းထည့်လိုက်ရင် ပိုကောင်းမယ် ထင်တယ်...

လင်းဒီပ said...

ကောင်းကောင်းနဲ့ဖတ်လာတာ
အဆုံးသတ်မှ ဆားချက်နေမှန်း သိရတယ်..

ဒါပေမယ့် တေလေ ကဗျာလေး အဆစ် ဖတ်လိုက်ရတယ်..

အစ်မက ပညာရှိ
စာမရေးဘူးလို့
ပြောလို့ မရအောင်လုပ်လိုက်တာ

Unknown said...

Ma Naw,

Act 9:6.

Lin

Julian said...

ဆားချက်သောမမ

ချက်နေတာဆားမှန်းမသိအောင်
ဒယ်အိုးအကြီးကြီးထဲမှာ
ထမနဲမွှေသလိုမွှေနေတော့
ထမနဲဘဲစားရတော့မလိုလို
အလှုအိမ်ဘဲရောက်နေသလိုလို ( အညာကအလှုတွေကဒယ်အိုးနဲ့ချက်တယ်လေ )

ဟိုလိုလိုဒီလိုလိုနဲ့ အဆုံးကျတော့လဲ ဆားချက်တယ်လို့နာမည်တပ်ပြီး ခံစားချက်တွေရောမွှေသွားတာကိုး..........

အနဲဆုံးတော့ အသစ်ကလေးကို မျက်စိအညောင်းခံရကျိုးနပ်ပါတယ် ။ ( အဟောင်းတွေဖတ်ပြီး မျက်မှန်တပ်ရတော့မှာနဲ့စာရင် )

ဂျူ
( ခပ်တိုတိုမမန့်တပ်သောပညာရှင်)

Sir Yaw said...

ဘာပြောပြီး ဘာရေးရမလဲတောင် မသိတော့ဖူး။
လိုက်မမှီတော့ဖူး။လက်ဆင်းရဲ့ လူဗြိန်း တကယ်
ဖြစ်နေပြီထင်ပါတယ်

Sein Lyan Tun said...

ဆားချက်တယ်ဆိုတော့ ..ဆားနည်းနည်းပေးပါမနော်ရေ..
ကျနော် ချက်မဲ့ဂရိစာမှာဆားလို လို့ ပါ..
နက်မကောင်းဘူးမနော်ရယ်..
မနော်ဆီမှာလာကစားဖို့ တောင် နက်ကမကောင်းဘူးရယ်..
စိတ်ညစ်နေတယ်မနော်ရေ..
ဘယ်လိုဖြစ်နေတယ်မသိ..အခုရတုန်းလေး..
မန့် လို့ ရမယ်ထင်တာပဲ..
မနော်နေကောင်းပါစေ..
လာမကစားရတော့လဲလွမ်းသလိုလိုပဲ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

အိုင်လွယ်ပန် said...

ပေါ့ပေါ့ ပါးပါးတော့ဖြစ်သွားတယ်အစ်မရေ ..

အခုတလော ကျွန်တော်သိပ်လေးနေလို့ :)

မိုးခါး said...

မနော်ရေ .. စားချင်တယ် .. သွားချင်တယ် .. ပြန်ချင်တယ် ..း(

ဆောင်းယွန်းလ said...

သွားချင်နေတဲ့ခရီးတဲ့...အင်း.ကျနော်လည်း အဲဒီခရီးကို
စိတ်နဲ့သွားနေမိတာ အကြိမ်ကြိမ်အခါခါပေါ့...
ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာရှိတာတွေအန်ချလိုက်တော့ ပေါ့ပေါ့ပါးပါးတော့ဖြစ်သွားမှာပေါ့နော်...
အဆင်ပြေပါစေမနော်ရေ

Moe Cho Thinn said...

ဆားဆိုပေမဲ့ စိတ်ထဲက ခံနေတဲ့ အတုံးအခဲတွေ ပျော်သွားစေတဲ့ ဆား ပါလေ.. :)

kay said...

သြော်- ဒါမျိုးတွေလဲ တတ်သွားပြီကိုး။း)

Phyo Evergreen said...

နောက်ဆုံးရောက်တော့မှဘဲ တည့်တည့်ထိတော့တယ်..။ ဆားချက်လိုက်ကြစို့ရယ်..။

WWKM said...

မနော်ဆားချက်ထားတာလေးဖတ်ထားတယ်..
တက်ဂ်လိုက်တာမဟုတ်ဖူး.. ဒီမှာဘာရေးရမှန်းမသိ
လို့ ယောင်ဝါးဝါးဖြစ်နေတာ.. ဟဟားး အလကားစတာနော်... တက်ဂ်နဲ့ တက်ဂ်ရင် တာဝန်မကျေမချင်း စိတ်ညစ်တတ်လွန်းလို့..

NangNyi said...

လုပ်ချင်နေတာချင်း တူတယ် အစ်မး)

tin min htet said...

ခုတလော ..
မနော်ဆီရောက်ဖြစ်ပါတယ်
ဆားလဲ နည်းနည်းယူသွားပါတယ်။
ကိုယ့်ဖာသာမှ မချက်တတ်တာ :P

tmh

ourstream said...

စိတ်ထဲကဖြစ်ချင်နေတာတွေကို အမှတ်တမဲ့
တွေ့လိုက်ပါတယ်....။

မီးငယ် said...

မမ အဲဒါကို Tag လိုက်ပါလား