ဂျွန်လ၏မိုးရေများ

Saturday, October 25, 2008

အရက်ဆိုင်မှထခဲ့ပြီးနောက်

“ဂျက်ကလင်း”ဟာ
“အိုနာစစ်”နဲ့ 
နှုတ်ခမ်းချင်းနမ်းစုပ်နေပါစေ။

မင်းဟာ
မာရ်စကာဘရန်ဒီ
စဲလ်မီစီးကရက်
ဖီးယက်လိမ်မော်ရောင်
ဖူဂျီတောင်ပြာ
ချီကာဂိုနိုင်လွန်
ရှောင်ကွန်နရီရဲ့ ရုပ်ရှင်ရိုက်ခတို့ထက်
တန်ဖိုးရှိအချိန်များမှာ
အလုပ်တစ်ခုအားလုပ်ပါ
ဘာကြောင့်
ဂျက်ကလင်းရဲ့ အတင်းပြောနေတာလဲ။

ပီးတော့၊ငါနဲ့မင်းလဲ
“ဂျက်ကလင်း”ကိုရမယ်ဆိုရင်
လိုချင်ကြတာပဲမဟုတ်လား။
သိဒ္ဓတ္ထလှိုင်


0 Comments: