MANORHARY RESTAURANT

Friday, January 30, 2009

ကျွန်မတို့နေထိုင်ကြီးပြင်းခဲ့တာကသူများတွေနဲ့သိပ်တူမယ်မထင်ဘူး။ဘာလို့လဲဆိုတော့
့ကျွန်မတို့ကစည်းတွေဘောင်တွေကြားမှာတင်မကဘူးဗိုင်းကောင်းကျောက်ဖိပါဖြစ်အောင်
လေ့ကျင့်သင်ကြားပေးတာခံခဲ့ရတာမို့ပါ။အသက်(၇)နှစ်လောက်မှာတစ်ချောင်းထိုး ထိုး
တတ်နေပြီ။အဲဒီတစ်ချောင်းထိုးနဲ့ပိုက်ဆံအိတ်ကလေးတွေ၊ဦးထုတ်လေးတွေထိုးတတ်နေ
ပြီ..။ဒါတင်လားဆိုတော့မဟုတ်ပါဘူး။ထမင်းလည်းချက်တတ်နေပါပြီ။ထမင်းချက်တာများ
ပလပ်ထိုးပြီးရေထည့်တတ်ရင်ရပြီလို့မတွေးလိုက်ပါနဲ့။ Rice cooker ဆိုတဲ့အရာကြီး
ကိုဘေးချပြီး ရေငှဲ့..ရေခမ်းချက်သင်ခဲ့ရတာပါ။ရေငှဲ့ဆိုရင်ထမင်းလုံးဘယ်လိုအနေအ
ထားမှာရေငှဲ့မယ်။ထမင်းအိုးကိုအနပ်ညီအောင်ဘယ်လိုလှည့်ပြီးနှပ်မယ်။လျှပ်စစ်မီးဖိုနဲ့ဆို
မီးကိုဘယ်လိုလျှော့။မီးသွေးနဲ့ဆိုလေပေါက်ကိုဘယ်လိုပိတ်။စသဖြင့်ပေါ့။နောက်တော့ရေခမ်း
ချက်ရင်ရေကဆန်အထက်မှာဘယ်လောက်လောက်ရှိရမယ်။အနေအထားဘယ်လောက်ဆို
နှပ်လို့ရပြီ။စသဖြင့်။အဲဒါလည် ၈နှစ်လားပဲရှိဦးမယ်။နောက်ပိုင်းကျတော့ဟင်းတွေပါချက်
တတ်လာတယ်။ဘဲဥပြုတ်တာကြော်တာကနေစပြီးတခြားဟင်းချက်နည်းတွေရောပေါ့..။
အမေရဲ့အဓိကရည်ရွယ်ချက်ကအားလုံးတတ်ထားရမယ်။မလုပ်ကာမှမလုပ်ရောပေါ့..သူများ
ကိုခိုင်းချင်ရင်တောင်ကိုယ်ကတတ်ထားမှခိုင်းလို့ရတာလို့အမြဲပြောတတ်တယ်။
ဒါပေမယ့်တကယ့်တကယ်ဝါသနာအလျောက်ချက်ဖြစ်သွားတာကကျွန်မတစ်
ယောက်ပါပဲ။အငယ်ဆုံးကတော့ယောက်ျားလေးမို့ထားပါတော့။ညီမကတော့ဟင်းချက်တာကို
ဝါသနာကိုမပါတာ။ဒါပေမယ့်ခုကျတော့သူက မုန့်တွေလုပ်နေလေရဲ့။ုမုန့်တွေအမျိုးမျိုးလုပ်
ကိတ်တွေဖုတ်နဲ့..။အနောက်တိုင်းအစားအစာတွေလည်းလုပ်တယ်။ကိုယ်နဲ့ကတစ်လမ်းစီပေါ့။
ကိုယ်က chesse ,chocolate, butter အသေမုန်းသူမို့သူ့မုန့်တွေကိုလုံးဝမှစိတ်
မ၀င်စားပါဘူး။ဒါပေမယ့် ကိုယ်ဒီရောက်ပြီဆိုတော့ကိုယ့်လက်ရာကိုတော့သူတို့စားချင်ကြတာ
မို့ဟင်းပြန်ချက်ဖြစ်တယ်။
ပြန်ချက်တယ်လို့ပြောလိုက်ရတာကမချက်တာကြာလို့ပါ။ရန်ကုန်မှာကျတော့မိုးလင်း
ကမိုးချုပ်အလုပ်နဲ့ဆိုတော့ချက်ဖို့နေနေသာသာတစ်ခါတစ်ခါစားဖို့တောင်မစားလိုက်ရတဲ့အခါ
တွေရှိတယ်။များသောအားဖြင့်ကမုန့်ဟင်းခါး၊ရှမ်းခေါက်ဆွဲစတာတွေနဲ့ကော်ဖီနဲ့ပြီးလိုက်ရတာပဲ။
သိပ်အခြေအနေကောင်းရင်အန်တီမြဆိုင်မှာထမင်းသွားစားတယ်။(ကြုံတုန်းကြော်ငြာထိုးရရင်
ကိုယ့်ဘာသာအကုန်ချက်တတ်နေတာမို့သူများတော်ရိလျော်ရိဟင်းတွေဆိုအသံစုံထွက်တတ်တဲ့
ကျွန်မက အန်တီမြဟင်းတွေကျတော့အရမ်းသဘောကျတယ်။စေတနာတွေထည့်ချက်ထားတဲ့
ဟင်းရံလေးတွေကအိမ်ဟင်းလေးတွေလိုပဲ။တကယ့်ကိုဖွယ်ဖွယ်ရာရာလေးတွေ။ကျွန်မတို့ဆို
အန်တီမြရဲ့အရံဟင်းတွေနဲ့ကိုထမင်းမြိန်နေတတ်တယ်။အဲဒီကိုခေါ်သွားပြတာကကျောင်းဆရာကို
မျိုးဆွေသန်းပါ။သူစားနေကျဆိုင်လေ။အဲဒီဆိုင်လေးကဆိပ်ကမ်းသာလမ်းအထက်မှာရှိပါတယ်။
မြသဇင် တဲ့။ဒါကစကားချပ်ပါ။)

