ရာစုသစ်မြစ်ကျဉ်း (၁)

Thursday, October 9, 2008

ကဗျာလေးတွေကို အမြဲတမ်းလှနေအောင်ရေးတတ်တာ..ဒီအုပ်စုထဲမှာတော့ သူတစ်ယောက်တည်းရှိမယ်ထင်တယ်...သူ့ကဗျာလေးတွေက အမြဲတမ်း အေးမြချိုကြည်နေတတ်တယ်..။
သူက..စမ်းသီတာ တဲ့...။

ဖွင့်ဟခြင်း
လွမ်းတယ်
လွယ်မယ်လို့ထင်သလား
ဟန်မဆောင်တဲ့နှလုံးသား
မကြာခဏ
ဖျားနာတယ်
မိုးစက်များတစ်ပေါက်ပေါက်ကျ
ကောင်းကင်ဖြစ်လိုက်ရချင်
မျက်ရည်ဝင်တဲ့နှလုံးသား
မြေကြီးများပဲ..။
အေးစက်တဲ့
ဆောင်းရဲ့ လက်အစုံ
နှလုံးခုန်သံကိုခြိမ်းခြောက်
တတောက်တောက်မြည်နေတဲ့နာရီထဲ
ကိုယ်လဲ
ရင်ခုန်သံ သံပတ်ပေး
သွေးနွေးနေချင်တယ်…။
မျက်စိမှိတ်လိုက်ပေါ့
ဦးမော့နေတဲ့မာန
ခဏထွက်သွားချိန်
ကျိန်တွယ်စရာမလို
ကိုယ်…မင်းကိုတမ်းတတယ်..။
စမ်းသီတာ


0 Comments: