Thursday, November 20, 2008

ရာပြည့်

ဘာလိုလိုနဲ့ ဒီနေ့ ပို့စ်တွေကိုပြန်စီတော့မှသတိပြုမိတယ်။ ပို့စ် ၁၀၀ ပြည့်သွားပြီပဲ...မှတ်စုများ က ပို့စ် ၁၀၀ ပြည့်တဲ့...။
ဒီနေ့ ဘန်နာလည်း ဒီဇင်ဘာအတွက် အသစ်လုပ်ဖြစ်တယ်။ ခရစ္စမတ်သစ်ပင်ကော...ခေါင်းလောင်းလေးရော..ဘိုးဘိုးကြီးနဲ့
သမင်လေးရော...မိတ်ဆွေတွေအတွက် ခရစ္စမတ်လက်ဆောင်ရော..အစုံထည့်ပေးလိုက်တယ်။ပြီးမှသွားသတိရတယ်....
ကလေးတွေအတွက်(အင်း...တချို့ လူကြီးတွေနဲ့ လူမကြီးတကြီးတွေအတွက်ရော..)mistletoes လေးတစ်ခုပါ သတိ
တရထည့်ပေးလိုက်တယ်။ အဲဒီအောက်မှာဆို ဘယ်လိုအခွင့်အရေးရှိတယ်ဆိုလား...။
လာလည်တဲ့သူတွေအားလုံးလည်း ဘိုးဘိုးကြီးဆီကလက်ဆောင်တောင်းသွားနိုင်တယ်။ဒါမှမဟုတ်လဲ ပုံထားတဲ့ထဲက ယူသွားနိုင်
တယ်နော်...။အထဲမှာဘာပါလဲဆိုတာတော့ တစ်ယောက်နဲ့တစ်ယောက်မေးကြည့်ကြပေါ့... ။

13 comments:

  1. သြော- ဒီနေ့တော့ ရာပြည့်တွေနဲ့ချည်းတိုးနေပါလား။ အောင်မယ်နော်-အဲလို လူလည်မကျနဲ့..ကဗျာစာအုပ်ထဲက..ကဗျာတွေ အများကြီးတင်လိုက်လို့..ရာပြည့်သွားတာ..မဟုတ်လား။
    အဟား- နောက်တာနော်။ တကယ်တော့..မနော်- ရာပြည့်ခဲ့တာ..ကြာခဲ့ပီကော။ ထောင်တောင်ပြည့်တော့မယ် မဟုတ်လား။

    Keep on blogging ! :)

    ReplyDelete
  2. အမြဲစောင့်ဖတ်နေရတဲ့ ဘလောဂ့်ပါ ။ ဆရာမ ရဲ့ အရေးအသားတွေ နဲ့ မျှဝေပေးတဲ့ ကဗျာများအတွက်
    ရာပြည့်မက ကျေးဇူးတင်နေပါတယ်ခင်ဗျာ ။
    စကားမစပ် သုတစွယ်စုံလို့ နာမည်မပေးလိုက်ရတဲ့
    ခေတ်နေ လေးကော နေကောင်းပါစဗျာ ။
    အဟေးဟေး :)

    ReplyDelete
  3. စာတွေအများကြီးဆက်ရေးနိုင်ပါစေ။ x'mas လက်ဆောင်တွေ မသွားတယ်။ ဟီးဟီး လောဘကြီးပြီး ၂ခုယူသွားတယ်နော်။

    ReplyDelete
  4. မနော်.. လက်ဆေ၊ာင်ယူရင် နည်းနည်းပဲ ရမှာမို့ ဆန်တာဘိုးဘိုးကိုပဲ မ သွားပါတယ်။ ရာပြည့်မှ သည် ထောင်ပြည့်ဆီသို့..>>