အဲလိုနေလာရာကဒီလည်းရောက်ရောဟင်းချက်ခြင်းကိုပြန်စတင်ပါတော့တယ်။လက်
ရာတွေကိုကြည့်ပြီးကျွန်မကိုမောင်ငယ်ကဆိုင်ဖွင့်ပါလားဆိုလို့သားကလေးကတောင်အဟုတ်ထင်
ပြီး..ဘယ်တော့ဆိုင်ဖွင့်မှလဲပဲမေးနေတော့တာ။အမှန်ကကျွန်မက စားချင်တဲ့သူများရှိလို့ကတော့
ပင်ပမ်းထယ်မထင်ရအောင်ချက်ကျွေးတတ်သူပါ။ကျွန်မအတွက်ကတော့အနုပညာတစ်ခုကိုဖန်တီး
နေရသလိုပါပဲ။ဘလော့ခ်ရေးတော့လည်းသူများတွေဟင်းချက်တင်ရင်သိပ်အားကျတာပဲ။ကိုယ်လည်း
တစ်ခုခုချက်ပြီးရင်တင်ချင်စိတ်ရှိတတ်တယ်။ဒါပေမယ့်ထုတ်ဦးဟဲ့ကင်မရာ။ရိုက်ဦးဟဲ့။ကဒ်ကူးဦးဟဲ့
အရောင်ချိန်ဦး တင်ဦး နဲ့..ဟင်းချက်သာမပျင်းတာ။ဒါမျိုးကျပျင်းတယ်လေ..း)
ဒီနေ့တော့တိုက်တိုက်ဆိုင်ဆိုင်မနက်ဖြန်ဘုန်းကြီးဆွမ်းကပ်မယ်ဆိုလို့ဟင်းချက်နေတဲ့အ
ချိန်မှာမှကေကနှုတ်ဆက်ရင်းချိုသင်းဆီမှာကွန်မင့်ထားရင်းမနော်ကိုပါဆွဲထည့်ခဲ့တယ်ဆိုလို့အပြေးအ
လွှားသွားကြည့်တော့..ချိုသင်းရဲ့ကိုယ့်လက်ရာ ဆိုတာကိုတွေ့ပြီးဒီစာကိုရေးဖြစ်သွားတာပါပဲ။
တကယ်လို့များဘလော့ခ်မောင်နှမတွေစုနေတယ်ဆိုတဲ့ကိုအောင်သာငယ်ရဲ့စိတ်ကူးယဉ်
တဲ့ပို့စ်လေးထဲကလိုနေရာမျိုးသာရောက်ခဲ့မယ်ဆိုရင်ကျွန်မတော့ဆိုင်လေးတစ်ခုဖွင့်မယ်စိတ်ကူးတယ်။
မြန်မာအစားအစာလွမ်းတဲ့သူတွေကိုကျွန်မလက်ရာမြန်မာဟင်းကောင်းကောင်းတွေချက်ပြီးဈေးချိုချိုနဲ့
ရောင်းပေးမှာပေါ့။ မဇနိတို့မလုလုတို့မြရွက်ဝေတို့ကိုတော့မျက်နှာချိုလေးသွေးပြရမယ်ထင်တယ်။ဒါမှ
မဟုတ်ရင်ဆိုင်မှာလူမရှိပဲနေဦးမယ်။ သူ့ဘိုးတော်တစ်ယောက်ပဲကြိတ်ပြီးထမင်းချက်ကျွေးတတ်တဲ့ကေ့
ကိုလည်းအဖော်ခေါ်ရမယ်။ ချိုသင်းတို့အိမ်ကအလှူလုပ်မယ်ဆိုရင်လည်းအော်ဒါမှာလို့ရတဲ့အကြောင်း
အကြောင်းကြားထားရမယ်။ဟင်းစာရင်းနဲ့ရနိုင်တဲ့အစားအသောက်တွေလည်းကြိုပြီးကြေညာထားမှ..။
ဒါမှ..သူတို့စိတ်ဝင်စားမှာ။

Menu

ကြက်သားကာလသားချက်
ကြက်သား-မှို
ဝက်သားပုန်းရည်ကြီး
ဝက်သားမုန်ညင်ချဉ်
ဝက်နံရိုးနှင့်မြစ်ချဉ်
ဝက်သား(သုံးထပ်သား)နှင့်ကြံမဆိုင်
ငါးဖယ်အုန်းနို့ချက်
ပုဇွန်ချဉ်ပေါင်ကြော်
ငါးခူရွဲယိုရွက်
ငါးခူစင်းကော
ငါးခူကြော်နှပ်
ငါးကျည်းဆီပြန်
ဆိတ်သား၊ပဲ၊အာလူး
အမဲနှပ်
ငါးရံ့အူ
ငါးရံ့ခေါင်းနှင့်ဒန့်သလွန်
ပုဇွန်ထုတ်ဆီပြန်
ငါးပုဏ္ဏား
ငါးသလောက်ပေါင်း
ငါးသလောက်ဥကြော်
ပန်းငရုတ်အစာသွတ် (၀က်-ကြက်-ပုဇွန်)(ရာသီစာ)
ဘုံလုံသီးအစာသွတ်(၀က်-ကြက်-ပုဇွန်)(ရာသီစာ)


အရည်သောက်
ပဲကုလားဟင်း
သီးစုံချဉ်ရေ
ပဲကြီးဆူးပုပ်
ဘူးသီးကြာဇံဟင်းခါး
မုန်လာဥနှင့်ငါးချဉ်ရည်


အသုတ်

ငါးဖယ်သုတ်
မြင်းခွာရွက်သုတ်
ခရမ်းချဉ်သီးသုတ်
ဆေးဘဲဥသုတ်
လက်ဘက်သုတ်
ဂျင်းသုတ်
ပဲသီးသုတ်
ပဲပင်ပေါက်ပဲပြားသုတ်
ပုဇွန်ထုတ်မီးဖုတ်သုတ်
ပုဇွန်ချဉ်သုတ်
ငါးချဉ်သုတ်




အရံ
ပဲကြီးနှပ်
ခရမ်းချဉ်သီးပန်ထွေဖျော်
ဟင်းရွက်ကြော်
ငပိရည်တို့စရာ
ခရမ်းချဉ်သီးငါးပိချက်
ပြောင်းဖူးကြော်
မှိုကန်စွန်းရွက်ကြော်
ဘာလချောင်ကြော်
ငါးရံ့ခြောက်ဆီဆမ်း
ဆတ်သားခြောက်ဖုတ်ဆီဆမ်း
ကညွတ်(ရာသီစာ)
အင်ဥသုတ်(ရာသီစာ)

