တစ်နေ့တာ

Sunday, February 8, 2009

ပူလွန်းလို့ရာသီဥတုဒါဏ်မခံနိုင်တာနဲ့ကျွန်မခေါင်းမထူနိုင်တာကြာသာပတေးလောက်ကတည်းကပါ။
သောကြာနေ့မှာတော့မာမီ့မွေးနေ့မို့တစ်ခုခုတော့လုပ်မယ်ဆိုပြီးစဉ်းစားတာစဉ်းစားခန်းထဲကမထွက်
ဘူးဆိုတာလိုဖြစ်သွားတယ်။မည်သို့ဖြစ်သွားသည်မသိဆိုတာလိုပါပဲ။တကယ့်ကိုခဏသေသွားသလို
မထနိုင်တာ။နိုးလာတော့မနက်လေးနာရီ..သားကလေးကညဆို..သူ့သူငယ်ချင်းတွေနဲ့ချက်တင်
ဝင်တတ်တော့သူ့ကိုကွန်ပျူတာသုံးပြီးရင်ပိတ်နော်လို့တော့မှာလိုက်နိုင်သေးတာမှတ်မိတယ်။သို့သော်
မနက်ကျတော့ကြည့်တော့သားတော်မောင်ကသူ့ gtalk ကိုပဲအကျအန sign out လုပ်ထား
တာဖြစ်နေတယ်။ဒါနဲ့တစ်ရေးနိုးကြီးကွန်ပျူတာပိတ်ဖို့အထမှာပို့စ်တချို့တက်နေတာနဲ့ရအောင်လည်း
ဖတ်လိုက်သေးတယ်။comment လည်းထားခဲ့လိုက်သေးတယ်။
မနက်ကျတော့တစ်မိသားစုလုံး cruise သွားကြမယ်ဆိုတော့ရာသီဥတုကဖြစ်မယ့်အပူချိန်.၄၃.
ကိုတွေးပြီးဘာလုပ်ရမှန်းမသိဘူး။ဒါပေမယ့်မာမီ့မွေးနေ့အမှတ်တရကိုအစ်မ၀မ်းကွဲတစ်ယောက်က
စီစဉ်ပေးတာမို့သွားမှကိုရမှာလေ။အဲဒါနဲ့အကုန်လုံး Cruise စမယ့် Palm Beach ကိုမနက်..
စောစောရှစ်နာရီခွဲလောက်မှာချီတက်သွားကြတာ။အမှန်ကတစ်နာရီခွဲလောက်မောင်းရမယ့်ခရီးကို
traffic.မရှိတော့တစ်နာရီသာသာလောက်နဲ့ရောက်သွားပါလေရော။လမ်းတစ်လျှောက်မှာလည်း
beach.ပေါင်းမြောက်များစွာကိုတွေ့ရသလိုသွားနေကြတဲ့သူတွေကလည်းတစ်ဖွဲဖွဲ..။အဲဒီ.Palm
Beach.ကနာမည်ကြီးတဲ့..ကမ္ဘာကျော်မင်းသားမင်းသမီးတွေတော်တော်များများအဲဒီကိုပဲလာကြ
တယ်ဆိုလို့Malibu..လိုပေါ့လို့တောင်တွေးမိလိုက်သေးတယ်။အဲဒီလောက်စောတာတောင်၊ကား
ရပ်စရာနေရာမရှိပါဘူး။တော်တော်ဝေးဝေးမှာသွားရပ်ရတယ်။ကောင်းတာတစ်ခုကတော့ပင်လယ်
လေကိုစရှုလိုက်ရတာပါပဲ။တော်တော်နေမကောင်းလို့အသံမထွက်နိုင်တဲ့ကျွန်မနည်းနည်းတော့လန်း
သွားသလိုပဲ။ဒါတောင်အန်ချင်သလိုဖြစ်နေတဲ့အတွက်အချိုတော့ဆောင်ထားလိုက်ရတယ်။
မနက်ဆယ့်တစ်နာရီမှာ..Ferry စထွက်ပါတယ်။လူကတော့သိပ်မများပါဘူး။သူတို့တွေကတော့
နေရောင်ကိုကြိုက်တဲ့သူတွေဆိုတော့အပေါ်ထပ်နေရောင်အောက်မှာနေကြတာများတယ်။နောက်..
ထူးခြားမှုတစ်ခုကတော့အဲလိုနေရာမှာAsianတွေကိုလုံးဝမတွေ့ရတာပါပဲ။Asianဆိုလို့ကိုယ်တွေ
ပဲရှိတယ်။အထဲမှာထိုင်နေတာဆိုလို့လည်းကျွန်မတို့နဲ့အသက်ကြီးတဲ့အဖြူအဖိုးကြီးအဖွားကြိးတွေပဲ
ရှိတယ်။
ပထမဆုံးTongaBeachမှာရပ်တော့လူတော်တော်များများဆင်းသွားကြတယ်။အဲဒီTongaBeach
မရောက်ခင်မှာပင်လယ်ဝကိုဖြတ်တာမို့လှိုင်းကတော်တော်ကြီးပါတယ်။လှိုင်းကြီးတွေကမြင့်တာမဟုတ်
ပဲကြီးပြီးကြောက်စရာကောင်းတာပါ။Ferryလေးဆိုတာလူးနေတာပဲ။ရေတွေလည်းစင်လို့။ဒါကိုသား
ကသဘောတွေကျနေတာ။သူ့ကိုလည်းစိတ်မချတာနဲ့ကိုယ်ကအနိုင်နိုင်ရပ်နေရတဲ့ထဲကသူ့နားမှာပဲနေ
ရတယ်။ရလာဒ်ကတော့ကောင်းပါတယ်။သိသိသာသာကိုနေလို့ကောင်းလာတာပဲ။နောက်ထပ်တစ်နေ
ရာမှာရပ်သေးတယ်။တစ်ချို့တက်လာပြီးတချို့ဆင်းသွားတယ်။ကျွန်မတို့သွားမှာကတော့Bobbin
Head..ဆိုတဲ့နေရာပါ။အဲဒီကိုရောက်တော့မှနေလည်စာစားကြတယ်။အချိန်ကတော့တစ်နာရီပဲရတာ
ပါ။တစ်နာရီတောင်လို့ထင်လိုက်ပေမယ့်တကယ့်တကယ်ကျမှတစ်နာရီပဲလို့တွေးယူရသလိုဖြစ်သွားရ
တယ်။အမှန်ကတော့BobbinHead..မှာလည်းပူပါတယ်။လေပူတွေကလည်းတိုက်လို့။မပူတာက
မြစ်ကြောင်းတစ်လျှောက်စုံဆင်းနေတဲ့အချိန်ပါပဲ။အပူချိန်ကလည်းကြည့်ဦးလေ..။ကျွန်မတို့ကုန်းတွင်း
ဖက်..Bankstown.နဲ့အဲဒီဖက်ကအပူချိန်၁၀ကျော်လောက်ကိုကွာနေတာပါ။မြစ်ကြောင်းထဲမှာဆိုပို
ကွာတာပေါ့။ဒါကြောင့်နေရထိုင်ရသက်သာတာ။တစ်နေကုန်လန်းလာတာညနှစ်နာရီကျော်မှပဲအိပ်ပျော်
အောင်ကြိုးစားရတော့တယ်။
ဒီနေ့မနက်မိုးလင်းတော့နောက်ကျအောင်မအိပ်နိုင်ပါဘူး။ပူတာနဲ့ကိုနိုးလာတော့တာပဲ။ချက်ချင်းပဲမနေ့
ကပျက်စီးလာတဲ့ဆံပင်ကိုလျှော်ပစ်ရတယ်။အပြန်မှာလှိုင်းတစ်ဝုန်းဝုန်းရိုက်တဲ့နားစိုရွှဲလာတဲ့ထိသားက
နေခဲ့တာကိုး။သူနဲ့နေတော့ကိုယ်လည်းဆားငံရေတွေစိုရွှဲကုန်တာမို့ပါ။



ခရီးစဉ်အစ Palm Beach




လှမ်းမြင်နေရတဲ့သမုဒ္ဒရာအဝ




ကမ်းခြေနဲ့ကျောက်တောင်




ဘေးကမ်းခြေရှုခင်း




ရှုခင်းတစ်ခု




ကျွန်မတို့စီးတဲ့Ferry



Bobbin Head ကိုလှမ်းမြင်ရတဲ့အချိန်




နောက်ဆုံးရောက်တဲ့Bobbin Head

ဒီနေ့လည်းကျရော...ဒုံရင်းပါပဲ။ပူတာနဲ့တစ်နေကုန်ခေါင်းမထူနိုင်ပြန်ပါဘူး။ခုတောင်ညဖက်အပူရှိန်ကျတဲ့
အချိန်လေးတင်လိုက်ရတာ။


22 Comments:

Anonymous said...

အန်တီ့အစားပူလိုက်တာဗျာ..
ဟုတ်ပါ့.. အဲ့လောက်ပူတော့လည်း လူကဘယ်နေချင်ပါတော့မလဲ..
အင်း.. အဲ့လိုလေးပင်လယ်ဘက် ထွက်လိုက်ရတော့ နည်းနည်းလန်းသွားတာပေါ့.. တော်တော်လှတယ်နော်..သွားချင်လိုက်တာ.. အဲ့လိုမျိုး ပင်လယ်ဘက် ရောက်ကိုမရောက်ဖူးတာ.. ဒီမှာက ကျွန်းတွေပေါလွန်းပေမယ့် ဒီနေရာနဲ့က
အတော်ဝေးတယ်.. အဖော်မပါဘဲ သွားဖို့ဆိုတာလည်း မလွယ်ဘူး.. အားတဲ့အချိန်ရယ်လို့လဲမရှိ..း(

အန်တီတို့အစား ကမ်းခြေခရီးလေးကြည့်ပြီး
ဝမ်းသာပေးသွားပါတယ်း)

kay said...

အော်..Palm Beach ကို celeb နောက်တယောက် ထပ်ရောက်သွားတာပေါ့.. Asian Celeb လေ..။

April said...

ဝိုး... လှလိုက်တာ ဗျို့

Anonymous said...

အစ်မရေ..ဓာတ်ပုံလေးတွေက လှလိုက်တာ။
အပြာရောင်ကတော့ ဘယ်အချိန်၊ဘယ်နားရိုက်ရိုက် လှတော့တာပဲ..နော်။

လာဖတ်ပြီး ကိုယ်ပါပူလာတယ်။တကယ်မလွယ်ဘူးပဲဗျ..နော။

Anonymous said...

မရေ သဘောအရမ်းကျပါတယ် နေရာလေးတွေကို။ သွားချင်လိုက်တာ။ အဲ့ဒါကို မြင်လိုက်ရတော့ မြန်မာက ချောင်းသာနဲ့ ငွေဆောင်ကို သတိရသွားတယ်။း(
သမုဒ္ဒရာအ၀ ဆိုတဲ့နေရာကို သွားချင်တယ်း)
ဘောလေးတခုပေါ် ပက်လက်လေးနေပြီး ရေထဲမှာ မျောနေချင်တာ။ ရေပေါ်မှာ ငြိမ့်ငြိမ့်လေးစီးပြီး ကောင်းကင်ကြီးကို ကြည့်။ ကိုယ့်အပေါ်မှာ ဘာအတားအဆီးမှ မရှိတဲ့ ကျယ်ပြန့် တဲ့ ကောင်းကင်ကြီး။ ကြည့်လိုက်တိုင်း ပြာပြာလေး။ လေလေးတွေက တဖြူးဖြူး။ ရေပေါ်လေးမှာ ငြိမ့်ငြိမ့်လေးတွေး။
အဲ ဟုတ်ပါဘူး။ ရှုတ်ကုန်ပြီ။ မဆိုင်တာတွေရောက်ကုန်ပြီ။ ဟီးဟီး။

tg.nwai said...

