ချစ်သူ

Friday, March 6, 2009

ချစ်သူ


ချစ်သူဆိုတာ ငါ့အဘိဓာန်ထဲမှာ
အရာအားလုံးနဲ့ကင်းလွတ်တဲ့ ဝေါဟာရပါ...။

ပုံပြင်ထဲက မင်းသားလိုလဲ တင့်တယ်အပြစ်ကင်းတယ်
သံစဉ်ဖေါ့ဖေါ့လေးတွေနဲ့ငါ့ရဲ့နေ့သစ်တွေကို
အရောင်တင်ပေးတတ်သူလည်းဖြစ်တယ်....။

မှောင်မိုက်အတိပြီးတဲ့ ညတွေကို အခန်းဆက်စကားလုံးတွေနဲ့
လင်းချင်းစေနိုင်သူလည်းဖြစ်တယ်...။

ငါ့အပေါ်နူးနူးညံ့ညံ့ဖြာကျနေမယ့်
အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်...

ငါ့ရဲ့အနာဂတ်တွေကို ဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်
ပြီးတော့....အဲဒီအရာအားလုံးကို
ဖျက်ခြွေနိုင်သူလည်းဖြစ်သေးတယ်လေ...။ ။

မနော်ဟရီ


20 Comments:

sait phay yar said...

ချစ်သူဆိုတာ ငါ့အဘိဓာန်ထဲမှာ
အရာအားလုံးနဲ့ကင်းလွတ်တဲ့ ဝေါဟာရပါ...။

မနော် အရမ်းမှန်တယ် နော်
ဒါပေမဲ့ ပေါ့...

လင်းဒီပ said...

ငါ့ရဲ့အနာဂတ်တွေကို ဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်
ပြီးတော့....အဲဒီအရာအားလုံးကို
ဖျက်ခြွေနိုင်သူလည်းဖြစ်သေးတယ်လေ...။ ။

သိပ်သေချာတာပဲ အစ်မရယ်..

kay said...

ချစ်သူဆိုတာ..
ဥပေက္ခာနဲ့ အဝေးဆုံးအရပ်က..
အနီးဆုံး ရန်သူလဲ ဖြစ်နေတတ်တယ်။

ကိုရင်နော်ခင်လေးငယ် said...

ချစ်တဲ့ မနော်....

ချစ်သူဆိုတာ အဲ့ဒီ အရာအားလုံးကို
စွမ်းဆောင်နိုင်သလို ဖျက်ခြွေနိုင်သူ...
ဟုတ်တယ်... မှန်လိုက်တာ...

ATN said...

ကျနော်သိတဲ့ ချစ်သူကတော့ .... အင်း....
မပြောတော့ပါဘူး...း)

မီယာ said...

မနော် ရင်ထဲ အသဲထဲ ဦးနှောက်ထဲမှာ အရမ်းလှတဲ့ ကဗျာတွေ စာတွေ ရှိနေတာ..
အဲ့ဒီစာတွေ ကဗျာတွေကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

အိုင်လွယ်ပန် said...

ဒီတစ်ခေါက်
အချစ်ကဗျာလှလှလေးပါလားအစ်မရေ :P

Anonymous said...

ဟေး....ဟေး..... ငါ့သူငယ်ချင်းရဲ့ လှလှပပနှလုံးသားလေး နူးနူးညံ့ညံ့ကဗျာတွေရေးလို့ပါလား

မှ-သို့............. ချစ်သူ

Moe Cho Thinn said...

ချစ်သူအကြောင်း ရေးကြတာ ယှဉ်ခံစားမိသွားတယ်။ :)

Anonymous said...

ကဗျာတွေနေ့တိုင်း လာဖတ်နေယင်တော့
မောင်ယောဘဝ ကနေ
သစ်တစ်ပင်အောက်မှာ
ဝါးတစ်ပင်အောက်မှာဆိုပြီး
ဒုတိယမြောက်ယောဆရာတော်
ထွက်လာပြီး သင်္ကန်းဒကာမရှိယင်
ကျွန်တော် ဂိလိမ့်မယ်။
my little one ညီလေးလို
ပျော်ရွင် တက်ကြွမဲ့ ကဗျာလေးတွေ
လမ်းညွှန်ပါ အုံး။

Sein Lyan Tun said...

ငါ့ရဲ့အနာဂတ်တွေကို ဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်
ပြီးတော့....အဲဒီအရာအားလုံးကို
ဖျက်ခြွေနိုင်သူလည်းဖြစ်သေးတယ်လေ..

ဟုတ်တယ်နော် ”မနော်”
အရာအားလုံးကိုဖျက်ခြွေနိုင်တာ
သိပ်ချစ်ရတဲ့ချစ်သူပါ..

ယောနသံစင်ရော် said...

မမိုးချိုပြောသလိုပဲ .. ယှဉ်ပြီးခံစားကြည့်မိပါတယ်။

ပီတိ(စိတ်ပညာ) said...

ပုံပြင်ထဲက မင်းသားလိုလဲ တင့်တယ်အပြစ်ကင်းတယ်
သံစဉ်ဖေါ့ဖေါ့လေးတွေနဲ့ငါ့ရဲ့နေ့သစ်တွေကို
အရောင်တင်ပေးတတ်သူလည်းဖြစ်တယ်....။
အဲဒီလိုမျှော်လင့်ခဲ့တာပါ အစ်မရယ်..

Kaung Kin Ko said...

ကဗျာလေး လှတယ်ဗျာ။

ဆောင်းယွန်းလ said...

ငါ့အပေါ်နူးနူးညံ့ညံ့ဖြာကျနေမယ့်
အဖြူရောင်လရောင်ခြည်လေးလည်းဖြစ်သေးတယ်...
အင်း...အေးမြလိုက်တဲ့ချစ်သူပါလား......

emayarKhin said...

အဲဒီချစ်သူကိုပဲပေါ့.......

April said...

ချစ်သူ..
အင်း.. စဉ်းစားစရာပဲ..း)
ဒါပေမယ့် ဒီစာသားလေးကိုတော့ အရမ်းကြိုက်တယ်..း)
ငါ့ရဲ့အနာဂတ်တွေကို ဖွဲ့နွဲ့ပေးသူလည်းဖြစ်တယ်
ပြီးတော့....အဲဒီအရာအားလုံးကို
ဖျက်ခြွေနိုင်သူလည်းဖြစ်သေးတယ်လေ...။ ။

tg.nwai said...

ထိထိမိမိ ခံစားရပါတယ် မနော်..

ငါ့အဘိဓာန်ထဲမှာ အရာအားလုံးနဲ့ ကင်းလွတ်တဲ့ ဝေါဟာရ..တဲ့..။

အပေါ်ပိုဒ်တွေဖတ်နေရင်း နုနုညံ့ညံ့ ခံစားမှုလေးတွေက အောက်ဆုံးနှစ်ကြောင်းရောက်တော့ ဖျတ်ကနဲ...။

RePublic said...

မင်္ဂလာပါ အစ်မ မနော် ၊၊ စာတွေလာဖတ်ပါတယ်၊၊

Unknown said...

a yan kg tal a date pal lay ka mhan tal a ma