ဒီပို့စ်အတွက်ကျေးဇူးတင်ရမှာက ချိုသင်းရဲ့ပို့စ်..နောက်တိုက်တိုက်ဆိုင်ဆိုင်အကြောင်းကြားတဲ့
ကေ အသစ်မရေးလို့တစ်နေ့တစ်ပုဒ်တင်ရင်ကောင်းမှာပဲဆိုတဲ့ ဂျူ တို့ကိုကျေးဇူးတင်ရမယ်။
သူများတွေဘာရေးရမှန်းမသိတဲ့ချိန်မှာခုလိုဆားချက်လိုက်ရတဲ့တွက်လည်းကျေးဇူးတင်ပါကြောင်း။


25 Comments:

Anonymous said...

ဟေး ဟေး ငါကွ
ဒီတစ်ခါ ကွန်မန့်ပေးတာ ပထမဆုံး
ဟင်းချက်ကောင်းတဲ့သူငယ်ချင်းကိုသတိရတယ်
လာစားမယ်နော် ဟဲဟဲ
ဒီမှာကိုယ့်ဘာသာကိုယ်ချက်စားနေရတာ
ဘာမှကိုမကောင်းဘူး
အိမ်ကအမေကြော်ပေးလိုက်တဲ့ သတ်သတ်လွတ်
ဘာလချောင်ကြော်ကို ဒီတိုင်းတစ်မျိုး
ခရမ်းချဉ်သီးpaste နဲ့တဖုံ ပဲဟင်းလေးနဲ့တစ်မျိုး
လှည့်စားနေရတာ
ရှင်ချက်တဲ့ဟင်းတွေ
(သတ်သတ်လွတ်အာလူးကြော်း) )
စားချင်ပါသေးတယ် နဂိုတည်းကယောင်းမတော်လိုက်ရင်
ပြီးရော ဟိဟိ ( ကိုကို ငါ့လာသတ်တော့မှာဘဲ )
ရေးထားတဲ့ဟင်းအမယ်တွေကြည့်ပြီး
ဒီနေ့ဈေးဝယ်ခြင်းမအောင်မြင်ခဲ့သော ကျမ
ပိုပြီးဗိုက်ဆာလာပါ၏ ။။။ ဂလု ဂလု.......
တော်တော်ဆိုးသောသူငယ်ချင်း
နာ ဆိုင်ပိတ်လို့ ရေသောက်နေရပါတယ်ဆိုမှ

ဂျူ

pandora said...

စာရင်းကိုကြည့်ပြီး ဗိုက်ဆာလာပါတယ်
ဝိတ်လျှော့ပါမယ် ဆိုမှ.. :(

နွေဆူးလင်္ကာ said...

ဆိုင်ဖွင့်ရင် လာစားချင်ပါတယ်။ ဘေမှတ်လို့ကော ရလားဟင်။ ရရင် ထိပ်ဆုံးမှာ ကျွန်တော့်နာမည်သာ အရင်ရေးထား။ သေချာတယ်။ အကြွေးစားမှာ :-)

kay said...

ဘိုးတော်ကို ကြိတ်ပြီးချက်ကျွေးနေတာလေ..ငရုတ်သီးမှုန့်တွေကြိတ်လိုက်.. ပုဇွန်ခြောက်တွေကြိတ်လိုက်နဲ့။း)

မနော် home restaurant ဖွင့်ရင်.. head chef အတွေ့အကြုံရင့်တဲ့သူရှာ နော်။ ဘလော့ထဲမှာ ရှိပုံပဲ..အသံကြားတယ်။း)
ကျမ သန့်ရှင်းရေး တာဝန်ယူပေးမယ်။

အင်း မနော်ဆိုင်ဖွင့်မှပဲ အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်တော့မယ်။း)

ဇနိ said...

စာပွဲထိုးတစ်နေရာ ဦးသွားပါတယ်း)

April said...

မ..ရဲ့ဆိုင်မှာ TTMY တစ်နေရာ ဦးထားတယ်နော်...:p

Anonymous said...