ပူတယ်နော်..အဲဒီမှာ..။ အဲလို ပူရင် အပြင်မထွက်ချင်ဘူး...မြင်မြင်နေသမျှ အပူရောင်တွေနဲ့...။ ခု မနော် ဓာတ်ပုံလေးတွေကတော့ ကြည့်ရတာကတော့ လှလိုက်တာနော်။ ပင်လယ်ဘက်သွားရင် ရေပြင်ကြီးလည်းမြင်ရ၊ ပင်လယ်လေလည်း ရတောဲ့တော်သေးတာပေါ့နော်..။

ရေများများသောက်ရင်များ အပူဒဏ်ခံရတာ နဲနဲများသက်သာမလားမသိဘူး...:)

pandora said...

ရှုခင်းလေးတွေက အရမ်းလှတယ်။
ပူတာက ဆိုးတယ်နော်။

khin oo may said...

လှတယ်

ဆောင်းယွန်းလ said...

ဓာတ်ပုံတွေလှလိုက်တာဗျာ.
ကိုယ်တိုင်ပင်လယ်ကို ရောက်သွားသလို ခံစားလိုက်ရပါတယ်။
အသက်ကြီးလာပြီဆိုရင် ကျန်းမာရေးကိုပိုပြီးဂရုစိုက်ဖို့လိုပါတယ် မနော်ရေ..

ရွှင်လန်းအေးချမ်းနိုင်ပါစေဗျာ...

မီယာ said...

ကိုဆောင်းယွန်းလ ကော်မန့်ကိုဖတ်ပြီး ရီလိုက်ရတာ.. ပြောစရာလားလို့... မနော်ရေ ခေါင်းကိုက် တတ်တယ်ဆိုရင် cold pad လေး ဆောင်ထား ပါလား။ ဓါတ်ပုံတွေက လှလိုက်တာ.. အပန်းပြေသွားမယ်လို့ ထင်ပါတယ်။

ခင်မင်းဇော် said...

အရမ်းပူတယ်တဲ့လား..
မပျော်ချင်လို့ ပြောတာ မဟုတ်လားမနော်...
နေရာသစ်မှာ နေသားမကျသေးဘူးထင်တယ်..
ဒါပေမယ့် ပူတာကတော့ တကယ့်ကိုဆိုးတယ်.. အမတို့ဆီမှာလဲ အခု ၃၀ဒီဂရီစင်တီဂရိတ်တောင် နေရတာ ခက်နေတာ.. ၄၃ ဆိုတော့ ဘယ်လိုနေသလဲ ဟင်..
ရေပဲ များများသောက်ရမယ်ထင်တယ်.. နော်

ZT said...

Palm Beach ကို Palm Island နဲ့မှားပြီး ဒူဘိုင်းလို့ ထင်နေတာ။ အပြင်မှာ ၄၃ ဒီဂရီလောက် ရှိတယ် လို့လည်းဆိုတာကိုး။ ဟီးဟီး။ နောက်မှ အော်ဇီမှန်း သိတယ်။

Anonymous said...

အင်း ပိုစ့်အသစ်တင်တာအခုမှဘဲတွေ့တယ်
ရှင့်ရောဂါကိုယ့်ဆီရောက်လာတာဖြစ်မယ် ၊ ကိုယ်ကတော့အေးလို့ခေါင်းကိုက်တာ။ ပုံလေးတွေကအရမ်းလှတာဘဲ ရိုက်တဲ့သူတော်သလား ၊ ရှုခင်းတွေကဘဲအရမ်းလှနေသလားဘဲ။ ပိုစ့်ကဒ်ထုတ်လို့ရတယ်နော် ။
မာမီ့မွေးနေ့.... ပြောလဲပြောဘူး ကြည့် ..... မာမီ့ကို မွေးနေ့နှုတ်ဆက်ကြောင်းပြောပေးနော်။
အဲလိုမျိုးလေးတွေများများတင်ပေး၊ ရှင်လဲခရီးများများထွက်ပေး နေကောင်းလာလိမ့်မယ် :)

ဂျူ

လင်း said...

