ခေတ်ပြိုင်တို့၏သတို့သမီး

Monday, December 29, 2008


ခေတ်ပြိုင်တို့၏သတို့သမီး………လို့အမည်ပေးထားတဲ့စာအုပ်လေးပါ။အမျိုးသမီးစာရေးဆရာမ
တွေချည်းပဲစုစည်းထားတဲ့ဝတ္ထုတိုစုလေးလည်းဖြစ်ပါတယ်။ ဒီစာအုပ်ကိုစုစည်းသူက ဦးလေးကိုတင်ဖြစ်ပြီးထုတ်ဝေသူကတော့ ကံ့ကော်ဝတ်ရည်စာပေက မ၀ိုင်း ပါ။ဒီစာအုပ်လေး
မှာခေတ်အဆက်ဆက်က စာရေးဆရာမ ၉၁ ယောက်ပါဝင်ပါတယ်။
အဲဒီမှာ ကျွန်မရဲ့ သက္ကရာဇ်များ ဆိုတဲ့ဝတ္ထုလေးလည်းပါပါတယ်။
ရောင်းဈေး ကတော့ ၉၀၀၀ကျပ်ပါ။ ကတ်ထူဖုံးနဲ့ဖြစ်ပြီးစာအုပ်ကတော်တော်ထူပါတယ်။စာ
မျက်နှာ ၉၂၆ မျက်နှာပါပါတယ်။

ကလျာ(၀ိဇ္ဇာသိပ္ပံ)။ကြူကြူသင်း။ကြည်မွေ့အိမ်။ကြည်အေး။ခက်မာ။ခင်ခင်ထူး။ခင်စောမူ။
ခင်ဆွေဦး။ခင်နှင်းယု။ခင်နှင်းဦး။ခင်ပန်နှင်း။ခင်မျိုးချစ်။ခင်မြဇင်။ခင်လေးမူ။ခင်လတ်။ခင်လှိုင်
ကြူ။ချောအိမာန်(မန္တလေး)။ဂျာနယ်ကျော်မမလေး။ငြိမ်း(ရွှေလီ)။ငွေတာရီ။စုထား။စုမီအောင်။
စုသဲမွန်။စိန်စိန်။စိန်ဥမယ်။စမ်းစမ်းနွဲ့(သာယာဝတီ)။ဏီဏီယဉ်။တက္ကသိုလ်ကျော့ရှင်း။တက္က
သိုလ်မြစိမ်း။တင်တင်ဦး။တင်ရီမ(ညောင်ဦး)။ဒဂုန်ခင်ခင်လေး။ဒဂုန်ခင်လေးဆွေ။နုနုရည်(အင်း
ဝ)။နုယဉ်။နတ်မောက်အနီချို။နှင်းပန်းအိမ်။နှင်းဝေငြိမ်း။ပန်းရိပ်ဖြူ။မကို။မကြွယ်ကြွယ်။မခြူးပွင့်
မစန္ဒာ။မစန်းပွင့်။မစန်းမေ။မနော်ဟရီ။မနှင်းဖွေး။မမြညွန့်။မမြတ်လေး။မရွှေချော။မလေးလုံ။
မ၀င့်(မြစ်ငယ်)။မ၀င်းမြင့်။မသီတာ(စမ်းချောင်း)။မသက်ဆွေ။မသိဂီ င်္။မအိ။မဦး။မာလာ။မိချမ်း
ဝေ။မေမောင်။မိုချာ့။မိုးချိုသင်း။မိုးငြိမ်းဧ။မိုးမိုး(အင်းလျား)။မြနှောင်းညို။မြမဉ္ဇူ။မြူမြူ။မြို့သာ
မရာထို။ယုဒါ။ယုဝတီခင်ဦး။ယုဝတီဂျင်းဖောမယ်။ယုဝတီမာလာသိန်း။ယုဝတီရွှေဝါစိန်။ယဉ်မင်း
ဦး(ဆေးတက္ကသိုလ်)။ယဉ်ယဉ်နု(မန္တလေး)။ရာသက်ပန်(တောင်ငူဆောင်)။ရှင်ညိမ်းမယ်။ရွှေကူ
မေနှင်း။ရွှေကျွန်းရီလေး။ရွှေသဉ္ဇာ။ဝင်းဝင်းမြင့်(နန်းတော်ရှေ့)။ဝင်းဝင်းလတ်။သထုံမလေးနွယ်။
သင်းစုစုညိမ်း။သင်းမြစန္ဒီ။သင်းသင်းသာ။သွေး(စစ်ကိုင်း)။သွန်းနှင်းအိမ်။သျှီ(အင်ကြင်း)။အမရာ
(ဆေး-၁)။


18 Comments:

:P said...

အနည်းဆုံး ၉၁ ပုဒ်တောင်ပါမှာပေါ့နော်.. ဖတ်ချင်လိုက်တာ အစ်မရေ... ဖတ်ရအောင် ကြိုးစားကြည့်ဦးမယ်

Anonymous said...