    ReplyDelete
  5. K: လူလည်ကျတာမဟုတ်ရပါဘူး...လက်သင်ဆိုတော့
    ဒီလိုပဲဖြစ်တတ်ပါတယ်..မနက်မှ ဘလော့ခ်ကိုသေချာပြန်
    စီရခွဲရတာ...အဲ..ထောင်တောင်ပြည့်တော့မယ်ဆိုတာ
    အသက်လားမသိ...း) ရက်ပေါင်းထောင်သောင်းမက
    တော့ပါဘူးကွယ်...
    ကိုရင်ညိန်း - ဂျာနယ် မဖြစ်လိုက်ရတဲ့ခေတ်နေလေးနေ
    ကောင်းပါတယ် ရှင်...
    လင်းရေ..လက်ဆောင်တွေနိုင်သလောက်သယ်လေ..
    ကေ့လို တော့ အိနြေ္ဒကြီးတခွဲသားနဲ့ဘာမှမယူပဲပြန်
    သွားတာမျိုးမဟုတ်ရင်ပြီးတာပါပဲ...း)
    tg:nwai- ဘိုးဘိုးအသစ်ရှာထည့်ထားလိုက်ပါပြီ...း)

    ReplyDelete
  6. အမရေ - ၁၀၀ မှသည် နောင်ထောင်ချီ..
    ပျော်ရွှင်စွာ ဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  7. ရာပြည့်သွားပြီ။ အိမ်လည်းပြင်လိုက်ပြီပေါ့..
    လက်ဆောင်ယူသွားပါတယ်....
    ရာပြည့်ကနေ အသင်္ချေထိ
    ကျန်းမာပျော်ရွှင်စွာ ဆက်လက် ဘလော့ဂင်းနိုင်ပါစေ...

    ReplyDelete
  8. နူး(ကျွန်တော့်အမေ)ကိုသတိရလို့ ... ခေါင်းလောင်းသေးသေးလေး ဖြုတ်ယူသွားတယ် အစ်မရေ...။
    ဒီလဆိုရင် ... အိမ်မှာ .... X'mas decoration လုပ်နေကြပေါ့ ... ။
    ...
    ...
    .....

    ရာပြည့်သွားတဲ့ ...အစ်မ ..
    ပျော်ရွှင်ပါစေ ...
ဲငြိမ်းချမ်းပါစေ ... လို့ ဆုတောင်းပေးလိုက်ပါတယ် ...။

    ReplyDelete
  9. ဟား.. ဒီအိမ်လေး ၀င်လိုက်ကတည်းက ခရစ်စမတ် ခေါင်းလောင်းသံလေး ကြားနေရတာ။ ဘန်နာအသစ်လေးနဲ့ အတော်သာယာပါလား မနော်ရေ။
    တို့လဲ လက်ဆောင်လေးတွေကြားထဲထိုင်ပြီး မျက်စိမှိတ် ရွေးသွားတယ်။ အကုန်လိုချင်နေမိမှာစိုးလို့။ မကောင်းသူ ထိပ်၊ ကောင်းသူ ထိပ်။ ရပြီကွ..

    ReplyDelete
  10. လက်ဆောင်ရွေးပြီးမှ ဆုတောင်းရမလို ဖြစ်နေပြီ (လုပ်လိုက်ရင် တလွဲ..)
    ပို့စ် ၁၀၀ မှာ မိတ်ဆွေတွေကို အနုပညာတွေ မျှဝေပေးခဲ့တယ်။ ရင်ဘတ်မိတ်ဆွေလို ဒီဘလော့ဂ်မှာ ရင်ဖွင့်လို့ရတယ်။ ကိုယ်ပိုင် သီးခြားကမ္ဘာလေးလို့ သဘောထားပြီး ပျော်ရွှင်မှုတွေရတယ်။
    ဒါကြောင့် မနော်တယောက် ကြယ်ကလေးနဲ့အတူ စိတ်ချမ်းမြေ့စွာ အမြဲ စာရေးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  11. အစ်မရေ ရာပြည့်မှ ထောင်ပြည့်သို့ ပျော်ရွှင်စွာ ခရီးဆက်နိုင်ပါစေ..

    ReplyDelete
  12. ရာပြည့်မှသည် ထောင်ပေါင်းများစွာဆီကို စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ခရီးဆက်နိုင်ပါစေ။
    လက်ဆောင်တွေ မသွားတယ်နော်....း)

    ReplyDelete
  13. အမရယ့် ပို့စ်တွေ ရာပြည်ကနေ နောင်လာမဲ့
    ပို့စ်ပေါင်းများစွာ အထိ အားပေးလျက်ပါ။

    ReplyDelete