အဟင့် ရောက်ဖူးချင်တယ်

Moe Cho Thinn said...

ပူတဲ့အချိန်မှာ ပင်လယ်သွားတော့ အပူသက်သာတာပေါ့။ မနော်ပုံလေးပါ တင်ပေးရင် သိပ်ကောင်းမှာပဲ :)
Happy Birthday လို့ မနော် မေမေ့ကိုလဲ ပြောပါအုံးနော်။ ခုချိန်ထိ အမေနဲ့ နေရတာ သွားသွားလာလာ ကျန်းမာတာ ၀မ်းသာစရာပဲ။

D Soe said...

အမရေ..နောက်တစ်ခါ အပြင်တွေဘာတွေသွားရင် အပူဒဏ်ခံနိုင်အောင် ဦးထုပ်အပျော့စား လှလှလေးတွေရှိတယ်...။အဲ့လို ဦးထုပ်လေးတွေဆောင်းသွားရင် သိပ်မပူတော့ဘူးပေါ့..။ခေါင်းကိုက်လဲ သက်သာတယ်...။
အမ ပျော်ရွှင်ပါစေ။ =)

ကလိုစေးထူး said...

သူတို့ဘက်တွေမှာကျတော့လဲ လောကကြီးက စိမ်းလို့စိုလို့။ ကျနော့်ဆီမှာတော့ အပင်တွေက ရိုးတံကြီးတွေ ထိုးထိုးထောင်ထောင်နဲ့ အရွက်ကလဲ တရွက်မှမရှိ၊ မီးလောင်ပြင်လား မှတ်ရတယ်။

Kaung Kin Ko said...

ဓာတ်ပုံလေးတွေ လှတယ်ဗျ။

ယောနသံစင်ရော် said...

ကိုစေးထူးပြောသလိုပါပဲ .. မနော်တို့ဆီမှာ စိမ်းလန်းစိုပြေနေသလောက် .. ဒီမှာတော့ အေးစက်ခြောက်သွေ့ကြီး.. ဆောင်းတွင်းကို မြန်မြန်ကုန်ချင်ပါပြီ.. ဆောင်းကုန်ပြီးရင် .. နွေဦးရောက်ပြီ...(အမ.. အပြင်သွားရင် ရေဗူးလက်ထဲမှာမပြတ်ကိုင်ထားနော်..)

Moe Myint Tane said...

ဓါတ်ပုံလေးတွေ လှတယ်အမ။ ဝေမျှပေးတာ ကျေးဇူးပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

emayarKhin said...

တုံးတယ်ပဲပြောပြော..မ ရေ...
အဲဒါဘယ်နေရာလဲဟင်......
အမရာလဲသွားကြည့်ချင်လိုက်တာ.......
တကယ်လို့တအားကြီးပူမနေရင်
တော့်တော့်ကို စိတ်လွတ်ကိုယ်လွတ်
တွေးချင်ရာတွေးငေးချင်ရာငေးလို့ရမယ့်
နေရာမျိုးနော်..........ပုံတွေကတော်တော်လှတယ်....
မ..ရိုက်ခဲ့တာလား......

Anonymous said...

အစ်မရေ..

မြန်မာပြည်မှာတုန်းကတော့..စာရေးကောင်းသလောက်
ရုပ်လေးကလဲချောလိုက်တာ လို့ ကိုယ့်ဟာကိုယ်..မှတ်ချက်တွေနဲ့ ငေးဖြစ်ခဲ့တာပါ..
အခု..အပြင်ရောက်ခါမှ..
စကားစမြည်တွေပြောဖြစ်နေပါရော..

အခုရိုက်ခဲ့တဲ့ပုံလေးတွေမှာ..
အစ်မတို့သားအမနှစ်ယောက်ပုံလေးပါ ပါရင်
ဘယ်လောက်ကောင်းလိုက်မလဲနော်..