ဟုတ်ကဲ့... အော်ဒါမှာလို့ရမယ်ဆိုရင်... အယောက်၂၀၀စာလောက် လိုချင်ပါတယ်... ဘလွတ်စပွတ်သမားချည်း.. အပီကျွေးချင်လို့ပါ... :D ကျွေးတာတောင် ညကြီးသန်ခေါင်ကျွေးချင်တာ... ညဆို မအိပ်ပဲ တကုတ်ကုတ် ဘလောဂ့်လိုက်ချောင်းတော့ ၀မ်းကဟာကြတယ်လေ... ဒါကြောင့် ဒါနလေးမြောက်သွားအောင် တစ်အိမ်တက်ဆင်း လိုက်ကျွေးချင်နေတာ... :D

Ko Boyz said...

ဂါး......။
မစားရတာကြာပြီဖြစ်တဲ့ အစားအသောက်တွေ။
မဖတ်မိရင် ကောင်းမယ်။
မနော်ပြောတဲ့ မြသဇင်မှာ သင်တန်းတက်တုန်း ကျွန်တော် ခဏခဏ သွားစားဖြစ်တယ်။ စေတနာ ပါလို့လား မသိ.. ဟင်းတွေ ကောင်းတယ်။
အခွင့်ကြုံရင် မနော်လက်ရာတွေ မြည်းချင်စမ်းပါဘိ...။

Moe Cho Thinn said...

တို့ကတော့ မနော်ဖွင့်တဲ့ဆိုင်ဆိုရင် ရှေ့ကနေ ဧည့်ကြိုလုပ်ပါ့မယ်။
ပထမတော့ ပုံမှန် ဖောက်သည် လုပ်ပြီး ၀ယ်စား မလို့ပါပဲ။ ဒါပေမဲ့ မနော်ချက်တာ သိပ်ကောင်းတယ် ဆိုတော့ မနက်ပြန် ညပြန် စားနေမှာမို့ ကိုယ်တိုင် စားပွဲထိုး လုပ်လိုက်တာက (ဆိုင်ဝန်ထမ်းဆိုတော့ )အလကားစားရမှာမို့ ပိုက်ပိုက် သက်သာကိန်း မြင်လို့..ဟိ။ အကြံနဲ့..
အိမ်နီးချင်စမ်းပါဘိ မနော် ရာ..

မီယာ said...

ဖွင့်လိုက်လေ ကြာသလားလို့... လာအားပေးမယ်
အခုနေတဲ့ နေရာမှာ မြန်မာထမင်းဆိုင် မရှိသေးဘူး အမရေ.. လာမလား။ (ဆွယ်ကြည့်တာ :P)အိမ်ထမင်းဟင်း တမ်းတနေတဲ့ ကျောင်းသားတွေ မြန်မာပြည် ကို ချစ်တဲ့ သူတွေ အများကြီး လာအားပေးမှာ ကျိန်းသေတယ်။

ဆောင်းယွန်းလ said...

ဟင်းတွေများလွန်းလို့ဘယ်ဟင်းကိုစားရမယ်မှန်းမသိ
ဖြစ်တာနဲ့အားလုံးစားသွားလိုက်တယ်မနော်ရေ..
စားပြီးအိပ်ငိုက်လာတာနဲ့အိမ်ပြန်သွားပြီဗျို့....

RePublic said...

ကိုနိ ပြောသလို စားပွဲထိုးတစ်နေရာစာ လာဘွတ်ကင်တင်ထား ခဲ့ပီဗျာ၊၊ :)

ယောနသံစင်ရော် said...

မနော်..ခုတလော အစာအိမ်နာပြန်ထနေလို့.. အစားရှောင်ထားရတာကြာပေါ့။ အမရဲ့ ဟင်းတွေကိုဖတ်ပြီးတော့ ဗိုက်အောင့်ကာမှအောင့်ရောဆိုပြီး တဝကြီးမျက်စိနဲ့စားသွားပါတယ်။ ငါးရံ့အူဟင်းကိုအစားချင်ဆုံးပဲ မရေ။

sait phay yar said...

မနော်ရေ သရေတွေကျလာပြီနော်

Anonymous said...

အန်တီနော်ရယ်.. လုပ်ရက်လေခြင်း.. Menu ခေါ်ပြီး နှိပ်စက်ရသလား.. တစ်မျိုးခြင်းလိုက်ဖတ်ရင်းနဲ့ မျိုချလိုက်ရတဲ့တံတွေးတွေ..း(

တကယ်သာ အဲ့လိုဖြစ်မယ်ဆိုရင် အိမ်မှာဘာမှမချက်ဘဲ နေ့တိုင်းကိုလာစားဦးမှာ.. သားကိုတော့ တခါတလေ အလကားကျွေးနော်.. အဟီးးး

ငါးရံ့အူနဲ့ ငါးပုဏ္ဏားကလွဲလို့ Menu ကဟာတွေ အားလုံးကို ဂျီးမများတမ်းအ၀ဆွဲပစ်မယ်ကွ..

mgphonemyint said...