ဟုတ်ပါ့..။ ကွိကွိ.. ဖတ်ချင်လိုက်တာဗျို့။
ဘယ်လိုလုပ်ရမှန်းတောင်မသိ။း(
စာရေးဆရာမတွေက တော်တော်များတာပဲ။
မဖတ်ဖူးတဲ့နာမည်တွေကများနေတယ်။
ပိန်းတယ်နော်သားသားက။း(

အန်တီနော်.. ဒီလိုစာအုပ်လေးစုပြီး တည်းဖြတ်ထုတ်ဝေနိုင်တဲ့အထဲ အန်တီ့စာကောင်းလေးတွေ လူအများဖတ်ရမှာမို့ ဂုဏ်ယူပါတယ်ဗျာ။း)

အားပေးနေပါတယ်..

လင်း said...

ဖတ်ချင်လိုက်တာ မနော်ရယ်။ ရှာကြည့်အုန်းမယ်။ အမှတ်တရ သိမ်းထားသင့်တဲ့ စာအုပ်တအုပ် ။သတင်းပေးတာ ကျေးဇူးပါ

လင်း said...

အချိန်ရခဲ့ရင် ဒဂုန်ခောတ်စာရေးဆရာမ တွေရဲ့  စာမူလေးတွေကို တင်ပေးပါလားဟင်

MANORHARY said...

တင်ပေးပါ့မယ်။နောက်လလယ်လောက်သို့မဟုတ်
နောက်လကုန်လောက်ပေါ့.......

mgphonemyint said...

ဝယ်သိမ်းရမဲ့ စာအုပ်ပဲဗျာ....
ဒါပေမဲ့ ၉၀၀၀ ဆိုတော့ နဲနဲများနေသလားလို့ ..း)

ဘာပဲ ဖြစ်ဖြစ် ဝယ်မယ်ဗျာ.....။

Anonymous said...

ကြော်ငြာ

Zephyr said...

အစ်မရေ...
ခေတ်ပြိုင်သတို့သမီးမှာပါတဲ့ အစ်မရဲ့ဝတ္ထုတိုလေးတင်ပေးပါ ...။

Request လုပ်တာပါ...။

Merry Christmas and Happy New Year...

May GOD Bless you and your family, your friends and your country, your garden and your dreams...

tg.nwai said...

ကျေးဇူးပဲ မနော်ရေ.. ခုတလော စာအုပ်ဆိုင်တွေဖက် မရောက်ဖြစ်လို့.. မနက်ဖြန် သွားရှာလိုက်ဦးမယ်..။ တ၀ကြီး ဖတ်ရတော့မှာပေါ့..

Moe Cho Thinn said...

မနေ့က မခက်မာဆီက မေးလ်ရလို့ သိရတယ်။ ကိုယ်ပါမှန်းတောင် မသိဘူး။ အိမ်ကို ၀ယ်ပို့ပေးဖို့ ပြောအုံးမှ။ ကျေးဇူးပါ မနော်။

MANORHARY said...

zephyr :သက္ကရာဇ်များ ကတင်ပြီးသားလေ...

Zephyr said...

"ကျွန်မရဲ့ သက္ကရာဇ်များ" လို့ တစ်ဆက်တည်းဖတ်လိုက်လို့ အစ်မရေ ...
:)

1992
ကိုယ်က အစွဲအလမ်းကြီးတတ်တဲ့ခရေပင်လေးလိုပဲ..၊

2002
ကိုယ့်သီအိုရီကိုယ်ထုတ်၊
ကိုယ်ကခေါင်းမော့ရယ်မောတတ်ဖို့ကြိုးစားနေတဲ့အရုပ်တစ်ရုပ်လိုပဲ..။

ဒီနှစ်ခုကို အကြိုက်ဆုံးပဲ ... အစ်မရေ ...

မေငြိမ်း said...

အဟင့် မေငြိမ်းလည်း ပါဝူး..
ကိုလေးကိုတင်ကို ရန်တွေ့ရမလား.. ဟင်..
:D

MANORHARY said...

အမ(မေငြိမ်း) အမစာမူမပါတာကတော့ ဦးလေးကိုတင်
ကြောင့်မဟုတ်ဘူးထင်တာပဲ...း)
အော်...မ၀ိုင်းကြောင့်လည်းဟုတ်ဝူးနော်...

NLS said...

မိန်းမ ကိုးဆယ့်တစ်ယောက်ရဲ့ အသံတွေ နားမခံနိုင်လို့ ကိုယ်ကြိုက်တာလေး သုံးလေးငါးပုဒ်လောက်ပဲ ရွေးဖတ်လိုက်တော့တယ်။ (အဲဒီလိုများ ပြောလိုက်မိရင် ချဉ်ဖတ် ဖြစ်သွားမယ် ထင်တယ်နော်) :D

ကေဇီလင်း said...

အမရေ သတင်းပေးတဲ့အတွက် ကျေးဇူးပါ။ အဲဒီထဲမှာ ကျမ မဖတ်ဖူးတဲ့ စာရေးဆရာမတွေ အများကြီးပါနေတယ်။ သွားရှာဝယ်ပြီး တ၀ဖတ်လိုက်မယ်။

tin min htet said...

Happy New Year :)

tmh

Unknown said...

မနော်.............
ခေတ်ပြိုင်တို့၏သတို့သမီးကို တင်ပေးပါလားဟင်
ဖတ်ချင်လို့ပါ