Thursday, December 11, 2008

မွေးနေ့လက်ဆောင်

ဒီနှစ်ကတော့ တစ်မျိုးပဲ...စိတ်ညစ်စရာတွေများသလို အချိုးအကွေ့တွေလည်းရှိသလို
ထူးခြားတာလေးတွေလည်းဖြစ်နေတယ်။ ခုနကလေးတင် မွေးနေ့လက်ဆောင်တစ်ခုရ
လိုက်တယ်။ ရုံးမှာလာပေးသွားတာ..။ရှိခဲတတ်ပေမယ့် ဒီနေ့တော့ရှိနေတယ်။ဒါတောင်
လာပေးတဲ့သူနဲ့မတွေ့လိုက်ရဘူး...။မွေးနေ့က သုံးရက်လိုသေးတယ်။ တနင်္ဂနွေနေ့မှ။
ခုလာပေးတဲ့မွေးနေ့လက်ဆောင်က ဒီနှစ်တွက်ပထမဆုံးရတာဖြစ်သလို ကိုယ်တစ်ခါမှ
မမြင်ဖူးတဲ့ ပရိသတ်ကလာပေးတာလည်းဖြစ်နေတယ်။ အမှန်က ကိုယ့်ကံကြမ္မာက အဲ
လိုအကောင်းကြီးမဟုတ်ဘူး။ ရုံးမှာဆိုမွေးနေ့အတွက်ကျွေးခိုင်းတာပဲရှိတာ တစ်ခါမှလက်
ဆောင်ဆိုတာမရဖူးဘူး။ သူငယ်ချင်းလက်ကျန်သုံးလေးယောက်လည်းဒီလိုပဲ။ မကျွေးရင်
တာပြဿနာရှာတတ်တာ။ကျွေးပြီးရင်တော့ ပြောတတ်ကြတယ်။ဒါ ..မွေးနေ့လက်ဆောင်
ပေးရမယ့် အရွယ်မဟုတ်ဘူးဆိုပဲ...။
အင်း..ခုတော့ ကံကြမ္မာကကိုယ့်ကိုကြည်နူးစရာကောင်းတဲ့လက်ဆောင်လေးတစ်ခုပေးလာ
တယ်ထင်တာပဲ။ ပေးလာတဲ့ညီမလေးကိုလည်းအားနာမိတယ်။ သူနဲ့အွန်လိုင်းမှာတွေ့နေကျ။
သူမွေးနေ့လက်ဆောင်လာပေးမယ်တော့ပြောသား။ဒါပေမယ့် ..မလုပ်ပါနဲ့လို့ပြောထားမိ
တယ်ထင်တာပဲ။ ခုတော့..သူတကယ်လာသွားတာပဲ။ ပြီးတော့..သူ့မုန့်ဘိုးလေးထဲကနေ
လာပေးရတာမို့စိတ်လည်းမကောင်းဖြစ်မိသေးတယ်။ ဘာပဲပြောပြော တကယ့်ကိုကျေးဇူး
တင်ပါတယ်..ညီမလေးရေ...။
အော်..မွေးနေ့ဆိုလို့..အသက်မေးတယ်လား...ဟဲဟဲ..ကေ့ထက်တစ်နှစ်ကြီးပြီး ချိုသင်း
နဲ့ တစ်နှစ်တည်း...လို့ဝေ့လည်ကြောင်ပတ်ဖြေထားလိုက်ရင်ကောင်းမယ်ထင်တာပဲ...။
ချစ်သောညီမလေး မိုးနေ ..ပျော်ရွှင်ပါစေ..

16 comments:

  1. ဒီဇင်ဘာမှာမွေးတယ်လား...
    Happy Birthday ပါ အစ်မရေ.....

    ReplyDelete
  2.ံHappy Birthday!
    May have bright future, happy future and healthy life.

    ReplyDelete
  3. ပထမဆုံး မွေးနေ့လက်ဆောင်က ပရိသတ်ဆီက ရတာဆိုတော့ ကြည်နူးစရာပေါ့။ ဒါဆို သေချာပြီ၊ ဒီနေ့ ဒီအချိန်က စပြီး စိတ်ချမ်းသာ ကြည်နူး ပျော်ရွှင်ရခြင်းတွေနဲ့သာ ကြုံတွေ့ရတော့မယ် လို့ အတပ်ဟောပြီး ကိုယ်တိုင်လဲ လိုတိုင်း ပြည့်စေဆိုတဲ့ ဆုကို မနော်အတွက် တောင်းပေးသွားပါတယ်။
    မနော်ရဲ့ ကြယ်ကလေးနဲ့အတူ စိတ်ချမ်းသာခြင်း ပြည့်စုံခြင်းတို့နဲ့ ဘ၀မှာ ပြီးပြည့်စုံပါစေလို့ မွေးနေ့အကြို လက်ဆောင်ပါး ပါတယ်နော်။
    ခင်မင်လျက်
    ချိုသင်း

    ReplyDelete
  4. Happy Birthday ...ပါ... မ...
    မ... ကို ပထမဆုံး မွေးနေ့လက်ဆောင်ပေးခွင့်ရတဲ့ အရမ်းပျော်ပါတယ်....
    အနုပညာတွေကို ဒီထက်ပိုပြီး ဖန်တီးနိုင်ပါစေ....