တကယ်လဲကျွေးတာမဟုတ်ဘူး...း)

tg.nwai said...

မနော်ရေ..ဒီတစ်ခါလည်း စာရင်းပေးလိုက်ဦးမယ်နော်..။

စိတ်ပါပါ မပါပါ တတ်ထားသင့်တယ်လို့ အခုမှ ပို သဘောပေါက်လာရတယ်။ ကိုယ်တိုင် မိခင်ဘ၀ရောက်မှ သမီးငယ်ကို ကိုယ့်လို ဟင်းချက်ရတာကို ပင်ပန်းနေတတ်တဲ့ အိမ်ရှင်မ မဖြစ်စေချင်ဘူး..။

မြသဇင်..တဲ့လား...။ မှတ်ထားလိုက်ပြီ..စားဖို့ ဆိုင်တစ်ဆိုင် တိုးသွားတာပေါ့။ သွားစားလိုက်ဦးမယ်..။ :)

mirror said...

အစ်မ..မကေ ပြောသလိုပဲ..ညီမကိုလဲ ပန်းကန်ဆေး၊သန့်ရှင်းရေး ၀န်ထမ်းခန့်နော်။ကိုယ့်ကိုယ်ကို သိတယ်လေ ပန်းကန်ဆေး၊ကြမ်းတိုက်သိပ်တော်တာကို။
သန့်ပြန်မှုက ပထမလို့တောင်ဖြစ်သွားဦးမယ်။ဟိ။

ဧကန်တ အစ်မကြီးလဲ မြန်မာအစားအစာတွေ စလွမ်းနေပြီထင်တယ်။

လေးစားခင်မင်လျက်

မောင်bee said...

လာစားတယ် အမ ....
ဒါနဲ့ part-time လေးများလုပ်လို့ ရမလားဗျာ။

Thant said...

ခက်တော့တာပဲနော် ။ ဟို ဘလော့သွားလဲ အစားနဲ့နှိက်စက် ၊ ဒီဘလော့လာလဲ အစားနဲ့နှိက်စက် ... ဟီး ( ငိုသွားသည် )

Anonymous said...

ဆရာမရေ... ဆရာမရွက်စတဒေါ့ဒင့်က အော်ဒါမှာလို့ရလား.. ၀က်သား(သုံးထပ်သား)နှင့်ကြံမဆိုင်
ငါးရံ့အူ
ဆိတ်သား၊ပဲ၊အာလူး
သီးစုံချဉ်ရေ
ငါးချဉ်သုတ်
ငပိရည်တို့စရာ
အင်ဥသုတ်(ရာသီစာ)လေးတွေ မှာချင်ပါတယ်..။
ဟီး မှာရင်း ဗိုက်ဆာပြီး သွားရေကျသွားပြီဗျာ..(ပုံလေးတွေပါ တင်ပေးရင် ပိုဂွတ်သွားမယ်..။)။ :P

Minn Yoon Thit said...

ဆရာမရေ... ဆရာမရွက်စတဒေါ့ဒင့်က အော်ဒါမှာလို့ရလား.. ၀က်သား(သုံးထပ်သား)နှင့်ကြံမဆိုင်
ငါးရံ့အူ
ဆိတ်သား၊ပဲ၊အာလူး
သီးစုံချဉ်ရေ
ငါးချဉ်သုတ်
ငပိရည်တို့စရာ
အင်ဥသုတ်(ရာသီစာ)လေးတွေ မှာချင်ပါတယ်..။
ဟီး မှာရင်း ဗိုက်ဆာပြီး သွားရေကျသွားပြီဗျာ..။ :P

လင်းဒီပ said...

လာစားမယ်ဗျ...
ဝက်သားနဲ့ချက်တာတွေ အကုန်ကြိုက်...

weik.zar said...

Menu ကိုကြည့်ပြီး တချို့ မျက်ခုံးတွေ လှုပ်နေကြရော့မယ်။

သက်ဝေ said...

နှိပ်စက်တယ်...