    ချစ်ခင်လေးစားလျက်
    မိုးနေ

    ReplyDelete
  5. အမနော် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ဖွယ်မွေးနေ့များ ပိုင်ဆိုင်နိုင်ပါစေ။ အမချိုသင်းနဲ့ အသက်တူတူပေါ့။ လိုရာဆန္ဒအားလုံးလည်း ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  6. ရှင်မေခ

    လေသံကိုကတော်တော်ပျော်နေရှာတယ်
    ငါ့သူငယ်ချင်းလေးပျော်ပါစေ
    မွေးနေ့လက်ဆောင်လေးပေးတဲ့မိုးနေကိုလည်း
    ကျေးဇူးဝင်တင်လိုက်ပါတယ်

    မိုးနေမှမပေးရင် မေခ ခမျာရှာမှာပျော်ရမှာဟုတ်ဘူး
    ဟိဟိ..................

    လကားစတာပါ သယ်ရင်းရယ်........
    မွေးနေ့မှာပျော်ရွှင်ပါစေ ၊ လက်ဆောင် မလတ်ဆီက
    တောင်းယူလိုက်........ဟားဟား

    ပြောရင်းဖောက်ချင်လာပြီ.............
    ငါကတော့ ပင်လယ်ရေတွေ ရှင်ကြိုက်သလောက်ယူဘို့
    အခွင့်ပေးလိုက်တယ်နော်
    ရှားရှားပါးပါး ဂန္တ၀င်ပါရှားပင်လယ်ရေနော်
    ဟားဟားဟား................

    ကြိုဆုတောင်းပေးလိုက်တယ်နော်။

    Happy Birthday my beloved friend......
    May your life be full of health, happiness and with the best maricle............

    ဂျူ

    ReplyDelete
  7. မွေးနေ့လက်ဆောင်လေးအကြောင်း ကြားရတော့ မျှဝေ ကြည်နူးမိပါတယ် ခင်ဗျာ

    နောက်နှစ် တွေ လဲ ပြည်သူလူထုကို စာပေ အနုပညာနဲ့ လုပ်ကျွေး နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ဆရာမ ခင်ဗျားးးးး

    ReplyDelete
  8. မနော်... ပျော်ရွှင်စရာမွေးနေ့ပါနော်။ ဒီတနင်္ဂနွေဆိုတော့ ဒီဇင်ဘာ ၁၄ ပေါ့ ဟုတ်လား။ :)

    ReplyDelete
  9. I wish you to have wonderful birthday....Actully, I would like to gave a wish by my own lenguage for you. Unfortunatelly, I couldn't type Zawgyi font in my office.
    Respectfully,
    Saung Yune La

    ReplyDelete
  10. ပျော်ရွှင်ကြည်နူးဖွယ်မွေးနေ့ဖြစ်ပါစေ။

    ReplyDelete
  11. မနော်ရေးးး မင်္ဂလာမွေးနေ့ များစွာ များစွာ.. ဆန္ဒရှိသလောက် ပိုင်ဆိုင်ရပါစေ..။ ဒါ့ထက် တနင်္ဂနွေနေ့မှ ဆိုတော့ ၁၄ရက်ပေါ့။ အင်း ဒါကြောင့် တော်လည်း တော် စိတ်ကောင်းလည်းရှိနေတာကိုး..။ အမလည်း ၁၄လေ.. :P အမက ဇွန် ၁၄။ ဘာပဲဖြစ်ဖြစ် ၅ဂဏန်းလေးက အလယ်အလတ် မျှမျှတတပါနော်..... :)

    ReplyDelete
  12. Happy Birthday ပါ အစ်မရေ. :)

    ReplyDelete
  13. မနော် ... မွေးနေ့မှာပျော်ရွှင်ပါစေ။

    ReplyDelete
  14. မွေးနေ့ဆုတောင်းတွေအတွက်ကျေးဇူးပါ..
    အမမေငြိမ်းပြောတာသိပ်မှန်တာပေါ့......း)
    ကိုယ်မှမထောက်ခံရင်ဘယ်သူထောက်ခံမှာလဲ
    နော့....

    ReplyDelete
  15. ကြည့်စမ်း..သူများ အသက်ကိုပါ..ဆွဲထဲ့ထားတယ်ပေါ့။ ခင်ခင်မင်မင်ပဲ..ပျှမ်းမျှ ယူလိုက်ကြရအောင်..
    ( မနော် + မချိုသင်း+ အကျွနုပ်) / ၃ = ၂၅

    ဟယ်- ၂၅ ရတယ်တော့.. ကဲ-ကဲ.. ၂၅ ဆီယူကြ။

း))

    ReplyDelete